အပိုင်း (၇၅၈)

188 34 0
                                    


#Unicode


လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုလား။

"စီနီယာအဖြူ .. မင်းသူတို့ကို ခြိမ်းခြောက်သင့်တတယ်။ ရှေ့ကို မလာဘူးဆိုရင် သူတို့ကို သတ်ပစ်မယ်လို့ ပြောလိုက်" လိုင်ချီးက နောက်မှနေပြီး ပြုံးကာ ပြောလိုက်တယ်။

ဒီအချိန်မှာတော့ လိုင်ချီးလေး ဘေးမှာ ရပ်နေတဲ့ ကျောင်းတော်သား တစ်ယောက် က ကြောင်တောင်တောင် ဖြစ်သွားပြီး ပြောလိုက်တယ် "ဒါပေမဲ့ သူတို့ ရှေ့ကို လာရင်လည်း အသတ်ခံရမှာပဲ မဟုတ်လား။ ဒါဘာထူးလို့လဲ"

လိုင်ချီးက မျက်လုံးတွေ ချာချာလည်သွားတယ်။ ဟုတ်တော့လည်း ဟုတ်သားပဲ။

"တခြားနည်းလမ်း မရှိတော့ဘူးနဲ့ တူတယ်။ ငါတို့ အဆင့်ငါး မိစ္တာတွေရှိတဲံ အပေါ်ထပ်ကို တက်ကြမလား။အဆင့်ငါး မိစ္ဆာတွေက နည်းနည်း ပိုအစွမ်းထက်တယ်။ ဒါဆိရင် ငါက ခြေတစ်လှမ်းလှမ်းတိုင်းမှာ ရန်သူ တစ်ယောက် သတ်တယ် ဆိုတဲ့မြင်ကွင်းက ပိုပြီး ကြည့်ကောင်းလာမှာပေါ့" ကြီးမြတ်တဲ့ အဖြူက သူ့ဓားကိုဆွဲထုတ်လိုက်ပြီး စိတ်ဝိညာဉ်စွမ်းအင်တွေက်ို အသုံးပြုပြိး မွန်းစတားမိုးမခ သစ်ပင်လေးကို ရင်ပစ် ခေါ်ငင်လိုက်တယ်။

သူက ဒီအမြင့်လောက်ကို ရောက်ဖို့ ဓားပျံစီးစရာ မလိုပါဘူး။ မီတာ ၂၀၀ ၊ ၃၀၀ လောက်ပဲ ရှိတာကြောင့် ကြီးမြတ်တဲ့ အဖြူ အနေနဲ့ ဒီအတိုင်း ခုန်တက်သွားလို့ရပါတယ်။

လိုင်ချီးက ကင်မရာကို ကိုင်ပြီး နောက်က လိုက်နေတယ်။ ပြီးနောက် သူမ က လည်း အဆင့်ငါး မိစ္ဆာတွေ ရှိတဲ့ နေရာဆီကို ဦးတည်လိုက်တယ်။

ကျောင်းတော်သားတပည့် အဖွဲ့လိုက်ကြီးက ခံစာချက်အပြည့်နဲ့ သက်ပြင်းချပြီး ကျန်ရစ်ခဲ့တယ်။ ပြီးနောက် သူတို့က ကြီးမြတ်တဲ့အဖြူကြောင့် သေမတတ် ကြောက်လန့်နေတဲ့ မိစ္ဆာတွေကို အခွင့်ကောင်းယူပြီး ဝင်ရောက် တိုက်ခိုက်လိုက်ကြတယ်။

❄️❄️❄️

ဒီအတောအတွင်းမှာတော့ အားကွီက ရူဟန် နဲ့ အားရှီလျှုူ တို့ကို ခေါ်ပြီး တတိယအဆင့် မိစ္ဆာတွေ တည်ရှိတဲ့နေရာဆီကို ရောက်ရှိလာတယ်။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now