အပိုင်း (၇၀၇)

182 35 0
                                    


#Unicode



ကိုးစီရင်စု ပိုးအိမ် ဂရု။

ကိုးစီရင်စု က များပြားလှတဲ့ စီနီယာ တွေက သူတို့မေးစေ့ကို ပွတ်ပြိး ကြီးမြတ်တဲ့အဖြူ ပိုးအိမ်ဆောက်နေတာကို သေချာ ကြည့်နေကြတယ်။

စီနီုယာအဖြူ က ပိုးအိမ်ဆောက်နေတုန်းမှာ တော်တော်ကြီး ကြည့်ကောင်းလှတယ်။ သူ့ရဲံအမြန်နှုန်းကလည်း ရူဟန် ထက်ပိုပြီး မြန်ဆန်ပါတယ်။ ခဏအတွင်း မှာပဲ ပိုးအိမ်ရဲ့ အခြေခံ အထောက်အပံ့ ပိုးအိမ်မျှင်ကို ပြုလုပ်ပြီးပါပြီ။

အားတက်တရော ဖြစ်နေတဲ့ ကြီးမြတ်တဲ့ အဖြူရဲ့ မျက်နှာကို ကြည့်ပြီး တခြားတာအိုရောင်းရင်းတွေက ဝင်ရောက်ပြီး ပိုးအိမ်ဆောက်ချင်စိတ်တွေ ဖြစ်ပေါ်နေကြတယ်။

ထင်ရှားကျော်ကြားတဲ ့သူ တစ်ယောက် ပြုလုပ်ပြီဆိုရင် လူတိုင်းက လိုက်လံပြုလုပ်ချင်စိတ်တွေ ဖြစ်ပေါ်တတ်ပါတယ်။ ဒါက ထူးဆန်းတဲ့ စိတ်သဘောသဘာဝ ပဲ ဖြစ်တယ်လေ။

ဒီအချိန်မှာပဲ သခင်လေး ဖီးနစ် သတ်ဖြတ်သူ က ရူဟန် ဘေးကို ရောက်လာတယ်။

ဆရာတော်တုံဇတ်၊ ရှေးဟောင်းကန် နဲ့ သခင်လေး ဖီးနစ် သတ်ဖြတ်သူ တို့က ထရွင်ဂန် ကို ကောင်းကောင်း ရိုက်နှက်ပြီး ကြပါပြီ။ ဒါကြောင့် ဒီအချိန်မှာ တော်တော်ကြီး စိတ်ကြည်နေကြတယ်။ ထရွင်ဂန် ကို ရိုက်နှက်ပြီး လို့ ပြန်လာလာချင်း သူငယ်ချင်းလေး ရူဟန် ပိုးအိမ်ဆောက်တာကို လာကြည့်ဖို့ သခင်လေး ဖီးနစ် သတ်ဖြတ်သူ က ဆုံးဖြတ်ခဲ့တာပါ။

"သူငယ်ချင်းလေး ရူုဟန်.. မင်းရဲ့ မိစ္ဆာနဂါး ဆေးကို အလဲအလှယ် လုပ်ချင်လား" သခင်လေး ဖီးနစ် သတ်ဖြတ်သူ က မေးလိုက်တယ်။ သူက လည်း ဒါကို စိတ်ဝင်စားသွားပြိလေ။

သခင်လေး ဖီးနစ် သတ်ဖြတ်သူ နဲ့ အလဲအလှယ်လား။ရူဟန်က ချက်ချင်းပဲ စိတ်လှုပ်ရှားသွားတယ်။ သူက ကျိန်းသေပေါက် အလဲအလှယ်လုပ်ချင်တာပေါ့။

"အင်း.. သေချာတာပေါ့" ရူဟန်က ပြောလိုက်တယ်။

သူမှာ မိစ္ဆာနဂါးဆေး နှစ်ဆယ်ပြွန်တောင် ရှိပါတယ်။ သူက အများကြီး မလိုဘူးလေ။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now