အပိုင်း (၈၈၂)

162 32 0
                                    


#Unicode


ရူဟန်.. ငါ့ကို ကယ်ပါ။

ဒီအော်ရာ က ပိရမစ် ပထမထပ်က ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။

ဒီအော်ရာ က လူတွေကို အဆင်မပြေ ခံစားရစေတယ်။ သူမ က ဒီအော်ရာတွေကို အာရုံခံမိချိန်မှာ ညစ်ပတ် ပေရေနေတဲ့ ဗွက်အိုင်ထဲကို ပစ်ချခံလိုက်သလိုမျိုး ခံစားလိုက်ရတယ်။

ဒီအော်ရာတွေ က လေလိုပဲ ခဏအတွင်းမှာ ပျောက်ကွယ်သွားခဲ့တယ်။

ကြက်သွန်လေး က မျက်မှောင်ကုတ် ကာ မေးလိုက်တယ် "ဒီအော်ရာတွေက လာဖြစ်တာလဲ။" ဒီအော်ရာတွေကို အရမ်းရင်းနှီးနေတယ်လို့ သူမ ခံစားမိနေတယ်။ ဒါပေမဲ့ ဘယ်တုန်းကလဲ ဆိုတာပြန်စဉ်းစားလို့ မရပါဘူး။

မွန်းစတား အမျိုးသမီး က လည်း မျက်နှာ မသာမယာ နဲ့ ဖြစ်သွားတယ်။

"ငါလည်း မသိဘူး . ဒီလို အော်ရာကို ပထမဆုံး ကြုံဖူးတာပဲ" မွန်းစတား အမျိုးသမီး က ပြန်ပြောလိုက်တယ်။ သူန က ဒီဌာနခွဲရဲ့ ပိရမစ် ထဲမှာ ရက် အနည်းငယ် နေခဲ့တယ်ဆိုပေမဲ့ ဒီအော်ရာကို မကြုံဖူးပါဘူး။

ကြက်သွန်လေး က ရုတ်တရက် တစ်စုံတစ်ခုကို စဉ်းစားမိသွားပြီး ပြောလိုက်တယ် "မကောင်းတဲ့ အော်ရာတွေ .. မှားစရာ မရှိဘူး။ ဒါက ငရဲပြည်က မိစ္ဆာစွမ်းအင်တွေပဲ"

ဘာကြောင့် ဒီ ၂၅၀ ခုမြောက် ဌာနခွဲမှာ မိစ္ဆာစွမ်းအင်တွေ ပေါ်ပေါက်လာရတာလဲ။

"ငရဲပြည်ရဲ့ မိစ္ဆာစွမ်းအင်တွေ ဟုတ်လား" အနားမှာ ရှိတဲ့ မွန်းစတား အမျိုးသမီး မျက်မှောင်ကုတ်လိုက်တယ်။ သူမ က ငယ်ရွယ်တဲ့ မွန်းစတား လေး သာ ဖြစ်တာကြောင့် မွေးပြီးကတည်းက ခုချိန်ထိ ယခုလို အဖြစ်အပျက်မျိုး မကြုံဖူးပါဘူး။ သူမ က ငရဲပြည်နဲ့ ဆက်စပ်တဲ့ အရာတွေကို မကြုံဖူးတာကြောင့် ငရဲပြည် ကမိစ္ဆာစွမ်းအင် ဆိုတာ ဘာလဲ သူသေချာ မသိဘူး။

ဒါပေမဲ့ ငရဲပြည်က မိစ္ဆာတွေ ဆိုတာကတော့ တော်တော်ကြီးကို ကျော်ကြားတယ်။ ဒီမိစ္ဆာတွေ ဘယ်လောက် ကြောက်ဖို့ ကောင်းတယ် ဆိုတာ နဲ့ ပတ်သက်ပြီး သူမ က သတိရှိတယ်။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now