အပိုင်း (၈၇၅)

172 24 0
                                    

#Unicode

ကမ္ဘာပေါ်မှာ ရှိတဲ့ မွန်းစတား အားလုံး စည်းလုံးစွာဖြင့် မိသားစု တစ်ခု လို ဖြစ်လာရမည်။
"ခလူး..ခလော" ပိုးအိမ်ကြီး လှုပ်ရမ်း တာနဲ့ အမျှ စီနီယာအဖြူနှစ်ရဲ့ ဟောက်သံကလည်း ပိုစိပ်လာတယ်။
အစောပိုင်းတုန်း က ရူဟန်က သေလမး်ရှာပြီး ပိုးအိမ်ကို လှုပ်ရမ်းချိန်မှာ ပိုပြီး အိပ်လို့ကောင်းတယ်လို့ စီနီယာအဖြုူ နှစ်က ရှာတွေ့သွားတယ်။ ဒါကြောင့် စီနီယာအဖြူနှစ် က ကြက်သွန်လေး ကို ဒီလိုမျိုး လုပ်ခိုင်းတာပါ.
ကြက်သွန်လေး က သူမဟာသကို တွေးတွေးပြီး ရယ်ကာ ပိုးအိမ်ကြီးကို လှုပ်ရမ်းလျှက်ရှိတယ်။
ဒါက တော်တော်ကြီး လှပတဲ့ မြင်ကွင်းပါပဲ။
"တစ်ခုခု လွဲမှားနေတယ်လို့ ငါဘာလို့ ထင်နေတာလဲ" ကြက်သွန်လေး က တီးတိုးရေရွတ်လိုက်တယ်။
ဒီလိုနဲ့ပဲ ကြက်သွန်လေး က တစ်နာရီလောက် ပိုးအိမ်ကြီးကို လှုပ်ရမ်းခါ နေတယ်။
ပြီးနောက် သူမရဲ့ ခန္ဓာကိုယ်က အလင်းမှုန်တွေ အဖြစ် ပြောင်းလဲသွားခဲ့ပြီး အမဲရောင်ကြာပန်း ကမ္ဘာထဲကနေ ပျောက်ကွယ်သွားတော့တယ်။
ဒါက တည်နေရာရွေ့့ပြောင်းခြင်း စွမ်းရည် တစ်ခုပါ။ စီနီယာအဖြူနှစ် က ကြက်သွန်လေး ကို တိုက်ရိုက်ပဲ တည်နေရာ ရွေ့ပြောင်းပေးခဲ့တယ်။
❄️❄️❄️
အစောပိုင်း တစ်နာရီခွဲ လောက်တုန်းက ...
ကလေးသုံးယောက် ဖြစ်တဲ့ ဂေါင်ဂေါင်၊ ရှစ် နဲ့ ကျုး တို့က ဂျင်နန်မှာ လျှောက်သွားနေကြတယ်။
ရှစ် ရဲ့ လက်ထဲမှာတော့ သံလိုက်အိမ်မြောင်တစ်ခု ရှိနေပြီး လက်တံက အချိန်တိုင်း လှုပ်ရမ်းနေတယ်။ ကလေးသုံးယောက်က သံလိုက်အိမ်မြောင် ပြတဲ့နေရာကို သွားနေကြတာပါ.
ဒီသံလိုက်အိမ်မြောက်က မွန်းစတားချီ ဒါမှမဟုတ် မကျွတ်လွတ်သေးတဲ့ ဝိညာဉ် တွေကို ခြေရာကောက်နိုင်တဲ့ မှော်ရတနာတစ်ခု လည်းဖြစ်တယ်။
"ဒီသံလိုက်အိမ်မြောင် က အဆင့်နိမ့် မှော်ရတနာ တစ်ခု ဖြစ်တယ်။ သူတို့ရဲ့ အော်ရာတွေကို ဖုံးကွယ်နိုင်တဲ့ ဝိညာဉ် ဒါမှမဟုတ် မွန်းစတား ဆိုရင် ဒီသံလိုက်အိမ်မြောင်ကို ရှောင်လို့ရနိုင်တယ်။ ဒါကြောင့် ကလေးသုံးယောက် က အဆင့်နိမ့် ဝိညာဉ် ဒါမှမဟုတ် မွန်းစတား တွေကိုပဲ တွေ့နိုင်လိမ့်မယ်။" ရီစင့် က နူးညံ့စွာ ပြောလိုက်တယ်။
ရီစင့် နဲ့ ရူဟန် တို့က ရွှေစာအုပ်ကြီး ပေါ်မှာ ထိုင်ပြီး ကလေးသုံးယောက် အနောက် ခပ်ဝေးဝေး ကနေ လိုက်နေပါတယ်။
ပထမတုန်း က ချက်ချင်း သူတို့ကို ဆွဲခေါ်ခဲ့မယ်လို့ ရူဟန် က တွေးထားတယ် ။
ဒါပေမဲ့ သူတို့ရဲ့ တက်ကြွနေတဲ့အမူအရာ တွေကို မြင်တော့ သူ့နှလုံးသားက ပျော့ကျသွားခဲ့တယ်။
ရီစင့်ပြောသလိုဆိုရင် ကလေးသုံးယောက် က စွမ်းအားမြင့် မွန်းစတား ဒါမှမဟုတ်ဝိညာဉ်တွေကို ရှာမတွေ့နိုင်ပါဘူး။ ဒါကြောင့် အန္တရာယ်လည်း မရှိဘူးလေ။
ထပ်ပြောရရင် ရီစင့် နဲ့ ရူဟန် တို့က နောက်က လိုက်ကြည့်နေတာကြောင့် အန္တရာယ်တွေ့ရင် ချက်ချင်းပဲ ဝင်ကယ်လို့ ရနိုင်ပါတယ်။
ဒါကြောင့် ကလေးသုံးယောက် မိစ္ဆာသတ်ဖြတ်မယ့် အစီအစဉ်ကို လွတ်ပေးထားလိုက်ဖို့ သူတို့ ဆုံးဖြတ်လိုက် ကြတယ်။
❄️❄️❄️
သူတို့ ကလေး တွေ နောက်လိုက်ကြည့်နေတုန်းမှာပဲ ရူဟန်က မျက်မှောင်ကုတ်ပြီး သူ့နှလုံးချက်ကရာ နေရာကို လက်နဲ့ စမ်းကြည့်လိုက်တယ်။
"ဘာဖြစ်တာလဲ" ရူဟန် ရဲ့ အမူအရာကို မြင်တော့ ရီစင့်က မေးလိုက်တယ်။
ရူဟန်ရဲ့ နှလုံးချက်ကရာ ငရဲပြည်က မိစ္ဆာစွမ်းအင်တွေ နဲ့ ပတ်သက်ရင် အရမး်ကို ထိလွယ်ရှလွယ် ဖြစ်တယ်။ ဒီီနားမှာ မိစ္ဆာစွမ်းအင်တွေ လွှမ်းမိုးခံထားရတဲ့ လူတစ်ယောက်ယောက် ရှိနေလို့လား။
"ကြက်သွန်လေး ပျောက်သွားပြီ" ရူဟန်က ပြောလို်က်တယ်။ သူ က ကြက်သွန်လေး ကို အတွင်းကမ္ဘာရဲ့ ကျွန်းသေးလေး မှာ စိုက်ပျိုးခဲ့တာပါ။ ဒါပေမဲ့ သူ မထင်ထားမိတာက သူမ ရှေ့မှာ အမဲရောင်ကြာပန်း ကမ္ဘာကို သွားတဲ့ ဥမင်လမ်း ပေါ်လာခဲ့တယ် ဆိုတာပါပဲ။
ကြက်သွန်လေး စီ်နီယာအဖြူ နှစ် နဲ့ တွေ့နေပြီလား။ ဒါဆိုရင် သူမ လုံလုံခြုံခြုံ နဲ့မှ ပြန်ထွက်လာနိုင်ပါ့မလား။
ကြည့်ရတာ ကလေးသုံးယောက် ကိစ္စပြီးသွားရင် သူ့ရဲ့ အတွင်းကမ္ဘာဆီသွားပြီး စီနီယာအဖြူ နှစ် ကို တွေ့ကာ ကြက်သွန်လေးကို ပြန်ခေါ်လာရပါလိမ့်မယ်။
"ပျောက်သွားတယ် ဟုတ်လား။ မင်းရဲ့ အတွင်း ကမ္ဘာက သူမကို စိတ်ဝိညာဉ် ကျောက်တုံးလို စုပ်ယူလိုက်တာလား" ရီစင့် က မေးလိုက်တယ်။
"မဟုတ်ဘုူး. သူမ က ငါ့ရဲ့ အတွင်းကမ္ဘာကနေ ပြီး တခြားကမ္ဘာတစ်ခုကို ရောက်သွားတာ။ ငါမင်းကို အတွင်းကမ္ဘာဆီ ခေါ်သွားရင် မင်းနားလည်သွားလိမ့်မယ်" ရူဟန် က ပြန်ပြောလိုက်တယ်။
ပြောရမယ်ဆိုရင ်သူက စီနီယာအဖြူနှစ် ဆီကနေ အရေးကြီးတဲ့ သတင်းအချက်အလက်တွေ ရရှိထားပါတယ်။ ဒီသတင်းကို ကိုးစီရင်စု က စီနီယာတွေကို ပြောပြပြီး သဘောထားမှတ်ချက် တောင်းခံရမယ်လေ။
သာမာန်လူသားတွေကို မိစ္ဆာစွမ်းအင်တွေ ဝါးမျိုစေပြီး ငရဲပြည် က မိစ္ဆာဖြစ်စေတဲ့ အကြောင်းအရင်းရဲ့ နောက်ကွယ် က ကြိုးကိုင်နေသူမှာ ငရဲပြည်ရဲ့ အုပ်စိုးသူ ဖြစ်နေပါတယ်။ ပြောရမယ်ဆိုရင် ကျောင်းတော်သား နယ်မြေကို နောက်ဆုံးအကြိမ်တုန်းက တိုက်ခိုက်ခဲ့တဲ့ သံလက်ချောင်းကြီး ရဲ့ ပိုင်ရှင်လည်း ဟုတ်တယ်။
တစ်ဖက်လူရဲ့ ရည်ရွယ်ချက်က ငရဲပြည် ကထွက်ခွာပြီး အဓိက ကမ္ဘာကို ဝင်ရောက်ချင်လို့ပဲ ဖြစ်တယ်။ ❄️❄️❄️
"အခု .. ကလေးတွေ သင့်တော်တဲ့ ပစ်မှတ်ရှာတွေ့ပြီလား" ရူဟန်က မေးလိုက်တယ်။
သူက ဂျင်နန် မှာ နေခဲ့တာ တော်တော်ကြာပါပြီ ။ ဝိညာဉ်တွေ ၊ မွန်းစတား တွေနဲ့ ပတ်သက်တဲ ့သတင်းကို ကြားရတာ ရှားပါတယ်။
"သံလိုက်အိမ်မြှောင် လက်တံက နေရာ အတည်တကျကို မပြဘူး။ ဒါက သင့်တော်တဲ့ ပစ်မှတ်ကို မတွေ့သေးဘူးလို့ ဆိုလိုတာပဲ" ရီစင့် က ပြန်ပြောလိုက်တယ်။
ပစ်မှတ်ကို ရှာတွေ့ရင် သံလိုက်အိမ်မြောင် လက်တံက အဲနေရာကို ပဲ ညွှန်ပြတော့မှာပါ။ လက်တံက ချာချာလည်နေတယ် ဆိုတဲ့ အဓိပ္ပာယ် က အနီးနား က မွန်းစတားချီ ဒါမှမဟုတ် မိစ္ဆာအော်ရာတွေကို ရှာဖွေနေတုန်း ဆိုတာပါ။
သူတို့ပြောနေတုန်းမှာပဲ ကလေးသုံးယောက် က သဲပုံအစပ်ကို ရောက်ရှိလာတယ်။
"သံလိုက်အိမ်မြောင် က ဒီနေရာကို ညွှန်ပြနေတယ်" ရှစ်က သဲပုံကို လက်ညိုးထိုးပြလိုက်တယ်။
"ဒီနေရာမှာ မကျွတ်လွတ်တဲ့ ဝိညာဉ် အော်ရာတွေ ရှိခဲ့တယ်။ ဒါပေမဲ့ ဝိညာဉ်တွေကတော့ အားလုံး ပျောက်ကွယ်သွားပြီ။" ကိုရင်လေး က သဲပုံပေါ်က ရွှေရောင်ရောင်စဉ်တွေကို ကြည့်ပြီး ခေါင်းခါယမ်းကာ ပြောလိုက်တယ်။
"ပျောက်ကွယ်သွားပြိ ဟုတ်လား။ ဘာကြောင့်လဲ" ကျုး က စိတ်ဝင်တစား နဲ့ မေးလိုက်တယ်။
"ကြည့်ရတာ စီနီယာဘုန်းကြီး တစ်ပါးပါး က ဝိညာဉ်တွေ ကို ကောင်းမွန်ရာ ပို့လိုက်ပုံရတယ်။ ဒီမှာ ဗုဒ္ဓရဲ့ ဝိညာဉ်ပို့ဆောင်ခြင်း နည်းစနစ် အော်ရာကို ငါရတယ်။" ကိုရင်လေး က ပြန်ပြောလိုက်တယ်။ သူက ပထမအဆင့်ပဲ ရှိသေးတယ်ဆိုပေမဲ့ နာမည်ကျော် ဗုဒ္ဓဂိုဏ်းတစ်ခု ဖြစ်တဲ့ အဝေးသို့ လှည့်လည်သွားလာခြင်း ဘုရားကျောင်း က ဖြစ်ပါတယ်။. ဒါကြောင့် သူက ဒါမျိုးတွေကို ကောင်းကောင်း သိနေတယ်။
ကောင်ကင်ပေါ်မှာတော့ ရူဟန်က မေးထောက်ပြီး သဲပုံကို ကြည့်နေတယ်။
သူက သဲပုံဆီကနေ ရင်းနှီးနေတဲ့ အော်ရာကို ရရှိနေတယ်။ ဒါက ကန်ချဂါဘ ဝိညာဉ် ပို့ဆောင်ခြင်း နည်းစနစ် ပဲ ဖြစ်ပါတယ်။ ဒါ အနောက်တိုင်းသား ဘုန်းကြီးရဲ့ လက်ချက် ဆိုတာ သေချာပါတယ်။
ကမ္ဘာပျက်စစ်ပွဲ ရုပ်ရှင်မှာ အခန်းငယ်လေး တစ်ခုပါဝင်ရိုက်ကုူး ပြီးတဲ့နောက် အနောက်တိုင်းသား ဘုန်းကြီးက ဂျင်နန်ကို လာပြီး ဝိညာဉ်တွေ ပို့ဆောင်ပေးနေပုံပေါ်တယ်။
❄️❄️❄️
ရူဟန် ခန့်မှန်းတာ အမှန်ပါပဲ။
ရူဟန် က အနာက်တိုင်းသား ဘုန်းကြီးရဲ့ အော်ရာတွေ ကို နေရာအနှံ့မှာ ရနေတယ်။
ဒီအနောက်တို်င်းသား ဘုန်းကြီးက ဘုန်းကြီးဘဝ လမ်းကြောင်းကို စွန့်ခွာပြီး တကယ်ပဲ တာအိုကျင့်ကြံသူ တစ်ယောက် ဖြစ်ချင်နေတာ မဟုတ်လား။
❄️❄️❄️
ဒီလိုသာဆိုရင် ကလေးသုံးယောက်က သင့်တော်တဲ့ ပစ်မှတ်ကို ရှာမတွေ့တော့ဘူးနဲ့တူတယ်။ သူတို့ ရှာမတွေ့တော့ဘူး ဆိုရင် ပြန်ခေါ်သွားလိုက်တာ ပိုကောင်းမယ်။ ရူဟန်က တွေးလိုက်တယ်။
ဒီအချိန်မှာတော့ သံလိုက်အိမ်မြောင်ကို ကိုင်ထားတဲ့ ရှစ်က နေရာတစ်ခုကို ရှာတွေ့သွားတယ်။
"ဒီတစ်ကြိမ်က မကျွတ်လွတ်တဲ့ ဝိညာဉ်တွေ မဟုတ်ဘူး။ မွန်းစတားချီပဲ" ရှစ်ရဲ့ အမူအရာ က ပိုပြီး တည်တံ့လာတယ်။
မကြာမီမှာပဲ သူတို့က သံလိုက်အိမ်မြှောင် ညွှန်ပြတဲ့ဆီ သွားလိုက်တယ်။
အရမ်းကို သာမာန်ပုံစံ ကျတဲ့ အိမ်တစ်လုံးရှေ့ကို ရောက်ရှိလာကြတယ်။
အဝင်ဝမှာတော့ ပျင်းရိနေပုံပေါက်တဲ့ ဟက်စကီ ခွေး တစ်ကောင် က မှောက်လျှက် လှဲနေတယ်။
ဒီဟက်စကီ က မျိုးနွယ်ကို အရှက်ရစေမယ့် ကောင်မျိုးပါပဲ။ ဟက်စကီ ဆိုတဲ့ ခွေးမျိုးတွေ က အရမ်းကို သတိအပြည့် နဲ့ ရှိနေတတ်တဲ့ကောင်တွေ မဟုတ်လား။
"မွန်းစတားချီ က ဒီနေရာက လာတာပဲ" ရှစ်က ပြောလို်က်တယ်။
ဂေါင်ဂေါင် က ခေါင်းမော့ပြီး အိမ်ကို ကြည့်လိုက်တယ်။
အဝင်ဝမှာ ကြီးမားတဲ့ ဆိုင်းဘုတ်ကြီး တစ်ခု ချိတ်ဆွဲထားတယ်။ ပြီးတော့ ကျင့်ကြံသူတွေနဲ့ မွန်းစတားတွေသာ မြင်နိုင်မယ့် စာသား နဲ့ နံပါတ်ကို ရေးဆွဲထားတယ်။
[ကမ္ဘာပေါ်မှာ ရှိတဲ့ မွန်းစတား အားလုံး စည်းလုံးစွာဖြင့် မိသားစု တစ်ခု လို ဖြစ်လာရမည်]- [အခြေပြု လျှို့ဝှက် နံပါတ် ၂၅၀]
ပြီးနောက် တစ်ခုခုကို အာရုံရမိသွားပုံရတယ်။ ပျင်းရိနေဖွယ်ရှိတဲ့ ဟက်စကီ က ရုတ်တရက် မတ်တပ်ရပ်လိုက်တယ်။ နောက်တော့ လေထဲမှာ လှပတဲ့ ပုံရိပ်တစ်ခု က ပေါ်ပေါက်လာခဲ့တယ်။
အပိုင္း (၈၇၅) ကမၻာေပၚမွာ ရွိတဲ့ မြန္းစတား အားလံုး စည္းလံုးစြာျဖင့္ မိသားစု တစ္ခု လို ျဖစ္လာရမည္။
"ခလူး..ခေလာ" ပိုးအိမ္ႀကီး လွဳပ္ရမ္း တာနဲ႔ အမွ် စီနီယာအျဖဴႏွစ္ရဲ့ ေဟာက္သံကလည္း ပိုစိပ္လာတယ္။
အေစာပိုင္းတုန္း က ရူဟန္က ေသလမး္ရွာၿပီး ပိုးအိမ္ကို လွဳပ္ရမ္းခ်ိန္မွာ ပိုၿပီး အိပ္လို႔ေကာင္းတယ္လို႔ စီနီယာအျဖဳဴ ႏွစ္က ရွာေတြ႔သြားတယ္။ ဒါေၾကာင့္ စီနီယာအျဖဴႏွစ္ က ၾကက္သြန္ေလး ကို ဒီလိုမ်ိဳး လုပ္ခိုင္းတာပါ.
ၾကက္သြန္ေလး က သူမဟာသကို ေတြးေတြးၿပီး ရယ္ကာ ပိုးအိမ္ႀကီးကို လွဳပ္ရမ္းလွ်က္ရွိတယ္။
ဒါက ေတာ္ေတာ္ႀကီး လွပတဲ့ ျမင္ကြင္းပါပဲ။
"တစ္ခုခု လြဲမွားေနတယ္လို႔ ငါဘာလို႔ ထင္ေနတာလဲ" ၾကက္သြန္ေလး က တီးတိုးေရရြတ္လိုက္တယ္။
ဒီလိုနဲ႔ပဲ ၾကက္သြန္ေလး က တစ္နာရီေလာက္ ပိုးအိမ္ႀကီးကို လွဳပ္ရမ္းခါ ေနတယ္။
ၿပီးေနာက္ သူမရဲ့ ခႏၶာကိုယ္က အလင္းမွဳန္ေတြ အျဖစ္ ေျပာင္းလဲသြားခဲ့ၿပီး အမဲေရာင္ၾကာပန္း ကမၻာထဲကေန ေပ်ာက္ကြယ္သြားေတာ့တယ္။
ဒါက တည္ေနရာေရြ႕႔ေျပာင္းျခင္း စြမ္းရည္ တစ္ခုပါ။ စီနီယာအျဖဴႏွစ္ က ၾကက္သြန္ေလး ကို တိုက္ရိုက္ပဲ တည္ေနရာ ေရြ႕ေျပာင္းေပးခဲ့တယ္။
❄️❄️❄️
အေစာပိုင္း တစ္နာရီခြဲ ေလာက္တုန္းက ...
ကေလးသံုးေယာက္ ျဖစ္တဲ့ ေဂါင္ေဂါင္၊ ရွစ္ နဲ႔ က်ဳး တို႔က ဂ်င္နန္မွာ ေလွ်ာက္သြားေနၾကတယ္။
ရွစ္ ရဲ့ လက္ထဲမွာေတာ့ သံလိုက္အိမ္ေျမာင္တစ္ခု ရွိေနၿပီး လက္တံက အခ်ိန္တိုင္း လွဳပ္ရမ္းေနတယ္။ ကေလးသံုးေယာက္က သံလိုက္အိမ္ေျမာင္ ျပတဲ့ေနရာကို သြားေနၾကတာပါ.
ဒီသံလိုက္အိမ္ေျမာက္က မြန္းစတားခ်ီ ဒါမွမဟုတ္ မကၽြတ္လြတ္ေသးတဲ့ ဝိညာဥ္ ေတြကို ေျခရာေကာက္ႏိုင္တဲ့ ေမွာ္ရတနာတစ္ခု လည္းျဖစ္တယ္။
"ဒီသံလိုက္အိမ္ေျမာင္ က အဆင့္နိမ့္ ေမွာ္ရတနာ တစ္ခု ျဖစ္တယ္။ သူတို႔ရဲ့ ေအာ္ရာေတြကို ဖံုးကြယ္ႏိုင္တဲ့ ဝိညာဥ္ ဒါမွမဟုတ္ မြန္းစတား ဆိုရင္ ဒီသံလိုက္အိမ္ေျမာင္ကို ေရွာင္လို႔ရႏိုင္တယ္။ ဒါေၾကာင့္ ကေလးသံုးေယာက္ က အဆင့္နိမ့္ ဝိညာဥ္ ဒါမွမဟုတ္ မြန္းစတား ေတြကိုပဲ ေတြ႔ႏိုင္လိမ့္မယ္။" ရီစင့္ က ႏူးညံ့စြာ ေျပာလိုက္တယ္။
ရီစင့္ နဲ႔ ရူဟန္ တို႔က ေရႊစာအုပ္ႀကီး ေပၚမွာ ထိုင္ၿပီး ကေလးသံုးေယာက္ အေနာက္ ခပ္ေဝးေဝး ကေန လိုက္ေနပါတယ္။
ပထမတုန္း က ခ်က္ခ်င္း သူတို႔ကို ဆြဲေခၚခဲ့မယ္လို႔ ရူဟန္ က ေတြးထားတယ္ ။
ဒါေပမဲ့ သူတို႔ရဲ့ တက္ၾကြေနတဲ့အမူအရာ ေတြကို ျမင္ေတာ့ သူ႔ႏွလံုးသားက ေပ်ာ့က်သြားခဲ့တယ္။
ရီစင့္ေျပာသလိုဆိုရင္ ကေလးသံုးေယာက္ က စြမ္းအားျမင့္ မြန္းစတား ဒါမွမဟုတ္ဝိညာဥ္ေတြကို ရွာမေတြ႔ႏိုင္ပါဘူး။ ဒါေၾကာင့္ အႏၱရာယ္လည္း မရွိဘူးေလ။
ထပ္ေျပာရရင္ ရီစင့္ နဲ႔ ရူဟန္ တို႔က ေနာက္က လိုက္ၾကည့္ေနတာေၾကာင့္ အႏၱရာယ္ေတြ႔ရင္ ခ်က္ခ်င္းပဲ ဝင္ကယ္လုိ႔ ရႏုိင္ပါတယ္။
ဒါေၾကာင့္ ကေလးသံုးေယာက္ မိစၦာသတ္ျဖတ္မယ့္ အစီအစဥ္ကို လြတ္ေပးထားလိုက္ဖုိ႔ သူတို႔ ဆံုးျဖတ္လိုက္ ၾကတယ္။
❄️❄️❄️
သူတို႔ ကေလး ေတြ ေနာက္လိုက္ၾကည့္ေနတုန္းမွာပဲ ရူဟန္က မ်က္ေမွာင္ကုတ္ၿပီး သူ႔ႏွလံုးခ်က္ကရာ ေနရာကို လက္နဲ႔ စမ္းၾကည့္လိုက္တယ္။
"ဘာျဖစ္တာလဲ" ရူဟန္ ရဲ့ အမူအရာကို ျမင္ေတာ့ ရီစင့္က ေမးလိုက္တယ္။
ရူဟန္ရဲ့ ႏွလံုးခ်က္ကရာ ငရဲျပည္က မိစၦာစြမ္းအင္ေတြ နဲ႔ ပတ္သက္ရင္ အရမး္ကို ထိလြယ္ရွလြယ္ ျဖစ္တယ္။ ဒီီနားမွာ မိစၦာစြမ္းအင္ေတြ လႊမ္းမိုးခံထားရတဲ့ လူတစ္ေယာက္ေယာက္ ရွိေနလို႔လား။
"ၾကက္သြန္ေလး ေပ်ာက္သြားၿပီ" ရူဟန္က ေျပာလို္က္တယ္။ သူ က ၾကက္သြန္ေလး ကို အတြင္းကမၻာရဲ့ ကၽြန္းေသးေလး မွာ စိုက္ပ်ိဳးခဲ့တာပါ။ ဒါေပမဲ့ သူ မထင္ထားမိတာက သူမ ေရွ႕မွာ အမဲေရာင္ၾကာပန္း ကမၻာကို သြားတဲ့ ဥမင္လမ္း ေပၚလာခဲ့တယ္ ဆိုတာပါပဲ။
ၾကက္သြန္ေလး စီ္နီယာအျဖဴ ႏွစ္ နဲ႔ ေတြ႔ေနၿပီလား။ ဒါဆိုရင္ သူမ လံုလံဳၿခံဳၿခံဳ နဲ႔မွ ျပန္ထြက္လာနိုင္ပါ့မလား။
ၾကည့္ရတာ ကေလးသံုးေယာက္ ကိစၥၿပီးသြားရင္ သူ႕ရဲ့ အတြင္းကမၻာဆီသြားၿပီး စီနီယာအျဖဴ ႏွစ္ ကို ေတြ႔ကာ ၾကက္သြန္ေလးကို ျပန္ေခၚလာရပါလိမ့္မယ္။
"ေပ်ာက္သြားတယ္ ဟုတ္လား။ မင္းရဲ့ အတြင္း ကမၻာက သူမကို စိတ္ဝိညာဥ္ ေက်ာက္တံုးလို စုပ္ယူလိုက္တာလား" ရီစင့္ က ေမးလိုက္တယ္။
"မဟုတ္ဘုူး. သူမ က ငါ့ရဲ့ အတြင္းကမၻာကေန ၿပီး တျခားကမၻာတစ္ခုကို ေရာက္သြားတာ။ ငါမင္းကို အတြင္းကမၻာဆီ ေခၚသြားရင္ မင္းနားလည္သြားလိမ့္မယ္" ရူဟန္ က ျပန္ေျပာလိုက္တယ္။
ေျပာရမယ္ဆိုရင ္သူက စီနီယာအျဖဴႏွစ္ ဆီကေန အေရးႀကီးတဲ့ သတင္းအခ်က္အလက္ေတြ ရရွိထားပါတယ္။ ဒီသတင္းကို ကိုးစီရင္စု က စီနီယာေတြကို ေျပာျပၿပီး သေဘာထားမွတ္ခ်က္ ေတာင္းခံရမယ္ေလ။
သာမာန္လူသားေတြကို မိစၦာစြမ္းအင္ေတြ ဝါးမ်ိဳေစၿပီး ငရဲျပည္ က မိစၦာျဖစ္ေစတဲ့ အေၾကာင္းအရင္းရဲ့ ေနာက္ကြယ္ က ႀကိဳးကိုင္ေနသူမွာ ငရဲျပည္ရဲ့ အုပ္စိုးသူ ျဖစ္ေနပါတယ္။ ေျပာရမယ္ဆိုရင္ ေက်ာင္းေတာ္သား နယ္ေျမကို ေနာက္ဆံုးအႀကိမ္တုန္းက တိုက္ခိုက္ခဲ့တဲ့ သံလက္ေခ်ာင္းႀကီး ရဲ့ ပိုင္ရွင္လည္း ဟုတ္တယ္။
တစ္ဖက္လူရဲ့ ရည္ရြယ္ခ်က္က ငရဲျပည္ ကထြက္ခြာၿပီး အဓိက ကမၻာကို ဝင္ေရာက္ခ်င္လို႔ပဲ ျဖစ္တယ္။ ❄️❄️❄️
"အခု .. ကေလးေတြ သင့္ေတာ္တဲ့ ပစ္မွတ္ရွာေတြ႔ၿပီလား" ရူဟန္က ေမးလိုက္တယ္။
သူက ဂ်င္နန္ မွာ ေနခဲ့တာ ေတာ္ေတာ္ၾကာပါၿပီ ။ ဝိညာဥ္ေတြ ၊ မြန္းစတား ေတြနဲ႔ ပတ္သက္တဲ ့သတင္းကို ၾကားရတာ ရွားပါတယ္။
"သံလိုက္အိမ္ေျမွာင္ လက္တံက ေနရာ အတည္တက်ကို မျပဘူး။ ဒါက သင့္ေတာ္တဲ့ ပစ္မွတ္ကို မေတြ႔ေသးဘူးလို႔ ဆိုလိုတာပဲ" ရီစင့္ က ျပန္ေျပာလိုက္တယ္။
ပစ္မွတ္ကို ရွာေတြ႔ရင္ သံလိုက္အိမ္ေျမာင္ လက္တံက အဲေနရာကို ပဲ ညႊန္ျပေတာ့မွာပါ။ လက္တံက ခ်ာခ်ာလည္ေနတယ္ ဆိုတဲ့ အဓိပၸာယ္ က အနီးနား က မြန္းစတားခ်ီ ဒါမွမဟုတ္ မိစၦာေအာ္ရာေတြကို ရွာေဖြေနတုန္း ဆိုတာပါ။
သူတို႔ေျပာေနတုန္းမွာပဲ ကေလးသံုးေယာက္ က သဲပံုအစပ္ကို ေရာက္ရွိလာတယ္။
"သံလိုက္အိမ္ေျမာင္ က ဒီေနရာကို ညႊန္ျပေနတယ္" ရွစ္က သဲပံုကို လက္ညိဳးထိုးျပလိုက္တယ္။
"ဒီေနရာမွာ မကၽြတ္လြတ္တဲ့ ဝိညာဥ္ ေအာ္ရာေတြ ရွိခဲ့တယ္။ ဒါေပမဲ့ ဝိညာဥ္ေတြကေတာ့ အားလံုး ေပ်ာက္ကြယ္သြားၿပီ။" ကိုရင္ေလး က သဲပံုေပၚက ေရႊေရာင္ေရာင္စဥ္ေတြကို ၾကည့္ၿပီး ေခါင္းခါယမ္းကာ ေျပာလိုက္တယ္။
"ေပ်ာက္ကြယ္သြားၿပိ ဟုတ္လား။ ဘာေၾကာင့္လဲ" က်ဳး က စိတ္ဝင္တစား နဲ႔ ေမးလိုက္တယ္။
"ၾကည့္ရတာ စီနီယာဘုန္းႀကီး တစ္ပါးပါး က ဝိညာဥ္ေတြ ကို ေကာင္းမြန္ရာ ပို႔လိုက္ပံုရတယ္။ ဒီမွာ ဗုဒၶရဲ့ ဝိညာဥ္ပို႔ေဆာင္ျခင္း နည္းစနစ္ ေအာ္ရာကို ငါရတယ္။" ကိုရင္ေလး က ျပန္ေျပာလိုက္တယ္။ သူက ပထမအဆင့္ပဲ ရွိေသးတယ္ဆိုေပမဲ့ နာမည္ေက်ာ္ ဗုဒၶဂိုဏ္းတစ္ခု ျဖစ္တဲ့ အေဝးသို႔ လွည့္လည္သြားလာျခင္း ဘုရားေက်ာင္း က ျဖစ္ပါတယ္။. ဒါေၾကာင့္ သူက ဒါမ်ိဳးေတြကို ေကာင္းေကာင္း သိေနတယ္။
ေကာင္ကင္ေပၚမွာေတာ့ ရူဟန္က ေမးေထာက္ၿပီး သဲပံုကို ၾကည့္ေနတယ္။
သူက သဲပံုဆီကေန ရင္းႏွီးေနတဲ့ ေအာ္ရာကို ရရွိေနတယ္။ ဒါက ကန္ခ်ဂါဘ ဝိညာဥ္ ပို႔ေဆာင္ျခင္း နည္းစနစ္ ပဲ ျဖစ္ပါတယ္။ ဒါ အေနာက္တိုင္းသား ဘုန္းႀကီးရဲ့ လက္ခ်က္ ဆိုတာ ေသခ်ာပါတယ္။
ကမၻာပ်က္စစ္ပြဲ ရုပ္ရွင္မွာ အခန္းငယ္ေလး တစ္ခုပါဝင္ရိုက္ကုူး ၿပီးတဲ့ေနာက္ အေနာက္တိုင္းသား ဘုန္းႀကီးက ဂ်င္နန္ကို လာၿပီး ဝိညာဥ္ေတြ ပုိ႔ေဆာင္ေပးေနပံုေပၚတယ္။
❄️❄️❄️
ရူဟန္ ခန္႔မွန္းတာ အမွန္ပါပဲ။
ရူဟန္ က အနာက္တိုင္းသား ဘုန္းႀကီးရဲ့ ေအာ္ရာေတြ ကို ေနရာအႏွံ႔မွာ ရေနတယ္။
ဒီအေနာက္တို္င္းသား ဘုန္းႀကီးက ဘုန္းႀကီးဘဝ လမ္းေၾကာင္းကို စြန္႔ခြာၿပီး တကယ္ပဲ တာအိုက်င့္ႀကံသူ တစ္ေယာက္ ျဖစ္ခ်င္ေနတာ မဟုတ္လား။
❄️❄️❄️
ဒီလိုသာဆိုရင္ ကေလးသံုးေယာက္က သင့္ေတာ္တဲ့ ပစ္မွတ္ကို ရွာမေတြ႔ေတာ့ဘူးနဲ႔တူတယ္။ သူတို႔ ရွာမေတြ႔ေတာ့ဘူး ဆိုရင္ ျပန္ေခၚသြားလိုက္တာ ပိုေကာင္းမယ္။ ရူဟန္က ေတြးလိုက္တယ္။
ဒီအခ်ိန္မွာေတာ့ သံလိုက္အိမ္ေျမာင္ကို ကိုင္ထားတဲ့ ရွစ္က ေနရာတစ္ခုကို ရွာေတြ႔သြားတယ္။
"ဒီတစ္ႀကိမ္က မကၽြတ္လြတ္တဲ့ ဝိညာဥ္ေတြ မဟုတ္ဘူး။ မြန္းစတားခ်ီပဲ" ရွစ္ရဲ့ အမူအရာ က ပိုၿပီး တည္တံ့လာတယ္။
မၾကာမီမွာပဲ သူတို႔က သံလိုက္အိမ္ေျမွာင္ ညႊန္ျပတဲ့ဆီ သြားလိုက္တယ္။
အရမ္းကို သာမာန္ပံုစံ က်တဲ့ အိမ္တစ္လံုးေရွ႕ကို ေရာက္ရွိလာၾကတယ္။
အဝင္ဝမွာေတာ့ ပ်င္းရိေနပံုေပါက္တဲ့ ဟက္စကီ ေခြး တစ္ေကာင္ က ေမွာက္လွ်က္ လွဲေနတယ္။
ဒီဟက္စကီ က မ်ိဳးႏြယ္ကို အရွက္ရေစမယ့္ ေကာင္မ်ိဳးပါပဲ။ ဟက္စကီ ဆိုတဲ့ ေခြးမ်ိဳးေတြ က အရမ္းကို သတိအျပည့္ နဲ႔ ရွိေနတတ္တဲ့ေကာင္ေတြ မဟုတ္လား။
"မြန္းစတားခ်ီ က ဒီေနရာက လာတာပဲ" ရွစ္က ေျပာလို္က္တယ္။
ေဂါင္ေဂါင္ က ေခါင္းေမာ့ၿပီး အိမ္ကို ၾကည့္လိုက္တယ္။
အဝင္ဝမွာ ႀကီးမားတဲ့ ဆုိင္းဘုတ္ႀကီး တစ္ခု ခ်ိတ္ဆြဲထားတယ္။ ၿပီးေတာ့ က်င့္ႀကံသူေတြနဲ႔ မြန္းစတားေတြသာ ျမင္ႏိုင္မယ့္ စာသား နဲ႔ နံပါတ္ကို ေရးဆြဲထားတယ္။
[ကမၻာေပၚမွာ ရွိတဲ့ မြန္းစတား အားလံုး စည္းလံုးစြာျဖင့္ မိသားစု တစ္ခု လို ျဖစ္လာရမည္]- [အေျချပဳ လွ်ိဳ႕ဝွက္ နံပါတ္ ၂၅၀]
ၿပီးေနာက္ တစ္ခုခုကို အာရံုရမိသြားပံုရတယ္။ ပ်င္းရိေနဖြယ္ရွိတဲ့ ဟက္စကီ က ရုတ္တရက္ မတ္တပ္ရပ္လိုက္တယ္။ ေနာက္ေတာ့ ေလထဲမွာ လွပတဲ့ ပံုရိပ္တစ္ခု က ေပၚေပါက္လာခဲ့တယ္။

ကျင့်ကြံသူတို့ စကားဝိုင်းDonde viven las historias. Descúbrelo ahora