အပိုင်း (၇၄၈)

166 30 1
                                    

#Unicode

ဓားမော့ကို မြိုချရတဲ့ ခံစားချက်လား။ အရမ်းကို ဆိုးဝါးတယ်။
ဒီအရာက ဓားမော့ဆန္ဒရဲ့ နက်နဲတဲ့့ နည်းဥပဒေသတွေ ပါဝင်တဲ့ ရတနာ အမျီုးအစားဖြစ်ပြီး မိစ္ဆာနဂါးဆေးအတွက် ကြိုးကြာဖြူ က သူနဲ့ လဲလှယ်ထားတာပါ။ ဒီရတနာက အင်မော်တယ်နေရာပျက် တွေမှာ ပေါက်ဖွားကြီးပြင်းလေ့ရှိပြီး ဓားမော့ရဲ့ နည်းဥပဒေသ / သဘောတရားတွေကို နားလည်စေနိုင်ပါတယ်။ ဓားမော့ အသုံးပြုသူ ကျင့်ကြံသူတွေ ရဲ့ အရမ်းကို အသုံးဝင်တဲ့ အရာပါပဲ။
ဒီမြက်ပင်ကို စားပြီးရင် ဓားမော့ဆန္ဒ ကို နားလည် သဘောပေါက်ဖို့ အခွင့်အရေး ရပါလိမ့်မယ်။
တစ်စုံတစ်ယောက် က ဒီမြက် လုံလုံလောက်လောက် ရှိမယ်ဆိုရင် ပါရမီသာ မဆိုးရွားရင် ဒါကို စားခြင်းအားဖြင့် ဓားမော့ဆန္ဒကို ဖွဲ့စည်းနိုင်မှာပါ။
ရူဟန်က အားရှီလျှူကို မြင်တော့ ပြုံးပြီး ပြောလိုက်တယ် "ရှီလျှူ .. မင်းလည်း ဒါကို စားခဲ့တာလား။"
"ဟုတ်တယ်" အားရှီလျှူ ကခေါင်းညိတ်လိုက်တယ်။ စိတ်ဝိညာဉ် မြစ်ကမ်းပါး ကလန် က ကျင့်ကြံခြင်း နည်းစနစ် တော်တော်များများကို ပိုင်ဆိုင်ပြိး ဓားမော့သမား တော်တော်များများကို မွေးထုတ်ပေးထားနိုင်ပါတယ်။ သူတို့ရဲ့စိတ်ဝိညာဉ် မြစ်ကမ်းပါး ဓားမော့ နည်းစနစ်က ကျင့်ကြံခြင်း လောက တစ်ခုလုံးမှာ ကျော်ကြားပါတယ်။ ဒါကြောင့် ဒီလို ရတနာမျိုး စုကလန် မှာ မရှိဘဲ ဘယ်နေပါ့မလဲ၊
"အစွမ်းက ဘယ်လိုလဲ" ရူဟန်က သိချင်စိတ်နဲ့ မေးလိုက်တယ်။
"ငါက ဒုတိယအဆင့်ကို ရောက်တော့ ဒီဓားမော့ဆန္ဒမြက် ကို ပုံမှန်စတင် စားခဲ့တယ်။ ငါးဆယ်လောက ်စားပြီးတဲ့နောက် ငါ့ရဲ့ ကိုယ်ပိုင် ဓားမော့ ဆန္ဒကို နားလည်ခဲ့တယ်" အားရှီလျှူ က ပြန်ဖြေလိုက်တယ်။
စိတ်ဝိညာဉ် မြစ်ကမ်းပါး ကလန် က တောင့်တင်းတဲ့ နောက်ခံရှိပါတယ်။ ဒါကြောင့် အားရှီလျှူက သာမာန်ဓားမော့ သမားတွေ အတွက် အရမ်းကို တန်ဖိုးကြီးတဲ့ အရာကို ပုံမှန်စားနိုင်တာ ဖြစ်ပါတယ်။ ငါးဆယ်လောက ်စားပြီး နောက်မှာတော သူမက ကိုယ်ပိုင်ဓားမော့ဆန္ဒကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။
"ရူဟန်.. မင်းလည်း ကိုယ်ပိုင် ဓားမော့ဆန္ဒ ဖွဲ့တည်နိုင်ဖို့ စီစဉ်နေတာလား" အားရှီလျှူ က မေးလိုက်တယ်။ ရူဟန် နဲ့ အချိန်အတော်ကြာ နေပြီးတဲ့နောက်မှာတော့ ရူဟန်က ဓားမော့ ထက် ဓား ကို ပိုမို အားသန်တယ် ဆိုတာ သူမ သိခဲ့တယ်။
ဒါပေမဲ့ အခု သူက ဓားမော့သမား အဖြစ် လျှောက်လှမ်းချင်နေတာလား။
"ဟုတ်တယ်။ ငါစမး်ကြည့်ချင်လို့။ တကယ်လို့ ဓားမော့ဆန္ဒကို ဘယ်လိုအသုံးပြုရမလဲ ဆိုတာကို သိရင် ငါ့ရဲ့ ဓားမော့နည်းစနစ်တွေရဲ့ အားအင်က တော်တော်တိုးတက်သွားလိမ့်မယ်လေ။" ရူဟန်က ခေါင်းညိတ်ပြီး ပြောလိုက်တယ်။
ထူးဆန်းတဲ့ ပြောင်းပြန်အကြေးခွံ ဓားမော့ နည်းစနစ် ကတော့ ဓားမော့ ဆန္ဒတွေ ပါဝင်နေစရာ မလိုပါဘူး။
ဒါပေမဲ့ ကောင်းကင်လောင်ကျွမ်းခြင်း မီးတောက်ဓားမော့ နည်းစနစ် ရဲ့ တကယ့်စွမ်းအားကို ထုတ်ဖော်ချင်တယ်ဆိုရင်တော့ ဓားမော့ဆန္ဒ နဲ့ ရောနှောပေါင်းစပ် ဖို့ လိုအပ်နေပါတယ်။ သူက ကိုယ်ပိုင်ဓားမော့ ဆန္ဒကို ဖွဲ့စည်းနိုင်တယ်ဆိုရင် ကောင်းကင်လောင်ကျွမ်းခြင်း မီးတောက်ဓား ရဲ့ အားအင်က ပိုမို သန်မာလာမှာပါ။
"ငါသိပြီ" အားရှီလျှူက ခေါင်းညိတ်လိုက်တယ်။
ပြီးနောက်သူမက တစ်စုံတစ်ခု ကို တွေးမိသွားပုံ နဲ့ ရူဟန်ကို သတိပေးလိုက်တယ် "ဟုတ်ပြီ။ ရူဟန် .. မင်းက ဓားမော့ဆန္ဒကို ဖွဲ့တည်ပြီးသွားရင် ဓားဆန္ဒကို ဖွဲ့တည်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ လက်သီးဆန္ဒ၊ ဘာအမျိုးအစား ဆန္ဒ ကို ဖြစ်ဖြစ် ဒုတိယအနေနဲ့ ဖွဲ့တည်နိုင်တောမှာ မဟုတ်ဘူး။"
ဓားမော့ဆန္ဒ၊ ဓားဆန္ဒ ဒါမှမဟုတ် လက်သီးဆန္ဒ ... ဘာပဲဖြစ်ဖြစ် ကျင့်ကြံသူတွေရဲ့ စွမ်းအင်ဖွဲ့စည်မှုကနေ ထုတ်လုပ်ရတဲ့ အရာတစ်ခုပါပဲ။ သူတို့က ဓားမော့ဆန္ဒကို ဖွဲ့တည် နိုင်ပြီဆိုရင် ဓားမော့ဆန္ဒ က သူတို့ကိုယ်ထဲက စွမ်းအင်တွေကို သိမ်းပိုက်ပြီး တခြား ဆန္ဒတွေ အတွက် နေရာလွတ်မကျန်ရှိတော့ပါဘူး။
"ဘာ.. ဒီလိုကိစ္စမျိုးရှိလား" ရူဟန်က အံသြသွားတယ်။ ဒီကိစ္စကို သူ လုံးဝ မသိဘူးလေ။
ပြောရမယ်ဆိုရင် သူက ဒီမြက်ဓားကို စားပြီး ကံကောင်းလို့ ဓားမော့ဆန္ဒကို ဖွဲ့တည်နိုင်ခဲ့မယ် ဆိုရင် အဆုံးထိ ဓားမော့လမ်းကြောင်းကို လျှောက်လှမ်းရတော့မှာပေါ့။
"ဒါကြောင့် မင်းက ဆုံးဖြတ်ချက် မချခင် သေချာ တွေးထားဖို့လိုတယ်" အားရှီလျှူ က နူးညံ့စွာ ပြုံးလိုက်တယ်။
ရူဟန် က သူ့လက်ထဲက ဓားမော့ဆန္ဒရဲ့ နက်နဲတဲ့ နည်းဥပဒေသ မြက်ဓားကို ကိုင်ထားပြီး အတွေးနက်နေတယ်။
ဓားဆွဲငင်ခြင်းနည်းစနစ် လို ဓားမော့စီးနင်းခြင်း နည်းစနစ်တွေထက် ဓားပျံစီနင်းခြင်း နည်းစနစ်တွေက ပိုမိုကြည့်ကောင်းပါတယ်။
ရူဟန်က ဓားနည်းစနစ် နဲ့ ပတ်သက်ရင် ဘာပါရမီမှာ မရှိပါဘူး ။ သူ တတ်မြောက်ထားတဲ့ တစ်ခုတည်းသော ဓားနည်းစနစ်က အနောက်တိုင်းက ဓားနည်းစနစ် တစ်ခုကို ပြန်လည်အသစ် ဖန်တီးထားတဲ့ မြင့်မြတ်ဓားအလင်း နည်းစနစ် တစ်ခုပဲ ရှိပါတယ်။ဒါတောင်မှ ဒီနည်းစနစ် က တကယ့်ဓားထက် ဓားမော့အသုံးပြုတာ ပိုကောင်းပါတယ်။
ရူဟန်က သူ့ရဲ့ ဓားနဲ့ ပတ်သက်တဲ့ ပါရမီကို ချိန်ထိုးစဉ်းစားကြည့်လိုက်တော့ အားရစရာကောင်းလောက် အောင်ပဲ တစ်ခုမှ မရှိပါဘူး။
သူက ကျင့်ကြံခြင်းလမ်းကြောင်း ကို ခပ်ဝေးဝေး လျှောက်မယ်ဆိုရင် ဓားမော့ ဆန္ဒမရှိရင် ဘာမှလုပ်လို့ ရမှာ မဟုတ်ပါဘူး။
"အားရှီလျှူ " ရူဟန်က လက်ထဲက မြက်ဓားကို ကိုင်ပြီး မေးလိုက်တယ် "ငါ့ရဲ့ ဓားမော့ ဆန္ဒကို ဖွဲ့တည် ပြီးသွားရင် ငါ ဓားပျံစီးလို့ ရနိုင်အုန်းမလား။ ဓားမော့ပျံ သက်သက်ကြီးပဲလား။ ငါဆိုလိုတာက သယ်ယူပို့ဆောင်ရေး အသုံးပြုရုံ သက်သက်မှာလေ။"
တိုက်ပွဲမှာ အသုံးပြု တဲ့ ဓားပျံ အပြင် ကျင့်ကြံသူတွေက သယ်ယူပို့ဆောင်ရေး နေရာမှာ အသုံးပြုဖို့ ဒုတိယမြောက် ဓားပျံတွေ ရှိတယ်လေ။
ခုခေတ်မှာတော့ ဓားပျံကို ပြန်လည်ဆန်းသစ်ထားတဲ့ ပုံစံတွေက တော်တော်ကြီး လူကြိုက်များ တယ်လေ။ ဥပမာအားဖြင့် ကီးဘုတ်ပုံစံ ဓားပျံ၊ သစ်သီးပုံစံ ၊ စူပါမန်းပုံတောင် ပါပါသေးတယ်။
"အင်း.. အမြန်နှုန်းက နည်းနည်း နှေးတယ် ဆိုပေမဲ့ ဓားမော့သမားတွေက ဓားပျံစီးရင်လည်း အဆင်ပြေတယ်။" အားရှီလျှူက ပြောလိုက်တယ် "ဥပမာအားဖြင့် ငါက ကောင်းကင်ဘုံ ကပ်ဘေးကို ကျော်လွန်ပြီးသွားပြီးရင် ဓားမော့ပျံစီးနိုင်ပြီ။ ဒါပေမဲ့ ငါက ဓားပျံ၊ တင်းပုတ်ပျံ၊တူပျံ၊ ကြာပွတ်ပျံ လိုချင်တာကို စီးနင်းန်ိုင်တယ်။"
ဒါကို ကြားတော့ ရူဟန်က စိတ်သက်သာရာ ရသွားသလို သက်ပြင်းချ လိုက်တယ်။ သူက တိုက်ပွဲအတွက် ဓာမော့ ၊ ပျံသန်းဖို့ အတွက် ဓားကို သုံးနိုင်တယ် ဆိုရင် အဆင်ပြေပါပြီ။
"အားရှီလျှူ.. ငါ့မှာ နောက်ထပ ်မေးခွန်းတစ်ခု ရှိသေးတယ်။ ငါက ဓားမော့ ဆန္ဒကို ဖွဲ့တည်ပြိးသွားရင် ဓားနည်းစနစ်ကို အသုံးပြုပြီး ဓားချီကို ထုတ်လွှတ် နိုင်သေးလား။" ရူဟန်က မေးလိုက်တယ်။
သူက အစောထဲက ဓားဆန္ဒကို အရှုံးပေးလိုက်ပါပြီ။ ဒါပေမဲ့ ဓားကို အသုံးပြုချိန်မှာတော့ ဓားချီ ထုတ်ချင်နေပါသေးတယ်။
ဒါကလူတစ်ယောက်ရဲ့ ဆန္ဒပါပဲ။
"ဟားဟား .." အားရှီလျှု က ရယ်ပြီး ပြောလိုက်တယ် "ဓားချီ၊ ဓားမော့ချီ တွေမှာ ခြားနားချက် များများစားစား မရှိဘူး။ ဥပမားအားဖြင့် ငါ က ဓားတစ်ချောင်းကို ကိုင်ဆောင်ထားမယ် ဆိုရင်တောင်မှ ဓားမော့နည်းစနစ်ကို အသုံးပြုပြီး ဓားမော့ ချီကို ထုတ်လွှတ်နိုင်တယ်။ ဒါကြောင့် ဓားချီ နဲ့ သိပ်မကွာခြားဘူး"
"င်္ဒီလိုဆိုရင် အဆင်ပြေပြီ" ရူဟန်က စိတ်သက်သာရာ ရသွားတယ်။
ပြီးနောက် သူက ဓားမြက်ကို ယူပြီး မြိုချ လိုက်တယ်။
"အမ်.. မင်းဒီတိုင်းပဲစားလိုက်တာလား" အားရှီလျှူက တုန်လှုပ်စွာ နဲ့ မျက်လုံးပြုးသွားတယ် "ဒါအရမ်း နာလိမ့်မယ်"
ရူဟန်က ရုတ်တရက်ထပြီး မြိုချလိုက်လိမ့်လို့ မထင်မိတာကြောင့် သူမက မတားဆီးနိုင်ခဲ့ပါဘူး။
ဓားမော့ဆန္ဒ ရဲ့ ဓားတစ်ခု ခြင်းစီ တိုင်းက အားနည်းတဲ့ ဓားမော့ဆန္ဒ တစ်ခုကို ဖြစ်တည်နိုင်ပါတယ်။ မြက်ဓားတစ်ခုချင်းစီတိုင်းက ကမ္ဘာကြီးက ဖန်တီးထားတဲ့ ရတနာဓားမော့တစ်ချောင်း နဲ့ ဆင်တူတယ်လို့ ပြောလို့ရတယ်။ ဒါကြောင့် တစ်စုံတစ်ယောက်က ဒါကို ဒီအတိုင်းမြိုချလိုက်မယ်ဆိုရင ်ထက်မြနေတဲ့ ဓားမော့တစ်ချောင်းကို မြိုချ တာနဲ့ တူတူပဲလို့ မပြောနိုင်ဘူးလား။ ထပ်ပြောရရင် အရမ်းနာကျင်မှာလေ။
သူမ ဒီမြက်ဓားတွေကို စားတဲ့အချိန်တိုင်းမှာ အထူးဖော်စပ်ထားတဲ့ဆေးရည ်နဲ့ အတူတွဲစားရတာကို အားရှီလျှူက မှတ်မိနေတယ်။
"......." ရူဟန်။
ဘာကိုပဲ လိုချင် လိုချင် စိတ်အလောမကြီးရဘူး။ ငါဘာလို့ ဒီလိုရိုးရှင်း တဲ့ ကိစ္စ ကို ခုထိ နားမလည်နိုင်သေးတာလဲ။
နောက်တော့ ရူဟန်က သူ့လည်ပင်းကို ဆွဲခွဲလိုက်လို ခံစားလိုက်ရပြီး အရမ်းကို နာကျင်သွားပါတယ်။
တစ်စုံတစ်ယောက် က ဓားမော့ရှည်ကြီး တစ်လက် နဲ့ ပါးစပ်ကနေ ဝမ်းဗိုက်ထိ ရောက်အောင် ဆွဲခွဲနေသလိုမျိုးပါပဲ။ ပြိးတော့ ဓားမြိုချ တဲ့ သူတွေလို မျိုးလေ။
ရူဟန်ရဲ့ မျက်နှာပေါ်က ချွေးသီးချွေးပေါက်တွေ ထွက်ကျလာတယ်။ သူက လည်ပင်းကို လက်နှစ်ဖက်နဲ့ ကိုင်ပြီး မျက်နှာ တစ်ခုလုံးကို ဖြူရော်နေတယ်။
"မင်းဘယ်လို ခံစားရလဲ" အားရှီလျှူ က စိတ်ပူစွာနဲ့ မေးလိုက်တယ်။
ရူဟန်က လက်ကို ခက်ခက်ခဲခဲ ဆန့်ထုတ်ပြီး သူသည်းခံနိုင်သေးတယ်ဆိုတဲံ အမူအရာနဲ့ လက်ဝေ့ယမ်းပြလိုက်တယ်။ ဒါပေမဲ့ သူက တော်တော်ကြီး နာကျင်နေတာကြောင့် ဘာစကားမှ ထွက်ပေါ်မလာပါဘူး။
"ဟူး.." ရူဟန်က ပါးစပ်ထဲက လေပူတွေကို မှုတ်ထုတ်လိုက်တယ်။
ဒါပေမဲ့ ဒီအချိန်မှာပဲ သူ့လျှာက တုန်ခါသွားတယ်။ ပြီးနောက် လျှာထိပ်မှာ အဖြူရောင် ကြာဖြုပန်းတစ်ပွင့် ပေါ်ပေါက်လာတယ်။
ဒါက ကြာပန်းဖူးပွင့်ခြင်း လျှာ စွမ်းရည်ပါ။
"........." ရူဟန်။




#Zawgyi
အပိုင္း (၇၄၈) ဓားေမာ့ကို ၿမိဳခ်ရတဲ့ ခံစားခ်က္လား။ အရမ္းကို ဆိုးဝါးတယ္။
ဒီအရာက ဓားေမာ့ဆႏၵရဲ့ နက္နဲတဲ့့ နည္းဥပေဒသေတြ ပါဝင္တဲ့ ရတနာ အမ်ီဳးအစားျဖစ္ၿပီး မိစၦာနဂါးေဆးအတြက္ ႀကိဳးၾကာျဖဴ က သူနဲ႔ လဲလွယ္ထားတာပါ။ ဒီရတနာက အင္ေမာ္တယ္ေနရာပ်က္ ေတြမွာ ေပါက္ဖြားႀကီးျပင္းေလ့ရွိၿပီး ဓားေမာ့ရဲ့ နည္းဥပေဒသ / သေဘာတရားေတြကို နားလည္ေစနိုင္ပါတယ္။ ဓားေမာ့ အသံုးျပဳသူ က်င့္ႀကံသူေတြ ရဲ့ အရမ္းကို အသံုးဝင္တဲ့ အရာပါပဲ။
ဒီျမက္ပင္ကို စားၿပီးရင္ ဓားေမာ့ဆႏၵ ကို နားလည္ သေဘာေပါက္ဖို႔ အခြင့္အေရး ရပါလိမ့္မယ္။
တစ္စံုတစ္ေယာက္ က ဒီျမက္ လံုလံုေလာက္ေလာက္ ရွိမယ္ဆိုရင္ ပါရမီသာ မဆိုးရြားရင္ ဒါကို စားျခင္းအားျဖင့္ ဓားေမာ့ဆႏၵကို ဖြဲ႔စည္းႏိုင္မွာပါ။
ရူဟန္က အားရွီလွ်ဴကို ျမင္ေတာ့ ၿပံဳးၿပီး ေျပာလိုက္တယ္ "ရွီလွ်ဴ .. မင္းလည္း ဒါကို စားခဲ့တာလား။"
"ဟုတ္တယ္" အားရွီလွ်ဴ ကေခါင္းညိတ္လိုက္တယ္။ စိတ္ဝိညာဥ္ ျမစ္ကမ္းပါး ကလန္ က က်င့္ႀကံျခင္း နည္းစနစ္ ေတာ္ေတာ္မ်ားမ်ားကို ပိုင္ဆိုင္ၿပိး ဓားေမာ့သမား ေတာ္ေတာ္မ်ားမ်ားကို ေမြးထုတ္ေပးထားနုိင္ပါတယ္။ သူတုိ႔ရဲ့စိတ္ဝိညာဥ္ ျမစ္ကမ္းပါး ဓားေမာ့ နည္းစနစ္က က်င့္ႀကံျခင္း ေလာက တစ္ခုလံုးမွာ ေက်ာ္ၾကားပါတယ္။ ဒါေၾကာင့္ ဒီလို ရတနာမ်ိဳး စုကလန္ မွာ မရွိဘဲ ဘယ္ေနပါ့မလဲ၊
"အစြမ္းက ဘယ္လိုလဲ" ရူဟန္က သိခ်င္စိတ္နဲ႔ ေမးလိုက္တယ္။
"ငါက ဒုတိယအဆင့္ကို ေရာက္ေတာ့ ဒီဓားေမာ့ဆႏၵျမက္ ကို ပံုမွန္စတင္ စားခဲ့တယ္။ ငါးဆယ္ေလာက ္စားၿပီးတဲ့ေနာက္ ငါ့ရဲ့ ကိုယ္ပိုင္ ဓားေမာ့ ဆႏၵကို နားလည္ခဲ့တယ္" အားရွီလွ်ဴ က ျပန္ေျဖလိုက္တယ္။
စိတ္ဝိညာဥ္ ျမစ္ကမ္းပါး ကလန္ က ေတာင့္တင္းတဲ့ ေနာက္ခံရွိပါတယ္။ ဒါေၾကာင့္ အားရွီလွ်ဴက သာမာန္ဓားေမာ့ သမားေတြ အတြက္ အရမ္းကို တန္ဖိုးႀကီးတဲ့ အရာကို ပံုမွန္စားႏိုင္တာ ျဖစ္ပါတယ္။ ငါးဆယ္ေလာက ္စားၿပီး ေနာက္မွာေတာ သူမက ကိုယ္ပိုင္ဓားေမာ့ဆႏၵကို ဖြဲ႔စည္းႏိုင္ခဲ့ပါတယ္။
"ရူဟန္.. မင္းလည္း ကိုယ္ပိုင္ ဓားေမာ့ဆႏၵ ဖြဲ႔တည္နုိင္ဖို႔ စီစဥ္ေနတာလား" အားရွီလွ်ဴ က ေမးလိုက္တယ္။ ရူဟန္ နဲ႔ အခ်ိန္အေတာ္ၾကာ ေနၿပီးတဲ့ေနာက္မွာေတာ့ ရူဟန္က ဓားေမာ့ ထက္ ဓား ကို ပိုမို အားသန္တယ္ ဆိုတာ သူမ သိခဲ့တယ္။
ဒါေပမဲ့ အခု သူက ဓားေမာ့သမား အျဖစ္ ေလွ်ာက္လွမ္းခ်င္ေနတာလား။
"ဟုတ္တယ္။ ငါစမး္ၾကည့္ခ်င္လို႔။ တကယ္လို႔ ဓားေမာ့ဆႏၵကို ဘယ္လိုအသံုးျပဳရမလဲ ဆိုတာကို သိရင္ ငါ့ရဲ့ ဓားေမာ့နည္းစနစ္ေတြရဲ့ အားအင္က ေတာ္ေတာ္တိုးတက္သြားလိမ့္မယ္ေလ။" ရူဟန္က ေခါင္းညိတ္ၿပီး ေျပာလိုက္တယ္။
ထူးဆန္းတဲ့ ေျပာင္းျပန္အေၾကးခြံ ဓားေမာ့ နည္းစနစ္ ကေတာ့ ဓားေမာ့ ဆႏၵေတြ ပါဝင္ေနစရာ မလိုပါဘူး။
ဒါေပမဲ့ ေကာင္းကင္ေလာင္ကၽြမ္းၿခင္း မီးေတာက္ဓားေမာ့ နည္းစနစ္ ရဲ့ တကယ့္စြမ္းအားကို ထုတ္ေဖာ္ခ်င္တယ္ဆိုရင္ေတာ့ ဓားေမာ့ဆႏၵ နဲ႔ ေရာေႏွာေပါင္းစပ္ ဖို႔ လိုအပ္ေနပါတယ္။ သူက ကိုယ္ပိုင္ဓားေမာ့ ဆႏၵကို ဖြဲ႔စည္းႏိုင္တယ္ဆိုရင္ ေကာင္းကင္ေလာင္ကၽြမ္းျခင္း မီးေတာက္ဓား ရဲ့ အားအင္က ပိုမို သန္မာလာမွာပါ။
"ငါသိၿပီ" အားရွီလွ်ဴက ေခါင္းညိတ္လိုက္တယ္။
ၿပီးေနာက္သူမက တစ္စံုတစ္ခု ကို ေတြးမိသြားပံု နဲ႔ ရူဟန္ကို သတိေပးလိုက္တယ္ "ဟုတ္ၿပီ။ ရူဟန္ .. မင္းက ဓားေမာ့ဆႏၵကို ဖြဲ႔တည္ၿပီးသြားရင္ ဓားဆႏၵကို ဖြဲ႔တည္ႏိုင္မွာ မဟုတ္ဘူး။ ၿပီးေတာ့ လက္သီးဆႏၵ၊ ဘာအမ်ိဳးအစား ဆႏၵ ကို ျဖစ္ျဖစ္ ဒုတိယအေနနဲ႔ ဖြဲ႔တည္ႏိုင္ေတာမွာ မဟုတ္ဘူး။"
ဓားေမာ့ဆႏၵ၊ ဓားဆႏၵ ဒါမွမဟုတ္ လက္သီးဆႏၵ ... ဘာပဲျဖစ္ျဖစ္ က်င့္ႀကံသူေတြရဲ့ စြမ္းအင္ဖြဲ႔စည္မွဳကေန ထုတ္လုပ္ရတဲ့ အရာတစ္ခုပါပဲ။ သူတို႔က ဓားေမာ့ဆႏၵကို ဖြဲ႔တည္ နိုင္ၿပီဆိုရင္ ဓားေမာ့ဆႏၵ က သူတို႔ကိုယ္ထဲက စြမ္းအင္ေတြကို သိမ္းပိုက္ၿပီး တျခား ဆႏၵေတြ အတြက္ ေနရာလြတ္မက်န္ရွိေတာ့ပါဘူး။
"ဘာ.. ဒီလိုကိစၥမ်ိဳးရွိလား" ရူဟန္က အံၾသသြားတယ္။ ဒီကိစၥကို သူ လံုးဝ မသိဘူးေလ။
ေျပာရမယ္ဆိုရင္ သူက ဒီျမက္ဓားကို စားၿပီး ကံေကာင္းလို႔ ဓားေမာ့ဆႏၵကို ဖြဲ႔တည္ႏိုင္ခဲ့မယ္ ဆိုရင္ အဆံုးထိ ဓားေမာ့လမ္းေၾကာင္းကို ေလွ်ာက္လွမ္းရေတာ့မွာေပါ့။
"ဒါေၾကာင့္ မင္းက ဆံုးျဖတ္ခ်က္ မခ်ခင္ ေသခ်ာ ေတြးထားဖို႔လိုတယ္" အားရွီလွ်ဴ က ႏူးညံ့စြာ ၿပံဳးလိုက္တယ္။
ရူဟန္ က သူ႔လက္ထဲက ဓားေမာ့ဆႏၵရဲ့ နက္နဲတဲ့ နည္းဥပေဒသ ျမက္ဓားကို ကိုင္ထားၿပီး အေတြးနက္ေနတယ္။
ဓားဆြဲငင္ျခင္းနည္းစနစ္ လို ဓားေမာ့စီးနင္းျခင္း နည္းစနစ္ေတြထက္ ဓားပ်ံစီနင္းျခင္း နည္းစနစ္ေတြက ပိုမိုၾကည့္ေကာင္းပါတယ္။
ရူဟန္က ဓားနည္းစနစ္ နဲ႔ ပတ္သက္ရင္ ဘာပါရမီမွာ မရွိပါဘူး ။ သူ တတ္ေျမာက္ထားတဲ့ တစ္ခုတည္းေသာ ဓားနည္းစနစ္က အေနာက္တိုင္းက ဓားနည္းစနစ္ တစ္ခုကို ျပန္လည္အသစ္ ဖန္တီးထားတဲ့ ျမင့္ျမတ္ဓားအလင္း နည္းစနစ္ တစ္ခုပဲ ရွိပါတယ္။ဒါေတာင္မွ ဒီနည္းစနစ္ က တကယ့္ဓားထက္ ဓားေမာ့အသံုးျပဳတာ ပိုေကာင္းပါတယ္။
ရူဟန္က သူ႔ရဲ့ ဓားနဲ႔ ပတ္သက္တဲ့ ပါရမီကို ခ်ိန္ထိုးစဥ္းစားၾကည့္လိုက္ေတာ့ အားရစရာေကာင္းေလာက္ ေအာင္ပဲ တစ္ခုမွ မရွိပါဘူး။
သူက က်င့္ႀကံျခင္းလမ္းေၾကာင္း ကို ခပ္ေဝးေဝး ေလွ်ာက္မယ္ဆိဳရင္ ဓားေမာ့ ဆႏၵမရွိရင္ ဘာမွလုပ္လို႔ ရမွာ မဟုတ္ပါဘူး။
"အားရွီလွ်ဴ " ရူဟန္က လက္ထဲက ျမက္ဓားကို ကိုင္ၿပီး ေမးလိုက္တယ္ "ငါ့ရဲ့ ဓားေမာ့ ဆႏၵကို ဖြဲ႔တည္ ၿပီးသြားရင္ ငါ ဓားပ်ံစီးလို႔ ရႏုိင္အုန္းမလား။ ဓားေမာ့ပ်ံ သက္သက္ႀကီးပဲလား။ ငါဆိုလိုတာက သယ္ယူပို႔ေဆာင္ေရး အသံုးျပဳရံု သက္သက္မွာေလ။"
တိုက္ပြဲမွာ အသံုးျပဳ တဲ့ ဓားပ်ံ အျပင္ က်င့္ႀကံသူေတြက သယ္ယူပို႔ေဆာင္ေရး ေနရာမွာ အသံုးျပဳဖို႔ ဒုတိယေျမာက္ ဓားပ်ံေတြ ရွိတယ္ေလ။
ခုေခတ္မွာေတာ့ ဓားပ်ံကို ျပန္လည္ဆန္းသစ္ထားတဲ့ ပံုစံေတြက ေတာ္ေတာ္ႀကီး လူႀကိဳက္မ်ား တယ္ေလ။ ဥပမာအားျဖင့္ ကီးဘုတ္ပံုစံ ဓားပ်ံ၊ သစ္သီးပံုစံ ၊ စူပါမန္းပံုေတာင္ ပါပါေသးတယ္။
"အင္း.. အျမန္ႏွဳန္းက နည္းနည္း ေႏွးတယ္ ဆိုေပမဲ့ ဓားေမာ့သမားေတြက ဓားပ်ံစီးရင္လည္း အဆင္ေျပတယ္။" အားရွီလွ်ဴက ေျပာလိုက္တယ္ "ဥပမာအားျဖင့္ ငါက ေကာင္းကင္ဘံု ကပ္ေဘးကို ေက်ာ္လြန္ၿပီးသြားၿပီးရင္ ဓားေမာ့ပ်ံစီးႏိုင္ၿပီ။ ဒါေပမဲ့ ငါက ဓားပ်ံ၊ တင္းပုတ္ပ်ံ၊တူပ်ံ၊ ၾကာပြတ္ပ်ံ လုိခ်င္တာကို စီးနင္းန္ိုင္တယ္။"
ဒါကို ၾကားေတာ့ ရူဟန္က စိတ္သက္သာရာ ရသြားသလို သက္ျပင္းခ် လိုက္တယ္။ သူက တိုက္ပြဲအတြက္ ဓာေမာ့ ၊ ပ်ံသန္းဖုိ႔ အတြက္ ဓားကို သံုးႏိုင္တယ္ ဆိုရင္ အဆင္ေျပပါၿပီ။
"အားရွီလွ်ဴ.. ငါ့မွာ ေနာက္ထပ ္ေမးခြန္းတစ္ခု ရွိေသးတယ္။ ငါက ဓားေမာ့ ဆႏၵကို ဖြဲ႔တည္ၿပိးသြားရင္ ဓားနည္းစနစ္ကို အသံုးျပဳၿပီး ဓားခ်ီကို ထုတ္လႊတ္ ႏိုင္ေသးလား။" ရူဟန္က ေမးလိုက္တယ္။
သူက အေစာထဲက ဓားဆႏၵကို အရံႈးေပးလိုက္ပါၿပီ။ ဒါေပမဲ့ ဓားကို အသံုးျပဳခ်ိန္မွာေတာ့ ဓားခ်ီ ထုတ္ခ်င္ေနပါေသးတယ္။
ဒါကလူတစ္ေယာက္ရဲ့ ဆႏၵပါပဲ။
"ဟားဟား .." အားရွီလွ်ဳ က ရယ္ၿပီး ေျပာလိုက္တယ္ "ဓားခ်ီ၊ ဓားေမာ့ခ်ီ ေတြမွာ ျခားနားခ်က္ မ်ားမ်ားစားစား မရွိဘူး။ ဥပမားအားျဖင့္ ငါ က ဓားတစ္ေခ်ာင္းကို ကိုင္ေဆာင္ထားမယ္ ဆိုရင္ေတာင္မွ ဓားေမာ့နည္းစနစ္ကို အသံုးျပဳၿပီး ဓားေမာ့ ခ်ီကို ထုတ္လႊတ္ႏိုင္တယ္။ ဒါေၾကာင့္ ဓားခ်ီ နဲ႔ သိပ္မကြာျခားဘူး"
"ဒၤီလိုဆိုရင္ အဆင္ေျပၿပီ" ရူဟန္က စိတ္သက္သာရာ ရသြားတယ္။
ၿပီးေနာက္ သူက ဓားျမက္ကို ယူၿပီး ၿမိဳခ် လိုက္တယ္။
"အမ္.. မင္းဒီတိုင္းပဲစားလိုက္တာလား" အားရွီလွ်ဴက တုန္လွဳပ္စြာ နဲ႔ မ်က္လံုးျပဳးသြားတယ္ "ဒါအရမ္း နာလိမ့္မယ္"
ရူဟန္က ရုတ္တရက္ထၿပီး ၿမိဳခ်လိုက္လိမ့္လို႔ မထင္မိတာေၾကာင့္ သူမက မတားဆီးႏိုင္ခဲ့ပါဘူး။
ဓားေမာ့ဆႏၵ ရဲ့ ဓားတစ္ခု ျခင္းစီ တိုင္းက အားနည္းတဲ့ ဓားေမာ့ဆႏၵ တစ္ခုကို ျဖစ္တည္နိုင္ပါတယ္။ ျမက္ဓားတစ္ခုခ်င္းစီတိုင္းက ကမၻာႀကီးက ဖန္တီးထားတဲ့ ရတနာဓားေမာ့တစ္ေခ်ာင္း နဲ႔ ဆင္တူတယ္လို႔ ေျပာလို႔ရတယ္။ ဒါေၾကာင့္ တစ္စံုတစ္ေယာက္က ဒါကို ဒီအတိုင္းၿမိုခ်လိုက္မယ္ဆိုရင ္ထက္ျမေနတဲ့ ဓားေမာ့တစ္ေခ်ာင္းကို ၿမိဳခ် တာနဲ႔ တူတူပဲလို႔ မေျပာႏိုင္ဘူးလား။ ထပ္ေျပာရရင္ အရမ္းနာက်င္မွာေလ။
သူမ ဒီျမက္ဓားေတြကို စားတဲ့အခ်ိန္တိုင္းမွာ အထူးေဖာ္စပ္ထားတဲ့ေဆးရည ္နဲ႔ အတူတြဲစားရတာကို အားရွီလွ်ဴက မွတ္မိေနတယ္။
"......." ရူဟန္။
ဘာကိုပဲ လိုခ်င္ လိုခ်င္ စိတ္အေလာမႀကီးရဘူး။ ငါဘာလို႔ ဒီလိုရိုးရွင္း တဲ့ ကိစၥ ကို ခုထိ နားမလည္ႏိုင္ေသးတာလဲ။
ေနာက္ေတာ့ ရူဟန္က သူ႔လည္ပင္းကို ဆြဲခြဲလိုက္လို ခံစားလိုက္ရၿပီး အ၇မ္းကို နာက်င္သြားပါတယ္။
တစ္စံုတစ္ေယာက္ က ဓားေမာ့ရွည္ႀကီး တစ္လက္ နဲ႔ ပါးစပ္ကေန ဝမ္းဗိုက္ထိ ေရာက္ေအာင္ ဆြဲခြဲေနသလိုမ်ိဳးပါပဲ။ ၿပိးေတာ့ ဓားၿမိဳခ် တဲ့ သူေတြလို မ်ိဳးေလ။
ရူဟန္ရဲ့ မ်က္ႏွာေပၚက ေခၽြးသီးေခၽြးေပါက္ေတြ ထြက္က်လာတယ္။ သူက လည္ပင္းကို လက္ႏွစ္ဖက္နဲ႔ ကိုင္ၿပီး မ်က္ႏွာ တစ္ခုလံုးကို ျဖဴေရာ္ေနတယ္။
"မင္းဘယ္လို ခံစားရလဲ" အားရွီလွ်ဴ က စိတ္ပူစြာနဲ႔ ေမးလိုက္တယ္။
ရူဟန္က လက္ကို ခက္ခက္ခဲခဲ ဆန္႔ထုတ္ၿပီး သူသည္းခံႏုိင္ေသးတယ္ဆိုတဲံ အမူအရာနဲ႔ လက္ေဝ့ယမ္းျပလိုက္တယ္။ ဒါေပမဲ့ သူက ေတာ္ေတာ္ႀကီး နာက်င္ေနတာေၾကာင့္ ဘာစကားမွ ထြက္ေပၚမလာပါဘူး။
"ဟူး.." ရူဟန္က ပါးစပ္ထဲက ေလပူေတြကို မွုတ္ထုတ္လိုက္တယ္။
ဒါေပမဲ့ ဒီအခ်ိန္မွာပဲ သူ႔လွ်ာက တုန္ခါသြားတယ္။ ၿပီးေနာက္ လွ်ာထိပ္မွာ အျဖဴေရာင္ ၾကာျဖဳပန္းတစ္ပြင့္ ေပၚေပါက္လာတယ္။
ဒါက ၾကာပန္းဖူးပြင့္ျခင္း လွ်ာ စြမ္းရည္ပါ။
"........." ရူဟန္။




ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now