အပိုင်း (၇၂၈)

188 31 0
                                    


#Unicode



မှော်ရတနာ - ပါးပိတ်ရိုက်တဲ့ ခြေညှပ် ဖိနပ် ။

"ဒီတစ်ကြိမ်မှာတော့ ငါက ပျားဘုရင်မ ပျံသန်းခြင်း နည်းစနစ် ကို စမ်းကြည့်မယ်" ကြီးမြတ်တဲ့ အဖြူ က လက်သင်္ကေတ တစ်ခုကို ပြုလုပ်လိုက်တယ်။ ဓားအလင်းတွေက ပျားဘုရင်မ တစ်ကောင်လို ပုံသဏ္ဍာန်ပြောင်းလဲပြီး ကောင်ကင်ပေါ်ကို ထိုးတက်သွားတယ်။

သူ့ရဲ့ ဓားပျံနဲ့ ပြိုင်မောင်းရတာက ကြီးမြတ်တဲ့ အဖြူ နဲ့ အကြိုက်နှစ်သက်ဆုံး ဝါသနာ တစ်ခုပါ။ ဒါကြောင့် သူက အမြန်နှုန်းကို မြင့်တင်နိုင်တဲ့ ပျံသန်းရေး နည်းစနစ် ေတော်တေ်ာများများကို အပျော်သဘောမျိုး လေ့လာခဲ့တယ်။ သူ့ဆီမှာ မတူညီတဲ့ ဂိုဏ်းတွေ ၊ ကျောင်းတွေရဲ့ ပျံသန်းရေး နည်းစနစ် အမျိုးမျိုး ရှိနေပါတယ်။ ဒါကြောင့်ပဲ ဘယ်လို ပတ်ဝန်းကျင် အနေအထားမျိုး မှာ ဖြစ်ဖြစ် ပျော်ရွှင်စွာ ပြိုင်မောင်းနိုင်တာ ဖြစ်ပါတယ်။

"ဝှစ်..ဝှစ်..ဝှစ်"ဒီတစ်ကြိမ် သူ့ရဲ့ ဓားပျံ မောင်းနှင်ခြင်း နည်းစနစ် က အရင်ကထက်တောင်မှ ပိုမို မြန်ဆန်နေပါသေးတယ်။

ရူဟန် နဲ့ အားရှီလျှူ တို့ က ဆက်တိုက်ပဲ အော်ဟစ်နေကြတယ်။ သူတို့အသံတွေက ကောင်းကင်ပေါ်မှာ ပျံနှံ့နေပါတယ်။

မြောက်ပိုင်းမြစ်ကတော့ သွားကို တင်းတင်းစေ့ပြိး စီနီယာ ဆိုတဲ့ သူ့ရဲ့ ဂုဏ်သိက္ခာကို တင်းခံ ကာကွယ်ထားပါတယ်.။ သူမျက်နှာက သေမတတ်ဖြူရော် နေတယ် ဆိုပေမဲ့ သူက လုံးဝ မအော်ပါဘူး။

အသက်ဆယ်ရှိုက်စာလောက် ကြာတော့ ..

"ငါတို့ရောက်ပြီ" ကြီးမြတ်တဲ့ အဖြူ က ရယ်ပြီး လက်သင်္ကေတ တစ်ခုကို ပြုလုပ်လိုက်တယ်။ မကြာမီမှာပဲ ဓားပျံက ကောင်းကင်ပေါ်ကနေ ဆင်းသက်ပြိး နူးညံ့တဲ့ တိမ်ဖြူ စတိုးရှေ့ကို ရောက်ရှိလာပါတယ်။

ကြီးမြတ်တဲ့ အဖြူက သူ့ရဲ့ ဝန်ဆောင်မှု ကို ကျေပွန်အောင် ပြုလုပ်ပြီးပါပြီ။ သူ့စိတ်က တော်တော်ကြီး ကျေနပ်နေပါတယ် "ငါတို့ခရီးဆုံးကို ရောက်ပြီ။ ဓားပျံပေါ်က ဆင်းလို့ရပြီ။ ငါကတခြားခရီးသည်တွေကို လိုက်ပို့ရအုန်းမှာ ဆိုတော့ မင်းတို့ နဲ့ အတူ စတိုးဆိုင်ထဲကို မလိုက်နိုင်တော့ဘူး။ မကြာခင်မှာ တွေ့ကြမယ်"

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now