အပိုင်း (၇၄၁)

171 37 0
                                    


#Unicode

အဲ့တုန်းက ကောင်းကင်ဆန္ဓ အုပ်စိုးသူက ပျင်းရိသွားခဲ့တယ်။
ကျင့်ကြံသူတွေရဲ့ ရည်ရွယ်ချက်က အမတ လမ်းစဉ်ကို အောင်မြင်ပြီး အင်မော်တယ် ဖြစ်ဖို့ပါ။ နောက်ဆုံးမှာတော့ သူတို့က စကြာဝဋ္ဌာကြီး တစ်ခုလုံးကို လွှမ်းမိုးနိုင်ပြီး ကောင်းကင်ရဲ့ ဆန္ဒတွေကို ပုခုံးလွှဲယူကာ တစ်ဦးတစ်ယောက်တည်း ဖြစ်တဲ့ ကောင်းကင်ဆန္ဒ အုပ်စိုးသူ ဖြစ်ချင်ကြတာပါ။ သူတို့က အမတ လမ်းစဉ််ရဲ့ သဘောသဘာဝ ကို နားလည်ပြီး ထာဝရရှင်သန်ခြင်း အဆင့်ကနေ ကိုယ်တိုင် ကောင်းကင်ဘုံရဲ့ ဆန္ဒအဖြစ် ပြောင်းလဲသွားမှာပါ။
အကျိုးဆက်အနေနဲ့ ကောင်းကင်ဆန္ဒအုပ်ဆိုးသူ က ထာဝရ ၊ ရှင်သန်သူ ၊ ဖျက်ဆီး လို့မရသူ နဲ့ သတ်ဖြတ်လို့မရသူပါ။
ဒါလိုဖြစ်တာကြောင့် ကောင်းကင်ဆန္ဒအုပ်စိုးသူက ဘာဖစြ်တာလဲ။ ဘယ်လို ပြဿနာမျိုး ရုတ်တရက် ထဖြစ်ခဲ့လို့လဲ။ လူသားတစ်ယောက်အနေနဲ့ ကောင်းကင်ရဲ့ဆန္ဒတစ်ခုလုံးကို ပုခုံးပေါ် တင်ထားရတာ များလို့လား။ ဒါကြောင့် ရေရှည်မှာ ပြဿနာတွေ ဖြစ်လာတာလား။
သူတော်စင်ကြီး က ခဏလောက် စဉ်းစားပြီး ပြောလိုက်တယ် "အသုံးမဝင်တဲ့ ငါက ဘယ်လိုရှင်းပြရမလဲ မသိတာ့ဘူး။ ဒါပေမဲ့ ပြောရမယ်ဆိုရင် ကောငး်ကင်ဆန္ဒအုပ်စိုးသူ က ရုတ်တရက် ပျင်းလာလို့ ပဲ။"
ကြည့်ရတာ ဉာဏ်ပညာရေကန် က ပြင်ပလွှမ်းမိုးမှု အားလုံးကို တားဆိးနိုင်တဲ့ အထူးတည်နေရာ တစ်ခုလား။ ဒါကြောင့် သူတော်စင်ကြီးက သူ့ကို ရှာတွေ့သွားမှာကို မကြောက်ဘဲ ကောင်းကင်ဆန္ဒအုပ်စိူးသူ ဆိုတဲ့စကားကို တိုက်ရိုက်ပြောခဲ့တာပေါ့။
"အမ်" ရူဟန်က အလန့်တကြားနဲ့ အသံထွက်သွားတယ်။
"အမ်" ဖောအောက်နဲ့ အရက်မူး နေ ကျောင်းတော်သား တို့ကလည်း အံသြသွားတယ်။
ကောင်းကင်ဆန္ဒအုပ်စိူးသူ က ပျင်းလာတယ်။ ဒါက ဘယ်လို အကြောင်းရင်းမျိုးလဲ။
သူတော်စင်ကြီးက ပြန်လည် စဉ်းစားပြီး ပြောလိုက်တယ် "အဲနှစ်မှာပဲ ကမ္ဘာပေါ်မှာ ရှိတဲ့ စွမ်းအားမြင့် ကျင့်ကြံသူတွေက ကောင်းကင်ဆန္ဒအုပ်စိုးသူ တာဝန်ကို ပုခုံးပြောင်းလွှဲယူဖို့ ပြင်ဆင်လာကြတယ်။ ကောင်းကင်ဆန္ဒ အုပ်စိုးသူက ပျင်းရိလာတာကြောင့် သူ့အလုပ်တွေကို မလုပ်ချင်တော့ ပါဘူး။ ဒါကြောင့် အရာအားလုံးကို လွှတ်ချခဲ့တယ်။ ဒါက နားထောင်လို့မကောင်းပေမဲ့ ငါအသုံးမဝင်တဲ့ အဘိုးကြီးက အဲ့နှစ်တုန်းက ဒီလိုမျိုး ခံစားခဲ့ရတယ်။"
ကျင့်ကြံသူတွေ က အဲအချိန်တုန်းက အရမ်းခက်ခဲလိမ့်မယ်လို့ ရူဟန်က ခံစားမိနေတယ်။ ကောင်းကင်ဆန္ဒအုပ်စိုးသူ မတည်မြဲတာက တော်တော်ကြိးကို ခေါင်းကိုက်စရာ ကိစ္စပါပဲ။ ဟုတ်တယ်မလား။
ပြီးနောက် ကောင်းကင်ဆန္ဓအုပ်စိုးသူက မထူးခြားသလို ပြန်ပြောလိုက်တယ် "ဘာပဲဖြစ်ဖြစ် မသုံးမဝင်တဲ့ငါက ဒီလိုပဲ ခံစားမိတယ်။ ကောင်းကင်ဆန္ဒ အုပ်စိုးသူက သူ့အလုပ်ကို လွှတ်ချလိုက်တယ်။ ဒီအချိန်မှာ ငါက ကောာင်းကင်ဆန္ဒတွေကို ပုခုံးပြောင်းလွှဲယူဖို့ ရှေ့ကို ရဲရဲဝင့်ဝင့် တက်သွားရမယ့် အချိန်ပဲ မဟုတ်လား။
သူတော်စင်ကြီးရဲ့ အသံက ဘာခံစားချက်မှ မရှိနေပါဘူး။ ဒီအချိန်မှာ သူက ဒီကမ္ဘာကြိးရဲ ့ပြိုင်ဘက်ကင်းသူလေ။ သူတစ်ယောက်တည်းကပဲ ဒီတာဝန်ကို လက်လွှဲယူဖို့ ထိုက်တန်ပါတယ်။
သူတော်စင်ကြီး တစ်ယောက်တည်း ဒါကို တွေးနေတာ မဟုတ်ပါဘူး။ ကျင့်ကြံခြငး် လောက ရဲ့ ၉၀ ရာခိုင်နှုန်းက ဒီလို တူညီတဲ့ အတွေးတွေ ရှိကြတယ်။ အမတ လမ်းစဉ်ကို ရှာဖွေနိုင်ပြီးသား ဖြစ်တဲ့ အင်မော်တယ်တစ်ချို့တောင် ဒီတာဝန် နဲ ကိုက်ညီတာက သူတော်စင်ကြီးပဲ ရှိတယ်လို့ သတ်မှတ်ထားကြတာပါ။
ဟုတ်ပါတယ်။ ဒါပေမဲ့ လူတိုင်းကတော့ တူညီတဲ့ စိတ်ကူးရှိမှာ မဟုတ်ဘူးလေ။
သူတော်စင်ကြီးက ဆက်ပြောလိုက်တယ် "အဲ့အချိန်တုန်းက ငါ့အနေနဲ့ ရာနဲချီတဲ့ အင်မော်တယ် တွေကို တိုက်ခိုက်ခဲ့ရတယ်။ သူတို့က ကျင့်ကြံသူတွေ၊ သားရဲတွေ၊ ရှေးဟောင်းစုန်းပညာရှင်တွေ၊ မွန်းစတားတွေ၊ မိစ္ဆာတွေ နဲ့ ဘုမ္မစိုးလို့ ခေါ်တဲ့သူတွေတောင် ပါဝင်သေးတယ်။"
"သူတို့ထဲက တစ်ချို့ အင်မော်တယ်တွေ့ ဟိုးအရင်ကတည်းက ရှိနေခဲ့တာဖြစ်ပြီး အရမ်းကို ရှေးကျကြတယ်။ သူတို့ဘယ်ကလဲ။ ဘယ်လိုသူတွေ လဲ ဆိုတာ အသုံးမဝင်တဲ့ငါတောင်မှ သေချာ မသိဘူး။"
"သူတို့နဲ့ပတ်သက်ခဲ့သမျှ အရာအားလုံးက အချိန်မြစ်ရေ ထဲမှာ ပျောက်ဆုံးကုန်ပြီး သူတို့က ဘယ်မျိုးဆက် ကလဲ။ ဘယ်သက်တမ်းတုန်းကလဲ စတာတွေပါ ပျောက်ဆုံးနေပြီ။ သူတို့က အမတ လမ်းစဉ်ကို ရရှိပြီး အင်မော်တယ် ဖြစ်ကာ ရေတွက်လို့ မရနိုင်တဲ့ သက်တမ်းကို ပိုင်ဆိုင်ကြတယ်။
"သူတို့က ကောင်းကင်ဆန္ဒ အုပ်စိုးသူ ပျောက်ဆုံးမဲ့ အချိန်ကို စိတ်ရှည်လက်ရှည် နဲ့ စောင့်ဆိုင်းနေကြတာ။ အဲနေ့မှာတော့ သူတို့က ပြန်လည်ပေါ်ပေါက်လာပြီး ကောင်းကင်ဆန္ဒ အတွက် တိုက်ခိုက်ကြပြီး ကောင်းကင်ဆန္ဒအုပ်စိုးသူ ဖြစ်ချင်ကြတာပါ။ ဒါမှ သူတို့က ထာဝရသက်ရှင် ခိုင်မာ မှုကို ရရှိကြမှာ။"
"သူတို့ထဲက တစ်ချိုက အားအင်အရာမှာ ငါ့ထက ်မနိမ့်ကျကြဘူး။ ဒါပေမဲ့နောက်ဆုံးမှာ အသုံးမဝင်တဲ့ ငါ ရဲ့ လက်ထဲမှာရှုံးနိမ့်သွားကြတယ်။"
အဲ့နေ့တွေတုန်းက ငါက ကမ္ဘာပေါ်မှာ ရှိတဲ့ အင်မော်တယ် တွေ အားလုံးကို အနိုင်ယူခဲ့တယ်။ ဘယ်လောက်အံဖွယ်ကောင်းလဲ မင်းတွေ့လား။
ပြောပြီးတဲ့နောက် သူတော်စင် ရဲ့ မျက်နှာပေါ်မှာ နာကျဉ်တဲ့အမူအရာတွေ ပေါ်ပေါက်လာတယ် "ဒါပေမဲ့ငါက ကောင်းကင်ဆန္ဓအုပ်စိုးသူ တာဝန်ကို ပုခုံးပြောင်းလွှဲယူပြီး ထာဝရ ရှင်သန်သူ ဖြစ်လာတာကို စောင့်နေတုန်းမှာပဲ ဆန်းကျယ်သူ တစ်ယောက်က ငါ့ဆီ ချဉ်းကပ်လာတယ်။ ပြိးတော့ ဒီတာဝန်ကို မယူဖို့ အကြံပြုတယ်။ မဟုတ်ရင် ငါနောင်တ ရလိမ့်မယ်တဲ့"
ကောင်းကင်ဆန္ဒ အုပ်စိုးသူ မဖြစ်မှသာ နောင်တရမှာ မဟုတ်လား။ ဒါက ဘာကိုဆိုလိုတာလဲ။
ကြီးမြတ်တဲ့အဖြူ နဲ့ ကျန်တဲ့ သူတွေ အားလုံးကလည်း စိတ်ဝင်စား သွားတယ်။
ဒီသတင်းအချက်အလက် က အရမ်းအရေးကြီးတယ်လို့ ရူဟန်က ခံစားမိခဲ့တယ်။ ထပ်ပြောရရင ်ဒါက စီနီယာ အဖြူ နှစ် လိုချင်နေတဲ့ သတင်းပဲလေ။
သူတော်စင်ကြီးက ဆက်ပြောလိုက်တယ် "ဒါပေမဲ့ အသုံးဝင်တဲ့ငါက ဆန်းကျယ်တဲ့ သူ ပြောတာကို ဘယ်လို လွယ်လွယ်ကူကူ ယုံရမှာလဲ။ ဒါကြောင့် လျစ်လျှူရှုလိုက်တယ်။ နောက်တော့ ကောင်းကင်ဆန္ဒအုပ်စိုူးသူ ပျောက်ကွယ်သွားပြိး ကောင်းကင်ရဲ့ ဆန္ဓတွေကို ပုခုံးလွှဲပြောင်းရယူနိုင်ဖို့ ငါစောင့်နေခဲ့တယ်။ ဒါပေမဲ့ အသုံးမဝင်တဲ့ ငါ ရဲ့ ရှေ့ကို ဘာမှန်းမသိတဲ့ အင်မော်တယ် တစ်ယောက် ရောက်လာခဲ့တယ်။
"ဒီအင်မော်တယ် က တော်တော်ထူးဆန်းတယ်။ ငါမြင်ဖူးတဲ့ တခြားအင်မော်တယ် တွေနဲ့ တော်တော်ကြီး ခြားနားတယ်။ လူ၊ ဝိညာဉ်၊ သားရဲ၊ မွန်းစတား ၊ မိစ္ဆာ ဒါမှမဟုတ် ဘုမ္မစိုးတောင်မှ မဟုတ်ပါဘူး။ ငါတို့ ကမ္ဘာပေါ်မှာ ရှိတဲ့ သက်ရှိတစ်ခုမျိုး မဟုတ်ဘူး။
သူ့ရဲ့ ခန္ဓာကိုယ်တင် မဟုတ်ဘူး။ သူအသုံးပြုတဲ့ တိုက်ခိုက်မှု နည်းစနစ် နဲ့ စွမ်းအင် အသုံးပြုမှုကလည်း ငါတို့ကမ္ဘာက ကျင့်ကြံသူတွေနဲ့ ခြားနားတယ်။
အသုံးမဝင်တဲ့ ငါက ဒီ ရန်သူ နဲ့ ဆယ်နှစ်တိုင်တိုင် တိုက်ခိုက်ခဲ့တယ်။ အစတုန်းက ငါက အသာစီးရယူနိုင်ခဲ့ပြိး ဒီရန်သူကို အကြိမ်ပေါင်းများစွာ ဒဏ်ရာရရှိစေခဲ့တယ်။ ဒါပေမဲ့ သူ့ရဲ့ ပြန်လည် ကုစားခြင်း စွမ်းရည်က ငါတွေးထင်ထားတာထက် သာလွန်နေတယ်။ချက်ချင်းသေဆုံးသွားနိုင်တဲ့ ဒဏ်ရာတွေ ရတာတောင်မှ အချိန်အနည်းငယ်အတွင်း သူ့ဘာသာ ပြန်ကောင်းလာခဲ့တယ်။
အသုံးမဝင်တဲ့ငါက အားပိုထည့်ပြိး တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်တယ် ဒါပေမဲ့ အားလုံးပြီးသွားတဲ့ အထိ ငါက သူ့ကို မသတ်နိုင်ခဲ့ဘူး။ ငါ့အတွက် ဒီမသေနိုင်တဲ့ ရန်သူ ကို သတ်ဖို့ ဆိုတာ မဖြစ်နိုင်တော့ဘူး။ ဒါကြောင့် ငါ့အရှိန်က ကျဆင်းသွားပြီး တစ်ဖက် ရန်သူက ပိုပြီး ကြမ်းလာတယ်။ နောက်တော့ ငါ့စွမ်းအင်တွေက သူ့ထက် အနည်ငယ် နိမ့်ဆင်းသွားတယ်။"
ပြောပြီးတဲ့နောက် သူတော်စင်ကြီးရဲ့ မျက်နှာက ပုံမှန် ပြန်ဖြစ်သွားတယ် "ဒီနှစ်တွေ ထဲမှာ အသုံးမဝင်တဲ့ ငါက ဒီထူးဆန်းတဲ့ အင်မော်တယ်နဲ တိုက်ခိုက်ခဲ့တယ်။ တစ်ဖက်လူက ခံစားချက်မဲ့သူလို့ ငါခံစားမိခဲ့တယ်။ ခံစားချက်မဲ့ပြီဆိုမှတော့ ဘာတစ်ခုမှ တွန့်ဆုတ်နေမှာ မဟုတ်ပဲ အရာအားလုံးကို ပြုလုပ်ရဲပြီလေ။ အသုံးမဝင်တဲ့ငါ ရှုံးနိမ့်သွားရင် ငါတည်ထောင်ထားတဲ့ ကျောင်းတော်ကြီးက ဘာဖြစ်သွားမလဲ။ ပြိးတော့ဒီရန်သူက ငါတို့ ကမ္ဘာပေါ်က တည်ရှိသူ တစ်ယောက် မဟုတ်ပါဘူး။ ဒါဆိုရင် ကမ္ဘာပေါ်က တာအိုရောင်းရင်းတွေ ဘာတွေ ရင်ဆိုင်ရမလဲ။
ငါ့စွမ်းအင်က နိမ့်ကျသွားတော့ ငါက ဒီတိုက်ပွဲမှာ အသက်မရှင်နိုင်တော့ဘူး ဆိုတာကို သိခဲ့တယ်။ ငါနဲ့ ဒီရန်သူတို့ တိုက်ခိုက်နေတာ ဆယ်နှစ်ရှိပြီလေ။ ငါတို့ နှစ်ယောက်က ဒီမှာ အတူတူ ရှိနေလို့ မဖြစ်ဘူး။ တစ်ယောက်ယောက် သေဆုံးမှဘဲ တိုက်ပွဲက အဆုံးသတ်မှာ။
"ဒါကြောင့် ငါ့ရဲ့ နောက်ဆုံးလှုပ်ရှားမှုကို ထုတ်သုံးလိုက်တယ်။ ဒါက အသုံးမဝင်ငါ ရဲ့ ကျောင်းတော်သား အတွေးအခေါ် ကနေ ဖြစ်တည်လာတဲ့ ကိုယ်ပိုင်လမ်းကြောင်းက နိုးထခဲ့တဲ့ သန္ဓေစွမ်းအင် တစ်ခုပဲ။ ဒီစွမ်းရည်ကို ငါတစ်ခါမှ အသုံးမပြုဖူးဘူး။
ဒီသန္ဓေစွမ်းအင်ကို အသုံးပြုမယ်ဆိုရင် ရန်သူကို မြိုချနိုင်မှာ။ ဒီစွမ်းရည်က စိတ်ကူးယဉ်ဆန်ပြီး အသုံးမဝင်တဲ့ ငါ တောင်မှ ဒီနည်းဥပဒေသ နောက်ကွယ်က သဘောတရားကို ကောင်းကောင်း နားမလည်ဘူး။
ဒါပေမဲ့ ငါ့ရန်သူက ခန္ဓာကိုယ်ရော၊ ဝိညာဉ်ရော နဲ ဆက်စပ်တဲ့ အရာတစ်ခုမဟုတ်ဘူး။ ငါက သန္ဓေစွမ်းရည်ကို အသုံးပြုလိုက်ပေမဲ့ သူက ဘာမှမဖြစ်ပဲ ငါ့ရှေ့မှာ ရပ်တည်နေနိုင်တယ်။
ပြီးနောက်မှာတော့ ဒီအင်မော်တယ် က ကောင်းကင်ဆန္ဓ အုပ်စိုးသူ ဖြစ်လာပြီ အသုံးမဝင်တဲ့ ငါကတော့ ခန္ဓာကိုယ်ရော ၊ ဝိညာဉ်ပါ ဖျက်ဆီးခံရပြီး သေဆုံးခဲ့တယ်။"
ပြောပြီးတဲ့နောက် သူတော်စင်ကြီး ရဲ့ အသံက နောက်ဆုံးမှာ ရပ်တန့်သွားတယ်။
သူက သေဆုံးခဲ့တာလား။
ဝိညာဉ်ရော၊ ခန္ဓာကိုယ်ပါ ဖျက်ဆီးခံခဲ့ရတယ်။
❄️❄️❄️
ဝိညာဉ်ရော၊ ခန္ဓာကိုယ်ပါ ဖျက်ဆီးခံရပြီဆိုမှတောာ့ ဒီသူတော်စင်ကြီးက သေဆုံးပြီး ပြန်လည်ဝင်စား မွေးဖွားဖို့တောင် မဖြစ်နိုင်တော့ပါဘူး။
ဒါဆိုရင် သူတို့ရှေ့မှာ ရှိနေတဲ့သူတော်စင်ကြီးက ဘာလဲ။
"ရုပ်ရှင်မှတ်တမ်း ယူထားတာမျိုးလား" ရူဟန်က ဇဝေဇဝါ နဲ့ မေးလိုက်တယ်။
အစစ်အမှန်နတ်ဘုရား ထာဝရမီး၊ အစစ်အမှန် နတ်ဘုရား ဖောအောက် နဲ အရက်မူး ညီးတွားသံ ကျောင်းတော်သား တို့ကလည်းဇဝေဇဝါ ဖြစ်သွားတယ်။
သူတို့ရှေ့က သူတော်စင်ကြီး ဆီကနေ စိတ်ဝိညာဉ်စွမ်းအင်တွေ ထွက်ပေါ်နေတာမျိုး မရှိပါဘူး။ ပြီးတော့ အစကနေ အဆုံးထိ သူတော်စင်ကြိးက သူ့ဘာသာ ပြောဆိုနေတာ ဖြစ်ပြီး ရူဟန် တို့ ထာဝရမီးတို့ စကားပြောတာကို အရေးမလုပ်ခဲ့ပါဘူး။
ဒါက အင်မော်တယ်ချန်လင်း ထားခဲ့သလိုး အလားတူတဲ့ မှတ်တမ်းတစ်ခုလား .. အစစ်အမှန် နတ်ဘုရား ဖောအောက်က တွေးလိုက်တယ်။
ထာဝရမီး က အားတင်းပြီး ပြုံးလိုက်တယ် "သူတော်စင်ကြီးက သေဆုံးသွားခဲ့တာ ကြာပြီ။ ဒါကို ပြောင်းလဲလို့ မရဘူး။ ငါဘာကြောင့် ပိုမျှော်လင့်မိခဲ့တာလဲ
အခု သူက သူတော်စင်ကြီး သက်ရှိထင်ရှား ရှိနေတာကို ဖြစ်စေချင်ပြီး ကျောင်းတော်သား တို့ ရွှေခေတ်ကို ပြန်လည် ရောက်ရှိစေဖို့ ဦးဆောင်စေချင်ပါတယ်။
သူတော်စင်ကြီးက ဘာမှမလုပ်ဘဲ နောက်ကွယ်မှာ ပဲ နေမယ်ဆိုရင်တောင်မှ ကျောင်းတော်သားတွေရဲ့ စိတ်ဓာတ်ရေးရာက တိုးတက်လာပြီး ကျောင်းတော်သားနယ်မြေကြီး တိုးတက်လာနိုင်တယ်။
ငါရဲ့ အတွင်းစိတ်ဆိုးကို ဖယ်ရှားရမယ်။ အစစ်အမှန် နတ်ဘုရား ထာဝရမီး က တွေးလိုက်တယ်၊
❄️❄️❄️
တာအိုရောင်းရင်းအားလုံးက ခံစားချက် အပြည့်နဲ့ သက်ပြင်းချလိုက်တယ်။။ ကြီးမြတ်တဲ့အဖြူ က သူ့မေးစေ့ ကိုပွတ်လိုက်ပြိး သူတော်စင်ကြီးရဲ့ ရုပ်ရှင်မှတ်တမ်းကို အနီးကပ်လေ့လာနေတယ်။
ရူဟန်က သက်ပြင်းချလိုက်တယ်။ ကြည့်ရတာ တောက်ပတဲ့ ကျောင်းတော်သားက အသချေင်္စာအုပ်တောင်ကို လှန်လိုက်ရင်တောင်မှ ဉာဏ်ပညာရေကန် ရှိသေးတယ်လို့ ဆိုထားတာကြောင့် သူတော်စင်ကြီးရဲ့ရုပ်ရှင် မှတ်တမ်းကို သူတို့သိစေချင်လို့လား။
ကောင်းပြီ။.ဒီသတင်းအချက်အလက် က ကျောင်းတော်သား တွေအတွက် အရမ်းတန်ဖိုးကြီးတယ်။ ဒါပေမဲ့ ရူဟန် အတွက်တော့ဘာမှအသုံးမဝင်ပါဘူး။
ဒါပေမဲ့ ဒီအချိန်မှာပဲ ကြီးမြတ်တဲ့ အဖြူ က ရယ်ပြီး ပြောလိုက်တယ် "သူတော်စင်ကြီးရဲ့ ကိုယ်ခန္ဓာရော၊ ဝိညာဉ်ရော ပျက်ဆီးသွားခဲ့ပြီ။ ဒါဆိုရင် ဒီလိုနေရာမှာ ပေါ်လာဖို့ ဘယ်လိုနည်းလမ်းမျိုးကို အသုံးပြုထားတာလဲ။
သူတော်စင်ကြီးက ကောင်းကင်ဆန္ဓအုပ်စိုးသူ အသစ်နဲ့ တိုက်ပွဲမှာ သေဆုံးခဲ့ပါပြိ။ ဒါဆိုရင် ဒီမှတ်တမ်းကို ဘယ်သူ ချန်ခဲ့တာလဲ။
ပါဝင်တဲ့အကြောင်းအရာတွေက သူတော်စင်ကြီးရဲ့ အတုပတ္တိ နဲ့ ကောင်းကင်ဆန္ဓအုပ်စိူးသူ အသစ်ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအကြောင်းကို အသေးစိတ်ကျကျ ပြောဆိုထားတာပါ။
ဒါပေမဲ့ သူတို့ရှေ့က သူတော်စင်ကြီးက ရှေ့က လူတွေ မေးတာကို မဖြေပါဘူး။
"ရူဟန်.. သူတော်စင်ကြီးကို သွားဆိတ်လိုက်" ကြီးမြတ်တဲ့အဖြူက ပြောလိုက်တယ်။
"အမ်.." ရူဟန်က သူ့ကိုယ်သူ လက်ညိုးနဲ့ ညွှန်ပြီး အနားက ထာဝရမီးကို ကြည့်လိုက်တယ်။ သူ့ရှေ့ကလူက သူတော်စင်ကြီးဖြစ်ပြီး သူသာသွားဆိတ်ရင် အစစ်အမှန် နတ်ဘုရား ထာဝရမီးက စိတ်ဆိုးသွားနိုင်တယ်လေ။
"ငါလုပ်လိုက်မယ် ဒီအချိ်န်မှာပဲ ထာဝရမီးက အံကြိတ်ပြီး ရှေ့ကို လှမ်းတက်လိုက်တယ်။ ပြီးနောက် သူတော်စင်ကြီးကို ထိဖို့ ပြင်လိုက်တယ်။
ဒါပေမဲ့ ထာဝရမီး ရဲ့ လက်က မရောက်သေးခင်မှာပဲ သူ့ခန္ဓာကိုယ်က နောက်ပြန်လွင့်ထွက်သွားတယ်။ ပုံပျက်ပန်းပျက်ပဲ ပြုတ်ကျလာခဲ့တယ်။ ဒါပေမဲ့ ထာဝရမီးကိုတော့ ဘာတစ်ခုမှ ဒဏ်ရာမဖြစ်ပေါ်စေပါဘူး။
ထာဝရမီး ရဲ့ မျက်လုံးတွေက ချက်ချင်းပဲ တောက်ပသွားတယ် "သူတောိစင်ကြီး"
သူတော်စင် ကျောင်းတော်သား က အသက်ရှင်နေသေးတယ်။
"တောင်းပန်ပါတယ်။ ငါက ခုနက အာရုံလွင့်သွားခဲ့တာ။ သူတော်စင်ရဲ့နောက်ဆုံးစကား ပြောပြိးပြီလား" သူတော်စင်ကြီးက ခေါင်းလှည့်ပြီး ပြောလိုက်တယ် "ဒီအချိန်မှာ ငါက စကားလုံးနဲ့ ဖော်ပြဖို့ခက်ခဲတဲ့ နည်းလမ်းတစ်ခု နဲ့ မင်းတို့ကို ဆက်သွယ်ပြောဆိုနေတာ။ ဒါကြောင့် နည်းနည်း အာရုံလွတ်သွားတယ်"
သူအခု ပြောနေတဲ့ ပုံစံက အရင်နဲ့ မတူတော့ပါဘူး။ သူ့ကိုယ်သူ အသုံးမဝင်တဲ့ငါ ဆိုပြီး မသုံးနှုန်းတော့ဘူးလေ။
ထပ်ပြောရရင် သူက သူတော်စင်ကြီးရဲ့ နောက်ဆုံးစကား ဆိုပြီး တတိယလူ နေရာက ပြောဆိုသွားခဲ့တယ်။
"ငါ့ကိုယ်ငါ မိတ်ဆက်ပေးရအုန်းမယ်။" သူတော်စင်ကြီးက ခပ်ဖျော့ဖျော့ ပြုံးလိုက်တယ် "ငါက ဉာဏ်ပညာရေကန်ပဲ"
"......" ရူဟန်။
ပထမဆုံး သူတို့က ကင်းမြီးကောက် ထောင်တဲ့ အသချေင်္စာအုပ်တောင် နဲ့ ဆုံခဲ့ရတယ်။ အခု စကားပြောနိုင်တဲ့ လူလို ဉာဏ်ပညာရေကန် ကို တွေ့နေရပါပြီ။
#Zawgyi
အပိုင္း (၇၄၁) အဲ့တုန္းက ေကာင္းကင္ဆႏၶ အုပ္စိုးသူက ပ်င္းရိသြားခဲ့တယ္။
က်င့္ႀကံသူေတြရဲ့ ရည္ရြယ္ခ်က္က အမတ လမ္းစဥ္ကို ေအာင္ျမင္ၿပီး အင္ေမာ္တယ္ ျဖစ္ဖု႔ိပါ။ ေနာက္ဆံုးမွာေတာ့ သူတို႔က စၾကာဝ႒ာႀကီး တစ္ခုလံုးကို လႊမ္းမိုးႏိုင္ၿပီး ေကာင္းကင္ရဲ့ ဆႏၵေတြကို ပုခံုးလႊဲယူကာ တစ္ဦးတစ္ေယာက္တည္း ျဖစ္တဲ့ ေကာင္းကင္ဆႏၵ အုပ္စိုးသူ ျဖစ္ခ်င္ၾကတာပါ။ သူတို႔က အမတ လမ္းစဥ္္ရဲ့ သေဘာသဘာဝ ကို နားလည္ၿပီး ထာဝရရွင္သန္ျခင္း အဆင့္ကေန ကိုယ္တုိင္ ေကာင္းကင္ဘံုရဲ့ ဆႏၵအျဖစ္ ေျပာင္းလဲသြားမွာပါ။
အက်ိဳးဆက္အေနနဲ႔ ေကာင္းကင္ဆႏၵအုပ္ဆိုးသူ က ထာဝရ ၊ ရွင္သန္သူ ၊ ဖ်က္ဆီး လို႔မရသူ နဲ႔ သတ္ျဖတ္လို႔မရသူပါ။
ဒါလိုျဖစ္တာေၾကာင့္ ေကာင္းကင္ဆႏၵအုပ္စိုးသူက ဘာဖျစ္တာလဲ။ ဘယ္လို ျပႆနာမ်ိဳး ရုတ္တရက္ ထျဖစ္ခဲ့လို႔လဲ။ လူသားတစ္ေယာက္အေနနဲ႔ ေကာင္းကင္ရဲ့ဆႏၵတစ္ခုလံုးကို ပုခံုးေပၚ တင္ထားရတာ မ်ားလို႔လား။ ဒါေၾကာင့္ ေရရွည္မွာ ျပႆနာေတြ ျဖစ္လာတာလား။
သူေတာ္စင္ႀကီး က ခဏေလာက္ စဥ္းစားၿပီး ေျပာလိုက္တယ္ "အသံုးမဝင္တဲ့ ငါက ဘယ္လိုရွင္းျပရမလဲ မသိတာ့ဘူး။ ဒါေပမဲ့ ေျပာရမယ္ဆိုရင္ ေကာငး္ကင္ဆႏၵအုပ္စိုးသူ က ရုတ္တရက္ ပ်င္းလာလို႔ ပဲ။"
ၾကည့္ရတာ ဥာဏ္ပညာေရကန္ က ျပင္ပလႊမ္းမိုးမွဳ အားလံုးကို တားဆိးႏိုင္တဲ့ အထူးတည္ေနရာ တစ္ခုလား။ ဒါေၾကာင့္ သူေတာ္စင္ႀကီးက သူ႔ကို ရွာေတြ႔သြားမွာကို မေၾကာက္ဘဲ ေကာင္းကင္ဆႏၵအုပ္စိူးသူ ဆိုတဲ့စကားကို တိုက္ရိုက္ေျပာခဲ့တာေပါ့။
"အမ္" ရူဟန္က အလန္႔တၾကားနဲ႔ အသံထြက္သြားတယ္။
"အမ္" ေဖာေအာက္နဲ႔ အရက္မူး ေန ေက်ာင္းေတာ္သား တို႔ကလည္း အံၾသသြားတယ္။
ေကာင္းကင္ဆႏၵအုပ္စိူးသူ က ပ်င္းလာတယ္။ ဒါက ဘယ္လို အေၾကာင္းရင္းမ်ိဳးလဲ။
သူေတာ္စင္ႀကီးက ျပန္လည္ စဥ္းစားၿပီး ေျပာလိုက္တယ္ "အဲႏွစ္မွာပဲ ကမၻာေပၚမွာ ရွိတဲ့ စြမ္းအားျမင့္ က်င့္ႀကံသူေတြက ေကာင္းကင္ဆႏၵအုပ္စိုးသူ တာဝန္ကို ပုခံုးေျပာင္းလႊဲယူဖို႔ ျပင္ဆင္လာၾကတယ္။ ေကာင္းကင္ဆႏၵ အုပ္စိုးသူက ပ်င္းရိလာတာေၾကာင့္ သူ႔အလုပ္ေတြကို မလုပ္ခ်င္ေတာ့ ပါဘူး။ ဒါေၾကာင့္ အရာအားလံုးကို လႊတ္ခ်ခဲ့တယ္။ ဒါက နားေထာင္လို႔မေကာင္းေပမဲ့ ငါအသံုးမဝင္တဲ့ အဘိုးႀကီးက အ့ဲႏွစ္တုန္းက ဒီလိုမ်ိဳး ခံစားခဲ့ရတယ္။"
က်င့္ႀကံသူေတြ က အဲအခ်ိန္တုန္းက အရမ္းခက္ခဲလိမ့္မယ္လို႔ ရူဟန္က ခံစားမိေနတယ္။ ေကာင္းကင္ဆႏၵအုပ္စိုးသူ မတည္ၿမဲတာက ေတာ္ေတာ္ႀကိးကို ေခါင္းကိုက္စရာ ကိစၥပါပဲ။ ဟုတ္တယ္မလား။
ၿပီးေနာက္ ေကာင္းကင္ဆႏၶအုပ္စိုးသူက မထူးျခားသလို ျပန္ေျပာလိုက္တယ္ "ဘာပဲျဖစ္ျဖစ္ မသံုးမဝင္တဲ့ငါက ဒီလိုပဲ ခံစားမိတယ္။ ေကာင္းကင္ဆႏၵ အုပ္စိုးသူက သူ႔အလုပ္ကို လႊတ္ခ်လိုက္တယ္။ ဒီအခ်ိန္မွာ ငါက ေကာာင္းကင္ဆႏၵေတြကို ပုခံုးေျပာင္းလႊဲယူဖို႔ ေရွ႕ကို ရဲရဲဝင့္ဝင့္ တက္သြားရမယ့္ အခ်ိန္ပဲ မဟုတ္လား။
သူေတာ္စင္ႀကီးရဲ့ အသံက ဘာခံစားခ်က္မွ မရွိေနပါဘူး။ ဒီအခ်ိန္မွာ သူက ဒီကမၻာႀကိးရဲ ့ၿပိဳင္ဘက္ကင္းသူေလ။ သူတစ္ေယာက္တည္းကပဲ ဒီတာဝန္ကို လက္လႊဲယူဖု႔ိ ထိုက္တန္ပါတယ္။
သူေတာ္စင္ႀကီး တစ္ေယာက္တည္း ဒါကို ေတြးေနတာ မဟုတ္ပါဘူး။ က်င့္ႀကံျခငး္ ေလာက ရဲ့ ၉၀ ရာခိုင္ႏွုန္းက ဒီလို တူညီတဲ့ အေတြးေတြ ရွိၾကတယ္။ အမတ လမ္းစဥ္ကို ရွာေဖြႏိုင္ၿပီးသား ျဖစ္တဲ့ အင္ေမာ္တယ္တစ္ခ်ိဳ႕ေတာင္ ဒီတာဝန္ နဲ ကိုက္ညီတာက သူေတာ္စင္ႀကီးပဲ ရွိတယ္လို႔ သတ္မွတ္ထားၾကတာပါ။
ဟုတ္ပါတယ္။ ဒါေပမဲ့ လူတိုင္းကေတာ့ တူညီတဲ့ စိတ္ကူးရွိမွာ မဟုတ္ဘူးေလ။
သူေတာ္စင္ႀကီးက ဆက္ေျပာလိုက္တယ္ "အဲ့အခ်ိန္တုန္းက ငါ့အေနနဲ႔ ရာနဲခ်ီတဲ့ အင္ေမာ္တယ္ ေတြကို တိုက္ခိုက္ခဲ့ရတယ္။ သူတို႔က က်င့္ႀကံသူေတြ၊ သားရဲေတြ၊ ေရွးေဟာင္းစုန္းပညာရွင္ေတြ၊ မြန္းစတားေတြ၊ မိစၦာေတြ နဲ႔ ဘုမၼစိုးလို႔ ေခၚတဲ့သူေတြေတာင္ ပါဝင္ေသးတယ္။"
"သူတို႔ထဲက တစ္ခ်ိဳ႕ အင္ေမာ္တယ္ေတြ႕ ဟိုးအရင္ကတည္းက ရွိေနခဲ့တာျဖစ္ၿပီး အရမ္းကို ေရွးက်ၾကတယ္။ သူတို႔ဘယ္ကလဲ။ ဘယ္လိုသူေတြ လဲ ဆိုတာ အသုံးမဝင္တဲ့ငါေတာင္မွ ေသခ်ာ မသိဘူး။"
"သူတို႔နဲ႔ပတ္သက္ခဲ့သမွ် အရာအားလံုးက အခ်ိန္ျမစ္ေရ ထဲမွာ ေပ်ာက္ဆံုးကုန္ၿပီး သူတို႔က ဘယ္မ်ိဳးဆက္ ကလဲ။ ဘယ္သက္တမ္းတုန္းကလဲ စတာေတြပါ ေပ်ာက္ဆံုးေနၿပီ။ သူတို႔က အမတ လမ္းစဥ္ကို ရရွိၿပီး အင္ေမာ္တယ္ ျဖစ္ကာ ေရတြက္လို႔ မရႏုိင္တဲ့ သက္တမ္းကို ပိုင္ဆိုင္ၾကတယ္။
"သူတို႔က ေကာင္းကင္ဆႏၵ အုပ္စိုးသူ ေပ်ာက္ဆံုးမဲ့ အခ်ိန္ကို စိတ္ရွည္လက္ရွည္ နဲ႔ ေစာင့္ဆိုင္းေနၾကတာ။ အဲေန႔မွာေတာ့ သူတို႔က ျပန္လည္ေပၚေပါက္လာၿပီး ေကာင္းကင္ဆႏၵ အတြက္ တိုက္ခိုက္ၾကၿပီး ေကာင္းကင္ဆႏၵအုပ္စိုးသူ ျဖစ္ခ်င္ၾကတာပါ။ ဒါမွ သူတို႔က ထာဝရသက္ရွင္ ခိုင္မာ မွဳကို ရရွိၾကမွာ။"
"သူတို႔ထဲက တစ္ခ်ိဳက အားအင္အရာမွာ ငါ့ထက ္မနိမ့္က်ၾကဘူး။ ဒါေပမဲ့ေနာက္ဆံုးမွာ အသံုးမဝင္တဲ့ ငါ ရဲ့ လက္ထဲမွာရံႈးနိမ့္သြားၾကတယ္။"
အဲ့ေန႔ေတြတုန္းက ငါက ကမၻာေပၚမွာ ရွိတဲ့ အင္ေမာ္တယ္ ေတြ အားလံဳးကုိ အနိုင္ယူခဲ့တယ္။ ဘယ္ေလာက္အံဖြယ္ေကာင္းလဲ မင္းေတြ႔လား။
ေျပာၿပီးတဲ့ေနာက္ သူေတာ္စင္ ရဲ့ မ်က္ႏွာေပၚမွာ နာက်ဥ္တဲ့အမူအရာေတြ ေပၚေပါက္လာတယ္ "ဒါေပမဲ့ငါက ေကာင္းကင္ဆႏၶအုပ္စိုးသူ တာဝန္ကို ပုခံုးေျပာင္းလႊဲယူၿပီး ထာဝရ ရွင္သန္သူ ျဖစ္လာတာကို ေစာင့္ေနတုန္းမွာပဲ ဆန္းက်ယ္သူ တစ္ေယာက္က ငါ့ဆီ ခ်ဥ္းကပ္လာတယ္။ ၿပိးေတာ့ ဒီတာဝန္ကို မယူဖို႔ အႀကံျပဳတယ္။ မဟုတ္ရင္ ငါေနာင္တ ရလိမ့္မယ္တဲ့"
ေကာင္းကင္ဆႏၵ အုပ္စိုးသူ မျဖစ္မွသာ ေနာင္တရမွာ မဟုတ္လား။ ဒါက ဘာကိုဆိုလိုတာလဲ။
ႀကီးျမတ္တဲ့အျဖဴ နဲ႔ က်န္တဲ့ သူေတြ အားလုံးကလည္း စိတ္ဝင္စား သြားတယ္။
ဒီသတင္းအခ်က္အလက္ က အရမ္းအေရးႀကီးတယ္လို႔ ရူဟန္က ခံစားမိခဲ့တယ္။ ထပ္ေျပာရရင ္ဒါက စီနီယာ အျဖဴ ႏွစ္ လိုခ်င္ေနတဲ့ သတင္းပဲေလ။
သူေတာ္စင္ႀကီးက ဆက္ေျပာလိုက္တယ္ "ဒါေပမဲ့ အသံုးဝင္တဲ့ငါက ဆန္းက်ယ္တဲ့ သူ ေျပာတာကို ဘယ္လို လြယ္လြယ္ကူကူ ယံုရမွာလဲ။ ဒါေၾကာင့္ လ်စ္လွ်ဴရႈလိုက္တယ္။ ေနာက္ေတာ့ ေကာင္းကင္ဆႏၵအုပ္စိုူးသူ ေပ်ာက္ကြယ္သြားၿပိး ေကာင္းကင္ရဲ့ ဆႏၶေတြကို ပုခံုးလႊဲေျပာင္းရယူႏုိင္ဖို႔ ငါေစာင့္ေနခဲ့တယ္။ ဒါေပမဲ့ အသံုးမဝင္တဲ့ ငါ ရဲ့ ေရွ႕ကို ဘာမွန္းမသိတဲ့ အင္ေမာ္တယ္ တစ္ေယာက္ ေရာက္လာခဲ့တယ္။
"ဒီအင္ေမာ္တယ္ က ေတာ္ေတာ္ထူးဆန္းတယ္။ ငါျမင္ဖူးတဲ့ တျခားအင္ေမာ္တယ္ ေတြနဲ႔ ေတာ္ေတာ္ႀကီး ျခားနားတယ္။ လူ၊ ဝိညာဥ္၊ သားရဲ၊ မြန္းစတား ၊ မိစၦာ ဒါမွမဟုတ္ ဘုမၼစိုးေတာင္မွ မဟုတ္ပါဘူး။ ငါတို႔ ကမၻာေပၚမွာ ရွိတဲ့ သက္ရွိတစ္ခုမ်ိဳး မဟုတ္ဘူး။
သူ႔ရဲ့ ခႏၶာကိုယ္တင္ မဟုတ္ဘူး။ သူအသံုးျပဳတဲ့ တိုက္ခိုက္မွဳ နည္းစနစ္ နဲ႔ စြမ္းအင္ အသံုးျပဳမွဳကလည္း ငါတို႔ကမၻာက က်င့္ႀကံသူေတြနဲ႔ ျခားနားတယ္။
အသံုးမဝင္တဲ့ ငါက ဒီ ရန္သူ နဲ႔ ဆယ္ႏွစ္တိုင္တိုင္ တိုက္ခိုက္ခဲ့တယ္။ အစတုန္းက ငါက အသာစီးရယူႏိုင္ခဲ့ၿပိး ဒီရန္သူကို အႀကိမ္ေပါင္းမ်ားစြာ ဒဏ္ရာရရွိေစခဲ့တယ္။ ဒါေပမဲ့ သူ႔ရဲ့ ျပန္လည္ ကုစားျခင္း စြမ္းရည္က ငါေတြးထင္ထားတာထက္ သာလြန္ေနတယ္။ခ်က္ခ်င္းေသဆုံးသြားႏိုင္တဲ့ ဒဏ္ရာေတြ ရတာေတာင္မွ အခ်ိန္အနည္းငယ္အတြင္း သူ႔ဘာသာ ျပန္ေကာင္းလာခဲ့တယ္။
အသံုးမဝင္တဲ့ငါက အားပိုထည့္ၿပိး တိုက္ခိုက္ဖို႔ ဆံုးျဖတ္လိုက္တယ္ ဒါေပမဲ့ အားလံုးၿပီးသြားတဲ့ အထိ ငါက သူ႔ကုိ မသတ္ႏိုင္ခဲ့ဘူး။ ငါ့အတြက္ ဒီမေသႏိုင္တဲ့ ရန္သူ ကို သတ္ဖို႔ ဆိုတာ မျဖစ္ႏုိင္ေတာ့ဘူး။ ဒါေၾကာင့္ ငါ့အရွိန္က က်ဆင္းသြားၿပီး တစ္ဖက္ ရန္သူက ပိုၿပီး ၾကမ္းလာတယ္။ ေနာက္ေတာ့ ငါ့စြမ္းအင္ေတြက သူ႔ထက္ အနည္ငယ္ နိမ့္ဆင္းသြားတယ္။"
ေျပာၿပီးတဲ့ေနာက္ သူေတာ္စင္ႀကီးရဲ့ မ်က္ႏွာက ပံုမွန္ ျပန္ျဖစ္သြားတယ္ "ဒီႏွစ္ေတြ ထဲမွာ အသံုးမဝင္တဲ့ ငါက ဒီထူးဆန္းတဲ့ အင္ေမာ္တယ္နဲ တိုက္ခိုက္ခဲ့တယ္။ တစ္ဖက္လူက ခံစားခ်က္မဲ့သူလို႔ ငါခံစားမိခဲ့တယ္။ ခံစားခ်က္မဲ့ၿပီဆိုမွေတာ့ ဘာတစ္ခုမွ တြန္႔ဆုတ္ေနမွာ မဟုတ္ပဲ အရာအားလံုးကို ျပဳလုပ္ရဲၿပီေလ။ အသံုးမဝင္တဲ့ငါ ရံႈးနိမ့္သြားရင္ ငါတည္ေထာင္ထားတဲ့ ေက်ာင္းေတာ္ႀကီးက ဘာျဖစ္သြားမလဲ။ ၿပိးေတာ့ဒီရန္သူက ငါတို႔ ကမၻာေပၚက တည္ရွိသူ တစ္ေယာက္ မဟုတ္ပါဘူး။ ဒါဆိုရင္ ကမၻာေပၚက တာအိုေရာင္းရင္းေတြ ဘာေတြ ရင္ဆိုင္ရမလဲ။
ငါ့စြမ္းအင္က နိမ့္က်သြားေတာ့ ငါက ဒီတိုက္ပြဲမွာ အသက္မရွင္ႏိုင္ေတာ့ဘူး ဆိုတာကို သိခဲ့တယ္။ ငါနဲ႔ ဒီရန္သူတို႔ တိုက္ခိုက္ေနတာ ဆယ္ႏွစ္ရွိၿပီေလ။ ငါတို႔ ႏွစ္ေယာက္က ဒီမွာ အတူတူ ရွိေနလို႔ မျဖစ္ဘူး။ တစ္ေယာက္ေယာက္ ေသဆံုးမွဘဲ တိုက္ပြဲက အဆံုးသတ္မွာ။
"ဒါေၾကာင့္ ငါ့ရဲ့ ေနာက္ဆံုးလွဳပ္ရွားမွဳကို ထုတ္သံုးလိုက္တယ္။ ဒါက အသံုးမဝင္ငါ ရဲ့ ေက်ာင္းေတာ္သား အေတြးအေခၚ ကေန ျဖစ္တည္လာတဲ့ ကိုယ္ပိုင္လမ္းေၾကာင္းက ႏိုးထခဲ့တဲ့ သေႏၶစြမ္းအင္ တစ္ခုပဲ။ ဒီစြမ္းရည္ကို ငါတစ္ခါမွ အသံုးမျပဳဖူးဘူး။
ဒီသေႏၶစြမ္းအင္ကို အသံုးျပဳမယ္ဆိုရင္ ရန္သူကို ၿမိဳခ်ႏိုင္မွာ။ ဒီစြမ္းရည္က စိတ္ကူးယဥ္ဆန္ၿပီး အသံုးမဝင္တဲ့ ငါ ေတာင္မွ ဒီနည္းဥပေဒသ ေနာက္ကြယ္က သေဘာတရားကို ေကာင္းေကာင္း နားမလည္ဘူး။
ဒါေပမဲ့ ငါ့ရန္သူက ခႏၶာကိုယ္ေရာ၊ ဝိညာဥ္ေရာ နဲ ဆက္စပ္တဲ့ အရာတစ္ခုမဟုတ္ဘူး။ ငါက သေႏၶစြမ္းရည္ကို အသံုးျပဳလုိက္ေပမဲ့ သူက ဘာမွမျဖစ္ပဲ ငါ့ေရွ႕မွာ ရပ္တည္ေနႏိုင္တယ္။
ၿပီးေနာက္မွာေတာ့ ဒီအင္ေမာ္တယ္ က ေကာင္းကင္ဆႏၶ အုပ္စိုးသူ ျဖစ္လာၿပီ အသံုးမဝင္တဲ့ ငါကေတာ့ ခႏၶာကိုယ္ေရာ ၊ ဝိညာဥ္ပါ ဖ်က္ဆီးခံရၿပီး ေသဆံုးခဲ့တယ္။"
ေျပာၿပီးတဲ့ေနာက္ သူေတာ္စင္ႀကီး ရဲ့ အသံက ေနာက္ဆံုးမွာ ရပ္တန္႔သြားတယ္။
သူက ေသဆံုးခဲ့တာလား။
ဝိညာဥ္ေရာ၊ ခႏၶာကိုယ္ပါ ဖ်က္ဆီးခံခဲ့ရတယ္။
❄️❄️❄️
ဝိညာဥ္ေရာ၊ ခႏၶာကိုယ္ပါ ဖ်က္ဆီးခံရၿပီဆိုမွေတာာ့ ဒီသူေတာ္စင္ႀကီးက ေသဆံုးၿပီး ျပန္လည္ဝင္စား ေမြးဖြားဖို႔ေတာင္ မျဖစ္ႏိုင္ေတာ့ပါဘူး။
ဒါဆိုရင္ သူတို႔ေရွ႕မွာ ရွိေနတဲ့သူေတာ္စင္ႀကီးက ဘာလဲ။
"ရုပ္ရွင္မွတ္တမ္း ယူထားတာမ်ိဳးလား" ရူဟန္က ဇေဝဇဝါ နဲ႔ ေမးလိုက္တယ္။
အစစ္အမွန္နတ္ဘုရား ထာဝရမီး၊ အစစ္အမွန္ နတ္ဘုရား ေဖာေအာက္ နဲ အရက္မူး ညီးတြားသံ ေက်ာင္းေတာ္သား တို႔ကလည္းဇေဝဇဝါ ျဖစ္သြားတယ္။
သူတို႔ေရွ႕က သူေတာ္စင္ႀကီး ဆီကေန စိတ္ဝိညာဥ္စြမ္းအင္ေတြ ထြက္ေပၚေနတာမ်ိဳး မ၇ွိပါဘူး။ ၿပီးေတာ့ အစကေန အဆံုးထိ သူေတာ္စင္ႀကိးက သူ႔ဘာသာ ေျပာဆိုေနတာ ျဖစ္ၿပီး ရူဟန္ တို႔ ထာဝရမီးတို႔ စကားေျပာတာကို အေရးမလုပ္ခ့ဲပါဘူး။
ဒါက အင္ေမာ္တယ္ခ်န္လင္း ထားခဲ့သလိုး အလားတူတဲ့ မွတ္တမ္းတစ္ခုလား .. အစစ္အမွန္ နတ္ဘုရား ေဖာေအာက္က ေတြးလိုက္တယ္။
ထာဝရမီး က အားတင္းၿပီး ၿပံဳးလိုက္တယ္ "သူေတာ္စင္ႀကီးက ေသဆံုးသြားခဲ့တာ ၾကာၿပီ။ ဒါကို ေျပာင္းလဲလို႔ မရဘူး။ ငါဘာေၾကာင့္ ပိုေမွ်ာ္လင့္မိခဲ့တာလဲ
အခု သူက သူေတာ္စင္ႀကီး သက္ရွိထင္ရွား ရွိေနတာကို ျဖစ္ေစခ်င္ၿပီး ေက်ာင္းေတာ္သား တုိ႔ ေရႊေခတ္ကို ျပန္လည္ ေရာက္ရွိေစဖို႔ ဦးေဆာင္ေစခ်င္ပါတယ္။
သူေတာ္စင္ႀကီးက ဘာမွမလုပ္ဘဲ ေနာက္ကြယ္မွာ ပဲ ေနမယ္ဆိုရင္ေတာင္မွ ေက်ာင္းေတာ္သားေတြရဲ့ စိတ္ဓာတ္ေရးရာက တိုးတက္လာၿပီး ေက်ာင္းေတာ္သားနယ္ေျမႀကီး တိုးတက္လာႏိုင္တယ္။
ငါရဲ့ အတြင္းစိတ္ဆိုးကို ဖယ္ရွားရမယ္။ အစစ္အမွန္ နတ္ဘုရား ထာဝရမီး က ေတြးလိုက္တယ္၊
❄️❄️❄️
တာအိုေရာင္းရင္းအားလံုးက ခံစားခ်က္ အျပည့္နဲ႔ သက္ျပင္းခ်လိုက္တယ္။။ ႀကီးျမတ္တဲ့အျဖဴ က သူ႔ေမးေစ့ ကိုပြတ္လိုက္ၿပိး သူေတာ္စင္ႀကီးရဲ့ ရုပ္ရွင္မွတ္တမ္းကို အနီးကပ္ေလ့လာေနတယ္။
ရူဟန္က သက္ျပင္းခ်လိုက္တယ္။ ၾကည့္ရတာ ေတာက္ပတဲ့ ေက်ာင္းေတာ္သားက အသေခ်ၤစာအုပ္ေတာင္ကို လွန္လိုက္ရင္ေတာင္မွ ဥာဏ္ပညာေရကန္ ရွိေသးတယ္လို႔ ဆိုထားတာေၾကာင့္ သူေတာ္စင္ႀကီးရဲ့ရုပ္ရွင္ မွတ္တမ္းကို သူတို႔သိေစခ်င္လို႔လား။
ေကာင္းၿပီ။.ဒီသတင္းအခ်က္အလက္ က ေက်ာင္းေတာ္သား ေတြအတြက္ အရမ္းတန္ဖိုးႀကီးတယ္။ ဒါေပမဲ့ ရူဟန္ အတြက္ေတာ့ဘာမွအသံုးမဝင္ပါဘူး။
ဒါေပမဲ့ ဒီအခ်ိန္မွာပဲ ႀကီးျမတ္တဲ့ အျဖဴ က ရယ္ၿပီး ေျပာလိုက္တယ္ "သူေတာ္စင္ႀကီးရဲ့ ကိုယ္ခႏၶာေရာ၊ ဝိညာဥ္ေရာ ပ်က္ဆီးသြားခဲ့ၿပီ။ ဒါဆိုရင္ ဒီလိုေနရာမွာ ေပၚလာဖို႔ ဘယ္လိုနည္းလမ္းမ်ိဳးကို အသံုးျပဳထားတာလဲ။
သူေတာ္စင္ႀကီးက ေကာင္းကင္ဆႏၶအုပ္စိုးသူ အသစ္နဲ႔ တိုက္ပြဲမွာ ေသဆံုးခဲ့ပါၿပိ။ ဒါဆိုရင္ ဒီမွတ္တမ္းကို ဘယ္သူ ခ်န္ခဲ့တာလဲ။
ပါဝင္တဲ့အေၾကာင္းအရာေတြက သူေတာ္စင္ႀကီးရဲ့ အတုပတၱိ နဲ႔ ေကာင္းကင္ဆႏၶအုပ္စိူးသူ အသစ္ၾကား ျဖစ္ပြားခဲ့တဲ့ တိုက္ပြဲအေၾကာင္းကို အေသးစိတ္က်က် ေျပာဆိုထားတာပါ။
ဒါေပမဲ့ သူတို႔ေရွ႕က သူေတာ္စင္ႀကီးက ေရွ႕က လူေတြ ေမးတာကို မေျဖပါဘူး။
"ရူဟန္.. သူေတာ္စင္ႀကီးကို သြားဆိတ္လိုက္" ႀကီးျမတ္တဲ့အျဖဴက ေျပာလိုက္တယ္။
"အမ္.." ရူဟန္က သူ႔ကိုယ္သူ လက္ညိဳးနဲ႔ ညႊန္ၿပီး အနားက ထာဝရမီးကို ၾကည့္လိုက္တယ္။ သူ႔ေရွ႕ကလူက သူေတာ္စင္ႀကီးျဖစ္ၿပီး သူသာသြားဆိတ္ရင္ အစစ္အမွန္ နတ္ဘုရား ထာဝရမီးက စိတ္ဆိုးသြားႏိုင္တယ္ေလ။
"ငါလုပ္လိုက္မယ္ ဒီအခ်ိ္န္မွာပဲ ထာဝရမီးက အံႀကိတ္ၿပီး ေရွ႕ကို လွမ္းတက္လိုက္တယ္။ ၿပီးေနာက္ သူေတာ္စင္ႀကီးကို ထိဖိဳ႔ ျပင္လိုက္တယ္။
ဒါေပမဲ့ ထာဝရမီး ရဲ့ လက္က မေရာက္ေသးခင္မွာပဲ သူ႔ခႏၶာကိုယ္က ေနာက္ျပန္လြင့္ထြက္သြားတယ္။ ပံုပ်က္ပန္းပ်က္ပဲ ျပဳတ္က်လာခဲ့တယ္။ ဒါေပမဲ့ ထာဝရမီးကိုေတာ့ ဘာတစ္ခုမွ ဒဏ္ရာမျဖစ္ေပၚေစပါဘူး။
ထာဝရမီး ရဲ့ မ်က္လံုးေတြက ခ်က္ခ်င္းပဲ ေတာက္ပသြားတယ္ "သူေတာိစင္ႀကီး"
သူေတာ္စင္ ေက်ာင္းေတာ္သား က အသက္ရွင္ေနေသးတယ္။
"ေတာင္းပန္ပါတယ္။ ငါက ခုနက အာရံုလြင့္သြားခဲ့တာ။ သူေတာ္စင္ရဲ့ေနာက္ဆံုးစကား ေျပာၿပိးၿပီလား" သူေတာ္စင္ႀကီးက ေခါင္းလွည့္ၿပီး ေျပာလိုက္တယ္ "ဒီအခ်ိန္မွာ ငါက စကားလံုးနဲ႔ ေဖာ္ျပဖို႔ခက္ခဲတဲ့ နည္းလမ္းတစ္ခု နဲ႔ မင္းတို႔ကို ဆက္သြယ္ေျပာဆိုေနတာ။ ဒါေၾကာင့္ နည္းနည္း အာရံုလြတ္သြားတယ္"
သူအခု ေျပာေနတဲ့ ပံုစံက အရင္နဲ႔ မတူေတာ့ပါဘူး။ သူ႔ကိုယ္သူ အသံုးမဝင္တဲ့ငါ ဆိုၿပီး မသံုးႏွဳန္းေတာ့ဘူးေလ။
ထပ္ေျပာရရင္ သူက သူေတာ္စင္ႀကီးရဲ့ ေနာက္ဆုံးစကား ဆိုၿပီး တတိယလူ ေနရာက ေျပာဆိုသြားခဲ့တယ္။
"ငါ့ကိုယ္ငါ မိတ္ဆက္ေပးရအုန္းမယ္။" သူေတာ္စင္ႀကီးက ခပ္ေဖ်ာ့ေဖ်ာ့ ၿပံဳးလိုက္တယ္ "ငါက ဥာဏ္ပညာေရကန္ပဲ"
"......" ရူဟန္။
ပထမဆံုး သူတို႔က ကင္းၿမီးေကာက္ ေထာင္တဲ့ အသေခ်ၤစာအုပ္ေတာင္ နဲ႔ ဆံုခဲ့ရတယ္။ အခု စကားေျပာႏုိင္တဲ့ လူလို ဥာဏ္ပညာေရကန္ ကို ေတြ႔ေနရပါၿပီ။


ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now