အပိုင်း (၈၄၀)

161 30 0
                                    

#Unicode

ငါစီနီယာအစ်ကိုကြီး ဂေါင်ရှန်ကို တွေ့နေရတယ်။ ခေါင်းကို ဂုံနီအိတ်နဲ့ စွပ်လိုက်မယ်။
"မေ .. သားပြန်လာပြီ" ရူဟန် က အပြုံး နဲ့ ပြောလိုက်တယ်။
မေမေစွန်းက သူ့သားကို ကြည့်ပြီး ခေါင်းညိတ်ပြလိုက်တယ်။ ပြီးနောက် သူမ အကြည့်က ကိုရင်လေး နဲ့ ကလေးမလေး နှစ်ယောက်ဖြစ်တဲ့ ရှစ် နဲ့ ကျူး တို့ဆီကို ကျရောက်သွားတယ်။
"အမ်.. ကိုရင်လေး.. နောက်တစ်ကြိမ်လာလည်တာပေါ့" မေမေစွန်းက ကိုရင်လေးကို ကြည့်ပြီး ကြင်နာစွာ ပြုံးပြလိုက်တယ်။
"ဟယ်လို.ဒကာမကြီး" ကိုရင်လေးက လက်အုပ်ချီပြီး နှုတ်ဆက်လိုက်တယ်။
ကိုရင်လေးရဲ့ အပြုအမူ တိုင်းက ချစ်စရာ ဖြစ်နေပါတယ်။
ရူဟန်က သူ့လို သားအရင်းတောင်မှ သူ့အမေရဲ့ ဒီလို ပြုံးကြည့်တဲ့ အကြည့်မျိုးမခံဖူးဘူးလို့ ခံစားမိတယ်။
မကြာမီမှာပဲ မေမေစွန်းက ကိုရင်လေး ဘေးက ချစ်စရာကလေးမလေး နှစ်ယောက်ကို ကြည့်လိုက်တယ်။ ပြီးနောက် ရူဟန် ဘေးက ရီစင့်ကို ကြည့်လိုက်တယ်။ ရီစင့်ကို ကြည့်ပြီးတဲ့နောက် မေမေစွန်း ရဲ့ အတွေးတွေက စတင်လည်ပတ် ပါတော့တယ်။
အနာဂတ်မှာ ရူဟန် သာ ဒီမိန်းကလေး နဲ့ လက်ထပ်မယ် ဆိုရင် ယောကျ်ားလေး တစ်ယောက်ရနိုင်တယ်။ အဲ့ကလေးက ကိုရင်လေး လို ချစ်စရာကောင်းမှာပဲ .. ဟုတ်တယ်ဟုတ်။ မိန်းကလေး မွေးမယ်ဆိုရင်တော့ အမွှာလေး မွေးရင်ကောင်းမယ်။ ဒီကလေးမလေး နှစ်ယောက်လို ချစ်ဖို့ကောင်းတာတဲ့ အမွှာလေးကို မြင်ရမယ်ဆိုရင် ပျော်စရာပဲ။
"ဟယ်လို အဒေါ် .. ကျွန်မက ရီစင့်ပါ။" စီနီယာအစ်မရီ က ပြုံးကာ ပြောလိုက်တယ်။
စီနီယာအစ်မရီ က မေမေစွန်းကို စိတ်ကူးယဉ်ကမ္ဘာထဲကနေ ဆွဲထုတ်လိုက်တယ်။
"ဟယ်လို ရီစင့်" မေမေစွန်းက ပြုံးပြီး ပြန်နှုတ်ဆက်လိုက်တယ်။ ပြီးနောက် သူက အားလုံးကို ဧည့်ခန်းထဲခေါ်ခဲ့လိုက်တယ် "ရူဟန်.. လမ်းမှာ တစ်ခုခု စားခဲ့လား"
"မစားခဲ့ဘူး။ ပထမတုန်းက ရထားပေါ်မှာ ညစာစားမလို့ပဲ။ ဒါပေမဲ့ မမျှော်လင့်တာ တစ်ခု ဖြစ်လာတော့ ဒီတိုင်းအိမ်ပဲ တန်းပြန်လာခဲ့လိုက်တာ" ရူဟန်က ပြောလိုက်တယ်။
"ဒါဆိုရင် ခဏနေအုန်း ။ စားဖို့ သွားပြင်လိုက်အုန်းမယ်" မေမေစွန်းက ပြောလိုက်တယ်။
ဧည့်ခန်းထဲမှာတော့ ..
ရူဟန် က ပျင်းရိစွာနဲ့ ဆိုဖာကို မှီပြီး ဖုန်းကလိနေတယ်။ လက်ရှိမှာ သူက အချိန်အားပြီ ဆိုတာနဲ့ စီနီယာအဖြူနှစ်နဲ့ တွေ့ရင် အဆင်သင့်ဖြစ်အောင် ဟာသတွေ ရှာဖွေထားတယ်။
ဂေါင်ဂေါင်၊ ရှစ် နဲ့ ကျူး တို့က ကာတွန်းကား ကြည့်နေကြတယ်။
ဖေဖေစွန်းကတော့ ရူဟန် ဘေးနားမှာ ထိုင်ပြီး သတင်းစာဖတ်ကာ တစ်ဖက်ခြမ်းမှာ ထိုင်နေတဲ့ ရီစင့်ကို အကဲခတ်နေတယ်။
အစောပိုင်းတုန်းက စိနီယာအစ်မရီ က မေမေစွန်းကို ထမင်းဝိုင်းပြင် ပေးနေတယ်။ ပြီးနောက် မေမေစွန်းက စီနီုယာအစ်မရီကို ထိုင်ခိုင်းကာ အကြောင်းအရာမျိုးစုံ အကြောင်း ပြောဆိုပါတော့တယ်။
အစပိုင်းမှာတုန်းက သူတို့နှစ်ယောက်က စကားပြောရခက်ခဲမှုတွေ ရှိနေကြတယ်။ ပြီးတော့ သူတို့နှစ်ယောက်ကြား မျိုးဆက်ကွာခြားမှုကလည်း ကြီးမားတယ် မဟုတ်လား၊
ဒါပေမဲ့ စီနီယာအစ်မရီ ရဲ ပူးပေါင်းမှု အောက်မှာ သူတို့နှစ်ယောက်ရဲ့ စကားဝိုင်းက စိုပြေလာခဲ့တယ်။
ဒီအချိန်မှာပဲ ဖေဖေစွန်း က ရူဟန် ကို တံတောင်နဲ့ လှမ်းတို့ပြီး အသာလေး မေးလိုက်တယ် "ရူဟန်.. ဒီတစ်ခါ မင်းခေါ်လာတာ မင်းရည်းစားလား"
ရူဟန် ဖြေခါနီးမှာပဲ ...
တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို မေမေစွန်းကလည်း ဆက်ပြီး သည်းမခံနိုင်တော့ တာကြောင့် ထုတ်မေးလိုက်တယ် "ရီစင့်.. မင်းနဲ့ ငါတို့ ရူဟန် က ဘယ်လိုသိကြတာလဲ"
"အဟွတ်" ရူဟန်က လည်ချောင်းရှင်းလိုက်တယ်။ ပြီးနောက် စီနီယာအစ်မရီ အစား ပြောပေးလိုက်တယ် "ရီစင့် နဲ့သားက ကြီးမားတဲ့ စာကြည့်တိုက်ကြိး တစ်ခုမှာ တွေ့တာလေ။ အဲ့တုန်းက သူ စာအုပ်တွေ ဖတ်နေတာ။ သားကောပဲ။ နောက်တော့ စကားပြောရင်း တစ်ယောက် နဲ့ တစ်ယောက် သိသွားကြတာ။ သားတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကတော့ .. အရင်တုန်းက ချစ်သူ ဖြစ်လုလုပဲ"
မိသားစု တော်တော်များများက ကျောင်းသွားတက်ကြတဲ့ သူတို့သားသမီးတွေကို စာကိုအာရုံစိုက်ဖို့ နဲ့ အလုပ်ကောင်းကောင်း ရအောင် ကြိုးစားဖို့ မှာတတ်ပါတယ်။ မေမေစွန်းကတော့ ရူဟန် အထက်တန်း ကျောင်းသား ဘဝ ကတည်းက လှပတဲ့ ကောင်မလေး တစ်ယောက်လောက် အိမ်ကို ခေါ်လာဖို့ပဲ မှာပါတယ်။
ဒါကို ကြားတော့ မေမေစွနး်က ဇဝေဇဝါ ဖြစ်သွားတယ် "မင်းတို့ အရင်တုန်းက ချစ်သူ ဖြစ်လုလု ဆိုတော့ အခုကျတော့ရော.."
စိ်နီယာအစ်မရီက ဒီမေးခွနး်ကို အရင်ပြန်ဖြေလိုက်တယ် "အခု .. ကျွန်မတို့က သာမာန်ချစ်သူ မဟုတ်တော့ဘူး။ သာမာန်ချစ်သူတွေထက် ပိုလေးနက်တယ်။"
"သာမာန်ချစ်သူတွေ ထက် ပိုလေးနက်တာ" မေမေစွန်း ရဲ့ မျက်တောင်တွေက ပုတ်ခတ် ပုတ်ခတ် ဖြစ်သွားခဲ့တယ်။ ပြီးနောက် သူမ က လက်ဝါးနှစ်ဖက်ကို ပူးကပ်ပြလိုက်ပြီး "မင်းတို့နှစ်ယောက်.. အင်း.. ငါဘယ်လိုပြောရမလဲ.. အင်း.. ပူးလိုက်ပြီလား"
ရူဟန်က ကြောင်အသွားတယ် "အမ်"
"အဲ့တာ ဟိုဟာကို ပြောတာ မဟုတ်လား" ရှစ်က လှမ်းမေးလိုက်တယ်။
"အစ်မကြီး .. မှားစရာမရှိဘူး။ တိတိကျကျ ဟိုဟာကို ပြောတာပဲ။" ကျူးက ပြောလိုက်တယ်။
ကိုရင်လေးက ရှက်ရွံစွာနဲ့ မျက်စိကို မှိတ်ပြီး ဗုဒ္ဒကျမ်းစာတွေကို စတင်ရွတ်ဖတ်လိုက်တယ်။
စီနီယာအစ်မရီ က ခဏလောက် စဉ်းစားလိုက်တယ်။ပြီးနောက် "ဟုတ်တယ်။ ကျွန်မ တို့က ပူးပြီးသွားပြီ" ပြောရမယ် ဆိုရင် ပူးထားတဲ့ ခေါင်းနှစ်လုံး လက်လေးဖက် က တော်တော်ကြီး ဆန်းကြယ်တယ်လေ။မေမေစွန်း နဲ့ ဖေဖေစွန်းတို့သာ သာမာန်လူတွေ မဟုတ်ရင် ချက်ချင်းပဲ ထပြီး သရုပ်ပြလိုက်ချင်မိတယ်။
ဖေဖေစွန်းက သတင်းစာကို ချလိုက်ပြီး ရီစင့်ကို အနူးညံဆုံး အပြုံး နဲ့ ပြုံးပြလိုက်တယ် "ရီစင့် .. မင်းက ငါတို့ မိသားစုဝင် တစ်ယောက် ဖြစ်လာတော့မယ်"
"ဖေဖေစွန်း ဆိုလိုတာက ငါဆိုလိုချင်တာပဲ" မေမေစွန်း က အပြုံး နဲ့ ပြောလိုက်တယ်။
ရူဟန်က ထပ်မံ ဆွံ့အသွားတယ်။ "အမ်"
ဖေဖေစွနး်က ရူဟန်ကို ပုတ်ပြီး ပြောလိုက်တယ် "ကောင်းပြီ။ အခု မင်းက ဘွဲ့ရအောင် ကြိုးစားပြိး အိမ်ထောင်ပြုရတော့မယ်။ အရင်တုန်းက ငါလည်း ဒီလိုမျိုး နဲ့ မင်းအမေကို ယူခဲ့တာပဲ။ ဒါပေမဲ့ လက်မထပ်ခင်မှာ မင်းတို့ ဂရုစိုက်ရမယ့် အရာ တစ်ခု ရှိတယ်။ မင်္ဂလာမဆောင်ရသေးခင် ကလေးရတာမျိုးကတော့ အကြီးကြီး နိုးပဲနော်"
"......." ရူဟန်။
နောက်တစ်နေ့ မနက်စောစော ...
ရူဟန် က ရီစင့်၊ ဂေါင်ဂေါင် ၊ ရှစ် နဲ့ ကျုး တို့ကို ခေါ်ပြီး အိမ်က ထွက်လာလိုက်တယ်။
သူက ရီစင့်တို့ကို အနီးနားက ကျိုးလုံလမ်း ကို လျှောက်ပတ်ကြည့်ဖို့ ခေါ်လာလိုက်တယ်။ ပြီးတော့ သူ့ရဲ့ စာသင်နှစ် အသစ်အတွက် လိုအပ်တာတွေ လည်း ဝယ်ယူချင်နေတယ်။
နေ့လည်မှာတော့ သူက သူ့ရဲ့ အင်တာနက် သူငယ်ချင်း ( စိတ်ကျန်းမာရေး ဆေးရုံ ရဲ့ ဒါရိုက်တာ) နဲ့ တွေ့ဖို့ ရှိနေပါတယ်။
အရာအားလုံးကို အစီအစဉ် အတိုင်းပြီးဆုံးအောင် လုပ်ဆောင်ပြီးရင် ညနေမှာ ဂျင်နန်ကို သွားမှာပါ။
ရူဟန် က အားလုံးကို ခေါ်ပြီး အိမ်က ထွက်သွားချိန်မှာတော့ သူ့ရဲ့ အိမ်နီးချင်းကောင်း လီယွင် က လာလည်ပါတော့တယ်။
"အမ်.. သူငယ်ချင်းလေး ရူဟန် အစောကြီး ထွက်သွားတယ် ဟုတ်လားး" တာအိုဘုန်းကြီး တိမ်မြူ က ဆွံ့အသွားတယ်။ မနေ့တုန်းက ရူဟန် ပြန်လာပြီ ဖြစ်ကြောင်း သူကြားလိုက်ချိ်န်မှာ စိတ်အားတက်ကြွနေခဲ့တာပါ။
ဒါပေမဲ့ ပျော်ပျော်ရွှင်ရွှင်ပဲ ရူဟန် နေရာဆီသွားလိုက်ချိန်မှာတော့ ရလိုက်တဲ့ သတင်းက ထွက်သွားပြီ ဆိုတာပါပဲ။
ငါ နဲ့ အလင်းကျောက် က ကံကြမ္မာရေစက် ပဲ မရှိတာလား။ ထင်ထားတဲ ့အတိုင်း ငါ တပြားမရှိသူခိုးဂိုဏ်းကို ပြန်ပြီး လေ့ကျင့်တာ အကောင်းဆုံး ဖြစ်မယ်။ ဒါမှ ငါ့ရဲ့ ဗလာလက် စွမး်ရည်က ပိုမို တိုတက်လာမှာ။ ပြိးရင် ငါ တောင်ဝါကြီး ရဲ့ အင်မော်တယ်ဂူကို သွားပြီး ရှိသမျှ အကုန်သွားခိုးမယ်။ တာအိုဘုန်းကြီး တိမ်မြူ က တွေးလိုက်တယ်။
စိတ်အခြေအနေ အရမ်းပဲ ကောင်းမွန်နေတဲ့ မေမေစွန်း က ပြောလိုက်တယ် "ရူဟန်က စျေးဝယ်ထွက် သွားတာ။ မကြာခင် ပြန်လာလိမ့်မယ်။ ဒါကြောင့် မင်းဒီမှာ စောင့်နေပါလား"
ဒီစကားကို ကြားတော့ တာအိုဘုန်းကြီး တိမ်မြူရဲ့ မျက်လုံးတွေက တောက်ပသွားတယ် "ဒါဆိုရင် ငါမင်းကို ဒုက္ခပေးရတော့မယ်။"
"လီယွင် .. မင်းက အရမ်း သဘောကောင်းတယ်" အနားက ဖေဖေစွန်းက ပြုံးပြီး ဝင်ပြောလိုက်တယ်။
ကျိုးလုံလမ်း က စည်ကားတဲ့ စျေးလမ်းတစ်ခုပဲ ဖြစ်တယ်။
ရူဟန်က ရီစင့် နဲ့ တခြားလူတွေကို ခေါ်လာပြီး ဆိုင်တော်တော်များများကို ဝင်ကြည့်လိုက်တယ်။
ကလေးသုံးယောက်က ရူဟန် တို့နဲ့ တစ်လက်မ မှ မခွာဘဲ လိုက်လာပါတယ်။ သူတို့က ထွက်ပြေးဖို့ အကြံအစည်ကို လက်လွှတ်လိုက်ပါပြီ။ ပြိးတော့ စီနီယာ အစ်မရီ က အဆင့်ငါး စိတ်ဝိညာဉ် အင်ပါယာ တစ်ယောက်လေ။ သူမ လက်ကနေ ထွက်ပြေးလို့ ရနိုင်မှာ မဟုတ်ပါဘူး။
ဒါပေမဲ့ ဒီအချိန်မှာပဲ စိနီယာရီ က ကြေငြာတွေ အောက်မှာ နစ်မြုပ်နေပါပြီ။
{သတင်းကောင်း ..သတင်းကောင်.. အရည်အသွေးမြင့် လည်သာဖိနပ်တွေ စျေးအနိမ့်နဲ့ ရမယ်။ အရှုံးခံရောင်းနေတာနော်။. အရှုံးခံ ရောင်းနေတာ။ တစ်ခုဝယ် တစ်ခု လက်ဆောင်။ }
စီနီူယာအစ်မရီ က ရူဟန်လက်ကို ဆွဲပြီး စိတ်လှုပ်ရှားစွာ နဲ့ ပြောလိုက်တယ် "ရူဟန်.. ရူဟန် .. မင်းကြားလား.။ အရှုံးခံရောင်းတာတဲ့။ တစ်ခုဝယ် တစ်ခုလက်ဆောင်တဲ့။ ငါတို့သွားကြည့်ကြမလား"
"ရီစင့် ..အလျှင်မလိုနဲ့။" ရူဟန်က ဆိုင်တွေကို ကြည့်လို်က်တယ် "တကယ်တော့ ဒီဆိုင်က ငါအထက်တန်းကျောင်း တက်ကတည်းက ဖွင့်ထားတာပဲ။ ဖွင့်ပြီး နှစ်ဝက်လောက် ကတည်းက 'ဆိုင်ပိတ်တော့မှာမို့' 'အရှုံးခံရောင်းတာ' 'တစ်ခုဝယ် တစ်ခုလက်ဆောင်' ဆိုပြိး အော်နေတာ။ သူတို့ ဆိုင်ပိတ်တော့မယ် ပြောတာ သုံးနှစ်လောက်ရှိပြီ။"
"ဒီလိုလား" စီနီယာအစ်မရီ က မျက်လုံးပြူးသွားတယ် "ဒါတောင်မှ ဒိဆိုင်မှာ ဝယ်တဲ့သူ ရှိတုန်းလား"
"သေချာတာပေါ့။ ဒီနေရာက လူစည်ကားတဲ့ ကျိုးလုံလမ်းကလေ။ ဒီနေရာကို စျေးလာဝယ်တဲ့သူ က အရမ်းများတယ်။ ဒါကြောင့် လာတဲ့သူတွေက လူသစ်တွေ များနေတာ" ရူဟန်က ပြောလိုက်တယ်။
စီနီယာ အစ်မရီက ခေါင်းညိတ်လိုက်တယ် "သူတို့အစီအစဉ်က လေးနက်တာပဲ"
ရူဟန်က ရယ်လိုက်တယ်။
တကယ်တော့ ဒါက နည်းလမ်းဟောင်းကြီးကိုပဲ ထပ်တလဲလဲ အသုံးပြုနေတာပါ။
လျှော့စျေး အနည်းငယ်နဲ့ ဝယ်သူရဲ့ ပိုက်ဆံအိတ်ကို ပြောင်တလင်းခါအောင် လုပ်တာပါပဲ။
နာရီဝက်လောက်ကြာတော့ ..
ရီစင့်ရဲ့ အဝတ်တွေ အားလုံးက အင်မော်တယ်ဝတ်စုံတွေကြီးပါ။ ကြည့်လို့ကောင်းတယ် ဆိုပေမဲ့ နေ့စဉ်ဘဝ နဲ့ မလိုက်ဖက်လှပါဘူး။
ဒါကြောင့် ရူဟန်က သူမကို အမျိုးသမီးဝတ် အနည်းငယ် ဝယ်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။
ရှစ် နဲ့ ကျုး တို့ကလည်း ရီစင့် နဲ့ အတူ အဝတ်လိုက်ရွေးနေတယ်။
ရူဟန် နဲ့ ဂေါင်ဂေါင် က ဆိုင်ရဲ့ နားနေရာ ထိုင်ခုံမှာ ထိုင်ပြိး အပန်းဖြေနေတယ်။
အစောပိုင်းတုန်းက ရေသောက်များသွားလို့ ဖြစ်မယ် ရူဟန်က သေးပေါက်ချင်လာပါတယ်။ ဒါကြောင့် ဂေါင်ဂေါင့်ကို ပြောလို်ကတယ် "ဂေါင်ဂေါင် .. ဒီမှာ အစ်မရီ တို့ကို စောင့်အုန်းနော်။ ငါသေးသွားပေါက် မလို့။ ထွက်မပြေးရဘူး။"
ဂေါင်ဂေါင် က ခေါင်းညိတ်လိုက်တယ်။ အစ်မရီလို အဆင့်ငါး စိတ်ဝိညာဉ်အင်ပါယာ တစ်ယောက် အနားမှာ ရှိနေတာကို သူဘယ်လို ထွက်ပြေးရဲမှာလဲ။
ကျိုးလုံလမ်း တစ်နေရာမှာပဲ ...
လူငယ် မွန်းစတား အမဲလိုက်သူလေး က သူ့အင်တာနက် သူငယ်ချင်း စာအုပ်တောင်မှ ဖိအား နဲ့ တွေ့ဖို့ ဘေဂျင်းလမ်းကို စောစောစီးစီး ရောက်နေပါတယ်။ စောသေးတာကြောင့် သူ့အနေနဲ့ စည်ကားလှတဲ့ ကျိုးလုံလမ်းကို ပတ်ဖို့ စဉ်းစားလိုက်တယ်။
သူက အစားအသောက်များသွားတာကြောင့် အိမ်သာသွားချင်စိတ် ဖြစ်ပေါ်လာခဲ့တယ်။
ဒါပေမဲ့ သူ မြေညီထပ် က အိမ်သာ ထဲကို ဝင်ပြီးတဲ့နောက် ..
မွန်းစတားအမဲလိုက်သူ လူငယ်ရဲ့ မျက်လုံးတွေက ရုတ်တရက် တောက်ပသွားတယ်။
သူဘာမြင်နေတာလဲ ခန့်မှန်းကြည့်လိုက် ..
သူ့ရှေ့မှာ ကြီးမားတဲ့ နေရာမျက်မှန်ကြီးကို တပ်ဆင်ထာစးတဲ့ လူတစ်ယောက် ရှိနေပါတယ်။
မွန်းစတားအမဲလိုက်သူ လူငယ်ရဲ့ အမြင်က စူးရှလှတာမို့ ဒီလူက မျက်မှန်အကြီးကြီး တပ်ဆင်ထားပေမဲ့ ဘယ်သူလည်း ဆိုတာကို ကွက်ကွက်ကွင်းကွင်း မြင်နိုင်ပါတယ်။
မှားစရာ မရှိပါဘူး။ တစ်ဖက်လူက စီနီယာအစ်ကိုကြီး ဂေါင်ရှန် နေရာမှာ သရုပ်ဆောင်တဲ့ သူပါပဲ။ မနေ့က ရုံတင်ခဲ့တဲ့ ကမ္ဘာပျက်စစ်ပွဲ ရုပ်ရှင်ကြီး အကြီးမားဆုံး ဗီလိ်န်ကြီးပါ။
ဒီအချိန်မှာ ကျောင်းတော်သား အရက်မူး ကြမ်းတမ်းသူ က ငိုနေလောက်ပါပြီ။
စီနီယာအစ်ကိုကြီး ဂေါင်ရှန် သေသင့်တယ်။ မွန်းစတား အမဲလိုက်သူ လူငယ် က စိတ်ထဲကနေ ကြုံးဝါးလိုက်တယ်။
ဒါကြောင့် သူက ဖုန်းကို ထုတ်ပြီး မှတ်တမ်းတင်လိုက်တယ်။
သူ့အစီအစဉ်က စနောက်ပြီး စီနီုယာအစ်ကိုကြီး ဂေါင်ရှန် ရဲ့ ခေါင်းကို ဂုံနီအိတ်နဲ့ စွပ်ဖို့ပါ။ သူက မွန်းစတားအမဲလိုက်သူလေ .. သာမာန်လူတွေကို နာကျင်အောင် မလုပ်ပါဘူး။
အပိုင္း (၈၄၀)ငါစီနီယာအစ္ကိုႀကီး ေဂါင္ရွန္ကို ေတြ႔ေနရတယ္။ ေခါင္းကို ဂံုနီအိတ္နဲ႔ စြပ္လိုက္မယ္။
"ေမ .. သားျပန္လာၿပီ" ရူဟန္ က အၿပံဳး နဲ႔ ေျပာလိုက္တယ္။
ေမေမစြန္းက သူ႔သားကုိ ၾကည့္ၿပီး ေခါင္းညိတ္ျပလိုက္တယ္။ ၿပီးေနာက္ သူမ အၾကည့္က ကိုရင္ေလး နဲ႔ ကေလးမေလး ႏွစ္ေယာက္ျဖစ္တဲ့ ရွစ္ နဲ႔ က်ဴး တို႔ဆီကို က်ေရာက္သြားတယ္။
"အမ္.. ကိုရင္ေလး.. ေနာက္တစ္ႀကိမ္လာလည္တာေပါ့" ေမေမစြန္းက ကိုရင္ေလးကို ၾကည့္ၿပီး ၾကင္နာစြာ ၿပံဳးျပလိုက္တယ္။
"ဟယ္လို.ဒကာမႀကီး" ကိုရင္ေလးက လက္အုပ္ခ်ီၿပီး ႏွဳတ္ဆက္လိုက္တယ္။
ကိုရင္ေလးရဲ့ အၿပဳအမူ တိုင္းက ခ်စ္စရာ ျဖစ္ေနပါတယ္။
ရူဟန္က သူ႔လို သားအရင္းေတာင္မွ သူ႔အေမရဲ့ ဒီလို ၿပံဳးၾကည့္တဲ့ အၾကည့္မ်ိဳးမခံဖူးဘူးလို႔ ခံစားမိတယ္။
မၾကာမီမွာပဲ ေမေမစြန္းက ကိုရင္ေလး ေဘးက ခ်စ္စရာကေလးမေလး ႏွစ္ေယာက္ကို ၾကည့္လိုက္တယ္။ ၿပီးေနာက္ ရူဟန္ ေဘးက ရီစင့္ကို ၾကည့္လိုက္တယ္။ ရီစင့္ကို ၾကည့္ၿပီးတဲ့ေနာက္ ေမေမစြန္း ရဲ့ အေတြးေတြက စတင္လည္ပတ္ ပါေတာ့တယ္။
အနာဂတ္မွာ ရူဟန္ သာ ဒီမိန္းကေလး နဲ႔ လက္ထပ္မယ္ ဆိုရင္ ေယာက်္ားေလး တစ္ေယာက္ရႏိုင္တယ္။ အဲ့ကေလးက ကိုရင္ေလး လို ခ်စ္စရာေကာင္းမွာပဲ .. ဟုတ္တယ္ဟုတ္။ မိန္းကေလး ေမြးမယ္ဆိုရင္ေတာ့ အမႊာေလး ေမြးရင္ေကာင္းမယ္။ ဒီကေလးမေလး ႏွစ္ေယာက္လို ခ်စ္ဖို႔ေကာင္းတာတဲ့ အမႊာေလးကို ျမင္ရမယ္ဆိုရင္ ေပ်ာ္စရာပဲ။
"ဟယ္လို အေဒၚ .. ကၽြန္မက ရီစင့္ပါ။" စီနီယာအစ္မရီ က ၿပံဳးကာ ေျပာလိုက္တယ္။
စီနီယာအစ္မရီ က ေမေမစြန္းကို စိတ္ကူးယဥ္ကမၻာထဲကေန ဆြဲထုတ္လိုက္တယ္။
"ဟယ္လို ရီစင့္" ေမေမစြန္းက ၿပံုးၿပီး ျပန္ႏွဳတ္ဆက္လိုက္တယ္။ ၿပီးေနာက္ သူက အားလံုးကို ဧည့္ခန္းထဲေခၚခဲ့လိုက္တယ္ "ရူဟန္.. လမ္းမွာ တစ္ခုခု စားခဲ့လား"
"မစားခဲ့ဘူး။ ပထမတုန္းက ရထားေပၚမွာ ညစာစားမလို႔ပဲ။ ဒါေပမဲ့ မေမွ်ာ္လင့္တာ တစ္ခု ျဖစ္လာေတာ့ ဒီတိုင္းအိမ္ပဲ တန္းျပန္လာခဲ့လိုက္တာ" ရူဟန္က ေျပာလိုက္တယ္။
"ဒါဆိုရင္ ခဏေနအုန္း ။ စားဖို႔ သြားျပင္လိုက္အုန္းမယ္" ေမေမစြန္းက ေျပာလိုက္တယ္။
ဧည့္ခန္းထဲမွာေတာ့ ..
ရူဟန္ က ပ်င္းရိစြာနဲ႔ ဆိုဖာကို မွီၿပီး ဖုန္းကလိေနတယ္။ လက္ရွိမွာ သူက အခ်ိန္အားၿပီ ဆိုတာနဲ႔ စီနီယာအျဖဴႏွစ္နဲ႔ ေတြ႔ရင္ အဆင္သင့္ျဖစ္ေအာင္ ဟာသေတြ ရွာေဖြထားတယ္။
ေဂါင္ေဂါင္၊ ရွစ္ နဲ႔ က်ဴး တို႔က ကာတြန္းကား ၾကည့္ေနၾကတယ္။
ေဖေဖစြန္းကေတာ့ ရူဟန္ ေဘးနားမွာ ထိုင္ၿပီး သတင္းစာဖတ္ကာ တစ္ဖက္ျခမ္းမွာ ထိုင္ေနတဲ့ ရီစင့္ကို အကဲခတ္ေနတယ္။
အေစာပိုင္းတုန္းက စိနီယာအစ္မရီ က ေမေမစြန္းကို ထမင္းဝိုင္းျပင္ ေပးေနတယ္။ ၿပီးေနာက္ ေမေမစြန္းက စီနီုယာအစ္မရီကို ထိုင္ခိုင္းကာ အေၾကာင္းအရာမ်ိဳးစံု အေၾကာင္း ေျပာဆိုပါေတာ့တယ္။
အစပိုင္းမွာတုန္းက သူတို႔ႏွစ္ေယာက္က စကားေျပာရခက္ခဲမွဳေတြ ရွိေနၾကတယ္။ ၿပီးေတာ့ သူတို႔ႏွစ္ေယာက္ၾကား မ်ိဳးဆက္ကြာျခားမွဳကလည္း ႀကီးမားတယ္ မဟုတ္လား၊
ဒါေပမဲ့ စီနီယာအစ္မရီ ရဲ ပူးေပါင္းမွဳ ေအာက္မွာ သူတို႔ႏွစ္ေယာက္ရဲ့ စကားဝိုင္းက စိုေျပလာခဲ့တယ္။
ဒီအခ်ိန္မွာပဲ ေဖေဖစြန္း က ရူဟန္ ကို တံေတာင္နဲ႔ လွမ္းတို႔ၿပီး အသာေလး ေမးလိုက္တယ္ "ရူဟန္.. ဒီတစ္ခါ မင္းေခၚလာတာ မင္းရည္းစားလား"
ရူဟန္ ေျဖခါနီးမွာပဲ ...
တိုက္တိုက္ဆိုင္ဆိုင္ ဆိုသလို ေမေမစြန္းကလည္း ဆက္ၿပီး သည္းမခံနိုင္ေတာ့ တာေၾကာင့္ ထုတ္ေမးလိုက္တယ္ "ရီစင့္.. မင္းနဲ႔ ငါတို႔ ရူဟန္ က ဘယ္လိုသိၾကတာလဲ"
"အဟြတ္" ရူဟန္က လည္ေခ်ာင္းရွင္းလိုက္တယ္။ ၿပီးေနာက္ စီနီယာအစ္မရီ အစား ေျပာေပးလိုက္တယ္ "ရီစင့္ နဲ႔သားက ႀကီးမားတဲ့ စာၾကည့္တိုက္ႀကိး တစ္ခုမွာ ေတြ႔တာေလ။ အဲ့တုန္းက သူ စာအုပ္ေတြ ဖတ္ေနတာ။ သားေကာပဲ။ ေနာက္ေတာ့ စကားေျပာရင္း တစ္ေယာက္ နဲ႔ တစ္ေယာက္ သိသြားၾကတာ။ သားတို႔ႏွစ္ေယာက္ရဲ့ ဆက္ဆံေရးကေတာ့ .. အရင္တုန္းက ခ်စ္သူ ျဖစ္လုလုပဲ"
မိသားစု ေတာ္ေတာ္မ်ားမ်ားက ေက်ာင္းသြားတက္ၾကတဲ့ သူတို႔သားသမီးေတြကို စာကိုအာရံုစိုက္ဖုိ႔ နဲ႔ အလုပ္ေကာင္းေကာင္း ရေအာင္ ႀကိဳးစားဖို႔ မွာတတ္ပါတယ္။ ေမေမစြန္းကေတာ့ ရူဟန္ အထက္တန္း ေက်ာင္းသား ဘဝ ကတည္းက လွပတဲ့ ေကာင္မေလး တစ္ေယာက္ေလာက္ အိမ္ကို ေခၚလာဖို႔ပဲ မွာပါတယ္။
ဒါကို ၾကားေတာ့ ေမေမစြနး္က ဇေဝဇဝါ ျဖစ္သြားတယ္ "မင္းတို႔ အရင္တုန္းက ခ်စ္သူ ျဖစ္လုလု ဆိုေတာ့ အခုက်ေတာ့ေရာ.."
စိ္နီယာအစ္မရီက ဒီေမးခြနး္ကို အရင္ျပန္ေျဖလိုက္တယ္ "အခု .. ကၽြန္မတို႔က သာမာန္ခ်စ္သူ မဟုတ္ေတာ့ဘူး။ သာမာန္ခ်စ္သူေတြထက္ ပိုေလးနက္တယ္။"
"သာမာန္ခ်စ္သူေတြ ထက္ ပိုေလးနက္တာ" ေမေမစြန္း ရဲ့ မ်က္ေတာင္ေတြက ပုတ္ခတ္ ပုတ္ခတ္ ျဖစ္သြားခဲ့တယ္။ ၿပီးေနာက္ သူမ က လက္ဝါးႏွစ္ဖက္ကို ပူးကပ္ျပလိုက္ၿပီး "မင္းတို႔ႏွစ္ေယာက္.. အင္း.. ငါဘယ္လိုေျပာရမလဲ.. အင္း.. ပူးလိုက္ၿပီလား"
ရူဟန္က ေၾကာင္အသြားတယ္ "အမ္"
"အဲ့တာ ဟိုဟာကို ေျပာတာ မဟုတ္လား" ရွစ္က လွမ္းေမးလုိက္တယ္။
"အစ္မႀကီး .. မွားစရာမရွိဘူး။ တိတိက်က် ဟိုဟာကို ေျပာတာပဲ။" က်ဴးက ေျပာလိုက္တယ္။
ကိုရင္ေလးက ရွက္ရြံစြာနဲ႔ မ်က္စိကို မွိတ္ၿပီး ဗုဒၵက်မ္းစာေတြကို စတင္ရြတ္ဖတ္လိုက္တယ္။
စီနီယာအစ္မရီ က ခဏေလာက္ စဥ္းစားလိုက္တယ္။ၿပီးေနာက္ "ဟုတ္တယ္။ ကၽြန္မ တို႔က ပူးၿပီးသြားၿပီ" ေျပာရမယ္ ဆိုရင္ ပူးထားတဲ့ ေခါင္းႏွစ္လံုး လက္ေလးဖက္ က ေတာ္ေတာ္ႀကီး ဆန္းၾကယ္တယ္ေလ။ေမေမစြန္း နဲ႔ ေဖေဖစြန္းတို႔သာ သာမာန္လူေတြ မဟုတ္ရင္ ခ်က္ခ်င္းပဲ ထၿပီး သရုပ္ျပလိုက္ခ်င္မိတယ္။
ေဖေဖစြန္းက သတင္းစာကို ခ်လိုက္ၿပီး ရီစင့္ကို အႏူးညံဆံုး အၿပံဳး နဲ႔ ၿပံဳးျပလိုက္တယ္ "ရီစင့္ .. မင္းက ငါတို႔ မိသားစုဝင္ တစ္ေယာက္ ျဖစ္လာေတာ့မယ္"
"ေဖေဖစြန္း ဆိုလိုတာက ငါဆိုလိုခ်င္တာပဲ" ေမေမစြန္း က အၿပံဳး နဲ႔ ေျပာလိုက္တယ္။
ရူဟန္က ထပ္မံ ဆြံ႔အသြားတယ္။ "အမ္"
ေဖေဖစြနး္က ရူဟန္ကုိ ပုတ္ၿပီး ေျပာလိုက္တယ္ "ေကာင္းၿပီ။ အခု မင္းက ဘြဲ႔ရေအာင္ ႀကိဳးစားၿပိး အိမ္ေထာင္ျပဳရေတာ့မယ္။ အရင္တုန္းက ငါလည္း ဒီလိုမ်ိဳး နဲ႔ မင္းအေမကို ယူခဲ့တာပဲ။ ဒါေပမဲ့ လက္မထပ္ခင္မွာ မင္းတို႔ ဂရုစိုက္ရမယ့္ အရာ တစ္ခု ရွိတယ္။ မဂၤလာမေဆာင္ရေသးခင္ ကေလးရတာမ်ိဳးကေတာ့ အႀကီးႀကီး ႏိုးပဲေနာ္"
"......." ရူဟန္။
ေနာက္တစ္ေန႔ မနက္ေစာေစာ ...
ရူဟန္ က ရီစင့္၊ ေဂါင္ေဂါင္ ၊ ရွစ္ နဲ႔ က်ဳး တို႔ကို ေခၚၿပီး အိမ္က ထြက္လာလိုက္တယ္။
သူက ရီစင့္တို႔ကို အနီးနားက က်ိဳးလံုလမ္း ကို ေလွ်ာက္ပတ္ၾကည့္ဖို႔ ေခၚလာလိုက္တယ္။ ၿပီးေတာ့ သူ႔ရဲ့ စာသင္ႏွစ္ အသစ္အတြက္ လိုအပ္တာေတြ လည္း ဝယ္ယူခ်င္ေနတယ္။
ေန႔လည္မွာေတာ့ သူက သူ႔ရဲ့ အင္တာနက္ သူငယ္ခ်င္း ( စိတ္က်န္းမာေရး ေဆးရံု ရဲ့ ဒါရိုက္တာ) နဲ႔ ေတြ႔ဖို႔ ရွိေနပါတယ္။
အရာအားလံုးကို အစီအစဥ္ အတိုင္းၿပီးဆံုးေအာင္ လုပ္ေဆာင္ၿပီးရင္ ညေနမွာ ဂ်င္နန္ကို သြားမွာပါ။
ရူဟန္ က အားလံုးကို ေခၚၿပီး အိမ္က ထြက္သြားခ်ိန္မွာေတာ့ သူ႔ရဲ့ အိမ္နီးခ်င္းေကာင္း လီယြင္ က လာလည္ပါေတာ့တယ္။
"အမ္.. သူငယ္ခ်င္းေလး ရူဟန္ အေစာႀကီး ထြက္သြားတယ္ ဟုတ္လားး" တာအိုဘုန္းႀကီး တိမ္ျမဴ က ဆြံ႔အသြားတယ္။ မေန႔တုန္းက ရူဟန္ ျပန္လာၿပီ ျဖစ္ေၾကာင္း သူၾကားလိုက္ခ်ိ္န္မွာ စိတ္အားတက္ၾကြေနခဲ့တာပါ။
ဒါေပမဲ့ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ပဲ ရူဟန္ ေနရာဆီသြားလိုက္ခ်ိန္မွာေတာ့ ရလိုက္တဲ့ သတင္းက ထြက္သြားၿပီ ဆိုတာပါပဲ။
ငါ နဲ႔ အလင္းေက်ာက္ က ကံၾကမၼာေရစက္ ပဲ မရွိတာလား။ ထင္ထားတဲ ့အတိုင္း ငါ တျပားမရွိသူခိုးဂိုဏ္းကို ျပန္ၿပီး ေလ့က်င့္တာ အေကာင္းဆံုး ျဖစ္မယ္။ ဒါမွ ငါ့ရဲ့ ဗလာလက္ စြမး္ရည္က ပိုမို တိုတက္လာမွာ။ ၿပိးရင္ ငါ ေတာင္ဝါႀကီး ရဲ့ အင္ေမာ္တယ္ဂူကို သြားၿပီး ရွိသမွ် အကုန္သြားခိုးမယ္။ တာအိုဘုန္းႀကီး တိမ္ျမဴ က ေတြးလိုက္တယ္။
စိတ္အေျခအေန အရမ္းပဲ ေကာင္းမြန္ေနတဲ့ ေမေမစြန္း က ေျပာလိုက္တယ္ "ရူဟန္က ေစ်းဝယ္ထြက္ သြားတာ။ မၾကာခင္ ျပန္လာလိမ့္မယ္။ ဒါေၾကာင့္ မင္းဒီမွာ ေစာင့္ေနပါလား"
ဒီစကားကို ၾကားေတာ့ တာအိုဘုန္းႀကီး တိမ္ျမဴရဲ့ မ်က္လံုးေတြက ေတာက္ပသြားတယ္ "ဒါဆိုရင္ ငါမင္းကို ဒုကၡေပးရေတာ့မယ္။"
"လီယြင္ .. မင္းက အရမ္း သေဘာေကာင္းတယ္" အနားက ေဖေဖစြန္းက ၿပံဳးၿပီး ဝင္ေျပာလိုက္တယ္။
က်ိဳးလံုလမ္း က စည္ကားတဲ့ ေစ်းလမ္းတစ္ခုပဲ ျဖစ္တယ္။
ရူဟန္က ရီစင့္ နဲ႔ တျခားလူေတြကို ေခၚလာၿပီး ဆိုင္ေတာ္ေတာ္မ်ားမ်ားကို ဝင္ၾကည့္လိုက္တယ္။
ကေလးသံုးေယာက္က ရူဟန္ တို႔နဲ႔ တစ္လက္မ မွ မခြာဘဲ လိုက္လာပါတယ္။ သူတို႔က ထြက္ေျပးဖို႔ အႀကံအစည္ကို လက္လႊတ္လိုက္ပါၿပီ။ ၿပိးေတာ့ စီနီယာ အစ္မရီ က အဆင့္ငါး စိတ္ဝိညာဥ္ အင္ပါယာ တစ္ေယာက္ေလ။ သူမ လက္ကေန ထြက္ေျပးလို႔ ရႏိုင္မွာ မဟုတ္ပါဘူး။
ဒါေပမဲ့ ဒီအခ်ိန္မွာပဲ စိနီယာရီ က ေၾကျငာေတြ ေအာက္မွာ နစ္ျမဳပ္ေနပါၿပီ။
{သတင္းေကာင္း ..သတင္းေကာင္.. အရည္အေသြးျမင့္ လည္သာဖိနပ္ေတြ ေစ်းအနိမ့္နဲ႔ ရမယ္။ အရံႈးခံေရာင္းေနတာေနာ္။. အရံႈးခံ ေရာင္းေနတာ။ တစ္ခုဝယ္ တစ္ခု လက္ေဆာင္။ }
စီနီူယာအစ္မရီ က ရူဟန္လက္ကို ဆြဲၿပီး စိတ္လွဳပ္ရွားစြာ နဲ႔ ေျပာလိုက္တယ္ "ရူဟန္.. ရူဟန္ .. မင္းၾကားလား.။ အရံႈးခံေရာင္းတာတဲ့။ တစ္ခုဝယ္ တစ္ခုလက္ေဆာင္တဲ့။ ငါတုိ႔သြားၾကည့္ၾကမလား"
"ရီစင့္ ..အလွ်င္မလိုနဲ႔။" ရူဟန္က ဆိုင္ေတြကို ၾကည့္လို္က္တယ္ "တကယ္ေတာ့ ဒီဆိုင္က ငါအထက္တန္းေက်ာင္း တက္ကတည္းက ဖြင့္ထားတာပဲ။ ဖြင့္ၿပီး ႏွစ္ဝက္ေလာက္ ကတည္းက 'ဆိုင္ပိတ္ေတာ့မွာမို႔' 'အရံႈးခံေရာင္းတာ' 'တစ္ခုဝယ္ တစ္ခုလက္ေဆာင္' ဆိုၿပိး ေအာ္ေနတာ။ သူတို႔ ဆိုင္ပိတ္ေတာ့မယ္ ေျပာတာ သံုးႏွစ္ေလာက္ရွိၿပီ။"
"ဒီလိုလား" စီနီယာအစ္မရီ က မ်က္လံုးျပဴးသြားတယ္ "ဒါေတာင္မွ ဒိဆိုင္မွာ ဝယ္တဲ့သူ ရွိတုန္းလား"
"ေသခ်ာတာေပါ့။ ဒီေနရာက လူစည္ကားတဲ့ က်ိဳးလံုလမ္းကေလ။ ဒီေနရာကို ေစ်းလာဝယ္တဲ့သူ က အရမ္းမ်ားတယ္။ ဒါေၾကာင့္ လာတဲ့သူေတြက လူသစ္ေတြ မ်ားေနတာ" ရူဟန္က ေျပာလိုက္တယ္။
စီနီယာ အစ္မရီက ေခါင္းညိတ္လိုက္တယ္ "သူတို႔အစီအစဥ္က ေလးနက္တာပဲ"
ရူဟန္က ရယ္လိုက္တယ္။
တကယ္ေတာ့ ဒါက နည္းလမ္းေဟာင္းႀကီးကိုပဲ ထပ္တလဲလဲ အသံုးျပဳေနတာပါ။
ေလွ်ာ့ေစ်း အနည္းငယ္နဲ႔ ဝယ္သူရဲ့ ပိုက္ဆံအိတ္ကို ေျပာင္တလင္းခါေအာင္ လုပ္တာပါပဲ။
နာရီဝက္ေလာက္ၾကာေတာ့ ..
ရီစင့္ရဲ့ အဝတ္ေတြ အားလံုးက အင္ေမာ္တယ္ဝတ္စံုေတြႀကီးပါ။ ၾကည့္လို႔ေကာင္းတယ္ ဆိုေပမဲ့ ေန႔စဥ္ဘဝ နဲ႔ မလိုက္ဖက္လွပါဘူး။
ဒါေၾကာင့္ ရူဟန္က သူမကို အမ်ိဳးသမီးဝတ္ အနည္းငယ္ ဝယ္ေပးဖို႔ ဆံုးျဖတ္လိုက္တယ္။
ရွစ္ နဲ႔ က်ဳး တို႔ကလည္း ရီစင့္ နဲ႔ အတူ အဝတ္လိုက္ေရြးေနတယ္။
ရူဟန္ နဲ႔ ေဂါင္ေဂါင္ က ဆိုင္ရဲ့ နားေနရာ ထိုင္ခံုမွာ ထိုင္ၿပိး အပန္းေျဖေနတယ္။
အေစာပိုင္းတုန္းက ေရေသာက္မ်ားသြားလို႔ ျဖစ္မယ္ ရူဟန္က ေသးေပါက္ခ်င္လာပါတယ္။ ဒါေၾကာင့္ ေဂါင္ေဂါင့္ကို ေျပာလို္ကတယ္ "ေဂါင္ေဂါင္ .. ဒီမွာ အစ္မရီ တို႔ကုိ ေစာင့္အုန္းေနာ္။ ငါေသးသြားေပါက္ မလို႔။ ထြက္မေျပးရဘူး။"
ေဂါင္ေဂါင္ က ေခါင္းညိတ္လိုက္တယ္။ အစ္မရီလို အဆင့္ငါး စိတ္ဝိညာဥ္အင္ပါယာ တစ္ေယာက္ အနားမွာ ရွိေနတာကို သူဘယ္လို ထြက္ေျပးရဲမွာလဲ။
က်ိဳးလံုလမ္း တစ္ေနရာမွာပဲ ...
လူငယ္ မြန္းစတား အမဲလိုက္သူေလး က သူ႔အင္တာနက္ သူငယ္ခ်င္း စာအုပ္ေတာင္မွ ဖိအား နဲ႔ ေတြ႔ဖို႔ ေဘဂ်င္းလမ္းကို ေစာေစာစီးစီး ေရာက္ေနပါတယ္။ ေစာေသးတာေၾကာင့္ သူ႔အေနနဲ႔ စည္ကားလွတဲ့ က်ိဳးလံုလမ္းကို ပတ္ဖို႔ စဥ္းစားလိုက္တယ္။
သူက အစားအေသာက္မ်ားသြားတာေၾကာင့္ အိမ္သာသြားခ်င္စိတ္ ျဖစ္ေပၚလာခဲ့တယ္။
ဒါေပမဲ့ သူ ေျမညီထပ္ က အိမ္သာ ထဲကို ဝင္ၿပီးတဲ့ေနာက္ ..
မြန္းစတားအမဲလိုက္သူ လူငယ္ရဲ့ မ်က္လံုးေတြက ရုတ္တရက္ ေတာက္ပသြားတယ္။
သူဘာျမင္ေနတာလဲ ခန္႔မွန္းၾကည့္လိုက္ ..
သူ႔ေရွ႕မွာ ႀကီးမားတဲ့ ေနရာမ်က္မွန္ႀကီးကို တပ္ဆင္ထာစးတဲ့ လူတစ္ေယာက္ ရွိေနပါတယ္။
မြန္းစတားအမဲလိုက္သူ လူငယ္ရဲ့ အျမင္က စူးရွလွတာမို႕ ဒီလူက မ်က္မွန္အႀကီးႀကီး တပ္ဆင္ထားေပမဲ့ ဘယ္သူလည္း ဆိုတာကို ကြက္ကြက္ကြင္းကြင္း ျမင္ႏိုင္ပါတယ္။
မွားစရာ မရွိပါဘူး။ တစ္ဖက္လူက စီနီယာအစ္ကိုႀကီး ေဂါင္ရွန္ ေနရာမွာ သရုပ္ေဆာင္တဲ့ သူပါပဲ။ မေန႔က ရံုတင္ခဲ့တဲ့ ကမၻာပ်က္စစ္ပြဲ ရုပ္ရွင္ႀကီး အႀကီးမားဆံုး ဗီလိ္န္ႀကီးပါ။
ဒီအခ်ိန္မွာ ေက်ာင္းေတာ္သား အရက္မူး ၾကမ္းတမ္းသူ က ငိုေနေလာက္ပါၿပီ။
စီနီယာအစ္ကိုႀကီး ေဂါင္ရွန္ ေသသင့္တယ္။ မြန္းစတား အမဲလိုက္သူ လူငယ္ က စိတ္ထဲကေန ႀကံဳးဝါးလိုက္တယ္။
ဒါေၾကာင့္ သူက ဖုန္းကို ထုတ္ၿပီး မွတ္တမ္းတင္လိုက္တယ္။
သူ႔အစီအစဥ္က စေနာက္ၿပီး စီနုီယာအစ္ကိုႀကီး ေဂါင္ရွန္ ရဲ့ ေခါင္းကို ဂံုနီအိတ္နဲ႔ စြပ္ဖို႔ပါ။ သူက မြန္းစတားအမဲလိုက္သူေလ .. သာမာန္လူေတြကို နာက်င္ေအာင္ မလုပ္ပါဘူး။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now