အပိုင်း (၈၀၆)

156 29 0
                                    


#Unicode


ကြီးမားတဲ ့ပေါက်ကွဲမှု ပြီးရင် ပြန်လည် ပြင်ဆင်နိုင်တဲ ့အရာဆိုတာ မရှိပါဘူး။

"စီနီယာအဖြူ .. ပြန်ရောက်လာပြီလား" ရူဟန်က အားတင်းပြုံးကာ ပြောလိုက်တယ် "ငါ့ရဲ့ အသွင်အပြင်က မထငိ်မှတ်ထားတဲ ့မတော်တဆ မှု တစ်ခု ကြောင့် ဖြစ်သွားတာပဲ. အခု ရီစင့်ကလည်းထွက်လာခဲ့တယ်။ ။ ပြီးတော့ ငါတို့နှစ်ယောက် စိတ်ဝင်စားစရာ ကောင်းတဲ့ စွမ်းရည်တစ်ခုကို စမ်းသပ်လိုက်ကြတယ်။ ဒါပေမဲ ့အဆော့လွန်သွားတာမို့ ဒီလို ဖြစ်သွားခဲ့တာပဲ။ ငါတို့ အရင်ပုံစံကိုပြန်ပြောင်းလို့ မရဘူး ဖြစ်နေတယ်"

"ရီစင့် .. အိုး .. ငါမှတ်မိပြီ။ ငိုရတာကို ကြိုက်တဲ ့ မိန်းကလေးလား" ကြီးမြတ်တဲ့အဖြူ က ခေါင်းညိတ်ပြီး ပြောလိုက်တယ် "သူမ က မင်းရဲ့ စိတ်ဝိညာဉ်ကောင် ဖြစ်ခဲ့တာလား။"

"ဒီလိုပဲ ဖြစ်လိမ့်မယ်။ ဒါပေမဲ ့ငါတို့နှစ်ယောက်ကြား ပတ်သက်မှု က တော်တော်ထူးဆန်းတယ်။ စိတ်ဝိညာဉ်ကောင် နဲ့ သူ့သခင်ကြား ပတ်သက်မှုနဲ့ ဆင်တူတယ် ဆိုပေမဲ့ တစ်ချိန်တည်းမှာပဲ ခြားနားမှုတွေ ဖြစ်နေပြန်တယ်" ရူဟန်က ပြောလိုက်တယ် "အခု ရီစင့်ရဲ ့လက်က ငါ့ထိန်းချုပ်မှု အောက်မှာ ရှိနေတယ်။ ငါ့ခန္ဓာကိုယ်ထဲကို ပြန်ဝင်သွားလို့ မရဘူး ဖြစ်နေတယ်"

"ပြန်ဝင်လို့ မရဘူးလား။ ဒါဆိုရင် ဘာကြောင့် ဆွဲမထုတ်တာလဲ" ကြီးမြတ်တဲ ့အဖြူ က ပြောလိုက်တယ်။

ပြောနေတုန်းမှာပဲ သူ့နောက်က ဂျင်ဆင်းကြီးက ကြမ်းကြမ်းတမး်တမ်း ရုန်းကန်နေတယ်။ ကြည့်ရတာအားကုန်သုံးပြီး မြေအောက်ထဲကို ထွက်ပြေးဖို့ ပြင်ဆင်နေပုံပါ။

"တောက်.. ဒုက္ခပေးတုန်းပါလား" ကြီးမြတ်တဲ ့အဖြူ က လှည့်ပြီး ဂျင်ဆင်းကို တစ်ပတ်လှည့်ကာ ကန်လွှတ်လိုက်တယ်။

"ဘန်း" ကြီးမားတဲ ့ဂျင်ဆင်းကြီးက ချက်ချင်းပဲ မေ့မျောသွားခဲ့တယ်။

"ဒါက စိတ်ဝိညာဉ်အဖြစ် ပြောင်းလဲနေတဲ ့ဂျင်ဆင်းကြီးလား" ရူဟန်က မေးလိုက်တယ်။ တစ်ချိန်တည်းမှာပဲ သူက ရီစင့်လက်ကို ဝေ့ယမ်းလိုက်တယ် "ရီစင့် . မင်း ငါ့ကိုယ်ထဲက ထွက်ဖို့ ကြိုးစားကြည့်ပါလား ငါ့ကိုယ်ထဲက ထွက်လာရင် မင်းလက်ကို မင်းပြ့န် ထိ်န်းချုပ်လို့ ရရင် ရသွားနိုင်တယ်"

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now