အပိုင်း (၈၂၉)

148 30 0
                                    


#Unicode


မှားစရာမရှိဘူး။ သူမှသူပဲ။

သူတို့က ၂၀၁၉ ခုနှစ်မှာ ရှိနေတယ် ဆိုပေမဲ့ သူတို့နိုင်ငံက ပြုလုပ်တဲ့ ကွန်ပြူတာ အထူး ပြုလုပ်ချက် တွေ အပေါ်မှာတော့ အထူးယုံကြည်မှု မရှိပါဘူး။ ရုပ်ရှင်စပြီးရင် ဆိုးဝါးတဲ့ အထူးပြုလုပ်ချက်တွေ မမြင်ရပါစေနဲ့လို့ပဲ သူတို့ မျှော်လင့်မိကြတယ်။

သို့ပေမဲ့ ကမ္ဘာပျက် ရုပ်ရှင်က ရုပ်ရှင် စပြီးတာနဲ့ တပြိုင်နက် ကြည့်ရှုသူတွေရဲ့ စိတ်နှလုံးကို သိမ်းပိုက်သွားတယ်။

ပထမဆုံးဇာတ်ဝင်ခန်းမှာပဲ လှပတဲ့ အင်မော်တယ် တည်နေရာတွေ ဖြစ်တဲ့ အဆောက်အဦ တွေက ခန့်ညားစွာ ပေါ်လာတယ်။ အဆောက်အဦးတွေက မယုံနိုင်လောက်အောင် ကြည့်ကောင်းလှပြီး ပန်းချီကားထဲက ထွက်ပေါ်လာသလိုပါပဲ။

နောက်ခံရှုခင်းတစ်ခုလုံးက မြူတွေ ရစ်သိုင်းနေပြီး ညင်သာတဲ့ တေးဂီတ အသံနဲ့ အတူ လိုက်ဖက်ညီစွာ ပေါ်ထွက်လာတယ်။ ဒီမြင်ကွင်းက ကြည့်ရှုသူတွေရဲ့ စိတ်နှလုံးကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ဒါရိုက်တာ ဂျာကော့ဘ် က အကောင်းဆုံး ပြုလုပ်ခဲ့တာ ဖြစ်ပြီး ကမ္ဘာအဆင့်ဒါရိုက်တာ ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်သူပဲ ဖြစ်တယ်။

"အသက်ဝင်လိုက်တာ။ သူတို့ CGI တွေသုံးထားတာလား" တစ်စုံတစ်ယောက် က အသံတိုးတိုး နဲ့ ပြောလိုက်တယ်။

"CGI ကို အခြေခံပြီး ပြုလုပ်ထားတာ ဖြစ်မယ်။ တကယ့်ပုံတွေလိုပဲ။ သူတို့က ကမ္ဘာအဆင့် ကွန်ပြူတာ အထူးပြုလုပ်သူ ကို ဖိတ်ခေါ်ခဲ့တာ သေချာတယ်" အနားက သူငယ်ချင်းကလည်း ပြန်ပြောလိုက်တယ်။

ကင်မရာက ရှုခင်းတွေကနေ သိုင်းစင်မြင့် တစ်ခုဆီကို ရွေ့လျားသွားတယ်။

အမ်.. သိုင်းစင်မြင့်က ကြည့်ရတာ တော်တော်ရင်းနှီးနေသလိုပဲ။

ဒါက စီနီုယာအစ်ကိုကြီး ဂေါင်ရှန် မင်းသားလင်းရီကို ရိုက်နှက်တဲ့ နေရာမဟုတ်လား။ ဒီအခန်းက ရုပ်ရှင်စကတည်းက ပါတာလား။ တည့်တိုးဆန်လိုက်တာ။.

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now