အပိုင်း (၇၅၃)

194 39 0
                                    

#Unicode


စီနီယာ အဖြူနှစ်က ဒီနေ့မှာ တော်တော်ကြီး အေးစက်စက် နိုင်နေတယ်။

"တာအိုရောင်းရင်းတို့ အားလုံးရောက်နေကြပြိလား" တောင်ဝါကြီးက ခပ်ယဲ့ယဲ့ ပြုံးရင်း ပြောလိုက်တယ် "ဒါဆိုရင် ငါတို့က မိစ္ဆာတွေ လာရောက်တိုက်မယ့်မဲ့ တိမ်ဖြူကျောင်းကို ဘယ်လိုမျိုးကူညီပေးရမယ် ။ ပြီးတောာ ငါတို့ရဲ့ စွမ်းဆောင်ရည်ကို ဘယ်လိုမျိုးအကောင်းဆုံး ထုတ်ပြနိုင်အောင် လုပ်ကြမလဲ ဆိုတာကို ဆွေးနွေးကြမယ်။"

ကိုးစီရင်စု က တာအိုရောင်းရင်းတွေ က ရွှေရောင်အဆီအနှစ် စုဖွဲ့မှုကို ရောက်ရှိနေကြသူတွေ များပါတယ်။ ပြီးတော့ ရွှေရောင်အဆီအနှစ် စုဖွဲ့မှု နဂါးပုံရိပ် ခုနှစ်ခုထက် နည်းပါးသူ ကိုးစီရင်စုမှာ မရှိပါဘူး။ တစ်ယောက်ချင်းစီတိုင်းက လုံးဝ ထူးချွန်သူတွေလို့ ပြောရမှာ ဖြစ်တယ်။

ဒါကြောင့် တိုက်ပွဲမှာ စွမ်းရည်တွေကို အကောင်းဆုံးထုတ်သုံးနိုင်အောင် ကြိုတင်ပြင်ဆင်ထားတာ အကောင်းဆုံးပါပဲ။

"အစစ်အမှန်နတ်ဘုရား တောင်ဝါကြီး ပြောတာ အဓိပ္ပာယ်ရှိတယ်။" တာအိုရောင်းရင်း တောက်ပတဲ့လကြီး ပေါ်လာချိန် က ခေါင်းညိတ်ပြီး ပြောလိုက်တယ်။

ဒီအချိန်မှာပဲ လိုင်ချီးက လက်မြှောက်ပြီး ပြောလိုက်တယ် "ငါက မင်းတို့ကို အသိပေးရမယ့် ကိစ္စတစ်ခု ရှိသေးတယ်။ တိမ်ဖြုကျောင်းကို ကူညီနေရင်းနဲ့ ငါတို့က ငရဲပြည်က မိစ္ဆာအလောင်းတွေကို စုဆောင်းလို့ရတယ်။ ပြီးရင် တိမ်ဖြူကျောင်းဆီမှာ ရွှေကြာပန်းစေ့ နဲ့ ပြန်လဲလှယ်လို့ရတယ်။"

မြောက်ပို်င်းမြစ် က မေးလိုက်တယ် "ရွှေကြာပန်းစေ့ လား။ မင်းပြောနေတာ က စားလိုက်ရင် တစ်စုံတစ်ယောက်ရဲ့ သက်တမး်ကို တိုးမြင့်ပေးနိုင်ပြီး စွမ်းရည်တစ်ခု ရရှိစေတဲ့ အရာလား။"

လိုင်ချီးက ခေါင်းညိတ်ပြီး ပြောလိုက်တယ် "ဟုတ်တယ်။ ငါပြောနေတာ အဲ့ဒီကြာပန်းစေ့ပဲ"

ပြီးနောက် သူမ က ကိုးစီရင်စုက တာအိုရောင်းရင်းကို အစစ်အမှန်နတ်ဘုရား ထာဝရမီး ပြောပြထားတဲ့ လဲလှယ်မှု နှုန်းထားအကြောင်းကို ပြောပြလိုက်တယ်။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now