အပိုင်း (၈၇၈)

167 38 0
                                    

Unicode


အပိုင်း (၈၇၈)

ငါမင်းကို ချစ်တယ် ဆိုတဲ့ အကြောင်း တကယ်ပဲ ပြောချင်တယ်။

သူ စာပို့လိုက်ချိန်မှတော့ ဒါရိုက်တာနဲ့ တည်နေရာက [ကမ္ဘာပေါ်မှာ ရှိတဲ့ မွန်းစတား အားလုံး စည်းလုံးစွာဖြင့် မိသားစု တစ်ခု လို ဖြစ်လာရမည်] အဖွဲအစည်း နားကို ရောက်လာပါပြီ။

ဒါရိုက်တာရဲ့ သတင်းအချက်အလက် အရဆိုရင် မွန်းစတား သတ်ဖြတ်သူတွေက ဖြစ်လာမယ့် အကျိုးဆက်ကို တောင်မှ ရှည်ရှည်ဝေးဝေး စဉ်းစားခြင်း မပြုလုပ်တော့ဘဲ အဆင်သင့် လှုပ်ရှားတောမှာ ဖြစ်တယ်။

ဒါရိုက်တာနဲ့ သူ့ရဲ့ မွန်းစတားသတ်ဖြတ်သူ သူငယ်ချင်းတွေက [ကမ္ဘာပေါ်မှာ ရှိတဲ့ မွန်းစတား အားလုံး စည်းလုံးစွာဖြင့် မိသားစု တစ်ခု လို ဖြစ်လာရမည်] [၂၅၀ ခုမြောက် ဌာနချုပ်] ကို ဝင်တိုက်တော့မလို့လား။

သူခန်မှန်းထားချက် က အရမ်းကို မြင့်မားတယ်။

ရူဟန်က သူ့ဂုတ်ပိုးကို ပွတ်လိုက်တယ်။ ဒီတစ်ကြိမ်မှာ သူတကယ်ပဲ ခေါင်းကိုက်ပါပြီ့။

မွန်းစတား အမဲလိုက်သူ တွေရဲ့ စွမ်းအင် အဆင့်က ဘယ်လောက်မြင့်လဲ။

သူတို့က စွမ်းအင်အဆင့် အရမ်းမမြင့်မားဘဲ ဒေါင်ဖန်းခြောက်ကို သွားပြိး ရန်စရဲတယ်လား။ သူမ က ကျိန်းသေပေါက် ကားနဲ့ တက်ကြိတ်မှာ သေချာတယ်။

[ကမ္ဘာပေါ်မှာ ရှိတဲ့ မွန်းစတား အားလုံး စည်းလုံးစွာဖြင့် မိသားစု တစ်ခု လို ဖြစ်လာရမည်] အဖွဲ့အစည်း ထဲမှာ စွမ်းအားမြင့် စီနီယာတစ်ယောက် ရှိတယ်လို့ ဒါရိုက်တာကို ပြောရမလား။

မဖြစ်ဘူး။ ဒါက မသင့်တော်ဘူး။ ပြီးတော့ ဒေါင်ဖန်းခြောက် အပြင် ကလေး သုံးယောက်န ဲ့ ကြက်သွန်လေးပါ အထဲမှာ ရှိနေတယ်။ ရူဟန် က သူတို့ကို ရောင်းစားလို့ မဖြစ်ပါဘူး။

ရူဟန် ဖုန်းထဲက စာကိုမြင်တော့ ရီစင့်က ပြုံးကာ ပြောလို်က်တယ် "မင်းရဲ့ မွန်းစတား အမဲလိုက်သူ သူငယ်ချင်းလား။ သူလည်း အနားမှာပဲလား။ ဟားဟား.. သူတို့ ဒီအဖွဲ့ကို ဝင်တိုက်ဖို့ စီစဉ်နေတာတော့ မဟုတ်ဘူး မလား"

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now