#Unicode
ဗုဒ္ဓဘုန်းကြီးတွေက လိမ်မပြောဘူး။ အား.....။
"......." ဒေါင်ဖန်းခြောက်။
"......" အနောက်မှာ ရှိတဲ့ ဂေါင်ဂေါင် နဲ့ ရှစ်။
ရူဟန်ကို လာဖက်တဲ့ သေးငယ်တဲ့ ပုံရိပ်ဆိုတာက ကျုး အပြင် တခြားလူ မဟုတ်ပါဘူး။ ဒီတစ်ကြိမ်မှာ သူမ က သူမလည်ပင်းကို ကိုင်ပြိး ပစ်ချွဲချွဲ အသံ ပေါ်လာအောင် ပြုလုပ်နေတယ်။ ဒါက ကြားရသူကို ကြက်သီးတောင်မှ ထစေနိုင်ပါတယ်။
ဒါပေမဲ့ ဒီလို နည်းလမ်းမျိုးကို အသုံးပြုပြီး သူမ ရဲ့ အမှားကိုဝန်ခံတဲ့ နည်လမ်းက အလုပ်မဖြစ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီအချိန်မှာပဲ ရူဟန် က သူ့ကို ဖက်ထားတဲ့ ကလေးမလေးကို ကောက်ချီပြီး ရိုက်နှက်ချင်စိတ် ပေါ်နေတာကြောင့် ဖြစ်တယ်။
ကျုးက ခေါင်းမော့ပြီး ရူဟန်ကို ကြည့်ကာ ပြောလိုက်တယ် "အမ် .. စီနီယာအစ်ကို ရူဟန် .. ဘာလို့ငြိမ်နေတာလဲ"
သူမ မှတ်မိသလောက် မက်မွန် က သူမ အမှားကို ဝန်ခံတဲ့ အချိန်တိုင်း တာအိုဘုန်းကြီး နာနတ်သီးကို အခုလိုမျိုး ပြေးဖက်တတ်ပါတယ်။
ပြီးနောက် ချစ်ဖို့ကောင်းစွာ ပြောလိုက် "ဟင့်.. ငါအမှားလုပ်မိတယ် ဆိုတာ သိပါတယ်။ ဒါပေမဲ့ ခွင့်လွတ်ပေးနိုင်မလား။ နော့် ..နော်" ဒါဆိုရင် တာအိုဘုန်းကြီး နာနတ်သိးက ချက်ချင်းပဲ ခွင့်လွှတ်ပေးတတ်ပါတယ်။
ဒါပေမဲ့ ခေါင်မော့ကြည့်လို်ကတော့ သူ့ကို အေးစက်စက် စိုက်ကြည့်နေတဲ့ ရူဟန်ကို ကျုးက မြင်လိုက်ရတယ်။ သူ့အမူအရာက ကြောက်ဖို့ကောင်းနေတယ်။
"ဟမ်" ကျုး က ဇဝေဇဝါ ဖြစ်သွားတယ်။
ဘယ်လိုဖြစ်တာလဲ။
ငါ့လေသံက တစ်ခုခုမှားနေလို့လား။ ဒါမှမဟုတ် ငါ့ရဲ့ ချစ်စရာကောင်း မှု က အဆင့်နိမ့်နေလို့လား
ဒါကြောင့် ကျုးက အသက်ကို ပြင်းပြင်းရှုပြိး မက်မွန်ပြုလုပ်တာကို ပြန်စဉ်းစားလိုက်တယ်။ ပြီးနောက် ချွဲပစ်နေတဲ့ အသံနဲ့ ဆက်ပြောလိုက်တယ် " ဟင့် .. ဒါကို သဘောမတူရင်.. ငါ .. အမ်"