အပိုင်း (၆၉၃)

285 43 0
                                    

#Unicode

မိစ္ဆာနဂါး .. မင်းတို့ ဒါကို ပြောနေတာလား။


အိမ်မက်က နိုးလာပြီးတဲ့နောက် ရူဟန်က ကျေးဇူးတင်စွာ နဲ့ ပြောလိုက်တယ် "စီနီယာအဖြူ..ကူညီတာ ကျေးဇူးပါ။ ငါက နောက်ဆုံးတော့ အိမ်မက်ဆိုးထဲကနေ နိုးထ လာနိုင်ပြီ။"

ဒါပေမဲ့ မကြာမီမှာပဲ ရူဟန် က တုန်ရီသွားတယ်။

အနားမှာ ရှိတဲ့ ကြီးမြတ်တဲ ့အဖြူ က တံခါးပိတ်ကျင့်ကြံတာကနေ ထွက်လာခါနီး အခြေအနေမှာပဲ ရှိနေပါသေးတယ်။ ကြီးမြတ်တဲ့အဖြူ က တံခါးပိတ်ကျင့်ကြံနေတာဆိုရင် သူ့ကို အိမ်မက်ဆိုးထဲထိ လိုက်ပြီး ဝင်ကယ်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး။

ဒါဆိုရင် သူ့ကို ရုပ်သေးတွေ နဲ့ ပြည့်နေတဲ့ အိမ်မက် ထဲကနေ ဘယ်သူ ကယ်တင်ခဲ့တာလဲ။

"......." ရူဟန်။

ဘာပဲဖြစ်ဖြစ် ဒီအိမ်မက်က ဘာလဲ။

ပင်လယ်လူတေ အယောင်ဆောင် ထားတဲ့ ရုပ်သေးက သူ့ကို ဘယ်လို ရည်ရွယ်ချက် နဲ့ ကျိန်စာ တိုက်လိုက်တာလဲ။

အိမ်မက်ထဲက ကြီးမြတ်တဲ ့အဖြူ ပြောသလို ဆိုရင် ဒီအိမ်မက်က ရှေးမဟူရာ ဂိုဏ်းရဲ့ ရုပ်သေး နဲ့ သက်ဆိုင်တဲ့ ကျိန်စာ တစ်ခုပါ။ ဒါပေမဲ့ ကျိန်စာ ရဲ့ ရည်ရွယ်ချက်ကိုတော့ ထုတ်ဖော် မပြောခဲ့ပါဘူး။

အိမ်မက်ရဲ ့နောက်ဆုံးပိုင်းမှာ ကမ္ဘာကြီး တစ်ခုလုံးက ရုပ်သေးအဖြစ် ပြောင်းလဲ သွားပါတယ်။ ပြီးတော ့ဒီရုပ်သေးတွေက သူ့ကို လိုက်ဖမ်းဖို့ ကြိုးစားကြပါတယ်။ ကြည့်ရတာ သူ့ခန္ဓာကိုယ်က တစ်ခုခုကို သူတို့ လိုချင်နေပုံပေါ်တယ်။

ဥပမာအားဖြင့် - သူ့ရဲ ့သွေး၊ အသား၊ အရိုး၊ ဆံပင်နဲ့ အရေပြား တွေ ဆိုရင်တောင်မှပေါ့။

သူတို့က ငါ့ခန္ဓာကိုယ် ကို လုပြေးဖို့ ကြိုးစားနေတာလား။

အင်း .. သူ့ရဲ့ စိတ်ဝိညာဉ်ကောင်သာ ရှိနေမယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်လဲ။

သူ့ရဲ့ စိတ်ဝိညာဉ် က တော်တော်ကြီး ထူးခြားသလို သူ့ရဲ့ စားချင် သောက်ချင် စိတ်ကလည်း ထူးဆန်းပါတယ်။

ကျင့်ကြံသူတို့ စကားဝိုင်းDonde viven las historias. Descúbrelo ahora