အပိုင်း (၇၄၉)
157 32 0
#Unicode
ဒီကမ္ဘာကြီး မှာ အမှိုက်လို စွမး်ရည်၊ နည်းစနစ် ဆိုတာ မရှိဘူး။
ရူဟန်က ဆွံ့အသွားတယ်။
ငါက ပါးစပ်ကို ဟလိုက်မိတာလေ။ ဘယ်လိုဖြစ်ပြီး ကြာပန်းဖူးပွင့်ခြင်းလျှာ စွမ်းရည်က သူ့ဘာသာ အသက်ဝင်လာရတာလဲ။ ငါက ဒီစွမ်းရည်ကို သုံးဖို့ ရည်ရွယ်ချက် မရှိဘူးလေ။
နေပါအုန်း။ ငါက ဓားမော့ဆန္ဒမြက်ဓားကို မြိုချလိုက်မိတာကြောင့် ငါ့ရဲ့ ကြာပန်းဖူးပွင့်ခြင်း စွမ်းရည်က သန္ဓေပြောင်းသွားခဲ့တာလား။
ဒါဆိုရင် ငါ့ရဲ့ ကြားပန်းဖူးပွင့်ခြင်းလျှာ စွမ်းရည်က ကြာပန်းဖူးပွင့်ခြင်း ဓားမော့လျှုာ .. အဲ့လိုမျိုး ဖြစ်သွားမှာလား။ ပါးစပ်ကို ဟလိုက်ရင် ဓားတိုက်ခိုက်မှု .... မဟုတ်ဘူး .. ဓားမော့တိုက်ခိုက်မှုက ထွက်ပေါ်လာပြီး မွန်းစတားတွေကို သတ်ဖြတ် သုတ်သင်နိုင်မှာပေါ့။
ဒီလိုသာ ဆိုရင် အရမ်းကောင်းပြီလေ။
ရူဟန်က ဒီလိုဖြစ်ဖို့ မျှော်လင့်နေပါတယ်။ သူ့ရဲ့ လည်ချောင်းကို ထိုးမွှေပြိး ဗိုက်ကိုဓားနဲ့ လှီးတဲ့ ခံစားမှုကို ရရှိနေတယ်ဆိုပေမဲ့ ကြာပန်းဖူးပွင့်ခြင်း လျှာ စွမ်းရည်က ဒီလိုမျိုး ပုံပြောင်းသွားမယ် ဆိုရင် နာကျင်ရတာ ထိုက်တန်တယ်လို့ ပြောရမှာ ဖြစ်တယ်။
ရူဟန်က အတွေးနက်နေတုန်းမှာပဲ အဖြူရောင်ကြာပန်းတွေက ဖူးပွင့်လာပါတယ်။
မကြာမီမှာပဲ အားကောင်တဲ့ မွှေးရနံ့က ပတ်ဝန်းကျင်တစ်ခုလုံးကို ပြန့်နှံ့သွားခဲ့တယ်။ ဒါက အရသာ ရှိတဲ့စားပွဲတွေ အများအပြား တည်ခင်းထားတဲ့ အနံ့မျိုးပါ။
ဒီအနံ့က အစာစားချင်စိတ်ကို ဖြစ်ပေါ်စေပြီး သွားရည်ယိုစေတယ်။ လိပ်အသက်ရှုနည်းကို အသုံးပြုထားတဲ့ ကျင့်ကြံသူကိုတောင်မှ ဒီအနံ့က သက်ရောက်နိုင်စွမ်း ရှိတယ်။
အားရှီလျှူက တံတွေးမြိုချ လိုက်တယ်။ ကိုးစီရင်စု က တာအိုရောင်းရငး်တွေကလည်း ခေါင်းလှည့်ပြီး သူ့ကို ကြည့်လိုက်ကြတယ်။
ရူဟန်က ကြာပန်းကို အာရုံစူးစိုက်မှု အပြည့်နဲ့ ကြည့်နေတယ်။
ဒါပေမဲ့ သူစောင့်မျှော်နေသလို ကြာပန်းဖူးပွင့်ခြင်း လျှာ စွမး်ရည်က သန္ဓေပြောင်းမသွားပါဘူး။
ပြောင်းလဲ မသွားဘူးဆိုရင် ဒီနေရာမှာ ဘာလို့ ပေါ်လာရတာလဲ။ ရူဟန် သက်ပြင်းချလိုက်တယ်။
ဒါကြောင့် လက်ကို ဆန့်တန်းပြီး လေထဲမှာ ရှိနေတဲ့ ကြာပန်းကို ပုတ်ဖို့ပြင်လိုက်တယ်။
အဖြူရောင် ကြာပန်း က အနားမှာ ရှိတဲ့ လူတွေ အားလုံးကို အစာစားချင်စိတ် ဖြစ်တည်စေမှာလေ။ ကိုးစီရင်စု က စီနီယာတွေ သူ့ကို ဝိုင်းပတ်ပြီး အဖြူရောင်ကြာပန်းရှေ့မှာ ထိုင်ကာ အနံ့ခံရင်း ထမင်းစားကြမယ့် ကိစ္စမျိုးကို အဖြစ်ခံလို့ မဖြစ်ပါဘူး။
ဒါက တော်တော်ရှက်စရာ ကောင်းတဲ့ ကိစ္စ ဖြစ်သွားလိမ့်မယ်။
❄️❄️❄️
ရူဟန်ရဲ့ လက်ချောင်းတွေက ကြာပန်းဖြူ ကို ထိလိုက်တော့ ကြာပန်းက တုန်ခါသွားတယ်။ နောက်တော့ သူ့ရဲ့ အရိုးနဲ့ အရွက်တွေက ကြွေကျသွားပြိး ကြာစေ့လေး တစ်ခုသာ ကျန်ခဲ့ပါတော့တယ်။
"အမ်|" ရူဟန်က အံသြသွားတယ်။ နောက်ဆုံးအကြိမ်တုန်းက သူကြာပန်းကို လက်နဲ့ ပုတ်လိုက်တဲ့ အချိန်မှာ ကြာပန်းက အစအန တောင်ရှာမရဘဲ ပျောက်ကွယ်သွားခဲ့တယ်လေ။
ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ကြာစေ့ တစ်ခု ကျန်နေပါတယ်။
ကြာပန်းဖူးပွင့်ခြင်းလျှာ စွမ်းရည်က တကယ်ပဲ ပြောင်းလဲ သွားတာလား။ ရူဟန်က မျက်လုံးတွေ တောက်ပသွားတယ်။ ပြိးနောက် ကြာစေ့ကို လှမ်းယူလိုက်တယ်။
ဒီကြာစေ့မှာ ဘယ်လိုမျိုး အထူးစွမ်းအားတွေ တည်ရှိနေတာလဲ။
အနားမှာ ရှိတဲ့ အားရှီလျှူကလည်း ကြာပန်းကို ကြည့်လိုက်တယ် "ဒီကြာစေ့ကနေ ဓားမော့ဆန္ဒတွေ ထွက်ပေါ်နေတာကို ငါခံစားလို့ရတယ်။ ဒါက မြက်ဓားမှာ ပါတဲ ့နက်နဲတဲ ဓားမော့ဆန္ဒ နည်းဥပဒေသ လိုမျိုး ခံစားချက်ကို ပေးစွမ်းနေတယ်။ ဒါပေမဲ့ ကြာစေ့ထဲက ဓားမော့ဆန္ဒက ပိုပြီး နူးညံနေသလိုပဲ။
"ပြောရမယ်ဆိုရင် ဓားမော့ ဆန္ဒ မြက်ဓား နဲ့ စွမ်းရည်ခြင်း တူတူပဲပေါ့။ ဒါကို စားတဲ့ သူက ဓားမော့ဆန္ဒကို နားလည်နိုင်မယ်။ ဒီလိုလား။" ရူဟန်ရဲ့ မျက်လုံးတွေက တောက်ပသွားတယ်။ သူရဲ့ ကြာပန်းဖူးပွင့်ခြင်း လျှာစွမ်းရည်က ဒီလိုမျိုး ကြာပန်းစေ့အဖြစ် ပြောင်းလဲ နိုင်မယ်ဆိုရင် မဆိုးပါဘူး။
"ငါလည်း အဲ့လို ထင်တာပဲ" အားရှီလျှူက ပြောလိုက်တယ်။ ဒါပေမဲ့ သူမ ကလည်း သေသေချာချာတော့ မသိပါဘူး။
"ဟမ့်... ဒီလိုဆိုတော့ လည်း ထပ်စမ်းကြည့်တာပေါ့" ရူဟန်က အသက်ပြင်းပြငး်ရှုပြီး လေတွေ မှုတ်ထုတ်လိုက်တယ်။ ပြီးနောက် သူ့လျှာက လှုပ်ခါသွားတယ်။
နောက်တော့ လေထဲမှာ စိတ်ဝိညာဉ်ချီတွေ စုဝေးလာတယ်။
မမြင်ရတဲ့ လက်ကြီးတစ်ခုက အနားမှာ ရှိတဲ့ စိတ်ဝိညာဉ်ချီတွေကို ဆွဲယူပြီး စုစည်းလိုက်တယ်။ နောက်ဆုံးမှာတော့ ရူဟန်ရဲ့ အရှေ့မှာ ကြာပန်းဖြူ တစ်ခု ဖြစ်တည်လာပါတော့တယ်။ ကြာပန်းဖြူ က နှင်းလို ဆွတ်ဆွတ်ဖြူနေပြီး အေးမြတဲ့ခံစားကို ပေးစွမ်းကာ လေထဲမှာ တည်တည်ငြိမ်ငြိမ်ပဲ ရပ်နေပါတယ်။
ရူဟန်က လက်ကို ဆန့်တန်းပြီး ကြာပန်းက ပုတ်လိုက်တယ်။ "ဓားမော့ဆန္ဒရဲ့ ကြာပန်းစေ့ ကို ပြစမ်း"
လေထဲက ကြာပန်း ကပျောက်ကွယ်သွားတယ်။ ဒါပေမဲ့ ဒီအချိန်မှာတော့ ဘာတစ်ခု မှ မကျန်ခဲ့တော့ ပါဘူး။
"........" ရူဟန်။
အင်.. ဒါက တော်တော် ရှက်ဖို့ ကောင်းတာပဲ။
ကြာပန်းစေ့က ဘာဖြစ်တာလဲ။ ဘာကြောင့် ကြာပန်းစေ့က ပေါ်မလာရတာလဲ။
ငါ့မျှော်လင့်ချက်တွေကို ဒီလို ဖျက်ဆီးရတာ ပျော်ရဲ့လား။
❄️❄️❄️
အဝေး တစ်နေရာက ဓားပျံတွေ ထုတ်လုပ်နေတဲ့ ကြီးမြတ်တဲ့အဖြူက ရူဟန် ဘေးကို ရောက်ရှိ လာတယ်။
"ရူဟန်.. .. ငါ့ကို ဒီကြာပန်းစေ့ ပေးကြည့်မလား"
"သေချာတာပေါ့" ရူဟန် က လက်ကို ဆန့်ထုတ်ပြီး ကြာပန်းစေ့ကို စိနီယာ အဖြူဆီ ပေးလိုက်တယ်။
ကြာပန်းစေ့ကို ယူပြီးတဲ့နောက် ကြီးမြတ်တဲ့ အဖြူက အနီးကပ်စစ်ေးဆလိုက်တယ်။
ပြီးနောက် သူက ပြောလိုက်တယ် "ခုနက အားရှီလျှူ ပြောတာ မှန်တယ်။ ဒီကြာစေ့ထဲမှာ အရမ်းကို သန့်စင်တဲ့ ဓားမော့ဆန္ဒ ရှိနေတယ်။ မြက်ဓားထဲမှာ ပါတဲ့ နက်နဲတဲ ့ဓားမော့ဆန္ဒထက်ပိုပြီး သန့်စင် ညင်သာတယ်။ဓားမော့ဆန္ဒကို စုပ်ယူဖို့ ပိုမို လွယ်ကူတယ်။"
"ဒါပေမဲ့ ငါ့ရဲ့ ကြာပန်းဖူးပွင့်ခြင်း လျှာ စွမ်းရည်က ကြာစေ့ တစ်စေ့ပဲ ထုတ်နိုင်ရတာလဲ" ရူဟန်က မေးလိုက်တယ်။ ဒါက တော်တော် ထူးဆန်းတယ်လေ။ မြက်ဓားအစွမ်းအောက်မှာ သူ့ရဲ့ စွမ်းရည်က သန္ဓေပြောင်းသွားခဲ့တာလား။
ဒါပေမဲ့ ဘာကြောင့် ဒုတိယအကြိမ်မှာ ကြာပန်းစေ့ က ပေါ်မလာတော့တာလဲ။
"ဒါက ရိုးရှင်းတယ်။ ဒီကြာပန်းစေ့က မင်းစောန က စားလိုက်တဲ့ မြက်ဓားကို သန့်စင်ထားတာအဖြစ် ပြန်လည်ထွက်လာတာ။မင်းကိုယ်မင်း ပြန်စစ်ဆေးကြည့်လိုက်။ မင်းမြိုချထားတဲ့ ဓားမော့ဆန္ဒတွေက ဘာအစွမ်းမှ ရှိမနေတာကို မြင်ရလိမ့်မယ်။ မင်းက ဓားမော့ဆန္ဒကို မြိုချထားတာတောင်မှ ဘာတစ်ခုမှ နားမလည်မိဘူး မဟုတ်လား။" ကြီးမြတ်တဲ့အဖြူ က ရယ်ပြီး ပြောလိုက်တယ်။
ရူဟန်က မျက်လုံးကို မှိတ်ပြိး သူ့တကိုယ်လုံးကို စစ်ဆေးလိုက်တယ်။ သူ့လည်ချောင်း နဲ့ ဗိုက်က နည်းနည်း နာနေတာကလွဲရင် တခြားဘာကိုမှ မခံစားမိပါဘူး။
ပြောရမယ် ဆိုရင် သူက ကြားခံ သန့်စင်ပေးသူ အဖြစ်ရှိခဲ့တာပေါ့။ သူက မြက်ဓားထဲမှာ ပါဝင်တဲ့ မသန့်စင်မှုတွေကို သန့်စင်ပေးခဲ့တာပဲ။
ချီးတဲ့မှ ...
အခု သူက မြက်ဓားကို စားပြီး လည်ချောင်းတွေ နာ ၊ ဗိုက်ကို ဓားနဲ့ လှီးသလို နာကျင်မှု ကို ခံစားရတယ် ဆိုပေမဲ့ ပြန်ရလိုက်တာကတော့ ကြာစေ့တစ်ခုတည်း ဖြစ်ပြီး ဓားမော့ဆန္ဓကိုလည်း ဘာတစ်ခုမှ နားမလည်ခဲ့ပါဘူး။
"ရူဟန်. .. အားမငယ်နဲ့။ အခု.. ငါတို့ အရေးကြီးတာကို သေချာ အောင်လုပ်ရမယ်" ကြီးမြတ်တဲ့အဖြူက ခပ်တည်တည် နဲ့ ပြောလိုက်တယ်။
"အရေးကြီးတာ ဘာကြီးလဲ" အားရှီလျှူ နဲ့ ရူဟန်တို့က ဇဝေဇဝါ နဲ့ ပြောလိုက်တယ်။
"ဒီအစိ .. အင်း.. ဒါကို ငါတို့ ဓားမော့ဆန္ဒကြာပန်းစိ လို့ ခေါ်ရမယ်။ ဘာပဲဖြစ်ဖြစ်၊ ဒီအစိ က မြက်ဓားထက်ပိုပြီး အစွမ်းရှိလားဆိုတာကို ငါတို့ စမ်းသပ်ရမယ်။ ဒီထဲမှာ ရှိတဲ့ဓားဆန္ဒက မြက်ဓားထက်ပိုပြီး သန့်စင် နူးညံ့တယ်။ မြက်ဓားနဲ့ အရည်အသွေးပိုင်း ဘာကွာမလဲ ဆိုတာ မကွဲပြားသေးဘူး။" ကြီးမြတ်တဲ့ အဖြူ က ခပ်တည်တည် ပြောလိုက်တယ်။
တစ်စုံတစ်ယောက်က မြက်ဓားကို စားလိုက်မယ်ဆိုရင် ဓားမော့ဆန္ဒကို ၃၀၊ ၄၀ % လောက် စုပ်ယူလို့ရနိုင်ပါတယ်။
ဒါဆိုရင် ဓားဆန္ဒကြာပန်းစေ့ ထဲမှာ ပါဝင်တဲ့ အစွမ်းက ပိုမို များပြားနေမှာလား။
"ဒါကြောင့်မို့ ရူဟန်.. ဒီကြီးမြတ်သူကို ပေးစမ်းသပ်ဖို့ ပြောချင်တယ်။ကြာပန်စေ့ကိုယ်ထဲမှာ ရှိတဲ့ ဓားမော့ဆန္ဒက ဘယ်လောက်ထိ ရှိလဲ ဆိုတာကို ဒီကြီးမြတ်သူက စစ်ဆေးပေးမယ်။" ကြီးမြတ်တဲ့ အဖြူက ခပ်တည်တည် နဲ့ ပြောလိုက်တယ်။ တကယ်တော့ ဒီကြာပန်းစေ့ကို ကြည့်ရတာ အရသာရှိမယ့် ပုံပေါ်နေတယ်လို့ သူခံစားမိနေတယ်။
"အမ်. တာအိုရောင်းရင်းအဖြူ .. မင်းက ဓားမော့ဆန္ဒကို ဖွဲ့တည် မထားဘူးလေ။" ထာဝရမီးက ဇဝေဇဝါ နဲ့ ပြောလိုက်တယ်။
"မပူနဲ့" ကြီးမြတ်တဲ့အဖြူ က ခေါင်းလှည့်ပြီး ပြောင်စပ်စပ် နဲ့ ပြောလိုက်တယ် "ငါက ဓားဆန္ဒကို ဖွဲ့တည်နိုင်တယ် ဆိုရင်တောင်မှ အရင်တုန်းက မြက်ဓားတွေကို စားပြီး ဓားမော့ဆန္ဒကို စမ်းသပ်ကြည့်ဖူးတယ်။ ဒါကြောင့် ငါက နှစ်ခုကို ကောင်းကောင်း ယှဉ်ကြည့်နိုင်တယ်လေ"
ပြောပြီးတဲ့နောက် စီနီယာအဖြူက ရူဟန်ကို ကြည့်လိုက်တယ် "ဘယ်လိုလဲ သူငယ်ချင်းလေး ရူဟန်"
"ဒါဆိုရင် စီနီယာ အဖြူ ကိုပဲ ဒုက္ခပေးရတော့မယ်" ရူဟန်က ပြောလိုက်တယ်။
စီနီယာအဖြူက ရယ်လိုက်တယ်။ ပြီးနောက် ကြာပန်းစေ့ကို လက်ချောင်းတွေနဲ့ ညှပ်ပြီး စားဖို့ ပြင်လိုက်တယ်။
ဒါပေမဲ့ ဒီအချိန်မှာပဲ ကြိုးကြာဖြူ က ဝင်ပြောလိုက်တယ် "စိ်နီယာ အဖြူ .. နေအုန်းလေ။ အနည်းဆုံးတော့ ဒါကို ရေနွေးပွက်ပွက်ထဲမှာ ၂၄နာရီလောက် သန့်စင်ထားသင့်တယ် မဟုတ်လား"
သူ့စကား မဆုံးသေးခင်မှာပဲ ကြီးမြတ်တဲ့အဖြူက ကြာပန်းစေ့ကို မြိုချလိုက်ပြီးပါပြီ။
သူ့ပါးစပ်ထဲမှာ မွှေးရနံ့တွေက သင်းပျံ့သွားတယ်။ ဒါက အင်မော်တယ် စားပွဲမှာ စားရတဲ့ခံစားချက်မျိုးပါပဲ။ ပါးစပ်ထဲမှာ များပြားလှတဲ့ ရသာပိုးတွေက ပေါက်ဖွားနေသလို မျိုး ခံစားနေရတာယ်။
အရသာက အရမ်းကို ကောင်းပြီး အင်မော်တယ် စားပွဲ အဆင့်လောက် ရှိတယ်။
ရူဟန်က မျှော်လင့်ချက် အပြည့် နဲ့ ပြောလိုက်တယ် "စီနီယာအဖြူ .. ဘယ်လိုလဲ"
ကြီးမြတ်တဲ့ အဖြူ က လက်မထောင်ပြပြီး ပြောလိုက်တယ်။ "မဆိုးဘူ။ အရမ်းကို အရသာ ရှိတယ်။ ဘိုင်ဇူးရဲ့ အင်မော်တယ်စားပွဲကို မှီလုလုပဲ"
"......." ရူဟန်။
ဒါက ဘာလဲ။
ကြီးမြတ်တဲ့ အဖြူက စမ်းသပ်ပေးမယ်ဆိုပြီး စားလိုက်တာက ဒီအစေ့က အရသာရှိမှန်း သိလို့လို့လား။
"အဟွတ်..အဟွတ်" ကြီးမြတ်တဲ့ အဖြူက ချောင်းဆိုးလိုက်တယ်။
ခဏလောက်ကြာတော့ သူက ကြာပန်းစေ့ ရဲ့ အစွမ်း ကို စမ်းသပ်ပေးမယ် ဆိုပြီး ကြာပန်းစေ့ ရဲ့ အရသာ အကြောင်းကို မှားပြောမိကြောင်း သတိပြုမိသွားတယ်။ အရသာ က မချီးကျူးဘဲ မနေနိုင်ဘူးလေ။
သူက ကြာပန်းစေ့ကို မြည်းပြီးသွားြ့ပီဆိုတော့ သုံးသပ်ပေးဖို့ တာဝန်ရှိသွားပါပြီ။
ကြီးမြတ်တဲ့ အဖြူက သူ့ခန္ဓာကိုယ်ထဲက ကြာပန်းစေ့ကို စစ်ဆေးကြည့်လိုက်တယ်။ ပြီးနောက်ဓားမော့ ဆန္ဒ ဘယ်လောက်ရာခိုင်နှုန်းလောက် ပါဝင်သလဲ ဆိုတာကိုပါ ခန့်မှန်းလိုက်တယ်။
ခဏလောက်ကြာတော့ ..
"အင်း.. မဆိုးဘူး။" ကြီးမြတ်တဲ့ အဖြူ က ပြောလိုက်တယ် "ဓားမော့ဆန္ဒကြာပန်းစေ့ထဲမှာ ပါဝင်တဲ့ ဓားမော့ ဆန္ဒတွေက တော်တော်ကြီး သန့်စင်တယ်။ အစွမ်းကို စုပ်ယူတဲ့ အချိန်မှာ ကျင့်ကြံသူ က အဓိပ္ပာယ်မဲ့အချိန်ဖြူန်းတာမျိုးကို တားဆီးပေးနိုင်တယ်။ မြန်မြန်ဆန်ဆန် စုပ်ယူလို့ ရပြိး ဒီကြာပန်းစေ့ တစ်စေ့က မြက်ဓား နှစ်ခု ၊ သုံးခု လောက်နဲ နှိုင်းယှဉ်လို့ရတယ်။ မြက်ဓားလေးခုလောက် နဲ့ လဲရင်တောင် အရှုံးမရှိလောက်ဘူး"
ကြီးမြတ်တဲ့ အဖြူက ကျွမ်းကျင်သူပါ။ သူ့ရဲ့ နှုတ်ထွက် စကားတွေက ယုံကြည်ရပါတယ်။
"ကြာပန်းစေ့ တစ်စေ့ရဲ့ အစွမ်းက မြက်ဓား နှစ်ခု၊ သုံးခု စာလောက်ရှိတယ် ဟုတ်လား။" ရူဟန် ရဲ့ မျက်လုံးတွေက လင်းလက်သွားတယ်။
ထင်ထားတဲ့အတိုင်းပဲ ဒီကမ္ဘာကြီး မှာ အမှိုက်လို စွမး်ရည်၊ နည်းစနစ် ဆိုတာ မရှိဘူးပဲ။ အမှိုက်လို အသုံးပြုသူ သာရှိပါတယ်။
"သူငယ်ချင်းလေး ရူဟန် .. မင်းက အချိန်တို အတွင်း ဓားမော့ဆန္ဒကို ဖွဲ့တည်ချင်တယ် ဆိုရင် ဒီလို ကြာပန်းစေ့ တော်တော်များများကို လဲလှယ်ြ့ပီး အကျိးအမြတ်ရအောင်လုပ်ရမယ်။ ဒါဆိုရင် မင်းဆီမှာ မြက်ဓားတွေ အများကြီး ဖြစ်လာလိမ်မယ်။ ဒီလိုဆိုရင် ဓားမော့ ဆန္ဓကို နားလည်ဖို့ ကလည်း ပြဿနာ မဟုတ်တော့ဘူး။" ကြီးမြတ်တဲ့အဖြူ က ညွှန်ပြ လိုက်တယ်။
#Zawgyi
အပိုင်း (၇၄၉) ဒီကမ္ဘာကြီး မှာ အမှိုက်လို စွမ်းရည်၊ နည်းစနစ် ဆိုတာ မရှိဘူး။
ရူဟန်က ဆွံ့အသွားတယ်။
ဒါပေမဲ့ သူစောင့်မျှော်နေသလို ကြာပန်းဖူးပွင့်ခြင်း လျှာ စွမ်းရည်က သန္ဓေပြောင်းမသွားပါဘူး။
❄️❄️❄️
"........" ရူဟန်။
❄️❄️❄️
ချီးတဲ့မှ ...
"......." ရူဟန်။
ဒါက ဘာလဲ။
သူက ကြာပန်းစေ့ကို မြည်းပြီးသွာြး့ပီဆိုတော့ သုံးသပ်ပေးဖို့ တာဝန်ရှိသွားပါပြီ။
ခဏလောက်ကြာတော့ ..
ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now