အပိုင်း (၈၁၇)

155 35 0
                                    


#Unicode


တုတ်ချောင်းလူသား မြွေမွနး်စတား။

ရူဟန် တို့ ဆွေးနွေးနေတုန်းမှာပဲ ရူဟန်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ တောက်လောင်နေတဲ ့သီလအလင်းရဲ့ မီးတောက်တွေ က နောက်ထပ် ပြောင်းလဲမှု တစ်ခု ဖြစ်ပေါ်ခဲ့တယ်။ တဖြည်းဖြည်း ကြုံ့ဝင်နေတဲ ့သီလအလင်းတွေ က ထပ်မံပြီး တောက်လာကာ ကြမ်းကြမ်းတမ်းတမ်းပဲ လောင်းကျွမ်းလာတယ်။ အပူချိန်ကလည်း တိုးမြင့်လာပြီး တကယ့်မီးတောက်တွေလို အပူချိန်မျိုး ဖြစ်လာတယ်။

ပြီးနောက် မီးတောက်တွေက တကယ့် နဂါးရှည်ကြီး တစ်ကောင်လိုမျိုး ရူဟန် ခန္ဓာကိုယ်ကို ရစ်ပတ်လိုက်တယ်။

"ပူလိုက်တာ" ရူဟန် က ထအော်လိုက်တယ်။

"ကြည့်ရတာ သီလအလင်း အရည်အသွေးပြောင်းလဲတာက ပြီးခါနီးပြီနဲ့ တူတယ်" အားရှီလျှူ က ပြောလိုက်တယ်။ တစ်ချိန်တည်းမှာပဲ သူမ က သီလအလင်းတွေ သူမကိုထိမိမှာ စိုးတာကြောင့် နောက်ကို ဆုတ်လိုက်တယ်။

"ပြောင်းလဲမှု တွေအများကြီး ဖြစ်ပြီးတဲ့နောက် သီလအလင်း ပြောင်းလဲမှု ဖြစ်စဉ် က ပြီးခါနီးနေပြီ။ သီလအလင်း ပြောင်းလဲရင် ဒုက္ခ ကြုံရတယ် ဆိုတာမျိုး ကြားဖူးကြလား" ရူဟန်က မေးလိုက်တယ်။

ဒီအချိန်မှာတော ့သူ့ကို တစ်စုံတစ်ယောက် က ရေပူစမ်းထဲ ပစ်ထည့်လိုက်သလို ခံစားလိုက်ရတယ်။ ပြောနေရင်း နဲ့ပဲ သူ့မျက်နှာပေါ်မှာ ချွေးသီးချွေးပေါက် တွေ တရစပ ်ကျဆင်းလာတယ်။

"ငါမသိဘူး။ ငါတို့ စုကလန်မှာ သီလအလင်းကို ကျင့်ကြံတဲ့သူ တစ်ယောက်မှ မရှိဘူးး။" အားရှီလျှူ က ပြောလိုက်တယ်။

ရီစင့်က အပူဓာတ်ကို မခံစားရပါဘူး။ ဒါကြောင့် သူမ က ခေါင်းမော့ပြီး ရူဟန် ရဲ့ ခေါင်းအထပ်ကို ကြည့်လိုက်တယ်။ "ငါတစ်ခုခု ကိုတွေ့တယ်။ ကြည့်ရတာ သီလအလင်းက ကြီးမားတဲ ့နဂါးကြီး အဖြစ်ဖွဲ့တည် လာတာပဲ။ လက်သည်းကြီးူ နှစ်ခုက သီလအလင်းတွေ ကြားထဲမှာ မြင်သာနေတယ်။ ဒါကြောင့် နောက်ဆုံးမှာ နဂါးကြီး တစ်ကောင် ဖြစ်သွားလိမ့်မယ်"

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now