အပိုင်း (၈၅၃)

151 25 2
                                    


#Unicode


ဟင်း.. ဂိမ်းဆာဗာကြီးပဲ။

နောက်ဆုံးအကြိမ်တုန်းက ရူဟန်က မုန်တိုင်းကို ငြိမ်းအေးစေပြီး ရွှေကြာပန်း ကမ္ဘာကြီးထဲက ကျောင်းတော်သား နယ်မြေကို ကာကွယ်ပေးခဲ့ပါတယ်။

ရွှေကြာပန်း ကမ္ဘာကြီး ရဲ့ အစိတ်အပိုင်း အတော်များများ က ပျက်ဆီးဆုံးရှုံးခဲ့ရတယ ်ဆိုပေမဲ့ ဒီအရာ တည်ရှိနေသရွေ့ ကျောင်းတော်သားနယ်မြေ ရဲ့ တည်ရှိမှုကို ငရဲပြည် က မိစ္ဆာတွေက အာရုံခံ လို့ရမှာ မဟုတ်ပါဘူး။

ဘာပဲဖြစ်ဖြစ် ကျောင်းတော်သား နယ်မြေ ရဲ့ တပည့်တွေက သူတို့ နေရာ အများအပြားကို စွန့်လွှတ်ပြီး ရွှေကြာပန်း ကမ္ဘာဆီကို ရွှေ့ပြောင်းသွားကြတယ်။

ရွှေကြာပန်း ကမ္ဘာကြိး က စတင်ဖန်တီးထားတာ မကြာသေးပေမဲ့ ကျောင်းတော်သား နယ်မြေက တပည့်တွေကို ရွှေ့ပြောင်းဖို့ အမိန့်ချမှတ်ခဲ့တယ်။ သူတို့က စိတ်ဝိညာဉ်အပင်တွေ၊ အစီအရင် ရေးဆွဲမှုတွေ၊ အရေးကြီး အဆောက်အဦ တည်ဆောက်မှုတွေ၊ စိတ်ဝိညာဉ် ကျောက်တုံး သယ်ယူမှုတွ စတဲ့ လုပ်ငန်းတွေ အများကြီးကို ပြုလုပ်ဖို့ လိုအပ်နေပါတယ်။

ဒါက သာမာန်လူတွေ အိမ်ပြောင်းတာထက် ပိုမို ရှုပ်ထွေးတဲ့ ကိစ္စပါပဲ။

တပည့်တွေက ရွှေကြာပန်း ကမ္ဘာဆီကို ရွှေ့ပြောင်းသွားကြတာကြောင့် သူတို့ အရင်က နေထိုင်ခဲ့တဲ့ နယ်မြေတွေက လွတ်ကုန်ပါတယ်။ ဒါကြောင့် ရူဟန် ငြိမ်းချမ်းတဲ့ နေရာ တစ်ခု ရှာနေတာ ကြာတော့ သူတို့ရဲ့ အသုံးမပြုတော့တဲ့ နေရာတွေထဲကမှ အနည်းငယ်ကို စိတ်ကြိုက်ရွေးချယ် စေဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒီနယ်မြေတွေက သေးငယ်တယ် ဆိုရင်တောင်မှ အရေအတွက် က တော့ များပြားပါတယ်။ တရုတ်ပြည် တစ်ခုလုံးမှာ အင်မော်တယ် လှိုဏ်ဂူ ၂၃ ခု တည််ရှိပါတယ်။

ဒါပေမဲ့ တစ်ဒါဇင်ကျော်သော နေရာတွေက လွန်ခဲ့တဲ့ နှစ်တစ်ရာ အတွင်း စိတ်ဝိညာဉ်ချီတွေ လျော့ပါးလာခဲ့တယ် ။ အသုံးြုပုမယ် ဆိုရင် စိတ်ဝိညာဉ် ချီရောင်းချတဲ့ ဂိုဏ်း နဲ့ ဆက်သွယ် ရမှာ ဖြစ်တယ်။ ဒါပေမဲ့ ဒီလို စိတ်ဝိညာဉ် ချီတွေ လျော့နည်းနေတဲ့ အင်မော်တယ် ဂူတွေ သူငယ်ချင်းလေး ရူဟန်ကို လက်ဆောင်ပေးရမှာ ဘယ်လို မှ မသင့်တော်လှ ပါဘူး။

ကျင့်ကြံသူတို့ စကားဝိုင်းOpowieści tętniące życiem. Odkryj je teraz