အပိုင်း (၇၉၈)

186 37 0
                                    


#Unicode


မင်းသား လင်းရီ ငါတို့ကို လာတိုက်ခိုက်နေတယ်။

"ဝှစ်" ကြယ်ပျံဓားက ပျော်ရွှင်စွာနဲ့ အရှိန် မြင့်တင်လိုက်တယ်။

ဓားပျံ တစ်ခု နဲ့ သွန်းထုတ် ပြုလုပ်သူတို့က တူညီတဲ့ စိတ်ဝင်စားမှု ရှိပုံပေါ်တယ်။ ဒါကြောင့်ပဲ ကြယ်ပျံဓား က သူ့သခင်လို ပြိုင်ဆိုင် မောင်းနှင်ရတာကို ကြိုက်နှစ်သက်ခြင်း ဖြစ်နိုင်တယ်။

"အား...." အသံနှစ်ခု ၊ ယောကျ်ားသံ တစ်ခု နဲ့ မိန်းမသံ တစ်ခု တိုွှက ကောင်းကင်ပေါ်မှာ ပျံနှံ့သွားခဲ့သည်။

ဒီတစ်ကြိမ်တော့ ငါက စကား ကို အဆင်ခြင်မဲ့လည်း မပြောမိပါဘူး။ ဒါကိုဘာကြောင့် ကြီးမြတ်တဲ့ အဖြူက အမြန်နှုန်း တိုးလိုက်ရတာလဲ။ ငါက ငါတို့နေရာ နဲ့ အကန်အသတ်မဲ့ နတ်ဆိုးဂိုဏ်း ရဲ့ ဘိုးဘွားမြေ ဘယ်လောက်ဝေးသလဲ ဆိုတာကိုပဲ မေးမိတာလေ။ ရူဟန် က မျက်နှာပေါ်မှာ မျက်ရည်တွေ စီးကျနေတယ်။

ငါ့ရဲ့ အမြင့်ကြောက် ရောဂါ က အဆုံးမဲ့ ကြီးထွားလာခဲ့ပြီ ။

❄️❄️❄️

တရုတ်နယ်ခြားမှာ ရှိတဲ့ သဲကန္တာရ တစ်ခု အတွင်းမှာတော့ အကန့်အသတ်မဲ့ နတ်ဆိုးဂိုဏ်းရဲ့ ဘိုးဘွားမြေ တစ်ခုက တည်ရှိနေပါတယ်။

ဒါပေမဲ့ ဘိုးဘွားမြေ က လက်ရှိမှာ ပျက်ဆီးလု နီးပါး ဖြစ်နေပါပြီ။

လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေ တုန်းက ဒီနေရာကြီး တစ်ခုလုံးမှာ ပန်းတွေ လှိုင်လှိုင် ဖူးပွင့်ပြီး ကျေးဌက်တွေ တေးသီသံနှင့် ပြည့်နှက်နေ ခဲ့ဖူးပါတယ်။ စိတ်ဝိညာဉ်ချီတွေလည်း ပေါကြွယ်လှတာကြောင့် အကန့်အသတ်မဲ့ နတ်ဆိုးဂိုဏ်းရဲ့ ထိပ်ပိုင်း ဂိုဏ်းတစ်ခု လို ဖြစ်ခဲ့ဖူးတယ်။

ခုချိန်မှာတော့ ဒီနေရာ တစ်ခုလုံးက သဲကန္တာရ ကြီးတစ်ခုလို ဖြစ်သွားခဲ့ပါပြီ။ ယစ်ပလ္လင်တွေကိုလည်း နေရာရွွှေပြောင်းခဲ့ကြပြီး နောက်ဆုံးမှာတော့ ဒီနေရာ တစ်ခုလုံးက ပြောင်းလဲ သွားခဲ့တယ်။ ဒါက အကန့်အသတ်မဲ့ နတ်ဆိုးဂိုဏ်းရဲ့ ဘိုးဘွားမြေ တစ်ခုလို ဖြစ်လာခဲ့တာပါပဲ။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now