အပိုင်း (၇၈၂)

163 39 1
                                    


#Unicode


ဒါက စိတ်ကစဉ့်ကလျား ရောဂါလား။

ရူဟန် က အခုချိန်မှာ ရွှေကြာပန်းကြီး ဖြစ်နေပါတယ်။ ပြီးတော့ သူ့ရှေ့မှာ ပေါက်နေတဲ့ ကြာပန်းကြီးက အမဲရောင် ဒုစရိုက် ကြာပန်းကြီးပဲ ဖြစ်ပါတယ်။

အိမ်မက်ထဲမှာတော့ ရူဟန်က ရွှေကြာပန်းရော၊ အမဲရောင်ကြာပန်းရော တို့က အသိဉာဏ်တွေ ဖွံ့ဖြိုးစ ပြုနေပါပြီ။ ဒီအချိန်မှာတော ့တစ်စုံတစ်ယောက်က နေရာကျယ် နှစ်ခုမှာ စိုက်ပျိုးထားတဲ့ ကြာပန်းတွေ အဖြစ်က လွဲရင် ဘာမှ မဟုတ်ပါဘူး။

ပြဿနာ တစ်ခုက ဒီနေရာကျယ်ထဲမှာ ရွှေကြာပန်း က ဘယ်လောက်ထိ နေမှာလဲ ဆိုတာကို သူမသိတာပါ။

ဒီရွှေရောင်ကြာပန်း နဲ့ အမဲရောင်ကြာပန်း တို့ကို ရှေးခေတ်ရဲ့ ကောင်းကင်ဆန္ဒအုပ်စိူးသူ က စိုက်ပျိုးထားတယ် ဆိုတာကို ရူဟန်က သိပါတယ်။

ရူဟန်က ကောင်းကင်ဆန္ဒအုပ်စိုးသူ ကို တစ်ခါမှ မမြင်ဖူးပါ်ဘူး။ ပြီးဒီတည်ရှိ်မှု က ကျင့်ကြံခြင်းလောက ရဲ ့ထိပ်ဆုံးနေရာမှာ ရှိနေတာပါ။ ဒီတည်ရှိမှု က ထာဝရရှင်သန်ခြင်း၊ ဖျက်ဆီးလို့ မရခြင်း စတဲ့ ဂုဏ်ပုဒ်တွေနဲ့ တည်ရှိနေတာပါ။ သာမာန်ကျင့်ကြံသူ တွေနဲ့ လုံးဝခြားနားတယ် ဆိုတာကို တွေးကြည့်ရုံနဲ့တင် သိနိုင်ပါတယ်။

တစ်ဖက်လူက နှစ်ရာကျော်ကြာအောင် တရေးတမော အိပ်မနေနိုင်ဘူးလို့ ဘယ်သူ ပြောနိုင်မှာလဲ။

အခုငါက ရွှေကြာပန်း ဖြစ်နေပြီ။ ဒီနေရာမှာ နှစ်ရာပေါင်းများစွာ ကျော်ဖြတ်ရအုန်းမှာပေါ့။

ရူဟန်က တော်တော်ကြီး စိတ်ပူသွားပါတယ်။ နောက်ဆုံးအကြိမ်တုန်းက သူ့အနေနဲ့ ကြက်သွန်လေးရဲ ့ဘဝ အကြောင်းကို အတွေ့အကြုံရခဲ့ပါတယ်။ မိုးထဲ၊ လေထဲ၊နေထဲ မှာ နှစ်ရာပေါင်းများစွာ နေထိုင်ခဲ့ရတာပါ။ သူက ဒါမျိုးကို ဒုတိယအကြိမ် မကြံုချင်တော့ ပါဘူး။

ဒါက တွေးလိုက်ရုံနဲ့တင် သတ်သေချင်လောက်အောင် ပျင်းဖို့ ကောင်းပါတယ်။

❄️❄️❄️

ကံကောင်းတာက ရူဟန် စိုးရွံ့နေသလို ဖြစ်မလာခဲ့ပါဘူး။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now