အပိုင်း (၈၂၇)

150 30 0
                                    


#Unicode


တာအိုရောင်းရင်း တောက်ပတဲ့ လကြီးပေါ်လာချိန်ကို ကြည့်ရတာ ပျော်နေသလိုပဲ။

"တစ်နေ့ထဲမှာပဲ ကမ္ဘာပျက်စစ်ပွဲ ရုပ်ရှင်နဲ့ ပတ်သက်ပြီး အပြုသဘောဆောင်တဲ့ မှတ်ချက်ကောင်းတွေ ကြီးပဲ တွေ့နေရတယ်။ ဒီကိစ္စမှာ လူပြောများအောင် နောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့သူ ရှိရမယ်။ ငါ မကောင်းတဲ့ မှတ်ချက် ပေးလိုက်မယ်"

ဒါပေမဲ့ ရုပ်ရှင်ကြေငြာ အတိုကို အရင်ကြည့်လိုက်ပြီးတဲ့နောက်မှာတော့ သူတို့က မကောင်းတဲ့ မှတ်ချက်တစ်ခုကို တောင်မှ မရေးနိုင်တော့ ပါဘူး။ ရေးရင်လည်း ဦးနှောက် မရှိတဲ့ သူ ဆိုပြီး ဝိုင်းကြည့်ကြမှပါ။ အနားမှာ ရှိရင် တံတွေးနဲ့တောင်မှ လာထွေးရင် ထွေးပါအုန်းမယ်။

တစ်ချို့သော ပေါ်လာတဲ့ မကောင်းတဲ့ မှတ်ချက်တွေကိုလည်း ကျန်တဲ့သူတွေက ဝိုင်း တိုက်ခိုက် ကြပါတယ်။

"ကြေငြာ ကြည့်သလောက်တော့ တော်တော်ကြီးကောင်းတယ်။ သေသင့်တဲ့ စိနီယာအစ်ကိုကြီး ဂေါင်ရှန်က လွဲရင် အားလုံးကောင်းတာယ်။ ဆိုးရွားတာ တစ်ခုမှ ရှာမတွေ့ဘူ။ ဒါပေမဲ့ ကြည့်ရတဲ့ ကြေငြာ က တိုနေသေးတယ်။"

"ဒါဆိုရင်လည်း သရုပ်ဆောင်တွေဘက်ကို လှည့်ပြီး မကောင်းကြောင်း ပြောကြတာပေါ့"

"ဒီရုပ်ရှင်မှာ လူသစ်တွေကြီးပဲလေ။ ဒါက မကောင်းတဲ့ မှတ်ချက် ပေးဖို့ကောင်းတဲ့ အခိုက်အတန့်ပဲ"

"ဒါပေမဲ့ အားလုံးက ကြည့်ကောင်းနေတယ်လေ။ အရမ်းကြည့်ကောင်းလွန်းတယ်။ ငါတောင် သွားကြည့်ချင်လာပြီ။ ချီးတဲ့မှ .. ဘာတွေ ပြောမိနေတာလဲ။"

"ဒါက ငါတို့ကို လှည့်စားထားတာပဲ။ အရာအားလုံးက ဖိုတိုရှော့ တွေ ပြုလုပ်ထားတာပဲ။ တကယ်တန်း ကြည့်ကောင်းနိုင်ပါ့မလား။ ပြောစရာတောင် မလိုဘူး။ ဒီအကြောင်း မကောင်းတဲ့ မှတ်ချက် ပေးရအောင်"

ဒီလူတွေက ၁၅၀ စက္ကန့်ကြာမြင့်တဲ့ ရုပ်ရှင် ကြေငြာကို ကြည့်ပြီး မကောင်းတဲ့ မှတ်ချက်ပေးဖို့ ကြိုးစားနေကြပါတယ်။

ကျင့်ကြံသူတို့ စကားဝိုင်းDonde viven las historias. Descúbrelo ahora