အပိုင်း (၇၄၂)

160 32 0
                                    

#Unicode

မွေးကတည်းက အခွင့်အရေး ဆုံးရှုံးခြင်း။
အစစ်အမှန်နတ်ဘုရား ထာာဝရမီးက မနေနိုင်ဘဲ မေးလိုက်တယ် "မင်းနဲ့ သူတော်စင်ကြီးက ဘယ်လိုသက်ဆိုင်လဲ။ မင်းက သူတော်စင်ကြီးပဲလား။"
သူတော်စင်ကြီးက သူ့ဘာသာ ပြန်အသက်ရှင်နိုင်ဖို့ အသုံပြုခဲ့တဲ့ နည်းလမး်က ဉာဏ်ပညာရေကန်များလား။
ကိုယ်ပိုင် အမတ လမ်းစဉ်ကို ခြေလှမ်းပြီးရင် ကပ်ဘေးလွန် အဆင့်တွေက အင်မော်တယ်တွေ ဖြစ်လာပြီး အဆုံးမဲ့ သက်တမ်းကို ရရှိမှာပါ။
အဆုံးမဲ့သက်တမ်းကို ရရှိပြိးရင် ဒီအင်မော်တယ်တွေက သူတို့အသက် အသက်ပြန်ရှင်နိုင်ဖို့ အကူအညီဖြစ်စေနိုင်တဲ့ နည်းလမ်းတစ်ချို့ကို အကောင်းဆုံး ကြိုးစားချန်ခဲ့ပါတယ်။
ပြီးတော့ အင်မော်တယ် တွေဆိုတာ ကောင်းကင်ဆန္ဒအုပ်စိုးသူ လိုမဟုတ်ပါဘူး။ သူတို့ က ထာဝရရှင်သန်သူတွေ မဟုတ်ဘူး။ အသတ်ခံရရင် သေဆုံးနိုင်တယ်။
ပြန်လည်ရှင်သန်နိ်ုင်တဲ့ နည်းလမ်းတွေ ရှိမယ်ဆိုရင် အင်မော်တယ်တွေ က သူတို့ မတော်တဆ သေဆုံးသွားခဲ့ရင်တောင်မှ ပြန်ရှင်လာနိုင်ပါတယ်။သူတို့က ပြန်လည် ရှင်သန်လာဖို့ဆိုရင် ကြီးမားတဲ့ တန်ကြေးကိုတော့ ပေးဆပ်ဖို့ လိုအပ်ပါသေးတယ်။
ဒါကြောင့် ဉာဏ်ပညာရေကန် က သူတော်စင်ကြီး သူ့ကိုယ်သူ ပြန်လည်ကယ်တင်ဖို့ ချန်ထားခဲ့တဲ့ ရေကန် များလား။
ဉာဏ်ပညာရေကန် က စိတ်လှုပ်ရှားနေတဲ့ အစစ်အမှန် နတ်ဘုရားထာဝရမီးကို ကြည့်ပြိး ခေါင်းခါယမ်းလိုက်တယ် "ငါတောင်းပန်ပါတယ်။ ဒါပေမဲ့ ငါက သူတော်စင်ကြီး မဟုတ်ဘူး။ သူတော်စင်ံြံကီးက ခန္ဓာကိုယ်ရော၊ ဝိညာဉ်ပါ သေဆုံးသွားခဲ့တာ။ ပြန်လည်ရှင်သန် စရာ မျှော်လင့်ချက် မရှိဘူး"
သူတော်စင်ကြီး က ကောင်းကင်ဆန္ဓအုပ်စိုးသူ ဖြစ်ဖို့ နောက်ဆုံးတိုက်ပွဲမှာ တိုက်ခိုက်ရင်း သေဆုံးခဲ့တာပါ။ တစ်ဖက်လူက ကောင်းကင်ဆန္ဒအုပ်စိုးသူ အသစ်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် သူတော်စင် ကြိးက ပြန်လာနိုင်ဖို့ အခွင့်အရေး လုံးဝမရှိနိုင်ပါဘူး။
သူတော်စင်ကြီးဆီမှာ ပြန်လည် ရှင်သန်နိုင်ဖို့ နည်းလမ်း ရှိတာပဲ ဖြစ်ဖြစ်၊ မရှိတာပဲ ဖြစ်ဖြစ် ကိစ္စမရှိပါဘူး။ သူ့ရဲ့ ရန်သူကြီးက ကောင်းကင်ဆန္ဒအုပ်စိုးသူ ဖြစ်လာပြီးနောက် အဲ့နည်းလမ်းတွေ အားလုံးကို ဖျက်ဆိးလိုက်မှာပါ။
အစစ်အမှန်နတ်ဘုရား ထာဝရမီး က နောက်တစ်ကြိမ် စိတ်ပျက်သွားတယ်။ ပြိးနောက် သူက မေးလိုက်တယ် "ဒါဆိုရင် မင်းက ဘာလဲ။ "
"ငါက ဉာဏ်ပညာရေကန်လေ။ သူတော်စင်ကြီး က ဆန်းကျယ်တဲ့ အင်မော်တယ် နဲ့ တိုက်ခိုက်နေတုန်းမှာ ရန်သူရဲ့ အစိတ်အပိုင်း တစ်ခုကို သူ့ရဲ့ သန္ဓေစွမ်းအင် သုံးပြီး ကိုက်လိုက်တယ်။ ငါက ဒီသန္ဓေစွမ်းအင်ကို အသုံးပြုပြိးနောက်မှာ ငါကအထူးရောနှော ဖြစ်တည်လာတဲ့အရာတစ်ခုပဲ။" ဉာဏ်ပညာရေကန် က ပြောလိုက်တယ်။
"ဒါကြောင့် ငါက သူတော်စင်ကြီး သေပြီးမှ ဖန်တီးခဲ့တဲ့အရာလို့ သတ်မှတ်လို့ရတယ်" ဉာဏ်ပညာရေကန် က ထပ်ပြောလိုက်တယ်။
"စိတ်ဝင်စားစရာပဲ" ကြီးမြတ်တဲ့ အဖြူ က ဉာဏ်ပညာရေကန်ကို သေချာ ကြည့်လိုက်တယ်။ ကောင်းကင်ဆန္ဓအုပ်စိုးသူ ရဲ့ အရာတစ်ခုခုကို ကိုက်လိုက်ပြီးတဲ့နောက် သူတော်စင်ကြီးက ဒီရောနှောအရာတစ်ခု ကို ထုတ်လုပ်ခဲ့တယ်။
ကြီးမြတ်တဲ့အဖြူ က သူ့ကို ဒီလိုမျိုးစိုက်ကြည့်နေတာကြောင့် ဉာဏ်ပညာရေကန်က ကြောက်လန့်သွားတယ်။
"ဒါဆိုရင် ဉာဏ်ပညာရေကန်ရေ.. မင်းဘာကြောင့်ဒီနေရာမှာ ရှိနေတာလဲ။ ဘာကြောင့် ငါတို့ကို ဒီနေရာဆီ လမ်းပြခဲ့တာလဲ။" ရူဟန်က မေးလိုက်တယ်။
သူတော်စင်ကြီးရဲ့ အံ့ဖွယ်ဘဝအကြောင်းကို ပြောပြဖို့တော့ ဒီနေရာကို ခေါ်လိုက်တာ မဟုတ်ဘူး မလား။ အဓိက ရည်ရွယ်ချက်က သူတော်စင်ကြီးရဲ့အမွေအနှစ် ဒါမှမဟုတ် တူညီတဲ့ အလားတူ တစ်ခုခုကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။
အစစ်အမှန် နတ်ဘုရား ဖောအောက်နဲ့ အရက်မူး XXX ကျောင်းတော်သား တို့ရဲ့ မျက်လုံးတွေက လင်းလက် သွားတယ်။ သူတော်စင်ကြီး ရဲ့ အမွေသာ ဆိုရင် သူတို့လို အဆင့်ခြောက်တွေကို မပြောနဲ့၊ အဆင့်ခုနှစ်၊ အဆင့်ရှစ် နဲ့ အဆင့်ကိုး ကပ်ဘေးလွန် အဆင့်တွေ တောင်မှ ရူးသွားနိုင်ပါတယ်။ သူတော်စင်ရဲ့ အမွေက အင်မော်တယ်ရဲ့ အမွေပါပဲ။ ဒါတင်မကသေးပါဘူး။ ကောင်းကင် ဆန္ဓအုပ်စိုးသူဖြစ်ဖို့ အရမ်းနီးကပ်ခဲ့တဲ့ အင်မော်တယ်ပါ။
"ငါဒီမှာ တစ်ချိန််လုံးရှိနေခဲ့တဲ့ အကြောင်းအရင်းက သူတော်စင်ကြိးရဲ့ အမွေအနှစ်ကို လွှဲပြောင်းပေးအပ်ချင်လို့ပဲ" ဉာဏ်ပညာရေကန် က ခေါင်းညိတ်ကာ ပြောလိုက်တယ်။
ဒီလိုကိုး..။
ရူဟန် ရဲ့ မျက်လုံး တွေက ချက်ချင်းပဲ တောက်ပသွားတယ်။ ကျောင်းတော်သား ဝတ်စုံကို ဝတ်ဆင်ထားတဲ့ သူတစ်ယောက်ရဲ ပုံသဏ္ဍာန် က ဒီကမ္ဘာကြီး ရဲ့ အပြင်ဘက်က လူတစ်ယောက်လို ကြည့်ကောင်းလှတယ်။ ဒီပုံစံ က ရူဟန် ရဲ့ စံပြကျင့်ကြံသူ ပုံစံမျိးပါ။ ဒါပေမဲ့ သူက စတင်လေ့ကျင့်ချိန်မှာတော့ ရရှိခဲ့တဲ့ နည်းစနစ်တွေက ဗုဒ္ဓလက်သီးနည်းစနစ် ပဲဖြစ်ပါတယ်။ ဒါကြောင့် သူက ကျောင်းတော်သား နည်းစနစ် နဲ့ ပတ်သက်တာတွေကို ရှာချင်နေတယ်။
သူတော်စင်ကြီးဆီက အမွေအနှစ်ကို ရဖို့ ဆိုရင် သူသေချာပေါက် ကြိုးစားကြည့်မှာပါ။
ရူဟန်က မေးလိုက်တယ် "ငါတို့က သူတော်စင်ကြီးရဲ့ အမွေကို ဘယ်လိုရနိုင်မလဲ"
"သူတော်စင်ကြီးရဲ့ အမွေ ကို ရဖို့ မလွယ်ဘူး။" ဉာဏ်ပညာရေကန် က ခပ်တည်တည် အမူအရာ နဲ့ ပြောလိုက်တယ်။
အနားမှာ ရှိတဲ့ အစစ်အမှန် နတ်ဘုရား ထာဝရမီးက စိတ်အားထက်သန်စွာ နဲ့ ပြောလိုက်တယ် "ငါတို့က သူတော်စင်ကြီးရဲ့ အမွေကို ဘယ်လို ရနိုင်မလဲ ဆိုတာကို မေးချင်တယ်"
"ဒီလိုဆိုရင် သေချာနားထောင်" ဉာဏ်ပညာရေကန် က ခပ်မတ်မတ် ထိုင်လိုက်တယ်။ ပြီးနောက် တည်ကြည်စွာ နဲ့ ပြောလိုက်တယ် "ပထမဆုံးအနေနဲ့ မေးခွန်းတစ်ခု မေးချင်တယ်။ မင်းမွေးလာတဲ့ နေ့မှာ ထူးဆန်းတာတွေ ဖြစ်လား။ ဥပမာ . မင်္ဂလာနမိတ်တွေ ပြတာတို့၊ မင်းမွေးတဲ့အခန်းတစ်ခုလုံးက လင်းထိန်သွားတာတို့၊ အနည်းဆုံး နဂါးတွေက မင်းကို ဝိုင်းပတ်ပြီး ကတာတို့လေ"
"......" ရူဟန်။
ဉာဏ်ပညာရေကန် ဆီက ဒီစကာကို ကြားတော့ သူက ချက်ချင်းပဲ မကောင်းတဲ့ခံစားချက်ကို ရရှိသွားတယ်။ သူတော်စင်ကြီးဆီက အမွေကို ရဖို့ ဒီလိုအချက်အလက်တွေ ရှိရမှာလား.။
အနားမှာရှိတဲ့ အစစ်အမှန်နတ်ဘုရား ထာဝရမီးက ခေါင်းခါလိုက်တယ်။ သူမွေးတုန်းက အဲလိုမျိုးတွေ မဖြစ်ခဲ့ပါဘူး။ တကယ်တော့ ကျင့်ကြံခြင်း လောက တစ်ခုလုံးမှာလည်း ဒီလို အခြေအနေနဲ့ မွေးဖွားလာသူ ဆိုတာ တော်တော်ရှားပါလိမ့်မယ်။
ဖောအောက်ကလည်း ခေါင်းခါလိုက်တယ်။
အရက်မူး လူး ကျောင်းတော်သားကလည်း ခေါင်းခါ လိုက်တယ်။
ပြိးနောက် သူတို့က အမှတ်မထင် ကြီးမြတ်တဲ့ အဖြူကို ကြည့်လိုက်ကြတယ်။ ဒီလို ထူးဆန်းတဲ့ အခြေအနေတွေ နဲ့ မွေးဖွားလာသူဆိုရင် အနီးစပ်ဆုံးဖြစ်နိုင်ချေ က ကြီးမြတ်တဲ့အဖြူ ပဲ ဖြစ်ပါလိမ့်မယ်။
ဒါပေမဲ့ ကြီးမြတ်တဲ့ အဖြူ က ခေါင်းခါလိုက်တယ် "ငါမွေးတုန်းက ဘယ်လိုဖြစ်တယ် ဆိုတာ ငါမသိဘူး။ ငါက မိဘမဲ့ပဲ။ ငါ့မိဘတွေကို မတွေ့ဖူးဘူး။ ငါမှတ်မိသလောက် ငါက တစ်ယောက်တည်းပဲ"
"ဒါဘယ်လိုဖြစ်နိုင်မှာလဲ" ရူဟန်က တုန်လှုပ်သွားတယ်။
ထာဝရမီး၊ ဖောအောက် နဲ့ အရက်မူး လူး ကျောင်းတော်သား တို့ကလည်း ဒီလိုပဲ အံသြသွားကြတယ်။
ဘယ်လို နှလုံးသားမဲ့တဲ့ မိဘမျိုးက ကြီးမြတ်တဲ့အဖြူ ကို စွန့်ပစ်ခဲ့တာလဲ။ ဘယ်လို မျက်စိမရှိလို့ သူ့ကို စွန့်ပစ်ခဲ့ရတာလဲ။
ကြီးမြတ်တဲ့ အဖြူဆိုတာ လာဘ်ကောင်လေ။ သူသာ အိမ်ထဲမှာ ရှိနေရင် ပိုက်ဆံတွေက နေရာအနှံ့ကနေ အလိုလို ရောက်လာပါလိမ့်မယ်။ ပြီးတော့ ကောင်းမွန်တဲ့အရာတွေကြီးပဲ ဖြစ်ပေါ်မှာပါ။ သူကို ဖက်ပြီး လမ်းလျှောက်မယ် ဆိုရင်တောင်မှ သဘာဝ ရတနာတွေကို တက်နင်းမိနိုင်ပါတယ်။
တကယ်ပဲ .. နေအုန်း ..
ရူဟန်က ရုတ်တရက် တစ်စုံတစ်ခု ကို တွေးလိုက်မိတယ်။
ကြီးမြတ်တဲ့ အဖြူ ရဲ့ ကံက အခြေအနေ တစ်ခှရှိပါတယ်။ သူရဲ့ ကံက သူနဲ့ နီးတဲ့ သေမျိုးတွေကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။
ဥပမာအားဖြင့် တောင်ဝါကြီးက ကြိးမြတ်တဲ့ အဖြူ နဲ့ တူတူ လမ်းလျှောက်သွားနေတုန်း ကောင်းကင်ပေါ်က ဥက္ကာခဲက ပြုတ်ကျလာပါတယ်။ အရှောင်မြန်လို့ ဘာမှမဖြစ်ခဲ့တာပါ။ ပြိနောက် ကြီးမြတ်တဲ့ အဖြူက ဥက္ကာခဲကို ခွဲလိုက်တော့ ကျင့်ကြံခြင်း ကမ္ဘာက ရှားပါးတဲ့ သတ္တုတစ်မျိုး တွေ့ရှိခဲ့တာကြောင့် သူက တောင်ဝါကြီးကို တစ်ဝက်ခွဲပေးဖူးပါတယ်။
ပြောရမယ် ဆိုရင် ကြီးမြတ်တဲ့ အဖြူ ရဲ့ ကံတရားဆီက အကျိုးအမြတ်ရချင်တယ် ဆိုရင် အရင်ဆုံး အသက်ရှင်သန်ဖို့ လိုပါတယ်။
ဒီအချိန်မှာပဲ ဉာဏ်ပညာရေကန် က သက်ပြင်းချပြီး ပြောလိုက်တယ် "ကြည့်ရတာ မင်းတို့ မွေးတဲ့အချိန်မှာ ထူးဆန်းတာ ဘာမှမဖြစ်ဘူးနဲ့ တူတယ်။ဒါက နောင်တရစရာပဲ။ ဒါပေမဲ့ မင်းတို့က သူတော်စင်ကြီးရဲ့ အမွေကို ရဖို့ အရည်အချင်း မပြည့်မှီဘူး။"
သူတော်စင်ကြီး ရဲ့ အမွေကို ရဖို့ ဆိုရင် မွေးတဲ့ အချိ်န်မှာ ထူးဆနး်တာ တစ်ခုခု ဖြစ်ခဲ့ဖို့ လိုပါတယ်။
"........." ရူဟန်။
"............" အစစ်အမှန် နတ်ဘုရား သုံးယောက်။
"......" ကြီးမြတ်တဲ့ အဖြူ။
ချီးတဲ့မှ.. တကယ်ဒီလိုကြီးလား။
ငါတို့က မွေးကတည်းက အခွင့်အရေး ဆုံးရှုံးခဲ့တယ်လို့ ပြောရမယ်။
❄️❄️❄️
ခဏလောက် ကြာတော ့ကြိးမြတ်တဲ့ အဖြူ က ရယ်ကာ ပြောလိုက်တယ် "အတိုချုပ်ရရင် ငါတို့က ဒီကို ခက်ခက်ခဲခဲ နဲ့ လာရပြီး ဘာတစ်ခုမှ မရဘူးပေါ့"
"ဒီလိုပဲပေါ့" ဖောအောက် က ပြန်ပြောလိုက်တယ်။
အရက်မူး လူး ကျောင်းတော်သားက ခံစားချက် အပြည့်နဲ့ သက်ပြင်းချလိုက်တယ် "ဒါက ကံမကောင်းတာပဲ။ သူတော်စင်ရဲ့ အမွေက မျက်စိရှေ့ကို ရောက်ခဲ့ပေမဲ့ မရခဲ့ဘူး။"
"ငါနဲ့ ကျောင်းတော်သား နည်းစနစ် ရဲ့ ကြားမှာ ရေစက် မရှိဘူးလို့ပဲ သတ်မှတ်ရမယ်။" ရူဟန်က သက်ပြင်းချလိုက်တယ်။
ထာဝရမီး က လက်နှစ်ဖက် နောက်ပစ်ပြီး ဥိးနှောက်ကို အမြန်ဆုံး အလုပ်ပေးလိုက်တယ်။ သူ့ရဲ့ တပည့်တွေထဲမှာ မွေးတုန်း ထူးဆနး်တဲ့ အရာတွေဖြစ်ခဲ့တဲ့သူ ရှိလားဆိုတာ စဉ်းစားလိုက်တယ်။
တစ်ချိန်တည်းမှာပဲ တပည့်တွေ တွေကို အိမ်ထောင်ချပေးပြိး ကလေးတစ်ယောက်၊ နှစ်ယောက် လောက် အရင်မွေးခိုင်း ရမယ်။ အဲ့ထဲကမှ တစ်ချို့ကလေးတွေက မွေးဖွားတုန်း ထူးဆန်းတဲ့ အဖြစ်အပျက် နဲ့ မွေးဖွားလာသူ တွေ ဖြစ်နိုင်တယ်လေ။
အားလုံးက စိတ်ပျက်လက်ပျက် နဲ့ နောင်တ ရနေကြတယ်။ ကြီးမြတ်တဲ့ အဖြူက ပြောလိုက်တယ် "ငါတို့က ဘာမှမရဘူးဆိုမှတော့ ဒီဉာဏ်ပညာရေကန် ကို နည်းနည်းလောက် လေ့လာကြမယ်။"
တကယ်တော့ စိနီယာ အဖြူ က သူတော်စင်ရဲ့ အမွေကို စိတ််မဝင်စားပါဘူး။ ပြီးတော့ သူ့ဆီမှာ ကျင့်ကြံခြင်း နည်းစနစ် တွေ ၊ မှော်နည်းစနစ်၊ သိုင်းနည်းစနစ် တွေ အများကြီး ရှိပါတယ်။ တစ်ချို့ကို ကိုယ်တိုင်တီထွင်ထားတာ ဖြစ်ပြီး.. တစ်ချို့ကိုတော့ အလဲအလှယ်ပြုလုပ်ခဲ့တာပါ။ တစ်ချို့ကိုတော့ စွန့်စားသွားလာခဲ့တုန်းက ရှာတွေ့ခဲ့တာ ဖြစ်ပြီး တစ်ချိုကိုတော့ သေအံ့ဆဲဆဲ ဖြစ်နေတဲ့ ကျင့်ကြံသူအိုကြီးတွေက အတင်းလက်ထဲ ထိုးပေးခဲ့တာပါ။
သူကိုယ်တိုင်တောင်မှ မလေ့ကျင့်နိုင်တဲ့ အထိ သူ့ဆီမှာ များပြားတဲ့ နည်းစနစ်တွေ ရှိနေပါတယ်။ ဒါကြောင့် သူတော်စင်ကြီး ဆီက အမွေရရ၊ မရရ ကိစ္စမရှိပါဘူး။
နှိုင်းယှဉ်ရမယ်ဆိုရင် ဉာဏ်ပညာရေကန်ကမှ ပိုပြီး စိတ်ဝင်စားစရာ ကောင်းပါသေးတယ်။
ဒါက ကောင်းကင်ဆန္ဓအုပ်စိုးသူ နဲ့ ပတ်သက်တဲ့ အရာတစ်ခုပါ။ သွေးသားနဲ့ လုပ်ထားတာလား။ ဝိညာဉ် လို အရာမျိုး နဲ့ လုပ်ထားတာလား။ ဒါမှမဟုတ် သန့်စင်တဲ့ စွမ်းအင်တွေ နဲ့ ပြုလုပ်ထားတာလာ။
ဒါကြောင့် ကြီးမြတ်တဲ့အဖြူ က ဖြည်းဖြည်းချင်း ဉာဏ်ပညာရေကန်ဆီကို ဦးတည်လိုက်တယ်။
"မင်းဘာလုပ်ချင်တာလဲ။ မလာနဲ့နော်။ မင်းက အဆင့်ခုနှစ် ကြီးမြတ်သူ ဆိုရ့င်တောင်မှ ငါ့ကို လာထိရင် လွင့်သွားလိမ့်မယ်။ ငါက အထူးတည်ရှိမှု တစ်ခုပဲ။ ဒါကြောင့် ကိုယ့်ဒုက္ခကိုယ်မရှာနဲ့" ဉာဏ်ပညာ ရေကန်က သတိပေးလိုက်တယ်။
ကြီးမြတ်တဲ့ အဖြူ က ပြုံးရင်း အနားကို တိုးသွားတယ်။
မြင်ကွင်းက ရယ်စရာပါပဲ။
ရူဟန်က အသံတိုးတိုး နဲ့ ပြောလို်က်တယ် "စီနီယာ အဖြူ ဉာဏ်ပညာရေကန် ကို တစစီ မလုပ်ဖို့ မျှော်လင့်ရမှာပဲ။ စိနီယာ အဖြူက ပစ္စည်းတွေကို ဖြုတ်တာ အရမ်းတော်တယ်။ ဒါပေမဲ့ ပြန်တပ်တာတော့ တော်တော်ကြီး ညံ့တယ်။"
"နေပါအုန်း.. သူငယ်ချင်းလေး. မင်းခုန က ဘာပြောလိုက်တာလဲ။" ဉာဏ်ပညာရေကန်က အကြားအာရုံကောင်းမွန်ပုံ ပေါ်တယ်။ရူဟန်က အသံတိုးတိုး နဲ့ ပြောတာကို သူက ကောင်းကောင်း ကြားရပါတယ်။ "မင်းငါ့ကို တစစီဖြုတ်မလို့လား"
ကြီးမြတ်တဲ့အဖြူက ရုူဟန်ကို ကြည့်လိုက်တယ်။ ပြီးနောက် ဉာဏ်ပညာရေကန် ကို နှစ်သိမ့်လိုက်တယ် "မဟုတ်ဘူး။ ငါက မင်းကို တစစီဖြုတ်လိုစိတ် မရှိဘူး။ ပြီးတော့ မင်းက သက်ရှိအရာလေ။ လျှပ်စစ်ပစ္စည်းမှ မဟုတ်တာ။ ငါကနည်းနည်း လေ့လာရုံပဲ။ မင်းကို မထိခိုက်စေရဘူး"
"ငါငြင်းတယ်" ဉာဏ်ပညာရေကန် က အလန့်တကြား ထအော်လိုက်တယ်။ "မင်းထပ်တိုးလာရင် ငါက မင်းလွင့်သွားအောင် လုပ်လိုက်မယ်နော်"
ဒီကြီးမြတ်သူ က နည်းနည်း ထူးဆန်းနေတယ်လို့ ဉာဏ်ပညာရေကန် ကို ခံစားမိနေတယ်။ သူ့ခန္ဓာကိုယ်ကနေ တည်နေရာစွမ်းအင်တွေ ထွက်ပေါ်နေတာကို ခံစားမိတယ်။
ဒီလူက အဆင့်ခုနှစ် ကြီးမြတ်သူ အဆင့်နဲ့ တည်နေရာစွမ်းအင်ကို အသုံးပြုနိုင်တာလား။ ဘာကြောင့်လဲ ဆိုတော့ ဒီလူက တည်နေရာကို စွမ်းအင်ကို အသုံးပြုနိုင်ပြိဆိုရင် သူ့ကို ထိကိုင်လို့ရပါပြီ။
သူတွေးနေတုန်းမှာပဲ ကြီးမြတ်တဲ့ အဖြူရဲ့ လက်နားမှာ တည်နေရာစွမ်းအင်တွေ လှုပ်ရှားလာတယ်။
ချီးတဲ့မှ ... ဒါ ဘယ်လိုလူသားလဲ။ အဆင့်ခုနှစ် ကြီးမြတ်သူ အဆင့်နဲ့ တည်နေရာစွမ်းအား ကို အသုံးပြုနိုင်တယ်။
ဉာဏ်ပညာရေကန် က တုန်လှုပ်သွားတယ်။ ပြိးနောက် သူက တစ်စုံတစ်ခုကို သတိရသွားသလို ပြောလိုက်တယ် "စိတ်ရှည်ရှည် ထားပါအုန်း။ မင်းတို့က သူတော်စင်ကြီးရဲ့ အမွေကို လက်ခံလို့မရပေမဲ့ ငါပေးလို့ရတာတော့ ရှိသေးတယ်။
"ဘာအရာလဲ" ထာဝရမီးက ချက်ချင်းပဲ မေးလိုက်တယ်။
"သူတော်စင်ကြီးရဲ့ မိန့်ခွန်းကို မင်းတို့ဖို့ ပြန်လွွှင့်ပေးမယ်။ ထပ်ပြောရရင် မင်းတို့က ငါ့ဆီကနေ မှော်နည်းစနစ် ဒါမှမဟုတ် လျှို့ဝှက်နည်းစနစ် တစ်ခုကို သင်ယူနိုင်တယ်။" ဉာဏ်ပညာရေကန် က မြန်မြန်ပဲ ပြောလိုက်တယ်။

#Zawgyi
အပိုင္း (၇၄၂) ေမြးကတည္းက အခြင့္အေရး ဆံုးရံႈးျခင္း။
အစစ္အမွန္နတ္ဘုရား ထာာဝရမီးက မေနႏိုင္ဘဲ ေမးလိုက္တယ္ "မင္းနဲ႔ သူေတာ္စင္ႀကီးက ဘယ္လိုသက္ဆိုင္လဲ။ မင္းက သူေတာ္စင္ႀကီးပဲလား။"
သူေတာ္စင္ႀကီးက သူ႔ဘာသာ ျပန္အသက္ရွင္ႏိုင္ဖို႔ အသံုျပဳခဲ့တဲ့ နည္းလမး္က ဥာဏ္ပညာေရကန္မ်ားလား။
ကိုယ္ပိုင္ အမတ လမ္းစဥ္ကို ေျခလွမ္းၿပီးရင္ ကပ္ေဘးလြန္ အဆင့္ေတြက အင္ေမာ္တယ္ေတြ ျဖစ္လာၿပီး အဆုံးမဲ့ သက္တမ္းကို ရရွိမွာပါ။
အဆုံးမဲ့သက္တမ္းကို ရရွိၿပိးရင္ ဒီအင္ေမာ္တယ္ေတြက သူတို႔အသက္ အသက္ျပန္ရွင္ႏိုင္ဖို႔ အကူအညီျဖစ္ေစႏိုင္တဲ့ နည္းလမ္းတစ္ခ်ိဳ႕ကို အေကာင္းဆံုး ႀကိဳးစားခ်န္ခဲ့ပါတယ္။
ၿပီးေတာ့ အင္ေမာ္တယ္ ေတြဆိုတာ ေကာင္းကင္ဆႏၵအုပ္စိုးသူ လိုမဟုတ္ပါဘူး။ သူတို႔ က ထာဝရရွင္သန္သူေတြ မဟုတ္ဘူး။ အသတ္ခံရရင္ ေသဆံုးႏုိင္တယ္။
ျပန္လည္ရွင္သန္ႏိ္ုင္တဲ့ နည္းလမ္းေတြ ရွိမယ္ဆိုရင္ အင္ေမာ္တယ္ေတြ က သူတို႔ မေတာ္တဆ ေသဆံုးသြားခဲ့ရင္ေတာင္မွ ျပန္ရွင္လာႏိုင္ပါတယ္။သူတုိ႔က ျပန္လည္ ရွင္သန္လာဖို႔ဆိုရင္ ႀကီးမားတဲ့ တန္ေၾကးကိုေတာ့ ေပးဆပ္ဖို႔ လိုအပ္ပါေသးတယ္။
ဒါေၾကာင့္ ဥာဏ္ပညာေရကန္ က သူေတာ္စင္ႀကီး သူ႔ကိုယ္သူ ျပန္လည္ကယ္တင္ဖို႔ ခ်န္ထားခဲ့တဲ့ ေရကန္ မ်ားလား။
ဥာဏ္ပညာေရကန္ က စိတ္လွဳပ္ရွားေနတဲ့ အစစ္အမွန္ နတ္ဘုရားထာဝရမီးကို ၾကည့္ၿပိး ေခါင္းခါယမ္းလိုက္တယ္ "ငါေတာင္းပန္ပါတယ္။ ဒါေပမဲ့ ငါက သူေတာ္စင္ႀကီး မဟုတ္ဘူး။ သူေတာ္စင္ံႀံကီးက ခႏၶာကိုယ္ေရာ၊ ဝိညာဥ္ပါ ေသဆံုးသြားခဲ့တာ။ ျပန္လည္ရွင္သန္ စရာ ေမွ်ာ္လင့္ခ်က္ မရွိဘူး"
သူေတာ္စင္ႀကီး က ေကာင္းကင္ဆႏၶအုပ္စိုးသူ ျဖစ္ဖို႔ ေနာက္ဆံုးတိုက္ပြဲမွာ တိုက္ခိုက္ရင္း ေသဆံုးခဲ့တာပါ။ တစ္ဖက္လူက ေကာင္းကင္ဆႏၵအုပ္စိုးသူ အသစ္ျဖစ္ခဲ့ပါတယ္။ ဒါေၾကာင့္ သူေတာ္စင္ ႀကိးက ျပန္လာႏိုင္ဖို႔ အခြင့္အေရး လုံးဝမရွိႏိုင္ပါဘူး။
သူေတာ္စင္ႀကီးဆီမွာ ျပန္လည္ ရွင္သန္ႏိုင္ဖို႔ နည္းလမ္း ရွိတာပဲ ျဖစ္ျဖစ္၊ မရွိတာပဲ ျဖစ္ျဖစ္ ကိစၥမရွိပါဘူး။ သူ႔ရဲ့ ရန္သူႀကီးက ေကာင္းကင္ဆႏၵအုပ္စိုးသူ ျဖစ္လာၿပီးေနာက္ အဲ့နည္းလမ္းေတြ အားလံုးကို ဖ်က္ဆိးလိုက္မွာပါ။
အစစ္အမွန္နတ္ဘုရား ထာဝရမီး က ေနာက္တစ္ႀကိမ္ စိတ္ပ်က္သြားတယ္။ ၿပိးေနာက္ သူက ေမးလိုက္တယ္ "ဒါဆိုရင္ မင္းက ဘာလဲ။ "
"ငါက ဥာဏ္ပညာေရကန္ေလ။ သူေတာ္စင္ႀကီး က ဆန္းက်ယ္တဲ့ အင္ေမာ္တယ္ နဲ႔ တိုက္ခိုက္ေနတုန္းမွာ ရန္သူရဲ့ အစိတ္အပိုင္း တစ္ခုကို သူ႔ရဲ့ သေႏၶစြမ္းအင္ သံုးၿပီး ကိုက္လိုက္တယ္။ ငါက ဒီသေႏၶစြမ္းအင္ကို အသံုးျပဳၿပိးေနာက္မွာ ငါကအထူးေရာေႏွာ ျဖစ္တည္လာတဲ့အရာတစ္ခုပဲ။" ဥာဏ္ပညာေရကန္ က ေျပာလိုက္တယ္။
"ဒါေၾကာင့္ ငါက သူေတာ္စင္ႀကီး ေသၿပီးမွ ဖန္တီးခဲ့တဲ့အရာလို႔ သတ္မွတ္လို႔ရတယ္" ဥာဏ္ပညာေရကန္ က ထပ္ေျပာလိုက္တယ္။
"စိတ္ဝင္စားစရာပဲ" ႀကီးျမတ္တဲ့ အျဖဴ က ဥာဏ္ပညာေရကန္ကို ေသခ်ာ ၾကည့္လိုက္တယ္။ ေကာင္းကင္ဆႏၶအုပ္စိုးသူ ရဲ့ အရာတစ္ခုခုကို ကိုက္လိုက္ၿပီးတဲ့ေနာက္ သူေတာ္စင္ႀကီးက ဒီေရာေႏွာအရာတစ္ခု ကို ထုတ္လုပ္ခဲ့တယ္။
ႀကီးျမတ္တဲ့အျဖဴ က သူ႔ကို ဒီလိုမ်ိဳးစိုက္ၾကည့္ေနတာေၾကာင့္ ဥာဏ္ပညာေရကန္က ေၾကာက္လန္႔သြားတယ္။
"ဒါဆိုရင္ ဥာဏ္ပညာေရကန္ေရ.. မင္းဘာေၾကာင့္ဒီေနရာမွာ ရွိေနတာလဲ။ ဘာေၾကာင့္ ငါတို႔ကို ဒီေနရာဆီ လမ္းျပခဲ့တာလဲ။" ရူဟန္က ေမးလိုက္တယ္။
သူေတာ္စင္ႀကီးရဲ့ အံ့ဖြယ္ဘဝအေၾကာင္းကို ေျပာျပဖို႔ေတာ့ ဒီေနရာကို ေခၚလိုက္တာ မဟုတ္ဘူး မလား။ အဓိက ရည္ရြယ္ခ်က္က သူေတာ္စင္ႀကီးရဲ့အေမြအႏွစ္ ဒါမွမဟုတ္ တူညီတဲ့ အလားတူ တစ္ခုခုေၾကာင့္ပဲ ျဖစ္ပါလိမ့္မယ္။
အစစ္အမွန္ နတ္ဘုရား ေဖာေအာက္နဲ႔ အရက္မူး XXX ေက်ာင္းေတာ္သား တို႔ရဲ့ မ်က္လံုးေတြက လင္းလက္ သြားတယ္။ သူေတာ္စင္ႀကီး ရဲ့ အေမြသာ ဆိုရင္ သူတို႔လို အဆင့္ေျခာက္ေတြကို မေျပာနဲ႔၊ အဆင့္ခုႏွစ္၊ အဆင့္ရွစ္ နဲ႔ အဆင့္ကိုး ကပ္ေဘးလြန္ အဆင့္ေတြ ေတာင္မွ ရူးသြားႏိုင္ပါတယ္။ သူေတာ္စင္ရဲ့ အေမြက အင္ေမာ္တယ္ရဲ့ အေမြပါပဲ။ ဒါတင္မကေသးပါဘူး။ ေကာင္းကင္ ဆႏၶအုပ္စိုးသူျဖစ္ဖို႔ အရမ္းနီးကပ္ခဲ့တဲ့ အင္ေမာ္တယ္ပါ။
"ငါဒီမွာ တစ္ခ်ိန္္လံုးရွိေနခဲ့တဲ့ အေၾကာင္းအရင္းက သူေတာ္စင္ႀကိးရဲ့ အေမြအႏွစ္ကို လႊဲေျပာင္းေပးအပ္ခ်င္လို႔ပဲ" ဥာဏ္ပညာေရကန္ က ေခါင္းညိတ္ကာ ေျပာလိုက္တယ္။
ဒီလိုကိုး..။
ရူဟန္ ရဲ့ မ်က္လံုး ေတြက ခ်က္ခ်င္းပဲ ေတာက္ပသြားတယ္။ ေက်ာင္းေတာ္သား ဝတ္စံုကို ဝတ္ဆင္ထားတဲ့ သူတစ္ေယာက္ရဲ ပံုသ႑ာန္ က ဒီကမၻာႀကီး ရဲ့ အျပင္ဘက္က လူတစ္ေယာက္လို ၾကည့္ေကာင္းလွတယ္။ ဒီပံုစံ က ရူဟန္ ရဲ့ စံျပက်င့္ႀကံသူ ပံုစံမ်ိးပါ။ ဒါေပမဲ့ သူက စတင္ေလ့က်င့္ခ်ိန္မွာေတာ့ ရရွိခဲ့တဲ့ နည္းစနစ္ေတြက ဗုဒၶလက္သီးနည္းစနစ္ ပဲျဖစ္ပါတယ္။ ဒါေၾကာင့္ သူက ေက်ာင္းေတာ္သား နည္းစနစ္ နဲ႔ ပတ္သက္တာေတြကို ရွာခ်င္ေနတယ္။
သူေတာ္စင္ႀကီးဆီက အေမြအႏွစ္ကို ရဖို႔ ဆိုရင္ သူေသခ်ာေပါက္ ႀကိဳးစားၾကည့္မွာပါ။
ရူဟန္က ေမးလိုက္တယ္ "ငါတို႔က သူေတာ္စင္ႀကီးရဲ့ အေမြကို ဘယ္လိုရႏုိင္မလဲ"
"သူေတာ္စင္ႀကီးရဲ့ အေမြ ကို ရဖို႔ မလြယ္ဘူး။" ဥာဏ္ပညာေရကန္ က ခပ္တည္တည္ အမူအရာ နဲ႔ ေျပာလုိက္တယ္။
အနားမွာ ရွိတဲ့ အစစ္အမွန္ နတ္ဘုရား ထာဝရမီးက စိတ္အားထက္သန္စြာ နဲ႔ ေျပာလိုက္တယ္ "ငါတို႔က သူေတာ္စင္ႀကီးရဲ့ အေမြကို ဘယ္လို ရႏုိင္မလဲ ဆိုတာကို ေမးခ်င္တယ္"
"ဒီလိုဆိုရင္ ေသခ်ာနားေထာင္" ဥာဏ္ပညာေရကန္ က ခပ္မတ္မတ္ ထိုင္လိုက္တယ္။ ၿပီးေနာက္ တည္ၾကည္စြာ နဲ႔ ေျပာလိုက္တယ္ "ပထမဆံုးအေနနဲ႔ ေမးခြန္းတစ္ခု ေမးခ်င္တယ္။ မင္းေမြးလာတဲ့ ေန႔မွာ ထူးဆန္းတာေတြ ျဖစ္လား။ ဥပမာ . မဂၤလာနမိတ္ေတြ ျပတာတို႔၊ မင္းေမြးတဲ့အခန္းတစ္ခုလံုးက လင္းထိန္သြားတာတို႔၊ အနည္းဆံုး နဂါးေတြက မင္းကို ဝိုင္းပတ္ၿပီး ကတာတို႔ေလ"
"......" ရူဟန္။
ဥာဏ္ပညာေရကန္ ဆီက ဒီစကာကို ၾကားေတာ့ သူက ခ်က္ခ်င္းပဲ မေကာင္းတဲ့ခံစားခ်က္ကို ရရွိသြားတယ္။ သူေတာ္စင္ႀကီးဆီက အေမြကို ရဖို႔ ဒီလိုအခ်က္အလက္ေတြ ရွိရမွာလား.။
အနားမွာရွိတဲ့ အစစ္အမွန္နတ္ဘုရား ထာဝရမီးက ေခါင္းခါလိုက္တယ္။ သူေမြးတုန္းက အဲလိုမ်ိဳးေတြ မျဖစ္ခဲ့ပါဘူး။ တကယ္ေတာ့ က်င့္ႀကံျခင္း ေလာက တစ္ခုလံုးမွာလည္း ဒီလို အေျခအေနနဲ႔ ေမြးဖြားလာသူ ဆိုတာ ေတာ္ေတာ္ရွားပါလိမ့္မယ္။
ေဖာေအာက္ကလည္း ေခါင္းခါလိုက္တယ္။
အရက္မူး လူး ေက်ာင္းေတာ္သားကလည္း ေခါင္းခါ လိုက္တယ္။
ၿပိးေနာက္ သူတို႔က အမွတ္မထင္ ႀကီးျမတ္တဲ့ အျဖဴကို ၾကည့္လိုက္ၾကတယ္။ ဒီလို ထူးဆန္းတဲ့ အေျခအေနေတြ နဲ႔ ေမြးဖြားလာသူဆိုရင္ အနီးစပ္ဆံုးျဖစ္နိုင္ေခ် က ႀကီးျမတ္တဲ့အျဖဴ ပဲ ျဖစ္ပါလိမ့္မယ္။
ဒါေပမဲ့ ႀကီးျမတ္တဲ့ အျဖဴ က ေခါင္းခါလိုက္တယ္ "ငါေမြးတုန္းက ဘယ္လိုျဖစ္တယ္ ဆိုတာ ငါမသိဘူး။ ငါက မိဘမဲ့ပဲ။ ငါ့မိဘေတြကို မေတြ႔ဖူးဘူး။ ငါမွတ္မိသေလာက္ ငါက တစ္ေယာက္တည္းပဲ"
"ဒါဘယ္လိုျဖစ္ႏိုင္မွာလဲ" ရူဟန္က တုန္လွဳပ္သြားတယ္။
ထာဝရမီး၊ ေဖာေအာက္ နဲ႔ အရက္မူး လူး ေက်ာင္းေတာ္သား တို႔ကလည္း ဒီလိုပဲ အံၾသသြားၾကတယ္။
ဘယ္လို ႏွလံုးသားမဲ့တဲ့ မိဘမ်ိဳးက ႀကီးျမတ္တဲ့အျဖဴ ကို စြန္႔ပစ္ခဲ့တာလဲ။ ဘယ္လို မ်က္စိမရွိလို႔ သူ႔ကို စြန္႔ပစ္ခဲ့ရတာလဲ။
ႀကီးျမတ္တဲ့ အျဖဴဆိုတာ လာဘ္ေကာင္ေလ။ သူသာ အိမ္ထဲမွာ ရွိေနရင္ ပိုက္ဆံေတြက ေနရာအႏွံ႔ကေန အလိုလို ေရာက္လာပါလိမ့္မယ္။ ၿပီးေတာ့ ေကာင္းမြန္တဲ့အရာေတြႀကီးပဲ ျဖစ္ေပၚမွာပါ။ သူကို ဖက္ၿပီး လမ္းေလွ်ာက္မယ္ ဆိုရင္ေတာင္မွ သဘာဝ ရတနာေတြကို တက္နင္းမိနိုင္ပါတယ္။
တကယ္ပဲ .. ေနအုန္း ..
ရူဟန္က ရုတ္တရက္ တစ္စံုတစ္ခု ကို ေတြးလိုက္မိတယ္။
ႀကီးျမတ္တဲ့ အျဖဴ ရဲ့ ကံက အေျခအေန တစ္ခွရွိပါတယ္။ သူရဲ့ ကံက သူနဲ႔ နီးတဲ့ ေသမ်ိဳးေတြကို အႏၱရာယ္ျဖစ္ေစႏိုင္ပါတယ္။
ဥပမာအားျဖင့္ ေတာင္ဝါႀကီးက ႀကိးျမတ္တဲ့ အျဖဴ နဲ႔ တူတူ လမ္းေလွ်ာက္သြားေနတုန္း ေကာင္းကင္ေပၚက ဥကၠာခဲက ျပဳတ္က်လာပါတယ္။ အေရွာင္ျမန္လို႔ ဘာမွမျဖစ္ခဲ့တာပါ။ ၿပိေနာက္ ႀကီးျမတ္တဲ့ အျဖဴက ဥကၠာခဲကို ခြဲလိုက္ေတာ့ က်င့္ႀကံျခင္း ကမၻာက ရွားပါးတဲ့ သတၱဳတစ္မ်ိဳး ေတြ႔ရွိခဲ့တာေၾကာင့္ သူက ေတာင္ဝါႀကီးကို တစ္ဝက္ခြဲေပးဖူးပါတယ္။
ေျပာရမယ္ ဆိုရင္ ႀကီးျမတ္တဲ့ အျဖဴ ရဲ့ ကံတရားဆီက အက်ိဳးအျမတ္ရခ်င္တယ္ ဆိုရင္ အရင္ဆံုး အသက္ရွင္သန္ဖို႔ လိုပါတယ္။
ဒီအခ်ိန္မွာပဲ ဥာဏ္ပညာေရကန္ က သက္ျပင္းခ်ၿပီး ေျပာလိုက္တယ္ "ၾကည့္ရတာ မင္းတို႔ ေမြးတဲ့အခ်ိန္မွာ ထူးဆန္းတာ ဘာမွမျဖစ္ဘူးနဲ႔ တူတယ္။ဒါက ေနာင္တရစရာပဲ။ ဒါေပမဲ့ မင္းတို႔က သူေတာ္စင္ႀကီးရဲ့ အေမြကို ရဖို႔ အရည္အခ်င္း မျပည့္မွီဘူး။"
သူေတာ္စင္ႀကီး ရဲ့ အေမြကို ရဖို႔ ဆိုရင္ ေမြးတဲ့ အခ်ိ္န္မွာ ထူးဆနး္တာ တစ္ခုခု ျဖစ္ခဲ့ဖုိ႔ လိုပါတယ္။
"........." ရူဟန္။
"............" အစစ္အမွန္ နတ္ဘုရား သံုးေယာက္။
"......" ႀကီးျမတ္တဲ့ အျဖဴ။
ခ်ီးတဲ့မွ.. တကယ္ဒီလိုႀကီးလား။
ငါတို႔က ေမြးကတည္းက အခြင့္အေရး ဆံုးရံႈးခဲ့တယ္လို႔ ေျပာရမယ္။
❄️❄️❄️
ခဏေလာက္ ၾကာေတာ ့ႀကိးျမတ္တဲ့ အျဖဴ က ရယ္ကာ ေျပာလိုက္တယ္ "အတိုခ်ဳပ္ရရင္ ငါတို႔က ဒီကို ခက္ခက္ခဲခဲ နဲ႔ လာရၿပီး ဘာတစ္ခုမွ မရဘူးေပါ့"
"ဒီလိုပဲေပါ့" ေဖာေအာက္ က ျပန္ေျပာလိုက္တယ္။
အရက္မူး လူး ေက်ာင္းေတာ္သားက ခံစားခ်က္ အျပည့္နဲ႔ သက္ျပင္းခ်လိုက္တယ္ "ဒါက ကံမေကာင္းတာပဲ။ သူေတာ္စင္ရဲ့ အေမြက မ်က္စိေရွ႕ကို ေရာက္ခဲ့ေပမဲ့ မရခဲ့ဘူး။"
"ငါနဲ႔ ေက်ာင္းေတာ္သား နည္းစနစ္ ရဲ့ ၾကားမွာ ေရစက္ မရွိဘူးလို႔ပဲ သတ္မွတ္ရမယ္။" ရူဟန္က သက္ျပင္းခ်လိုက္တယ္။
ထာဝရမီး က လက္ႏွစ္ဖက္ ေနာက္ပစ္ၿပီး ဥိးေႏွာက္ကို အျမန္ဆံုး အလုပ္ေပးလိုက္တယ္။ သူ႔ရဲ့ တပည့္ေတြထဲမွာ ေမြးတုန္း ထူးဆနး္တဲ့ အရာေတြျဖစ္ခဲ့တဲ့သူ ရွိလားဆိုတာ စဥ္းစားလိုက္တယ္။
တစ္ခ်ိန္တည္းမွာပဲ တပည့္ေတြ ေတြကို အိမ္ေထာင္ခ်ေပးၿပိး ကေလးတစ္ေယာက္၊ ႏွစ္ေယာက္ ေလာက္ အရင္ေမြးခိုင္း ရမယ္။ အဲ့ထဲကမွ တစ္ခ်ိဳ႕ကေလးေတြက ေမြးဖြားတုန္း ထူးဆန္းတဲ့ အျဖစ္အပ်က္ နဲ႔ ေမြးဖြားလာသူ ေတြ ျဖစ္နိုင္တယ္ေလ။
အားလံုးက စိတ္ပ်က္လက္ပ်က္ နဲ႔ ေနာင္တ ရေနၾကတယ္။ ႀကီးျမတ္တဲ့ အျဖဴက ေျပာလိုက္တယ္ "ငါတို႔က ဘာမွမရဘူးဆိုမွေတာ့ ဒီဥာဏ္ပညာေရကန္ ကို နည္းနည္းေလာက္ ေလ့လာၾကမယ္။"
တကယ္ေတာ့ စိနီယာ အျဖဴ က သူေတာ္စင္ရဲ့ အေမြကို စိတ္္မဝင္စားပါဘူး။ ၿပီးေတာ့ သူ႔ဆီမွာ က်င့္ႀကံျခင္း နည္းစနစ္ ေတြ ၊ ေမွာ္နည္းစနစ္၊ သိုင္းနည္းစနစ္ ေတြ အမ်ားႀကီး ရွိပါတယ္။ တစ္ခ်ိဳ႕ကို ကိုယ္တိုင္တီထြင္ထားတာ ျဖစ္ၿပီး.. တစ္ခ်ိဳ႕ကိုေတာ့ အလဲအလွယ္ျပဳလုပ္ခဲ့တာပါ။ တစ္ခ်ိဳ႕ကိုေတာ့ စြန္႔စားသြားလာခဲ့တုန္းက ရွာေတြ႔ခဲ့တာ ျဖစ္ၿပီး တစ္ခ်ိဳကိုေတာ့ ေသအံ့ဆဲဆဲ ျဖစ္ေနတဲ့ က်င့္ႀကံသူအိုႀကီးေတြက အတင္းလက္ထဲ ထိုးေပးခဲ့တာပါ။
သူကုိယ္တိုင္ေတာင္မွ မေလ့က်င့္ႏုိင္တဲ့ အထိ သူ႔ဆီမွာ မ်ားျပားတဲ့ နည္းစနစ္ေတြ ရွိေနပါတယ္။ ဒါေၾကာင့္ သူေတာ္စင္ႀကီး ဆီက အေမြရရ၊ မရရ ကိစၥမရွိပါဘူး။
ႏွိဳင္းယွဥ္ရမယ္ဆိုရင္ ဥာဏ္ပညာေရကန္ကမွ ပိုၿပီး စိတ္ဝင္စားစရာ ေကာင္းပါေသးတယ္။
ဒါက ေကာင္းကင္ဆႏၶအုပ္စိုးသူ နဲ႔ ပတ္သက္တဲ့ အရာတစ္ခုပါ။ ေသြးသားနဲ႔ လုပ္ထားတာလား။ ဝိညာဥ္ လို အရာမ်ိဳး နဲ႔ လုပ္ထားတာလား။ ဒါမွမဟုတ္ သန္႔စင္တဲ့ စြမ္းအင္ေတြ နဲ႔ ျပဳလုပ္ထားတာလာ။
ဒါေၾကာင့္ ႀကီးျမတ္တဲ့အျဖဴ က ျဖည္းျဖည္းခ်င္း ဥာဏ္ပညာေရကန္ဆီကို ဦးတည္လိုက္တယ္။
"မင္းဘာလုပ္ခ်င္တာလဲ။ မလာနဲ႔ေနာ္။ မင္းက အဆင့္ခုႏွစ္ ႀကီးျမတ္သူ ဆိုရ႔င္ေတာင္မွ ငါ့ကို လာထိရင္ လြင့္သြားလိမ့္မယ္။ ငါက အထူးတည္ရွိမွဳ တစ္ခုပဲ။ ဒါေၾကာင့္ ကိုယ့္ဒုကၡကိုယ္မရွာနဲ႔" ဥာဏ္ပညာ ေရကန္က သတိေပးလိုက္တယ္။
ႀကီးျမတ္တဲ့ အျဖဴ က ၿပံဳးရင္း အနားကို တုိးသြားတယ္။
ျမင္ကြင္းက ရယ္စရာပါပဲ။
ရူဟန္က အသံတုိးတိုး နဲ႔ ေျပာလို္က္တယ္ "စီနီယာ အျဖဴ ဥာဏ္ပညာေရကန္ ကို တစစီ မလုပ္ဖို႔ ေမွ်ာ္လင့္ရမွာပဲ။ စိနီယာ အျဖဴက ပစၥည္းေတြကို ျဖဳတ္တာ အရမ္းေတာ္တယ္။ ဒါေပမဲ့ ျပန္တပ္တာေတာ့ ေတာ္ေတာ္ႀကီး ညံ့တယ္။"
"ေနပါအုန္း.. သူငယ္ခ်င္းေလး. မင္းခုန က ဘာေျပာလိုက္တာလဲ။" ဥာဏ္ပညာေရကန္က အၾကားအာရံုေကာင္းမြန္ပံု ေပၚတယ္။ရူဟန္က အသံတုိးတိုး နဲ႔ ေျပာတာကို သူက ေကာင္းေကာင္း ၾကားရပါတယ္။ "မင္းငါ့ကို တစစီျဖဳတ္မလို႔လား"
ႀကီးျမတ္တဲ့အျဖဴက ရုူဟန္ကို ၾကည့္လိုက္တယ္။ ၿပီးေနာက္ ဥာဏ္ပညာေရကန္ ကို ႏွစ္သိမ့္လိုက္တယ္ "မဟုတ္ဘူး။ ငါက မင္းကို တစစီျဖဳတ္လိုစိတ္ မရွိဘူး။ ၿပီးေတာ့ မင္းက သက္ရွိအရာေလ။ လွ်ပ္စစ္ပစၥည္းမွ မဟုတ္တာ။ ငါကနည္းနည္း ေလ့လာရံုပဲ။ မင္းကို မထိခိုက္ေစရဘူး"
"ငါျငင္းတယ္" ဥာဏ္ပညာေရကန္ က အလန္႔တၾကား ထေအာ္လိုက္တယ္။ "မင္းထပ္တိုးလာရင္ ငါက မင္းလြင့္သြားေအာင္ လုပ္လိုက္မယ္ေနာ္"
ဒီႀကီးျမတ္သူ က နည္းနည္း ထူးဆန္းေနတယ္လို႔ ဥာဏ္ပညာေရကန္ ကို ခံစားမိေနတယ္။ သူ႔ခႏၶာကိုယ္ကေန တည္ေနရာစြမ္းအင္ေတြ ထြက္ေပၚေနတာကို ခံစားမိတယ္။
ဒီလူက အဆင့္ခုႏွစ္ ႀကီးျမတ္သူ အဆင့္နဲ႔ တည္ေနရာစြမ္းအင္ကို အသံုးျပဳႏုိင္တာလား။ ဘာေၾကာင့္လဲ ဆိုေတာ့ ဒီလူက တည္ေနရာကို စြမ္းအင္ကို အသံုးျပဳႏုိင္ၿပိဆိုရင္ သူ႔ကို ထိကိုင္လို႔ရပါၿပီ။
သူေတြးေနတုန္းမွာပဲ ႀကီးျမတ္တဲ့ အျဖဴရဲ့ လက္နားမွာ တည္ေနရာစြမ္းအင္ေတြ လွဳပ္ရွားလာတယ္။
ခ်ီးတဲ့မွ ... ဒါ ဘယ္လိုလူသားလဲ။ အဆင့္ခုႏွစ္ ႀကီးျမတ္သူ အဆင့္နဲ႔ တည္ေနရာစြမ္းအား ကို အသံုးျပဳႏိုင္တယ္။
ဥာဏ္ပညာေရကန္ က တုန္လွဳပ္သြားတယ္။ ၿပိးေနာက္ သူက တစ္စံုတစ္ခုကို သတိရသြားသလို ေျပာလိုက္တယ္ "စိတ္ရွည္ရွည္ ထားပါအုန္း။ မင္းတို႔က သူေတာ္စင္ႀကီးရဲ့ အေမြကို လက္ခံလို႔မရေပမဲ့ ငါေပးလို႔ရတာေတာ့ ရွိေသးတယ္။
"ဘာအရာလဲ" ထာဝရမီးက ခ်က္ခ်င္းပဲ ေမးလိုက္တယ္။
"သူေတာ္စင္ႀကီးရဲ့ မိန္႔ခြန္းကို မင္းတို႔ဖို႔ ျပန္လြႊင့္ေပးမယ္။ ထပ္ေျပာရရင္ မင္းတို႔က ငါ့ဆီကေန ေမွာ္နည္းစနစ္ ဒါမွမဟုတ္ လွ်ိဳ႕ဝွက္နည္းစနစ္ တစ္ခုကို သင္ယူႏိုင္တယ္။" ဥာဏ္ပညာေရကန္ က ျမန္ျမန္ပဲ ေျပာလိုက္တယ္။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now