အပိုင်း (၇၉၇)

198 36 0
                                    


#Unicode


အားဖြည့်ပစ္စည်း။

လျျှို့ဝှက်အကဲဖြတ် နည်းစနစ်က တော်တော်ကြီး ဒုက္ခပေးတဲ့ စွမ်းရည် တစ်ခုပါ။ ရူဟန်က ဒါကိုအသုံးပြုချိန်တိုင်းမှာ ကြိးမားတဲ့တန်ဖိုးကို ပေးဆပ်ရပါတယ်။ ထပ်ပြောရရင် သူ့ဘာသာ သူလည်း အသက်ဝင်တတ်ပါသေးတယ်

ဒါပေမဲ့ သူ က ဒီလျှို့ဝှက် နည်းစနစ်ကို အနည်းငယ် နားလည်နေပါပြီ။ သူ့ရဲ့ နားလည်မှု ပိုမို ကောင်းမွန်လာတာတယ်။ တစ်နေ့မှာ အလုံးစုံ နားလည် လာလိမ့်မယ်လို့ သူယုံကြည်နေတယ်။

ဒါကြောင့် ရူဟန်က ဒီလို ဒုက္ခရောက်တယ်ဆိုရင်တောင်မှ လျှို့ဝှက်အကဲဖြတ် နည်းစနစ်ကို မစွန့်လွှတ်နိုင်ပါဘူး။

အခြားတဘက်က ပြောရမယ် ဆိုရင် သူ့နှလုံး ချက်ကရာ ထဲမှာ ရုတ်တရက် ပေါ်ပေါက်လာတဲ့ ကလာပ်စည်းက သူ့ရဲ့ ထိန်းချုပ်မှု အောက်မှာ မတည်ရှိပါဘူး။ ဒါက ကပ်ပါးကောင် တစ်ကောင်လိုပါပဲ။ ဒါကြောင့် ဖြစ်နိုင်သမျှ မြန်မြန်လွှတ်ပစ်နိုင်တာ အကောင်းဆုံးလို့ သူခံစားနေရတယ်။ တစ်နေ့မှာ သူက ဒီကလာပ်စည်းကို ထိန်းချုပ်နိုင်တဲ ့နည်းလမ်းကို ရှာတွေ့ရင် သူ့ခန္ဓာကိုယ်ထဲ ပြန်ထည့်ထားပေးနိုင်ပါတယ်။ လောလောဆယ် စီနီယာအဖြူ အရင်ဆုံးလေ့လာတာကို စောင့်ရမယ်။

❄️❄️❄️

ဒီအချိန်မှာတော့ ကြီးမြတ်တဲ့အဖြူ က သူ့လက်ထဲမှာ စည်းခတ်ထားတဲ့ ရွှေကြာပန်းကို ကိုင်ထားပါတယ်။ ဒီစည်းအစီအရင်က စက်ဝိုင်းပုံ အတားအဆီး တစ်ခု ဖြစ်တယ်။

ဒီအရာကို ဘယ်လိုလေ့လာရမလဲ ဆိုတာကို စဉ်းစားနေတုန်းမှာပဲ စည်းခတ်ခံထားရတဲ့ ရွှေကြာပန်းက ခဲသွားတယ်။

ဒီရွှေကြာပန်း က ရူဟန် ရဲ့ နှလုံးချက်ကရာ ကနေ ထွက်လာတဲ့ အရာတစ်ခုပါ။ ဒါကြောင့် ပုံရိပ်ယောင် တစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အခု စက္ကန့်အနည်းငယ်အတွင်းမှာပဲ ကျောက်လို ကြာပန်းအဖြစ် ပြောင်းလဲသွားတယ်။ အရွယ်အစားကလည်း လျော့ကျသွားပြီး လက်ဝါးအရွယ်လောက်ထိ ရောက်ရှိသွားခဲ့တယ်။

ကျင့်ကြံသူတို့ စကားဝိုင်းΌπου ζουν οι ιστορίες. Ανακάλυψε τώρα