အပိုင်း (၇၇၄)

170 38 3
                                    


#Unicode


ရူဟန် .. ဒါဆိုငါ့ကို ဟာသ ပြောပြတော့။

သံရည်ဘောလုံးကြီးက စီနီယာအဖြူနှစ်ကို ဘယ်လို ပုံစံ နဲ့ ပညာပေးလိုက်မယ်လို့ ကြုံးဝါးနေတုန်းမှာပဲ စီနီယာအဖြူနှစ် က တကယ်ပဲ ပေါ်ပေါက်လာခဲ့ပါတယ်။

"မင်းဘာကြောင့် ဒီမှာပေါ်လာတာလဲ"

"မင်းငါ့ကို ဆင့်ခေါ်လိုက်တာ မဟုတ်ဘူးလား။ ဒါကြောင့်ပဲ ငါလာခဲ့တာလေ" စီင်္နီယာအဖြူနှစ် က ပြံုးကာ ပြောလိုက်တယ်။ ပြီးနောက် သူ့အကြည့်က အမဲရောင် ကြာပန်းကြီး ဆီကို ရောက်ရှိသွားတယ်။

အမဲရောင်ကြာပန်း က လုံးဝ ရည့်မှည့်သွားပြီး အသွင်ပြောင်းလဲ နေပါပြီ။

စီနီယာအဖြူနှစ် က အမဲရောင်ကြာပန်း ဆီကနေ ထွက်ပေါ်နေတဲ့ တည်နေရာစွမ်းအင် အမျိုးအစားတစ်ခုကို အာရုံခံမိတယ်။ ဒါက ငရဲပြည်ထဲမှာ ကိုယ်ပိုင်ကမ္ဘာလေး တစ်ခုကို ဖန်တီင်္း နိုင်တဲ ့စွမ်းရည်ပါပဲ။

စီင်္နီယာ အဖြူနှစ်က ငရဲပြည်ရဲ့ အုပ်စိုးသူ ပါ။ ဒါကြောင့် ငရဲပြည်ထဲမှာ ဖြစ်သမျှ အရာအားလုံးကို နားလည်ဖို့ မျက်လုံးတစ်ချက် ဝေ့ကြည့်ရုံဘဲ လိုအပ်ပါတယ်။ အစောပိုင်းတုန်းက ငရဲပြည်ရဲ ့အုပ်စိုးသူ တစ်ယောက်ပဲ ဖြစ်တဲ့ သံရည်ဘောလုံးကြီးက သူ့ရဲ ့အာရုံတွေကို ပိတ်ပင်ပြီး ဒီအခြေအနေတွေကို မသိရှိ်ရအောင် ပြုလုပ်ထားပါတယ်။ ဒါပေမဲ ့အခု သူက အမဲရောင်ကြာပန်းကို မျက်စိရှေ့မှာ မြင်လိုက်တော့ သူ့ရှေ့က အရာရဲ့ အစွမ်းကို ရှင်းရှင်းလင်းလင်း သိရှိသွားတယ်။ ငရဲပြည်ရဲ ့အုပ်စိုးတစ်ယောက် မျက်လုံးထဲမှာ ဘာလျှို့ဝှက်ချက် ဆိုတာမှ ရှိလာမှာ မဟုတ်ဘူးလေ။

သံရည်ဘောလုံးကြီးက သွားကို တင်းတင်းစေ့ပြီး ပြောလိုက်တယ် "မင်းငါ့ကို ရပ်တန့်ဖို့ ကြိဲုးစားနေတာလား"

"ဟားဟား.. မင်းဘယ်လိုထင်လဲ။" စီင်္နီယာ အဖြူ နှစ်က ပြံုးကာ ပြောလိုက်တယ်။ ပြောနေတုန်းမှာပဲ သူက အမဲရောင် ဓားပျံ ကို မပြီး အမဲရောင်ကြာပန်းဆီကို ခုတ်ပိုင်းလိုက်တယ် "မင်းစကားကို ငါပြန်ဌားသုံးရမှာပဲ။ ုမင်းတစ်ခုခု လုပ်ချင်တာရှိရင် ငါက ဒါကို မလုပ်ရအောင် ပြုလုပ်ရမှာပဲ"

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now