အပိုင်း (၇၉၉)

142 25 0
                                    


#Unicode


ရတနာအနံ့။

အစောပိုင်း တစ်စက္ကန့်လောက်တုန်းက ဒီမင်းသားကို အိုင်ဒေါ အဖြစ် သတ်မှတ်ထားတာပါ. နောက်တစ်စက္ကန့်လောက် ကြာတော့ ဒီအိုင်ဒေါကပဲ သူတို့ဂိုဏ်းကိုလာရောက် တိုက်ခိုက်နေပါတယ်။ ဒါက တကယ်ပဲ ထူးဆန်းတဲ ့ခံစားချက်ကို ဖြစ်ပေါ်စေတယ်။ သူက အမှောင်လောကသား အဖြစ် ရပ်တည်ပြီး မကောင်းတာတွေကို ပြုလုပ်တယ် ဆိုပေမဲ့ သူ့ရဲ ့အိုင်ဒေါက သူတို့ကို လာရောက်တိုက်ခိုက်တဲ ့မြင်ကွင်းကို မြင်ရတော့ အသဲနှလုံးကို ဓားနဲ့ ထိုးခွဲသလို နာကျင်မိတယ်။

ဒါပေမဲ့ ဒီအချိန်မှာပဲ ကောင်းကင်ပေါ်က လင်းရီက တိုက်ခိုက်မှုကို စတင်ပါတော့တယ်။

ကြီးမြတ်တဲ့ အဖြူက များပြားလှတဲ့ စိတ်ဝိညာဉ်စွမး်အင်တွေနဲ့ ပြုလုပ်ထားတဲ့ တလက်လက်တောက်ပနေသော မီတာ ၄၀၀ ရွှေဓားကြီးကို ကိုင်ပြီး ခေါင်းငဲ့ ကာ ရူဟန် ကို ကြည့်လိုက်တယ် "ကောင်းပြီ.. ရူဟန် .. အားရှီလျျှ .. ငါက ဒီလှုပ်ရှားကွက်ကို ဘယ်လိုခေါ်ရမလဲ။

ကြီးမြတ်တဲ့အဖြူ ရဲ့ နောက်မှာတော ့ရူဟန် နဲ့ အားရှီလျှူတို့က အကာအကွယ် အတားအဆီး အစီအရင် ရဲ ့ကာကွယ်ပေးထားမှုကြောင့် သူတို့ကို မမြင်ရစေပါဘူး။

ကြီးမြတ်တဲ့ အဖြူရဲ့ စကားကို ကြားတော ့သူတို့နှစ်ယောက်က ဆွံ့အ သွားခဲ့တယ်။

ကြည့်ရတာ ကြီးမြတ်တဲ့အဖြူက ကြီးကျယ်တဲ ့လှုပ်ရှားမှု တစ်ခုကို ပြုလုပ်ချင်ပုံပေါ်တယ်။

ဒါပေမဲ့ သူက ဒီလှုပ်ရှားမှုကိုလည်း နာမည်ပေးချင်နေပါတယ်။ ဘာလုပ်ရမလဲ။သူတို့က မြန်မြန်အဖြေပေးဖို့ လိုအပ်နေတယ်။

"ဒီလိုဆိုမှတော့ မြင့်မြတ်ဓားလို့ ခေါ်ရင် ဘယ်လိုလဲ" ရူဟန်က ကြီးမားတဲ့ မီတာလေးရာ ရွှေဓားကြီးကို ကြည့်ပြီး ပြောလိုက်တယ်။

"မြင့်မြတ်ဓားလား.. နားထောင်လို့တော့မကောင်းဘူး။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ဒီအချျိန်မှာတော့ ဒီနာမည်ကို သုံးကြတာပေါ့" ကြီးမြတ်တဲ့အဖြူ က ခေါင်းညိတ်လိုက်တယ်။ ပြီးနောက် သူက လက်ကို ဝေ့ယမ်းပြီး ဓားကို ခုတ်ပိုင်းကာ အော်လိုက်တယ် "မြင့်မြတ်.. ဓား"

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now