အပိုင်း (၇၁၃)

192 37 0
                                    

#Unicode



မင်းရဲ့ ခန့်ညားမှု အဆင့်က နိမ့်ကျနေရင် ဘာလုပ်မလဲ။

[System Notification: မြောက်ပိုင်းမြစ်အား ဂရုတည်ထောင်သူ တောင်ဝါကြီးမှည ၁ဝမိနစ် စကားပြောဆိုခွင့် ပိတ်ပင်လိုက်သည်။]

ထရွင်ဂန် "ဟာဟား.. ငါရယ်ရလွန်းလို့ အူတက်တော့မယ်။ ဒီတစ်ကြိမ်တော့ မြောက်ပိုင်းမြစ်ပါ။. ဝေစု ရသွားပြီ။"

နောက်တော့ ထရွင်ဂန် က လျှို့ဝှက်ကုဒ်ခံထားတဲ့ အနီရောင်စာအိတ် တစ်ခုကို ကိုးစီရင်စု ဂရုထဲကို ပို့လိုက်တယ်။ လျှို့ဝှက်ကုဒ်က 'သောက်ရူုးမြောက်ပိုင်းမြစ် .. မင်းက စကားပြောခွင့် ပိတ်ပင်လိုက်ပြီဆိုတော့ ငါဂရုထဲမှာ ဘယ်လောက် စကားတွေများနေလဲ ဆိုတာကို အေးအေးဆေးဆေး ထိုင်ကြည့်နေစမ်း' ပါ။

"ဒင်..ဒင်..ဒင်" ကိုးစီရင်စု က အဖွဲ့ဝင်တွေက လျှို့ဝှက်ကုဒ် ခံထားတဲ့ အနီရောင်စာအိတ်ကို ဖွင့်လိုက်ကြတယ်။

လိုင်ချီး "သောက်ရူုးမြောက်ပိုင်းမြစ် .. မင်းက စကားပြောခွင့် ပိတ်ပင်လိုက်ပြီဆိုတော့ ငါဂရုထဲမှာ ဘယ်လောက် စကားတွေများနေလဲ ဆိုတာကို အေးအေးဆေးဆေး ထိုင်ကြည့်နေစမ်း"

ကျွန်းသခင် ထျန်ထျန်ခုံး "သောက်ရူုးမြောက်ပိုင်းမြစ် .. မင်းက စကားပြောခွင့် ပိတ်ပင်လိုက်ပြီဆိုတော့ ငါဂရုထဲမှာ ဘယ်လောက် စကားတွေများနေလဲ ဆိုတာကို အေးအေးဆေးဆေး ထိုင်ကြည့်နေစမ်း"

ပြီးနောက ်တစ်ယောက်ပြီး တစ်ယောက်က လျှို့ဝှက်ကုဒ်ကို ဂရုထဲ ရိုက်ပို့လိုက်ကြတယ်။

မြောက်ပိုင်းမြစ် က ဂရုထဲမှာ ရေးထားတာတွေကို အံကြိတ်ပြိး ကြည့်နေပါတယ်။ သူက စကားပြောဆိုခွင် ပိတ်ပင်ခံထားရတာကြောင့် ဘာမှပြန်လုပ်လို့ မရပါဘူး။ ဒီတစ်ကြိမ်မှာတော့ သူတကယ်ပဲ ရင်နာနေပါတယ်။

ဂရုထဲက လူတွေ အနီရောင်စာအိတ်ကို ဖွင့်လိုက်ြ့ပီးတဲ့နောက် ဂရုကြီးက အရင်လို ပုံမှန် ပြန်ဖြစ်သွားတယ်။

ဒါပေမဲ့ ဒီအချိန်မှာပဲ ဂိုဒါက ရုတ်တရက် ပေါ်လာတယ် "ဒူဒူ အွန်လိုင်းမှာ ရှိလား"

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now