အပိုင်း (၈၁၁)

155 30 0
                                    




မင်းအမေရဲ့ မျိုးရိုးနာမည်က ဘာလဲမေးပါရစေ။
"ငါမင်းကို ဂျင်ဆင်းကြီးရဲ့ ခန္ဓာကိုယ်ထဲ ထည့်ထားလိုက်တာလေ။" ကြီးမြတ်တဲ့အဖြူ က ရှင်းပြလိုက်တယ်။
"......" မိစ္ဆာကြီးမြတ်သူ လုချန်လမ်းက ဆွံ့အသွားတယ်။ ဒီအကောင်ပြောနေတာ ခုနက ဂျင်ဆင်းကြီးလား။ သူက ဘယ်လိုဖြစ်ပြီး ဒီဂျင်ဆင်းကြီးထဲကို ရောက်နေတာလဲ။ ဘာတွေဖြစ်နေတာလဲ။
"ဘာပဲဖြစ်ဖြစ်ိ မင်းက ငါ့မေးခွန်းကို ပြန်ဖြေမယ်လို့ မျှော်လင့်မိတယ် ရှေးကောင်းကင်ဘုံမြို့ရဲ့ အစိတ်အပိုင်း အချက်အချာ က ဘယ်မှာလဲ။ စောနတုန်းက ငါ အရေးကြီးမယ် ထင်တဲ့ ရောတွေ အားလုံးကို ပတ်ကြည့်ပြီးသွားပြီ။ ဒါပေမဲ့ ခုထိ ရှာမတွေ့သေးဘူး" ကြီးမြတ်တဲ့အဖြူ က ပြောလိုက်တယ်။
"ငါ မင်းရဲ့ မေးခွန်းကို လုံးဝ ပြန်ဖြေမှာ မဟုတ်ဘူး။" မိစ္ဆာနတ်ဘုရား လုချန်လမ်း က အေးစက်စက် ပြောလိုက်တယ်။ ငါမပြောတော့ရော မင်းဘာလုပ်နိုင်မှာ မလို့လဲ။
ကြီးမြတ်တဲ့ အဖြူ က စိတ်မတိုသွားပါဘူ။ ရယ်တောင် ရယ်လိုက်ပါသေးတယ် "မင်းဆက်ပြီး အသက်မရှင်ချင်ဘူးလား။ ကျင့်ကြံသူတွေက ကောင်းကင်ဘုံကပ်ဘေးကို ကျော်ဖြတ်နိုင်ဖို့ နေရော၊ ညပါ ကြိုးစားလေ့ကျင့်ကြရတယ်။ ဒါက မသေမျိုး ဖြစ်ဖို့ မဟုတ်ဘူး။ အထူးသဖြင့် မင်းလို သေခြင်းကို ကြုံဖူးတဲ့ သူမျိုး ဆိုရင် အသက်ရှင်သန် ရခြင်းကို ပိုမလိုချင်ဘူးလား။"
"......" မိစ္ဆာကြီးမြတ်သူ လုချန်လမ်း။
ဒီမေးခွန်းက တကယ့်ကို ထိမိတာပါပဲ။ သူ ဆက်ပြီး ရှင်သန်ချင်လား။
အင်း။ ရှင်သန်ချင်တာပေါ့။
ကျင့်ကြံသူတိုင်းက ဆက်လက်ရှင်သန်ချင်ကြတယ်။
ဒါပေမဲ့ ဆက်လက်ရှင်သန်ဖို့ နည်းလမ်း တော်တော်များများ ရှိတယ်။
ဥပမာအားဖြင့် ဆက်လက်ရှင်သန်နေတယ် ဆိုပေမဲ့ သေမလိုခံစားပြီး နှစ်ပေါင်းများစွာ ဒါမှမဟုတ် ရာစုနှစ် တစ်ခု လောက်နေရမယ့် ရှင်သန်ခြင်း၊
လူသေကြီး တစ်ကောင်လို လဲလျောင်းပြီး ရှင်သန်ရခြင်း။
ဝိညာဉ်က သန့်စင်ခံလိုက်ရပြီး မှော်ရတနာ တစ်ခုအဖြစ် ရှင်သန်ရခြင်း ... အမျိုးမျိး ရှိနေပါတယ်။
လုချန်လမ်းက တစ်ခုကိုမှ မလိုချင်ပါဘူး။
"ငါ အသက်ဆက်ရှင်ချင်တယ်။" လုချန်လမ်း က သွားကို တင်းတင်းစေ့ပြီး ပြောလိုက်တယ် "ဒါပေမဲ့"
လုချန်လမ်း ပြောမပြီးသေးခင်မှာပဲ ကြီးမြတ်တဲ့အဖြူ က သူ့အိတ်ထဲက သေးငယ်တဲ လက်ဖက်ရည် အိုးလေးကို ထုတ်ယူလိုက်တယ်။
ဒါက ရွှေနဲ့ ပြုလုပ်ထားတဲ့လက်ဝါးအရွယ် လက်ဖက်ရေအိုးလေး ဖြစ်ပြီး အရှေ့တိုင်း ထက် အနောက်တိုင်းဟန် ပေါ်လွင်နေတယ်။
"မင်းဒီလိုပြောမှာကို စောင့်နေတာ" ကြီးမြတ်တဲ့အဖြူ က ပျော်ရွှင်စွာ ပြောလိုက်တယ်။
"???" မိစ္ဆာကြီးမြတ်သူ လုချန်လမ်းက ဇဝေဇဝါ ဖြစ်သွားတယ်။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ ဂျင်ဆင်းအမြစ် က တုန်ရီသွားတယ်။ ဒါက လူသားတွေ ဆံပင်မွှေးထောင်သွားသလိုပါပဲ။ ဆိုးရွားတာ တစ်ခုခု ဖြစ်တော့မယ် ဆိုတဲ့ အဓိပ္ပာယ် ဖြစ်တယ်။
ဒါပေမဲ့ ကြီးမြတ်တဲ့အဖြူ အလင်းကို မြန်ဆန်တဲ့နှုန်း နဲ လှုပ်ရှားလိုက်တယ်။ သူက လက်ကိုဆန့်ထုတ်ပြီး ဂျင်ဆင်းစိတ်ဝိညာဉ် ပါးစပ် က အမြီးကို လှမ်းဆွဲလိုက်တ်။ ဒါကြောင့်ပဲ အမြီးသေးလေး နဲ့ အအေးပုလဲက ဂျင်ဆင်း ခန္ဓာကိုယ်ကနေ ဆွဲထုတ်ခံလိုက်ရတယ်။
"အမ်.." လုချန်လမ်းက ကြောင်အအ နဲ့ ထအော်လိုက်တယ်။ မကြာမီမှာပဲ သူ့ရဲ့ အသိစိတ်တစ်ခုလုံးက မဲမှောင်သွားခဲ့တယ်။.
အအေးပုလဲ ဆွဲထုတ်ခံလိုက်ရချိန်မှာတော့ မိစ္ဆာကြိးမြတ်သူ လုချန်လမ်းက သူ့ရဲ့ အသိစိတ်တွေ အအေးပုလဲဆီကို ပြန်လည် ရောက်ရှိလာခဲ့တယ်။
ကြီးမြတ်တဲ့အဖြူ က ပျော်ရွှင်စွာ နဲ့ လက်ဖက်ရည် အိုးလေးကို ဖွင့်ပြီး အအေးပုလဲကို ထည့်ကာ အဖုံးမြန်မြန် ပြန်ဖုံးလိုက်တယ်။
"ဒင်.."
ထူးဆန်းတဲ့ လက်ဖက်ရည်အိုးလေး ပေါ်မှာ ရေးထွင်းထားတဲ့ မှော်သင်္ကေတ တွေက ရုတ်တရက် အဖုံးပေါ်မှာ လင်းလက်သွားတယ်။ မကြာခင်မှာပဲ အဖုံးက လက်ဖက်ရည် အိုးလေး နဲ့ ပေါင်းစည်းသွားပြီ တစ်ခု တည်းအဖြစ် ဖြစ်တည်သွားတယ်။
"သဘောတူညီမှု ပြီးပြည့်စုံပြီ" ထူးဆန်းတဲ့ လက်ဖက်ရည် အိုးလေး ဆီကနေ ရိုးရှင်းတဲ့ သတင်းအချက်အလက် တစ်ခု ထွက်ပေါ်လာတယ်။ လက်ဖက်ရည် အိုးအသုံးပြုခဲ့တဲ့ ဘာသာစကား က မဒရင်း ဘာသာစကား မဟုတ်ပါဘူး။ ဒါပေမဲ့ နူးညံတဲ့ စိတ်စွမ်းအင်တွေ ရောထွေးပါဝင်နေတာကြောင့် ကြားရသူကို အလိုအလျှောက် ဘာသာပြန်ပေးပါတယ်။ ဒါကြောင့် ရူဟန် နဲ့ အားရှီလျှူ တို့က ဆိုလိုရင်း အဓိပ္ပာယ်ကို နားလည်ခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်နိုင်ငံ က ပိုင်ဆိုင်တဲ့ ဘာသာစကား လည်း ဆိုတာကိုတော့ မသိတော့ ပါဘူး။
သဘောတူညီမှု ပြည့်စုံတာ ဟုတ်လား။ စီနီယာ အဖြူ ဒီလောက် ဒုက္ခခံပြီး လုပ်နေတာက ဒီလက်ဖက်ရည်အိုးနဲ့ အဆင့်ခုနှစ် ကြီးမြတ်သူ ရဲ့ ဝိညာဉ်တို့ သဘောတူညီမှု ရစေဖို့ လား။
အကန့်အသတ်မဲ့ နတ်ဆိုးဂိုဏ်း ကြီးမြတ်သူ က ဂျင်ဆင်းခန္ဓာကိုယ်ထဲမှာ ရှိနေတုန်း ငါအသက်ဆက်ရှင်ချင်တယ် လို့ ပြောလိုက်ကတည်းက ရူဟန် က တစ်ခုခုကို သံသယ ဝင်နေတာပါ။
ဒီလက်ဖက်ရည် အိုးလေးက ဘယ်လို ရတနာမျိုးလဲ။
❄️❄️❄️
"ဟားဟား.. နှစ်ပေါင်းများစွာ ကြာပြိးနောက်မှာတော့ ငါက အဆင့်ခုနှစ် ကြီးမြတ်သူ အဆင့်ဝိညာဉ် နဲ့ လက်ဖက်ရည်အိုးကို ပြုလုပ်နိုင်ခဲ့ပြီ။" ကြီးမြတ်တဲ့အဖြူ က လက်ဖက်ရည်အိုးလေးကို ကိုင်ပြီး ပြုံးကာ ပြောလိုက်တယ်။
"ဘီ..ဘီ.. ဘီး" လက်ဖက်ရည်အိုးလေးက ပျော်ရွှင်တဲ့ အော်သံတွေ ထုတ်ဖော်လိုက်တယ်။ လက်ဖက်ရည် အိုးက စကားမပြောနိုင်ပါဘူး။ စောန က ထွက်ပေါ်လာတဲ့ သဘောတူညီမှု ပြီးပြည့်စုံပြီး ဆိုတာက မှော်နည်းစနစ် အရ ထွက်ပေါ်လာတဲ့ အသံပါ။
"အောင်မြင်ပြီ" ကြီးမြတ်တဲ့အဖြူ က သဘောတကျ နဲ့ ပြောလိုက်တယ်။
ဒါပေမဲ့ ဒီအချိန်မှာပဲ သနားစရာ ဂျင်ဆင်းက သတိပြန်ရလာပြန်ပါတ်။ သူက လုံးဝ ကြောက်လန့်တကြား နဲ့ မျက်စိကို ဖွင့်လိုက်တယ်။ အစောပိုင်းတုန်းက သူ့အနေနဲ့ သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်မှု ကင်းမဲ့သွားခဲ့ရပါတယ်။ သူ့ရဲ့ ဝိညာဉ်က တောင်မှ ပြင်ပ အားတစ်ခု ရဲ့ ဖိနှိပ်ခြင်းကို ခံလိုက်ရတယ်။
ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်ရုံ တင် မဟုတ်ပါဘူး။ အသံ ပါမထွက်နိုင်တော့ တာ ဖြစ်ပါတယ်။
ကံကောင်းတာက အိမ်မက် မက်နေတာ ဖြစ်လို့ပါပဲ။ သူ့မျက်လုံးကို ဖွင့်လိုက်ချိန်မှာတော့ သူ့ခန္ဓာကိုယ်ကို ကောင်းကောင်း ထိန်းချုပ်လို့ ရနေပါတယ်။
ဟုတ်ပါတယ်။ ချောမောလှတဲ့ လူသတ္တဝါ ရဲ့ အဖမ်းဆီးကို ခံလိုက်ရတာကလည်း အိမ်မက်ဆိုးတစ်ခု ပါပဲ။
ဂျင်ဆင်းက မျက်လုံးကို ဖွင့်ပြီး ပတ်ဝန်းကျင်ကို ပြူးကြောင်ကြောင် နဲ့ ကြည့်လိုက်တယ်။
နောက်တော့ သူ့ဘေးနားမှာ လက်ဖက်ရည် အိုးကိုင်ပြီး မတ်တပ်ရပ်နေတဲ့ ကြီးမြတ်တဲ့အဖြူ ကို မြင်လိုက်ရတယ်။
ချီးတဲ့မှ .. အိမ်မက်ဆိုး မဟုတ်ဘူးဟ။
တကယ် အဖမ်းခံခဲ့ရတာပဲ။
တစ်ခါတစ်လေ က အမှန်ဖြစ်တည်ခြင်း က အိမ်မက်ဆိုးထက်တောင် ဆိုးရွားနေပါသေးတယ်။
ဒါကြောင့် ကြီးမားတဲ့ ဂျင်ဆင်းကြီးက စတင်ပြီး ရူန်းကန် လိုက်တယ် "အဟင့်..အဟင့် ..အဟင့်"
"အမ်.. နိုးလာပြန်ပြီလား" ဂျင်ဆင်းက ရုန်းကန်နေတာကို သတိပြုမိတော့ ကြီးမြတ်တဲ့အဖြူ က ခေါင်းလှည့်ပြီး နူးညံ့တဲ့အသံနဲ့ ပြောလိုက်တယ် "ကြည့်ရတာ ဝိညာဉ် ထွက်သွား ကတည်းက နိုးနေပုံပေါ်တယ်"
ပြောပြီးတဲ့နောက် ကြီးမြတ်တဲ့အဖြူ က လှည့်ပြီး ဂျင်ဆင်ကို လှပတဲ့ တပတ်လှည့်ကန်ချက် နဲ့ ကန်ပစ်လိုက်တယ်။
"ဘန်း" ဂျင်ဆင်ကြီးက ပြန်လည် မေ့မျောသွားပြန်တယ်။
ဒီအချိန်မှာ ကြီးမြတ်တဲ့အဖြူ က အားနည်းနည်း ထည့်ပြီး ကန်ထားပါတယ်။
ဒါကြောင့် ဒီတစ်ကြိမ်မှာတော့ အချိန်အတော်ကြာ မေ့မျောနေပါလိမ့်မယ်။
အနားက မွန်းစတား မိုးမခသစ်ပင် လေးက တံတွေးမျိုချ လိုက်တယ်။ ကံကောင်းတာ က သူမ အနေနဲ့ ကြီးမြတ်တဲ့ အဖြူကို သစ်ကိုင်း ထောက်ပံံ့ ပေးနေနိုင်တာပါပဲ။ မဟုတ်ရင် သူမ လည်း ဒီ ဂျင်ဆင်းလို အကန်အကျောက် ခံနေရမှာ သေချာပါတယ်။
❄️❄️❄️
ရူဟန် နဲ့ အားရှီလျှူ တို့က စီနီယာအဖြူ့ လက်ထဲက လက်ဖက်ရည်အိုးလေးကို ကြည့်လိုက်တယ်။
ကြီးမြတ်တဲ့အဖြူ က လက်ဖက်ရည်အိုးကို လှုပ်ခါပြီး ပြောလိုက်တယ် "ဒီလက်ဖက်ရည်အိုး ဘယ်လိုအလုပ်လုပ်တယ် ဆိုတာကို မင်းသိချင်တယ် မဟုတ်လား။"
ရူဟန် နဲ့ အားရှီလျှူ တို့က ခေါင်းကို အထပ်ထပ် ညိတ်လိုက်ကြတယ်။
"တကယ်တော့ ဒီအရာက ငါတို့ ကျင့်ကြံသူတွေ ဖန်တီးထားတဲ့ မှော်ရတနာ တစ်ခု မဟုတ်ဘူး။ လွန်ခဲ့တဲ့ နှစ်တစ်ရာတုန်းက သဲကန္တာရ တစ်ခုကို ဖြတ်သန်းသွားလာရင်း ကောက်ရခဲ့တဲ့ အရာတစ်ခုပဲ။ ဒါပေမဲ့ ဒီအရာမှာ လက်ဖက်ရည်အိုး စိတ်ဝိညာဉ် အဖြစ် နေထိုင်နိုင်တဲ့ ဝိညာဉ်အိမ် တစ်ခု ရှိနေတယ်။ ဒါပေမဲ့ လက်ဖက်ရည်အိုးစိတ်ဝိညာဉ် ဖြစ်ဖို့ အဆင့်ငါး အထက် ကျင့်ကြံသူ ရဲ့ ဝိညာဉ် ဖြစ်ဖို့ လိုတယ်။
"သူ့ရဲ့ စွမ်းရည်က ဘာလဲ" ရူဟန်က မေးလိုက်တယ်။
"သေချာကြည့်" ကြီးမြတ်တဲ့ အဖြူ က သူ့လက်ကို ဆန့်တန်းပြီး လက်ဖက်ရည်အိုးသေးလေးကို ပွတ်လိုက်တယ်။
"ဝှစ်"
လက်ဖက်ရည်အိုး ကရားနှုတ်သီး က နေ မြုတွေ ထွက်ပေါ်လာတယ်။
နောက်တော့ မြူတွေက အမဲရောင်ဝတ်စုံကိုဝတ်ဆင်ထားတဲ့ မိစ္တာကြီးမြတ်သူ လုချန်လမး်ရဲ့ ပုံသဏ္ဍာန် ပေါ်ပေါက်လာတယ်။
"မှော်မီးခွက်လိုလား" ရူဟန် ရဲ့ မျက်လုံးတွေ က တောက်ပသွားတယ် "စီနီယာအဖြူ .. လိုရာဆုတောင်းလို့ရတာလား"
"လိုရာဆုလား။ ဒီကမ္ဘာပေါ်မှာ အဲ့လိုအရာ ဘယ်မှာ ရှိလို့လဲ" ကြီးမြတ်တဲ့အဖြူ က လက်ကို ယမ်းခါပြီး ပြောလိုက်တယ် "ဒီမှောရတနာ က တကယ်တော့ တိုက်ခိုက်ရေး အမျိုးအစား မှော်ရတနာတစ်ခုပဲ။ တိုက်ခိုက်ဖို့ အတွက် တစ်နေ့ကို နာရီဝက်သုံးခါ အသုံးပြုနိုင်တယ်။ ဒါပေမဲ့ ဂရုစိုက်ဖို့ လိုတယ်။ လက်ဖက်ရည်အိုး စိတ်ဝိညာဉ် က သေဆုံးသွားရင် ပျောက်ကွယ်သွားနိုင်တယ်။ ဒါကြောင့် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိချိန်မှာ ပြန်သိမ်းဖို့ လိုတယ်။"
"......" ရူဟန်က ပြောလိုက်တယ် "ဒါပေမဲ ့စီနီယာအဖြူ .. မင်းပြောတုန်းက ဒီလူ့့ဆီက ရှေးကောင်းကင်ဘုံမြို့ရဲ့ အစိတ်အပိုင်း အချက်အချာ နေရာ နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်ကို လိုချင်လို့ဆို။ လက်ဖက်ရည်အိုး စိတ်ဝိညာဉ် ဖြစ်သွားတော့ မေးသမျှကို ဖြေပါ့မလား။"
"ဒါပဲလေ။ ဒါကြောင့် ငါက ဒုက္ခခံပြီး လက်ဖက်ရည်အိုး စိတ်ဝိညာဉ် အဖြစ် ပြောင်းလဲ ခဲ့ရတာပေါ့" ကြီးမြတ်တဲ့အဖြူ က ရယ်လိုက်တယ်။ ပြီးနောက် လက်ဖက်ရည်အိုးလေးကို ပုတ်ပြီး ကောင်းကင်ပေါ်က အမဲရောင်ဝတ်စုံ နဲ့ လူကို မေးလိုက်တယ် "မင်းနာမည် ဘယ်လိုခေါ်လဲ"
"ဒီနိမ့်ကျတဲ့ လူ ရဲ့ တာအိုနာမည်က လုချန်လမ်ဒးပါ။" အမဲရောင် ဝတ်စုံ နဲ့ တာအိုဘုန်းကြီး က အမှန်အတိုင်းပဲ ဖြေလိုက်တယ်။
တကယ် ပြန်ပြောတာပဲ။
"တကယ့်ကို မယုံနိုင်စရာဘဲ" ရူဟန် ပြောလိုက်တယ်။ တစ်ချိန်တည်းမှာပဲ သူ့နာမည်က တာအိုဘုန်းကြီး ဘေဂျင်းလမ်း မဖြစ်ခဲ့တာကို စဉ်းစားမိပြီး ဝမ်းသာသွားတယ်။ မဟုတ်ရင် တစ်ယောက်ယောက်ကသာ တာအိုနာမည် လာမေးရင် ဘယ်လိုမျက်နှာ နဲ့ ဖြေရမှာလဲ။
ပြီးနောက် ရူဟန်က စိတ်ဝင်တစား နဲ့ မေးလိုက်တယ် "တာအိုရောင်းရင်း လုချန်လမ်း .. ငါ မေးခွန်းတစ်ခု လောက် မေးလို့ရမလား။ မင်းအမေ ရဲ့ မျိုးရိုးနာမည် က ဘာလဲ"
မိစ္ဆာကြီးမြတ်သူ လုချန်လမ်း က ရူဟန်ကို အေးစက်စက် နဲ့ ကြည့်ပြီး ပြန်မပြောပါဘူး။
"......" ရူဟန်။
ကြီးမြတ်တဲ့အဖြူ က ရူဟန်ကို နှစ်သိမ့်လိုက်တယ် "ရူဟန် .. စိတ်မကောင်းမဖြစ်နဲ့. လက်ဖက်ရည်အိုး စိတ်ဝိညာဉ်က မင်းကို အထင်သေးလို့ မဖြေတာ မဟုတ်ဘူး။ သူက ပိုင်ရှင်ရဲ့ မေးခွနး်ကိုပဲ ဖြေတယ်"
စီနီယာအဖြူ .. အဲ့ကိစ္စကို ရှင်းပြစရာ မလိုဘူးလေ။ မင်းပြောမှ လက်ဖက်ရည်အိုး စိတ်ဝိညာဉ် က ငါ့ကို အထင်သေးတဲ့ အကြည့်နဲ့ ကြည့်နေသလို ခံစားနေရပြီ။
အားရှီလျှူက မရယ်ဘဲ မနေနိုင်တော့ ပါဘူး။
"အဟန့်" ကြီးမြတ်တဲ့အဖြူ က ချောင်းဟန့်ပြီး ပြောလိုက်တယ် "တာအိုရောင်းရင်း လုချန်လမ်း .. ကောင်းကင်ဘုံမြို့ အစိတ်အပိုင်းရဲ့ အချက်အချာ နေရာကို ပြောပြ နိုင်မလား"
မိစ္ဆာကြီးမြတ်သူ လုချန်လမ်း က သူ့ရဲ့ အေးစက်တဲ ့မျက်နှာပေါ်မှာ ဇဝေဇဝါ အမူအရာတွေ ဖြစ်ပေါ်လာတယ်။
"သူ့စိတ်စွမ်းအားက အရမ်းကောင်းတယ်။ လက်ဖက်ရည်အိုး စိတ်ဝိညာဉ် ဖြစ်တာတောင်မှ ပုန်ကန် ချင်နေသေးတယ်။" ကြီးမြတ်တဲ့အဖြူ က သူ့လက်ကို ဆန့်တန်းပြီး လက်ဖက်ရည်အိုးကို နောက်တစ်ကြိမ် ပွတ်လိုက်တယ်။
လုချန်လမ်းက နောက်ဆုံးမှာတော့ ပါးစပ်ဟပြီး ပြောလိုက်ပါတော့တယ် "ဒီအချက်အချာက အရှေ့ဘက်ခြမ်းမှာ ရှိတဲ့ နန်းတော်တွေ ထဲက တစ်ခု ဆီမှာ ဖွက်ထားတယ်။ ဒါပေမဲ့ အချက်အချာ နေရာကို မင်းသွားချင်တယ် ဆိုရင်တော့ ငါ့အကူအညီ လိုလိမ့်မယ်။ ငါက ဒီအရာရဲ့ အာဏာပိုင်လို့ တောင် ပြောလို့ရတယ်"
"အံသြစရာ မရှိ်တော့ဘူး ။ ဒီအချက်အချာ နေရာကို ငါတို့ထက် တစ်ယောက်ယောက်က အရင်တွေ့ပြီး ဖွက်ထားလိုက်တာကိုး။ ဒါကြောင့် ရှာလို့ မတွေ့တာကိုး။" ကြီးမြတ်တဲ့အဖြူ က ပြောလိုက်တယ်။
ဒီနေရာရဲ့ အချက်အချာ ကို လုချန်လမ်းက အစောကတည်းက ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်မှန်း သူမထင်မိခဲ့ပါဘူး။ ဒီလူက အချိန်သာ ပိုရမယ်ဆိုရင် ဒီအစိတ်အပိုင်း တစ်ခုလုံးကို သူ့ကိုယ်ပိုင် အဖြစ် ထိန်းချုပ်နိ်ုင်တော့မှာ သေချာတယ် ဒါဆိုရင် အဆင့်ရှစ် သူတော်စင် အဆင့်ကို တက်လှမ်းနိုင်ပြီ။.
ဒါပေမဲ့ ကံဆိုးတာက လက်ရှိမှာတော့ လုချန်လမ်းက အဆင့်ရှစ် သူတော်စင် ဖြစ်ရမယ့် အစား ကြီးမြတ်တဲ့အဖြူ ရဲ့ လက်ဖက်ရည်အိုး စိတ်ဝိညာဉ်ဖြစ်နေပါပြီ။
"ဒါဆိုရင်.. ငါ့ကို လမ်းပြပါ။ တာအိုရောင်းရင်း" ကြီးမြတ်တဲ့အဖြူ က ပြောလိုက်တယ်။
ကောင်းကင်ပေါ်မှာတော့ လုချန်လမ်းရဲ့ မျက်နှာ ပေါ်မှာ ဇဝေဇဝါ အမူအရာတွေ ပေါ်လာပြန်တယ်။ ဒါပေမဲ့ ခဏလောက်ကြာတော့ လက်ဖက်ရည်အိုးနဲ ့သဘောတူညီမှုကို မကျော်လွန်နိုင်ဘဲ အရှုံးပေးလိုက်ရတယ်။
ဒါကြောင့်ပဲ သူက ကြီးမြတ်တဲ့အဖြူ နဲ့ တခြားလူတွေကို ဦးဆောင်ပြီး ရှေးကောင်းကင်ဘုံမြို့ အစိတ်အပိုင်း ရဲ့ အရှေ့့ဘက်မှာ ရှိတဲ့ နန်းတော်တွေ တည်ရှိရာကို ဦးတည်လိုက်တယ်။
အပိုင္း (၈၁၁) မင္းအေမရဲ့ မ်ိဳးရိုးနာမည္က ဘာလဲေမးပါရေစ။
"ငါမင္းကို ဂ်င္ဆင္းႀကီးရဲ့ ခႏၶာကိုယ္ထဲ ထည့္ထားလိုက္တာေလ။" ႀကီးျမတ္တဲ့အျဖဴ က ရွင္းျပလိုက္တယ္။
"......" မိစၦာႀကီးျမတ္သူ လုခ်န္လမ္းက ဆြံ႔အသြားတယ္။ ဒီအေကာင္ေျပာေနတာ ခုနက ဂ်င္ဆင္းႀကီးလား။ သူက ဘယ္လိုျဖစ္ၿပီး ဒီဂ်င္ဆင္းႀကီးထဲကို ေရာက္ေနတာလဲ။ ဘာေတြျဖစ္ေနတာလဲ။
"ဘာပဲျဖစ္ျဖစ္ိ မင္းက ငါ့ေမးခြန္းကို ျပန္ေျဖမယ္လို႔ ေမွ်ာ္လင့္မိတယ္ ေရွးေကာင္းကင္ဘံုၿမိဳ႕ရဲ့ အစိတ္အပိုင္း အခ်က္အခ်ာ က ဘယ္မွာလဲ။ ေစာနတုန္းက ငါ အေရးႀကီးမယ္ ထင္တဲ့ ေရာေတြ အားလုံးကို ပတ္ၾကည့္ၿပီးသြားၿပီ။ ဒါေပမဲ့ ခုထိ ရွာမေတြ႔ေသးဘူး" ႀကီးျမတ္တဲ့အျဖဴ က ေျပာလိုက္တယ္။
"ငါ မင္းရဲ့ ေမးခြန္းကို လံုးဝ ျပန္ေျဖမွာ မဟုတ္ဘူး။" မိစၦာနတ္ဘုရား လုခ်န္လမ္း က ေအးစက္စက္ ေျပာလိုက္တယ္။ ငါမေျပာေတာ့ေရာ မင္းဘာလုပ္ႏိုင္မွာ မလို႔လဲ။
ႀကီးျမတ္တဲ့ အျဖဴ က စိတ္မတိုသြားပါဘူ။ ရယ္ေတာင္ ရယ္လိုက္ပါေသးတယ္ "မင္းဆက္ၿပီး အသက္မရွင္ခ်င္ဘူးလား။ က်င့္ႀကံသူေတြက ေကာင္းကင္ဘံုကပ္ေဘးကို ေက်ာ္ျဖတ္ႏိုင္ဖို႔ ေနေရာ၊ ညပါ ႀကိဳးစားေလ့က်င့္ၾကရတယ္။ ဒါက မေသမ်ိဳး ျဖစ္ဖို႔ မဟုတ္ဘူး။ အထူးသျဖင့္ မင္းလို ေသျခင္းကို ႀကံဳဖူးတဲ့ သူမ်ိဳး ဆိုရင္ အသက္ရွင္သန္ ရျခင္းကို ပုိမလိုခ်င္ဘူးလား။"
"......" မိစၦာႀကီးျမတ္သူ လုခ်န္လမ္း။
ဒီေမးခြန္းက တကယ့္ကို ထိမိတာပါပဲ။ သူ ဆက္ၿပီး ရွင္သန္ခ်င္လား။
အင္း။ ရွင္သန္ခ်င္တာေပါ့။
က်င့္ႀကံသူတိုင္းက ဆက္လက္ရွင္သန္ခ်င္ၾကတယ္။
ဒါေပမဲ့ ဆက္လက္ရွင္သန္ဖို႔ နည္းလမ္း ေတာ္ေတာ္မ်ားမ်ား ရွိတယ္။
ဥပမာအားျဖင့္ ဆက္လက္ရွင္သန္ေနတယ္ ဆိုေပမဲ့ ေသမလိုခံစားၿပီး ႏွစ္ေပါင္းမ်ားစြာ ဒါမွမဟုတ္ ရာစုႏွစ္ တစ္ခု ေလာက္ေနရမယ့္ ရွင္သန္ျခင္း၊
လူေသႀကီး တစ္ေကာင္လို လဲေလ်ာင္းၿပီး ရွင္သန္ရျခင္း။
ဝိညာဥ္က သန္႔စင္ခံလိုက္ရၿပီး ေမွာ္ရတနာ တစ္ခုအျဖစ္ ရွင္သန္ရျခင္း ... အမ်ိဳးမ်ိး ရွိေနပါတယ္။
လုခ်န္လမ္းက တစ္ခုကိုမွ မလိုခ်င္ပါဘူး။
"ငါ အသက္ဆက္ရွင္ခ်င္တယ္။" လုခ်န္လမ္း က သြားကို တင္းတင္းေစ့ၿပီး ေျပာလိုက္တယ္ "ဒါေပမဲ့"
လုခ်န္လမ္း ေျပာမၿပီးေသးခင္မွာပဲ ႀကီးျမတ္တဲ့အျဖဴ က သူ႔အိတ္ထဲက ေသးငယ္တဲ လက္ဖက္ရည္ အိုးေလးကို ထုတ္ယူလိုက္တယ္။
ဒါက ေရႊနဲ႔ ျပဳလုပ္ထားတဲ့လက္ဝါးအရြယ္ လက္ဖက္ေရအိုးေလး ျဖစ္ၿပီး အေရွ႕တိုင္း ထက္ အေနာက္တိုင္းဟန္ ေပၚလြင္ေနတယ္။
"မင္းဒီလိုေျပာမွာကို ေစာင့္ေနတာ" ႀကီးျမတ္တဲ့အျဖဴ က ေပ်ာ္ရႊင္စြာ ေျပာလိုက္တယ္။
"???" မိစၦာႀကီးျမတ္သူ လုခ်န္လမ္းက ဇေဝဇဝါ ျဖစ္သြားတယ္။ တစ္ခ်ိန္တည္းမွာပဲ သူ႔ရဲ့ ဂ်င္ဆင္းအျမစ္ က တုန္ရီသြားတယ္။ ဒါက လူသားေတြ ဆံပင္ေမႊးေထာင္သြားသလိုပါပဲ။ ဆိုးရြားတာ တစ္ခုခု ျဖစ္ေတာ့မယ္ ဆိုတဲ့ အဓိပၸာယ္ ျဖစ္တယ္။
ဒါေပမဲ့ ႀကီးျမတ္တဲ့အျဖဴ အလင္းကို ျမန္ဆန္တဲ့ႏွဳန္း နဲ လွဳပ္ရွားလိုက္တယ္။ သူက လက္ကိုဆန္႔ထုတ္ၿပီး ဂ်င္ဆင္းစိတ္ဝိညာဥ္ ပါးစပ္ က အၿမီးကို လွမ္းဆြဲလိုက္တ္။ ဒါေၾကာင့္ပဲ အၿမီးေသးေလး နဲ႔ အေအးပုလဲက ဂ်င္ဆင္း ခႏၶာကိုယ္ကေန ဆြဲထုတ္ခံလိုက္ရတယ္။
"အမ္.." လုခ်န္လမ္းက ေၾကာင္အအ နဲ႔ ထေအာ္လိုက္တယ္။ မၾကာမီမွာပဲ သူ႔ရဲ့ အသိစိတ္တစ္ခုလံုးက မဲေမွာင္သြားခဲ့တယ္။.
အေအးပုလဲ ဆြဲထုတ္ခံလိုက္ရခ်ိန္မွာေတာ့ မိစၦာႀကိးျမတ္သူ လုခ်န္လမ္းက သူ႔ရဲ့ အသိစိတ္ေတြ အေအးပုလဲဆီကို ျပန္လည္ ေရာက္ရွိလာခဲ့တယ္။
ႀကီးျမတ္တဲ့အျဖဴ က ေပ်ာ္ရႊင္စြာ နဲ႔ လက္ဖက္ရည္ အိုးေလးကို ဖြင့္ၿပီး အေအးပုလဲကို ထည့္ကာ အဖံုးျမန္ျမန္ ျပန္ဖံုးလိုက္တယ္။
"ဒင္.."
ထူးဆန္းတဲ့ လက္ဖက္ရည္အိုးေလး ေပၚမွာ ေရးထြင္းထားတဲ့ ေမွာ္သေကၤတ ေတြက ရုတ္တရက္ အဖံုးေပၚမွာ လင္းလက္သြားတယ္။ မၾကာခင္မွာပဲ အဖံုးက လက္ဖက္ရည္ အိုးေလး နဲ႔ ေပါင္းစည္းသြားၿပီ တစ္ခု တည္းအျဖစ္ ျဖစ္တည္သြားတယ္။
"သေဘာတူညီမွဳ ၿပီးျပည့္စံုၿပီ" ထူးဆန္းတဲ့ လက္ဖက္ရည္ အိုးေလး ဆီကေန ရိုးရွင္းတဲ့ သတင္းအခ်က္အလက္ တစ္ခု ထြက္ေပၚလာတယ္။ လက္ဖက္ရည္ အိုးအသံုးျပဳခဲ့တဲ့ ဘာသာစကား က မဒရင္း ဘာသာစကား မဟုတ္ပါဘူး။ ဒါေပမဲ့ ႏူးညံတဲ့ စိတ္စြမ္းအင္ေတြ ေရာေထြးပါဝင္ေနတာေၾကာင့္ ၾကားရသူကို အလိုအေလွ်ာက္ ဘာသာျပန္ေပးပါတယ္။ ဒါေၾကာင့္ ရူဟန္ န႔ဲ အားရွီလွ်ဴ တို႔က ဆိုလိုရင္း အဓိပၸာယ္ကို နားလည္ခဲ့ပါတယ္။ ဒါေပမဲ့ ဘယ္ႏိုင္ငံ က ပိုင္ဆုိင္တဲ့ ဘာသာစကား လည္း ဆိုတာကိုေတာ့ မသိေတာ့ ပါဘူး။
သေဘာတူညီမွဳ ျပည့္စံုတာ ဟုတ္လား။ စီနီယာ အျဖဴ ဒီေလာက္ ဒုကၡခံၿပီး လုပ္ေနတာက ဒီလက္ဖက္ရည္အိုးနဲ႔ အဆင့္ခုႏွစ္ ႀကီးျမတ္သူ ရဲ့ ဝိညာဥ္တို႔ သေဘာတူညီမွု ရေစဖုိ႔ လား။
အကန္႔အသတ္မဲ့ နတ္ဆုိးဂိုဏ္း ႀကီးျမတ္သူ က ဂ်င္ဆင္းခႏၶာကိုယ္ထဲမွာ ရွိေနတုန္း ငါအသက္ဆက္ရွင္ခ်င္တယ္ လို႔ ေျပာလိုက္ကတည္းက ရူဟန္ က တစ္ခုခုကို သံသယ ဝင္ေနတာပါ။
ဒီလက္ဖက္ရည္ အိုးေလးက ဘယ္လို ရတနာမ်ိဳးလဲ။
❄️❄️❄️
"ဟားဟား.. ႏွစ္ေပါင္းမ်ားစြာ ၾကာၿပိးေနာက္မွာေတာ့ ငါက အဆင့္ခုႏွစ္ ႀကီးျမတ္သူ အဆင့္ဝိညာဥ္ နဲ႔ လက္ဖက္ရည္အိုးကို ျပဳလုပ္ႏိုင္ခဲ့ၿပီ။" ႀကီးျမတ္တဲ့အျဖဴ က လက္ဖက္ရည္အုးိေလးကို ကိုင္ၿပီး ၿပံဳးကာ ေျပာလိုက္တယ္။
"ဘီ..ဘီ.. ဘီး" လက္ဖက္ရည္အိုးေလးက ေပ်ာ္ရႊင္တဲ့ ေအာ္သံေတြ ထုတ္ေဖာ္လိုက္တယ္။ လက္ဖက္ရည္ အိုးက စကားမေျပာႏိုင္ပါဘူး။ ေစာန က ထြက္ေပၚလာတဲ့ သေဘာတူညီမွဳ ၿပီးျပည့္စံုၿပီး ဆိုတာက ေမွာ္နည္းစနစ္ အရ ထြက္ေပၚလာတဲ့ အသံပါ။
"ေအာင္ျမင္ၿပီ" ႀကီးျမတ္တဲ့အျဖဴ က သေဘာတက် နဲ႔ ေျပာလိုက္တယ္။
ဒါေပမဲ့ ဒီအခ်ိန္မွာပဲ သနားစရာ ဂ်င္ဆင္းက သတိျပန္ရလာျပန္ပါတ္။ သူက လံုးဝ ေၾကာက္လန္႔တၾကား နဲ႔ မ်က္စိကို ဖြင့္လိုက္တယ္။ အေစာပိုင္းတုန္းက သူ႔အေနနဲ႔ သူ႔ခႏၶာကိုယ္ကို ထိန္းခ်ဳပ္ႏိုင္မွဳ ကင္းမဲ့သြားခဲ့ရပါတယ္။ သူ႔ရဲ့ ဝိညာဥ္က ေတာင္မွ ျပင္ပ အားတစ္ခု ရဲ့ ဖိႏွိပ္ျခင္းကို ခံလိုက္ရတယ္။
ခႏၶာကိုယ္ကို မထိန္းခ်ဳပ္ႏိုင္ရံု တင္ မဟုတ္ပါဘူး။ အသံ ပါမထြက္ႏိုင္ေတာ့ တာ ျဖစ္ပါတယ္။
ကံေကာင္းတာက အိမ္မက္ မက္ေနတာ ျဖစ္လို႔ပါပဲ။ သူ႔မ်က္လံုးကို ဖြင့္လိုက္ခ်ိန္မွာေတာ့ သူ႔ခႏၶာကိုယ္ကို ေကာင္းေကာင္း ထိန္းခ်ဳပ္လို႔ ရေနပါတယ္။
ဟုတ္ပါတယ္။ ေခ်ာေမာလွတဲ့ လူသတၱဝါ ရဲ႔ အဖမ္းဆီးကို ခံလိုက္ရတာကလည္း အိမ္မက္ဆိုးတစ္ခု ပါပဲ။
ဂ်င္ဆင္းက မ်က္လံုးကို ဖြင့္ၿပီး ပတ္ဝန္းက်င္ကို ျပဴးေၾကာင္ေၾကာင္ နဲ႔ ၾကည့္လိုက္တယ္။
ေနာက္ေတာ့ သူ႔ေဘးနားမွာ လက္ဖက္ရည္ အုိးကိုင္ၿပီး မတ္တပ္ရပ္ေနတဲ့ ႀကီးျမတ္တဲ့အျဖဴ ကို ျမင္လိုက္ရတယ္။
ခ်ီးတဲ့မွ .. အိမ္မက္ဆိုး မဟုတ္ဘူးဟ။
တကယ္ အဖမ္းခံခဲ့ရတာပဲ။
တစ္ခါတစ္ေလ က အမွန္ျဖစ္တည္ျခင္း က အိမ္မက္ဆိုးထက္ေတာင္ ဆိုးရြားေနပါေသးတယ္။
ဒါေၾကာင့္ ႀကီးမားတဲ့ ဂ်င္ဆင္းႀကီးက စတင္ၿပီး ရူန္းကန္ လိုက္တယ္ "အဟင့္..အဟင့္ ..အဟင့္"
"အမ္.. ႏိုးလာျပန္ၿပီလား" ဂ်င္ဆင္းက ရုန္းကန္ေနတာကို သတိျပဳမိေတာ့ ႀကီးျမတ္တဲ့အျဖဴ က ေခါင္းလွည့္ၿပီး ႏူးညံ့တဲ့အသံနဲ႔ ေျပာလိုက္တယ္ "ၾကည့္ရတာ ဝိညာဥ္ ထြက္သြား ကတည္းက ႏိုးေနပံုေပၚတယ္"
ေျပာၿပီးတဲ့ေနာက္ ႀကီးျမတ္တဲ့အျဖဴ က လွည့္ၿပီး ဂ်င္ဆင္ကို လွပတဲ့ တပတ္လွည့္ကန္ခ်က္ နဲ႔ ကန္ပစ္လိုက္တယ္။
"ဘန္း" ဂ်င္ဆင္ႀကီးက ျပန္လည္ ေမ့ေမ်ာသြားျပန္တယ္။
ဒီအခ်ိန္မွာ ႀကီးျမတ္တဲ့အျဖဴ က အားနည္းနည္း ထည့္ၿပီး ကန္ထားပါတယ္။
ဒါေၾကာင့္ ဒီတစ္ႀကိမ္မွာေတာ့ အခ်ိန္အေတာ္ၾကာ ေမ့ေမ်ာေနပါလိမ့္မယ္။
အနားက မြန္းစတား မိုးမခသစ္ပင္ ေလးက တံေတြးမ်ိဳခ် လိုက္တယ္။ ကံေကာင္းတာ က သူမ အေနနဲ႔ ႀကီးျမတ္တဲ့ အျဖဴကို သစ္ကိုင္း ေထာက္ပံံ့ ေပးေနႏိုင္တာပါပဲ။ မဟုတ္ရင္ သူမ လည္း ဒီ ဂ်င္ဆင္းလို အကန္အေက်ာက္ ခံေနရမွာ ေသခ်ာပါတယ္။
❄️❄️❄️
ရူဟန္ နဲ႔ အားရွီလွ်ဴ တို႔က စီနီယာအျဖဴ႕ လက္ထဲက လက္ဖက္ရည္အိုးေလးကို ၾကည့္လိုက္တယ္။
ႀကီးျမတ္တဲ့အျဖဴ က လက္ဖက္ရည္အိုးကို လွဳပ္ခါၿပီး ေျပာလိုက္တယ္ "ဒီလက္ဖက္ရည္အိုး ဘယ္လိုအလုပ္လုပ္တယ္ ဆိုတာကို မင္းသိခ်င္တယ္ မဟုတ္လား။"
ရူဟန္ နဲ႔ အားရွီလွ်ဴ တို႔က ေခါင္းကို အထပ္ထပ္ ညိတ္လိုက္ၾကတယ္။
"တကယ္ေတာ့ ဒီအရာက ငါတို႔ က်င့္ႀကံသူေတြ ဖန္တီးထားတဲ့ ေမွာ္ရတနာ တစ္ခု မဟုတ္ဘူး။ လြန္ခဲ့တဲ့ ႏွစ္တစ္ရာတုန္းက သဲကႏၱာရ တစ္ခုကို ျဖတ္သန္းသြားလာရင္း ေကာက္ရခဲ့တဲ့ အရာတစ္ခုပဲ။ ဒါေပမဲ့ ဒီအရာမွာ လက္ဖက္ရည္အိုး စိတ္ဝိညာဥ္ အျဖစ္ ေနထိုင္ႏုိင္တဲ့ ဝိညာဥ္အိမ္ တစ္ခု ရွိေနတယ္။ ဒါေပမဲ့ လက္ဖက္ရည္အိုးစိတ္ဝိညာဥ္ ျဖစ္ဖို႔ အဆင့္ငါး အထက္ က်င့္ႀကံသူ ရဲ့ ဝိညာဥ္ ျဖစ္ဖို႔ လိုတယ္။
"သူ႔ရဲ့ စြမ္းရည္က ဘာလဲ" ရူဟန္က ေမးလိုက္တယ္။
"ေသခ်ာၾကည့္" ႀကီးျမတ္တဲ့ အျဖဴ က သူ႔လက္ကို ဆန္႔တန္းၿပီး လက္ဖက္ရည္အိုးေသးေလးကို ပြတ္လိုက္တယ္။
"ဝွစ္"
လက္ဖက္ရည္အိုး ကရားႏွဳတ္သီး က ေန ျမဳေတြ ထြက္ေပၚလာတယ္။
ေနာက္ေတာ့ ျမဴေတြက အမဲေရာင္ဝတ္စံုကိုဝတ္ဆင္ထားတဲ့ မိစၱာႀကီးျမတ္သူ လုခ်န္လမး္ရဲ့ ပံုသ႑ာန္ ေပၚေပါက္လာတယ္။
"ေမွာ္မီးခြက္လိုလား" ရူဟန္ ရဲ့ မ်က္လံုးေတြ က ေတာက္ပသြားတယ္ "စီနီယာအျဖဴ .. လိုရာဆုေတာင္းလို႔ရတာလား"
"လိုရာဆုလား။ ဒီကမၻာေပၚမွာ အဲ့လိုအရာ ဘယ္မွာ ရွိလို႔လဲ" ႀကီးျမတ္တဲ့အျဖဴ က လက္ကို ယမ္းခါၿပီး ေျပာလိုက္တယ္ "ဒီေမွာရတနာ က တကယ္ေတာ့ တိုက္ခိုက္ေရး အမ်ိဳးအစား ေမွာ္ရတနာတစ္ခုပဲ။ တိုက္ခိုက္ဖို႔ အတြက္ တစ္ေန႔ကို နာရီဝက္သံုးခါ အသံုးျပဳႏိုင္တယ္။ ဒါေပမဲ့ ဂရုစိုက္ဖို႔ လိုတယ္။ လက္ဖက္ရည္အိုး စိတ္ဝိညာဥ္ က ေသဆံုးသြားရင္ ေပ်ာက္ကြယ္သြားႏိုင္တယ္။ ဒါေၾကာင့္ ဒဏ္ရာ ျပင္းျပင္းထန္ထန္ ရရွိခ်ိန္မွာ ျပန္သိမ္းဖို႔ လိုတယ္။"
"......" ရူဟန္က ေျပာလိုက္တယ္ "ဒါေပမဲ ့စီနီယာအျဖဴ .. မင္းေျပာတုန္းက ဒီလူ႕႔ဆီက ေရွးေကာင္းကင္ဘံုၿမိဳ႕ရဲ့ အစိတ္အပိုင္း အခ်က္အခ်ာ ေနရာ နဲ႔ ပတ္သက္တဲ့ သတင္းအခ်က္အလက္ကို လိုခ်င္လို႔ဆို။ လက္ဖက္ရည္အိုး စိတ္ဝိညာဥ္ ျဖစ္သြားေတာ့ ေမးသမွ်ကို ေျဖပါ့မလား။"
"ဒါပဲေလ။ ဒါေၾကာင့္ ငါက ဒုကၡခံၿပီး လက္ဖက္ရည္အိုး စိတ္ဝိညာဥ္ အျဖစ္ ေျပာင္းလဲ ခဲ့ရတာေပါ့" ႀကီးျမတ္တဲ့အျဖဴ က ရယ္လိုက္တယ္။ ၿပီးေနာက္ လက္ဖက္ရည္အိုးေလးကို ပုတ္ၿပီး ေကာင္းကင္ေပၚက အမဲေရာင္ဝတ္စံု နဲ႔ လူကို ေမးလိုက္တယ္ "မင္းနာမည္ ဘယ္လိုေခၚလဲ"
"ဒီနိမ္႔က်တဲ့ လူ ရဲ့ တာအိုနာမည္က လုခ်န္လမ္ဒးပါ။" အမဲေရာင္ ဝတ္စံု နဲ႔ တာအိုဘုန္းႀကီး က အမွန္အတိုင္းပဲ ေျဖလိုက္တယ္။
တကယ္ ျပန္ေျပာတာပဲ။
"တကယ့္ကို မယံုႏိုင္စရာဘဲ" ရူဟန္ ေျပာလိုက္တယ္။ တစ္ခ်ိန္တည္းမွာပဲ သူ႔နာမည္က တာအိုဘုန္းႀကီး ေဘဂ်င္းလမ္း မျဖစ္ခဲ့တာကို စဥ္းစားမိၿပီး ဝမ္းသာသြားတယ္။ မဟုတ္ရင္ တစ္ေယာက္ေယာက္ကသာ တာအိုနာမည္ လာေမးရင္ ဘယ္လိုမ်က္ႏွာ နဲ႔ ေျဖရမွာလဲ။
ၿပီးေနာက္ ရူဟန္က စိတ္ဝင္တစား နဲ႔ ေမးလိုက္တယ္ "တာအိုေရာင္းရင္း လုခ်န္လမ္း .. ငါ ေမးခြန္းတစ္ခု ေလာက္ ေမးလို႔ရမလား။ မင္းအေမ ရဲ့ မ်ိဳးရိုးနာမည္ က ဘာလဲ"
မိစၦာႀကီးျမတ္သူ လုခ်န္လမ္း က ရူဟန္ကို ေအးစက္စက္ နဲ႔ ၾကည့္ၿပီး ျပန္မေျပာပါဘူး။
"......" ရူဟန္။
ႀကီးျမတ္တဲ့အျဖဴ က ရူဟန္ကို ႏွစ္သိမ့္လိုက္တယ္ "ရူဟန္ .. စိတ္မေကာင္းမျဖစ္နဲ႔. လက္ဖက္ရည္အိုး စိတ္ဝိညာဥ္က မင္းကို အထင္ေသးလို႔ မေျဖတာ မဟုတ္ဘူး။ သူက ပိုင္ရွင္ရဲ့ ေမးခြနး္ကိုပဲ ေျဖတယ္"
စီနီယာအျဖဴ .. အဲ့ကိစၥကို ရွင္းျပစရာ မလိုဘူးေလ။ မင္းေျပာမွ လက္ဖက္ရည္အိုး စိတ္ဝိညာဥ္ က ငါ့ကို အထင္ေသးတဲ့ အၾကည့္နဲ႔ ၾကည့္ေနသလို ခံစားေနရၿပီ။
အားရွီလွ်ဴက မရယ္ဘဲ မေနႏိုင္ေတာ့ ပါဘူး။
"အဟန္႔" ႀကီးျမတ္တဲ့အျဖဴ က ေခ်ာင္းဟန္႔ၿပီး ေျပာလိုက္တယ္ "တာအိုေရာင္းရင္း လုခ်န္လမ္း .. ေကာင္းကင္ဘံုၿမိဳ႕ အစိတ္အပိုင္းရဲ့ အခ်က္အခ်ာ ေနရာကို ေျပာျပ ႏိုင္မလား"
မိစၦာႀကီးျမတ္သူ လုခ်န္လမ္း က သူ႔ရဲ့ ေအးစက္တဲ ့မ်က္ႏွာေပၚမွာ ဇေဝဇဝါ အမူအရာေတြ ျဖစ္ေပၚလာတယ္။
"သူ႔စိတ္စြမ္းအားက အရမ္းေကာင္းတယ္။ လက္ဖက္ရည္အိုး စိတ္ဝိညာဥ္ ျဖစ္တာေတာင္မွ ပုန္ကန္ ခ်င္ေနေသးတယ္။" ႀကီးျမတ္တဲ့အျဖဴ က သူ႔လက္ကို ဆန္႔တန္းၿပီး လက္ဖက္ရည္အိုးကို ေနာက္တစ္ႀကိမ္ ပြတ္လိုက္တယ္။
လုခ်န္လမ္းက ေနာက္ဆံုးမွာေတာ့ ပါးစပ္ဟၿပီး ေျပာလိုက္ပါေတာ့တယ္ "ဒီအခ်က္အခ်ာက အေရွ႔ဘက္ျခမ္းမွာ ရွိတဲ့ နန္းေတာ္ေတြ ထဲက တစ္ခု ဆီမွာ ဖြက္ထားတယ္။ ဒါေပမဲ့ အခ်က္အခ်ာ ေနရာကို မင္းသြားခ်င္တယ္ ဆိုရင္ေတာ့ ငါ့အကူအညီ လိုလိမ့္မယ္။ ငါက ဒီအရာရဲ့ အာဏာပိုင္လို႔ ေတာင္ ေျပာလို႔ရတယ္"
"အံၾသစရာ မရွိ္ေတာ့ဘူး ။ ဒီအခ်က္အခ်ာ ေနရာကို ငါတို႔ထက္ တစ္ေယာက္ေယာက္က အရင္ေတြ႔ၿပီး ဖြက္ထားလိုက္တာကိုး။ ဒါေၾကာင့္ ရွာလို႔ မေတြ႔တာကိုး။" ႀကီးျမတ္တဲ့အျဖဴ က ေျပာလိုက္တယ္။
ဒီေနရာရဲ့ အခ်က္အခ်ာ ကို လုခ်န္လမ္းက အေစာကတည္းက ထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီ ျဖစ္မွန္း သူမထင္မိခဲ့ပါဘူး။ ဒီလူက အခ်ိန္သာ ပိုရမယ္ဆိုရင္ ဒီအစိတ္အပိုင္း တစ္ခုလံုးကို သူ႔ကိုယ္ပိုင္ အျဖစ္ ထိန္းခ်ဳပ္ႏိ္ုင္ေတာ့မွာ ေသခ်ာတယ္ ဒါဆိုရင္ အဆင့္ရွစ္ သူေတာ္စင္ အဆင့္ကို တက္လွမ္းႏိုင္ၿပီ။.
ဒါေပမဲ့ ကံဆိုးတာက လက္ရွိမွာေတာ့ လုခ်န္လမ္းက အဆင့္ရွစ္ သူေတာ္စင္ ျဖစ္ရမယ့္ အစား ႀကီးျမတ္တဲ့အျဖဴ ရဲ့ လက္ဖက္ရည္အိုး စိတ္ဝိညာဥ္ျဖစ္ေနပါၿပီ။
"ဒါဆိုရင္.. ငါ့ကို လမ္းျပပါ။ တာအိုေရာင္းရင္း" ႀကီးျမတ္တဲ့အျဖဴ က ေျပာလိုက္တယ္။
ေကာင္းကင္ေပၚမွာေတာ့ လုခ်န္လမ္းရဲ့ မ်က္ႏွာ ေပၚမွာ ဇေဝဇဝါ အမူအရာေတြ ေပၚလာျပန္တယ္။ ဒါေပမဲ့ ခဏေလာက္ၾကာေတာ့ လက္ဖက္ရည္အိုးနဲ ႔သေဘာတူညီမွဳကို မေက်ာ္လြန္ႏိုင္ဘဲ အရံႈးေပးလိုက္ရတယ္။
ဒါေၾကာင့္ပဲ သူက ႀကီးျမတ္တဲ့အျဖဴ နဲ႔ တျခားလူေတြကို ဦးေဆာင္ၿပီး ေရွးေကာင္းကင္ဘံုၿမိဳ႕ အစိတ္အပိုင္း ရဲ့ အေရွ႔႕ဘက္မွာ ရွိတဲ့ နန္းေတာ္ေတြ တည္ရွိရာကို ဦးတည္လိုက္တယ္။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now