အပိုင်း (၈၁၄)

142 30 0
                                    


#Unicode


ခဲတစ်လုံး နဲ့ ဌက်နှစ်ကောင်ကို သတ်ခြင်း။

ဒါပေမဲ့ နောက်ဆုံးမှာတော ့ရူဟန် က အမှန်တရားကို ပြောပြနိုင်မဲ့ နတ်မိမယ်ချန်လင်း ရဲ့ ပုံပန်းသွင်ပြင် နဲ ့ပတ်သက်တဲ ့သတင်းအချက်အလက် တွေကို မရရှိခဲ့ပါဘူး။

ဘာကြောင့်လဲဆိုတော ့လှပတဲ့ အမှတ်နဲ့ အမျိုးသမီးက ဒေါသထွက်သွားလို့ပါပဲ။

"မင်းက ကတိကို ချိုးဖျက်ချင်လို့ အရေးမပါတာတွေကို ခဏခဏ မေးနေတာပဲ" လှပတဲ ့အမှတ်နဲ့ အမျိုးသမီး က ရူဟန်ကို သေချာကြည့်ပြီး ပြောလိုက်တယ် "အရင်နဲ့ လုံးဝကွာခြားသွားတဲ ့မင်းရဲ့ ပုံပန်းသွင်ပြင်ကို ငါသတိမပြုမိဘူးလို့ မင်းထင်နေတာလား။ ပြီးတော့ ငါက မင်းရဲ့ ပုံပန်းသွင်ပြင်ကို ပြောပြလိုက်ရင် မင်းက အကြောင်းပြချက် တစ်ခုခု ရှာမလို့ မဟုတ်လား။"

ရူဟန် "......"

လှပတဲ့အမှတ် နဲ့ အမျိုးသမီး ပြောတာက တကယ်ပဲ ကျိုးကြောင်းညီညွတ်ပါတယ်။ သူမ ကို ဘယ်လိုပြန်ငြင်းရမလဲ ဆိုတာ သူတကယ် မသိတော့ပါဘူး။

သူ့ရဲ့ စကားပြောစွမ်းရည် က တော်တော်ကြီး နိမ့်ကျတယ်လို့ ရူဟန် က ခံစားမိနေတ်။ သူက ကျောင်းရဲ့ စကားရည်လုပွဲတွေကို ပါဝင်ပြီး အရည်အသွေး တိုးတက်အောင် လုပ်ဖို့ လိုအပ်နေပါပြီ။

"ငါတို့ အရင်တုန်းက သဘောတူထားတဲ့ အတိုင်းပဲ ငါက ကောင်းကင်ဘုံမြို့ပျက်ဆီးသွားပြီးနောက်မှ ကျောက်စိမ်းရေကန် နယ်မြေကို သေချာ ဂရုစိုက်ခဲ့တယ်။ ထပ်ပြောရရင် ငါက မင်းနေရာမှာ နေပြီး ဒီနယ်မြေ တစ်ခုလုံးကို အချိ်န်အကြာကြီး ထောက်ပံ့ထားခဲ့ရတာ။ ငါ့ရဲ့ သဘောတူညီချက်ကို ဖြည့်စည်းဖို့ပေါ့။ အခု ငါက မီးစာကုန် ဆီခမ်းဖြစ်နေတဲ ့အချိန်ရောက်နေတာတောင်မှ မင်းက အနမ်းတပွင့် မပေးချင်ဘူးလား" လှပတဲ့အမှတ် နဲ့ အမျိုးသမီး က ပြောလေ ပိုမို နာကျင်လာလေပါပဲ။

[ရူဟန်.. ငါတို့ သူ့ကို တကယ်ပဲ အကြွေးတင်ခဲ့တာလား] စီနီယာအစ်မရီ ရဲ့အသံ က ရူဟန် စိတ်ထဲကို တိုးဝင်လာတယ်။ လှပတဲ့အမှတ် နဲ့ အမျိုးသမီး ရဲ ့မျက်နှာ က သူမ စိတ်ထဲမှာ ထင်ဟပ်လာပြီး ဒီအမျိုးသမီးရဲ ့မျက်လုံးထောင့်ကနေ မျက်ရည်တွေ စီးကျနေတယ်။ ကြည့်ရတာ ဝမ်းနည်းစရာပါပဲ။

ကျင့်ကြံသူတို့ စကားဝိုင်းOù les histoires vivent. Découvrez maintenant