အပိုင်း(၈၇၄)

163 32 0
                                    


#Unicode


ပိုးအိမ်ကို လှုပ်တာကမှ ပိုကောင်းအုန်းမယ်။ ဟုတ်ပြီလား။

ဒီမြင်ကွင်းကို ကြည့်နေတဲ့ ကြက်သွန်လေး က လည်း ဆွံံ့အသွားတယ်။ ကောင်းကင်ဆန္ဒ အုပ်စိုးသူ နေရာတောင်မှ လဲလို့ရတယ်လား။ ပြောရမယ်ဆိုရင် ဒီကမ္ဘာကြီးမှာ လဲလှယ်လို့မရတဲ့အရာ ရော ရှိသေးရဲ့လား။

"တာအိုရောင်းရင်း အဖြူ .. ဟာသတွေ မလုပ်ပါနဲ့" တာအိုဘုန်းကြီး သီလ က ရယ်ရမလား ငိုရမလား မသိဘူး ဖြစ်သွားတယ်။

"ငါနောက်နေတယ်လို့ ဘယ်သူပြောလဲ။ အချိန်သိမ်မကျန်တော့ဘူ။ မင်း လဲမှာလား၊ မလဲဘူးလား" ကြီးမြတ်တဲ့အဖြူ က ခပ်တည်တည် နဲ့ ပြောလိုက်တယ် "အသုံးမဝင်တာတွေ မပြောနဲ့တော့။ စကားတစ်ခွန်းပဲ ပြောရင် လုံလောက်ပြီ။ မင်း ကောင်းကင်ဆန္ဒ အုပ်စိုးသူ ဖြစ်ချင်လား၊ မဖြစ်ချင်ဘူးလား"

သူတို့ဆွေးနွေးနေတုန်းမှာပဲ စီနီယာအဖြူ က ထူးခြားတဲ့အားအင်ရဲ့ ဆွဲငင်မှုကို တောင့်မခံနိုင်တော့ဟန် ဖြင့် သူ့ခန္ဓာကိုယ်က ကောင်းကင်ပေါ်ကို စတင်ရွေ့လျားလာတယ်။

"အင်း... လိုချင်တာပေါ့" တာအိုဘုန်းကြီး သီလ က ပြန်ပြောလိုက်တယ်။ အင်မော်တယ်တွေ အားလုံး ဒီကို လာခဲ့ကြတာက ကောင်းကင်ဆန္ဒအုပ်စိုးသူ ဖြစ်ပြီး ထာဝရ ရှင်သန်သူ ဖြစ်ချင်လို့ပါပဲ။

"ငါ ထာဝရရှင်သန်သူ ဖြစ်လာရင် မင်း နောင်တမရနိုင်ဘူးလား" တာအိုဘုန်းကြီး သီလ က ဒီတစ်ကြိမ်မှာ ထပ်ပြောလိုက်ပြန်တယ်။

ကောင်းကင်ဆန္ဒအုပ်စိုးသူ နဲ့ ပတ်သက်တဲ့ ကိစ္စတွေက နောက်စရာ မဟုတ်ပါဘူး။

ကောင်းကင်ဆန္ဒအုပ်စိုးသူ ဖြစ်လာပြီးရင် တစ်စုံတစ်ယောက် က ထာဝရ ရှင်သန်သူ ဖြစ်လာမှာပါ။ သမိုင်းမှာ ကောင်းကင်ဆန္ဒအုပ်စိုးသူ တွေ အကြိမ်ပေါင်းများစွာ ပြောင်းလဲ ခဲ့တယ် ဆိုရင်တောင်မှ ပြောနိုင်တာတစ်ခုက အရင် အုပ်စိုးသူတွေ တစ်ယောက်မှ မသေဆုံးခဲ့ပါဘူး။

ကောင်းကင်ဆန္ဒအုပ်စိုးသူ ဖြစ်ပြီးရင် သာမာန်ကျင့်ကြံသူတွေ နားမလည်နိုင်တဲ့ အရာတွေကို နားလည်သွားခဲ့တယ်လို့ များပြားလှတဲ့ ကျင့်ကြံသူတွေက ခန့်မှန်းထားကြတယ်။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now