အပိုင်း (၇၁၄)

180 39 0
                                    


#Unicode


ငါးခုမြောက် အမြီးနဲ့ ရွံ့ဒူဒူ

ချစ်ခြင်းသဘောတူညီမှု လမ်းကြောင်းလား။ စိတ်ဝိညာဉ် ကောင်နဲ့ သဘောတူညီမှု ယူတဲ့နေရာမှာ ဒီလို နည်းလမ်းမျိုးလည်း ရှိတာပဲလား။

ဒီကမ္ဘာကြီးက ကျယ်ပြောပြီး ထူးဆနး်တဲ ့အကြောင်းအရာတွေနဲ့ ပြည့်နှက်နေတာပဲ။

အခန်းထဲမှာတော ့စီနီယာ အစ်မရီက စိတ်ဝင်တစား နဲ့ မေးလိုက်တယ် "ရူဟန် .. မင်းဘာလို့ အခန်းပေါက်ဝကြီးမှာ သတိလက်လွတ်ရပ်နေ ရတာလဲ"

"ဟားဟား" ရူဟန်က ရယ်လိုက်တယ်။ ပြီးနောက် သတင်းစာကို ပြန်သိမ်းလိုက်တယ် "စီနီယာ ဓမ္မဘုရင် က ငါ့ကို သီချင်းစာသားပေးသွားတာ။ ဒါက အခုရိုက်နေတဲ ့ရုပ်ရှင် နဲ ့လုံးဝ လိုက်ဖက်ညီတယ်။ ဟုတ်ပြီ။ စီနီယာ အစ်မရီ .. မင်းရော သီချင်းဆိုချင်လား"

သူက ပြောနေတုန်းမှာပဲ မေးစေ့ကို လက်ထောက်ကာ အတွေးနက်နေတဲ ့စီနီယာ ကြိုးကြာဖြူ ကို လှမ်းကြည့်လိုက်တယ်။

အစစ်အမှန်နတ်ဘုရား ကြိုးကြာဖြူ က မိန်းကလေး တစ်ယောက်ပုံစံ နဲ့ ရှိနေပါတယ်။ ဒီဆိုဆိုတော ့သူကလည်း ကိုးစီရင်စု က အမျိုးသမီးပဲ မဟုတ်လား။ သီချင်းကို စီနီယာ ကြိုးကြာဖြူ ဆီ ပေးရမှာလား။

"ဇာတ်ဝင်တေး ဟုတ်လား။ ကောင်းပြီ။ ငါကြည့်မယ်" စီနီယာ အစ်မရီက ပြုံးပြီး ရှေ့ကို တိုးကာ ရူဟန် လက်ထဲက မှတ်စု စာအုပ်ကို လှမ်းယူလိုက်တယ်။

ပြီးနောက် သူမ က စာအုပ်ကို လှန်ပြီး ကြည့်လိုက်တယ်။

ခဏလောက်ကြာတော ့သူမက ခေါင်းမော ့ပြီးမျက်ရည်ဝဲနေတဲ ့မျက်လုံးတွေနဲ့ ရူဟန်ကို ကြည့်လိုက်တယ်။ သူက ကြည့်ရတာ ငိုချတော့မယ့်ပုံပါပဲ။

"ဘာဖြစ်လို့လဲ" ရူဟန်က ဇဝေဇဝါ ဖြစ်သွားတယ်။

"ငါမဖတ်နိုင်ဘူး။ စာလုံးတစ်လုံးမှကိုငါ နားမလည်ဘူး" စီနီယာ အစ်မရီက ပြောလိုက်တယ်။ သူက ကြည်လင်းသလင်းနန်းတော်က ခွာပြီး ကမ္ဘာမြေကို ရောက်ရှိလာတာ မကြာသေးပါဘူး။ ဒါကြောင့်လက်ရှိခေတ်မှာ အသုံးပြုနေတဲ ့စံတရုတ် အရေးအသားကို သူမ နားမလည်ဘူး ဖြစ်နေတယ်။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now