အပိုင်း (၇၄၄)

167 39 0
                                    

#Unicode

ခက်ခဲမှု အဆင့် ၃.၉။
ဗုဒ္ဒရဲ့ မဖျက်ဆိးနိုင်တဲ့ ခန္ဓာကိုယ်ဆိုတဲ့ နည်းစနစ် က ဗုဒ္ဓဂိုဏ်း တစ်ခုနဲ့ သက်ဆိုင်နေတာလား။ ဘာကြောင့် ကျောင်းတော်သား နယ်မြေမှာ ဒီလို လျှို့ဝှက် နည်းစနစ်မျိုး ရှိနေရတာလဲ။ ဒါမှမဟုတ် ဗုဒ္ဓရဲ့ မဖျက်ဆိးနိုင်တဲ့ ခန္ဓာကိုယ် နည်းစနစ် ကို ကျောင်းတော်သား အသွင်ပြောင်းလိုက်တာ ဖြစ်ကြောင်း လူတိုင်းကို သတိပေးချင်လို့လား။
ဒါပေမဲ့ ဗုဒ္ဓရဲ့ မဖျက်ဆီးနိုင်တဲ့ ခန္ဓာကိုယ် ကျောင်းတော်သား အသွင် က ဘာကြီးလဲ။
ငါက ကြည့်ကောင်းပေါ့ပါးတဲ့ ဝတ်စုံကို ဝတ်ဆင်ထားတယ် ဆိုပေမဲ့ အောက်မှာ ကြွက်သားတွေ အပြည့်နဲ့ ပုံစံ ဖြစ်သွားမှာလား။ ဒီလို ပုံစံမျိုးလား။ တော်တော်ဆိုးမှာပဲ။
ကျောင်းတော်သားတွေက ကြည့်ကောင်းလှတဲ့ ကျောင်းတော်သားဝတ်စုံကို ဝတ်ဆင်ကြပြီး ဓားပျံ စီးနင်းချိန်မှာ သူတို့ရဲ့ ဝတ်စုံက လေထဲမှာ တဖြတ်ဖြတ်လှုပ်နေတယ်။ စကားပြောရင်းကနေ စွမ်းအားမြင့်ရန်သူ ကို သုတ်သင်နိုင်တယ်။ ဒါဆိုရင် မိုက်နေပြီ မဟုတ်လား။ ဘယ်က ဗလကြီး က ပါလာရတာလဲ။
ကျောင်းတော်သား နယ်မြေမှာ ဒီလိုခန္ဓာကိုယ်ကြံခိုင်ခြင်း နည်းစနစ် မျိုးရှိတယ် ဆိုတာကို သာ သိရင် ဉာဏ်ပညာရေကန် ကို သူ့အတွက် ရွေးချယ်ခိုင်းမှာ မဟုတ်ပါဘူး။
❄️❄️❄️
တကယ်တော့ ကျင့်ကြံခြင်း ကမ္ဘာမှာ ကျောင်းတော်သား တွေရဲ့ ခန္ဓာကိုယ် ကျင့်ကြံခြင်း နည်းစနစ်တွေကလည်း ဗုဒ္ဓကျင့်ကြံသူတွေ ရဲ့ နည်စနစ် နဲ့ သိပ်မကွာပါဘူး။
ကျောင်းတော်သားတွေက ခန္ဓာကိုယ် ကြံခိုင်မှုဖြစ်စဉ် က သူတို့ရဲ့ ကျင့်ကြံခြင်းလမ်းကြောင်းမှာ အရေးကြီးတယ်လို့ သတ်မှတ်ထားကြတယ်။ ကျောင်းတော်သားတွေက သူတို့ရဲ့ အမှန်တရား သမာဓိကို အသုံးပြုပြိး ခန္ဓာကိုယ်ကို ကြံခိုင်စေတာ ဖြစ်ပြီး ဗုဒ္ဓကျင့်ကြံသူတွေနဲ့ မတူညီပါဘူး။
"နေအုန်း။ ဉာဏ်ပညာရေကန် .. ငါနောက်ထပ် လျှို့ဝှက် နည်းစနစ် ကို ရနို်င်မလား" ရူဟန် က ဒီအချိန်မှာပဲ ထအော်လိုက်တယ်။
ဒါပေမဲ့ နောက်ကျသွားပါပြီ။ ဉာဏ်ပညာ ရေကန် က လွှဲအပ်ပြီး ဖြစ်သွားပါတယ်။
ရောက်ရှိလာပြီဖြစ်တာကြောင့် ပြန်ပို့လို့ မရတော့ပါဘူး။
ရူဟန်ရဲ့ အသိစိတ်က သူတော်စင်ကြီး ဖန်တီးထားတဲ့ ဗုဒ္ဓရဲ့ မဖျက်ဆီးနိုင်တဲ့ ကျောင်းတော်သား ခန္ဓာကိုယ် နည်းစနစ်ကို မျက်ဝါးထင်ထင် မြင်နိုင်တဲ့ သူတော်စင်ရဲ့ မှတ်ဉာဏ်ထဲကို ဆွဲခေါ်ခံလိုက်ရတယ်။
သူတော်စင်ကျောင်းတော်သား က တကယ်ပဲ မယုံနိုင်လောက်အောင် အံသြဖို့ကောင်းပါတယ်။ သူ့ရဲံ အတုပ္ပတိ ကို သူ့ဘာသာ ပြောနေတာထက် တောင်မှ ပိုပြိး အံသြဖို့ ကောင်းပါတယ်။
သူ့အတွက် ကျင့်ကြံခြင်း နည်းစနစ် တစ်ခုကို ဖန်တီးတယ် ဆိုတာက ကဗျာတစ်ပုဒ် ရေးသား ရသလိုပဲ အားစိုက်စရာတောင်မှ မလိုပါဘူး။ သူက အတွေးတစ်ချက်ပဲ လိုအပ်ပါတယ်။ များပြားလှတဲ့ သဘောတရား အသစ်တွေက သူ့စိတ်ထဲကို အလိုလို ရောက်လာတာ ဖြစ်တယ်။
အနည်းငယ် ပြင်ဆင် စမ်းသပ်ပြီးသွားရင် ကျင့်ကြံခြင်း နည်းစနစ် အသစ်က အသုံးပြုဖို့ အဆင်သင့်ဖြစ်သွားပါပြီ။
❄️❄️❄️
ဒီအချိန်မှာတော့ ရူဟန်က သူတော်စင်ကျောင်းတော်သား ရဲ့ စိတ်ထဲမှာ ထင်ဟပ်နေတဲ့ အတွေးအခေါ်၊ သဘောတရာမျိုးစုံကို တိတ်တဆိတ် နဲ့ ကြည့်နေတယ်။
အချိ်န်တွေက တဖြည်းဖြည်း နဲ့ ကုန်လွန်သွားတယ်။
ဒီမှတ်ဉာဏ် အပိုင်းအစ ထဲကို ဘယ်လောက်ကြာအောင် ရောက်နေတာလဲ ဆိုတာ ရူဟန်က မသိတော့ပါဘူး။
မှတ်ဉာဏ်အပိုင်းအစက သူတော်စင်ကြီး ဖန်တီးထားတဲ့ ဗုဒ္ဓရဲ့ မဖျက်ဆီးနိုင်တဲ့ ကျောင်းတော်သား ခန္ဓာကိုယ် နည်းစနစ်ပဲ ပါဝင်ပြီး တခြားသော သူ့ရဲ့ နေ့စဉ်ဘဝနဲ့ တခြား မပတ်သက်တဲ့ အကြောင်းအရာ တွေ မပါဝင်ပါဘူး။
ဒါက ခေတ်သုတေသန် ဓာတ်ခွဲခန်း စမ်းသပ်မှုတစ်ခုကို မှတ်တမ်းရိုက်ကူးထားတာ နဲ့ ဆင်တူပါတယ်။ မှတ်တမ်းက စမ်းသပ်မှု စ တာကနေ ဆုံးတာ အထိပါပဲ။
သူတော်စင်ကြီးက ဗုဒ္ဓရဲ့မဖျက်ဆီးနိုင်တဲ့ ကျောင်းတော်သား ခန္ဓာကိုယ် ကို စမ်းသပ်နေတုန်းမှာပဲ ရူဟန်က မလိုအပ်တဲ့ တခြားအတွေးတွေကို ဖယ်ရှားပြီး နည်းစနစ် အပေါ်မှာပဲ အာရုံစိုက်ထားပါတယ်။ သူကိုယ်တိုင်က ဒီနည်းစနစ်ကို ဖန်တီးတဲ့သူ တစ်ယောက်အဖြစ် ရူဟန် ခံစားနေမိတယ်။
စမ်းသပ်မှု ပြုပြင်မှုတွေ ဆက်လုပ်ပြီးတဲ့နောက် သူတော်စင် ကျောင်းတော်သား ကြီးက ဗုဒ္ဓရဲ့ မဖျက်ဆီးနိုင်တဲ့ ကျောင်းတော်သား ခန္ဓာကိုယ် ကို နောက်ဆုံးမှာ ပြည့်စုံအောင် ဖန်တီးနိုင်ခဲ့ပါပြီ။
ဒီမှတ်ဉာဏ်အပိုင်းအစတွေကို မြင်ပြီးတဲ့နောက် ရူဟန် က လျှို့ဝှက် နည်းစနစ် တွေကို သင်ယူနိုင်ခဲ့ပါတယ်။
သူတော်စင်ကြီးနဲ့ အတူ ဗုဒ္ဓရဲ့ မဖျက်ဆီးနိုင်တဲ့ ကျောင်းတော်သား ခန္ဓာကိုယ်ကို စမ်းသပ်ရင်း ဖန်တီးခဲ့ရတာကြောင့် ရူဟန်အတွက် ဒါက တန်ဖိုးဖြတ်မရတဲ့ အတွေ့အကြုံ တစ်ခုလို ဖြစ်နေပါတယ်။
ဒီအတွေအကြုံတွေ ကြောင့်ပဲ ရူဟန် က ဗုဒ္ဒရဲ့ မဖျက်ဆီးနိုင်တဲ့ ကျောင်းတော်သား ခန္ဒာကိုယ် လျှို့ဝှက် နည်းစနစ်ကို ကျွမ်းကျင်အဆင့်ထိ ရောက်ရှိနိုင်ဖို့ ဆိုရင် အချိန်အနည်းငယ်လောက်ပဲ လေ့ကျင့်ဖို့ လိုပါတော့တယ်။
❄️❄️❄️
ဒီလျှို့ဝှက်နည်းစနစ်ကို လေ့ကျင့်ပြီးတဲ့နောက် ရူဟန် ရဲ့ အသိစိတ်က သူတော်စင်ကြီးရဲ့ မှတ်ဉာဏ်ထဲကနေ ထွက်ခွာပြီး သူ့ခန္ဓာကိုယ် ဆီကို ပြန်ရောက်လာတယ်။
သူ့အသိစိတ်က သူ့ခန္ဓာကိုယ်ထဲကို ပြန်ရောက်ပြိးတဲ့နောက် ရူဟန်က နည်းနည်း စိတ်ရှုပ်သွားခဲ့တယ်။ ဖြစ်စဉ် တစ်ခုလုံးမှာ သူတော်စင်ကြီးက သူ့ကို မကြည့်ခဲ့ပါဘူး။
ပြောရမယ် ဆိုရင် သူတော်စင်ကြီးက ကောင်းကင်ဆန္ဓအုပ်စိုးသူ နီးပါး အားကောင်းသူ တစ်ယောက်ပါ။ ကျိန်းသေပေါက် သူ့ကို မီးတောက်ဓားမော့နည်းစနစ် သင်ပေးခဲ့တဲ့ စီနီယာကောင်းကင်နီ ထက်ပိုပြီး သန်မာပါလိမ့်မယ်။
လွတ်လပ်တဲ့ကျင့်ကြံသူ အဖြစ် မက်ခဲ့တဲ့အိမ်မက်ထဲမှာ သူက မီးတောက်ဓားမော့ နည်းစနစ်ကို သင်ယူတော့ စီနီယာ ကောင်းကင်နီက တစ်စုံတစ်ယောက် ကြည့်နေကြောင်း သတိပြုမိပြိး အိမ်မက်ထဲက တကယ့်ရူဟန်ကို မြင်နိုင်ပါတယ်။ ပြီးနောက် အိမ်မက်ထဲက ရူဟန်ကို ကောင်းကင်လောင်ကျွမ်းခြင်း မီးတောက် ဓားမော့ ကိုလည်း သင်ပေးခဲ့ပါသေးတယ်။
တာအိုဘုန်းကြီး ကောင်းကင်နီတောင်မှ ဒါမျိုးလုပ်နိုင်တယ် ဆိုရင် သူတော်စင်ကြီးက ဘာလို့ မလုပ်နိုင်တာလဲ။
ဒီတစ်ကြိမ်မှာ သူက အိ်မ်မက်ထဲမှာ မဟုတ်လို့လား။
ဒါမှမဟုတ် သူတော်စင်ကြီးက ဝိညာဉ်ရော ၊ ခန္ဓာကိုယ်ပါ သေဆုံးသွားခဲ့တာ ကြောင့်လား။
ဒါမှမဟုတ် နှစ်ခုလုံးကြောင့်လား။
တစ်စုံတစ်ယောက်ကို အံသြစေတဲ့ လုံးဝအံ့ဖွယ် သူတော်စင်ကြီးက တကယ်ပဲ သေဆုံးခဲ့တာလား
❄️❄️❄️
ခန္ဓာကိုယ်ထဲကို အသိစိတ်ပြန်ရောက်ပြီးတဲ့နောက် ရူဟန် က အစစ်အမှန် နတ်ဘုရား ထာဝရမီး နဲ့ ဖောအောက်တို့ကလည်း သူတို့ရဲ့ လျျှို့ဝှက် နည်းစနစ် ကို လက်ခံရယူနေတုန်းပဲ ဆိုတာကို သတိပြုမိလိုက်တယ်။ ကြည့်ရတာ ဒီစီနီယာ နှစ်ယောက် သင်ယူနေတဲ့ လျှို့ဝှက် နည်းစနစ် က ဗုဒ္ဓရဲ့ မဖျက်ဆီးနိုင်တဲ့ ကျောင်းတော်သား ခန္ဓာကို်ယ်ထက် ပိုပြီး ရှုပ်ထွေးလို့ နေမယ်။
နောက်တော့ ခေါင်းကို တစ်ဖက်ခြမ်းဆီ လှည့်ကြည့်လိုက်တော့ တောက်ပတဲ့ လကြီးပေါ်လာချိန် က ခြေချိတ်ထိုင်နေတာကို မြင်လိုက်ရတယ်။ သူကလည်း လျှို့ဝှက် နည်းစနစ် မှတ်ဉာဏ်ထဲကို ရောက်နေပုံ ပေါ်တယ်။
အခြားတစ်ဖက်မှာ တော့ သူတို့နဲ့ မနီးမဝေး နေရာတစ်ခုမှာ ပြုံးပြီး ထိုင်နေတဲ့ စီနီယာ အဖြူ ကို မြင်လိုက်တယ်။
ဒီအချိန်မှာတော့ သူ့ရှေ့မှာ လက်ဖက်ရည် စားပွဲ တစ်ခု ရှိနေပြီး လက်ဖက်ရည်အိုးနဲ့ ခွက်ကလည်း အပေါ်မှာ ရှိနေပါတယ်။
စီနီယာ အဖြူက လက်ဖက်ရည် ပူပူကို ကိုင်ပြီး ဖြည်းဖြည်း မှုတ်ထုတ်လိုက်တယ်။
"စီနီယာအဖြူ .. မင်း လျှို့ဝှက် နည်းစနစ် ရဲ့ မှတ်ဉာဏ်ထဲကနေ ပြန်လာပြီလား။" ရူဟန်က မေးလိုက်တယ်။
"အင်း.. ငါက တည်နေရာပေါက်ကွဲဖိသိပ်ခြင်း ဆိုတဲ့ သဘောကျစရာ နည်းစနစ်ကို ရခဲ့တယ်။ ဒါပေမဲ့ သင်ယူရတာ အရမ်းပဲ ခက်ခဲတယ်။ ဒါကြောင့် ငါကျွမ်းကျင် ပါ့မလား ဆိုတာ မသေချာဘူး။" ကြီးမြတ်တဲ့အဖြူ က ပြုံးကာ ပြောလိုက်တယ်။ "သူငယ်ချင်းလေး ရူဟန် မင်းဘယ်လို လျှို့ဝှက် နည်းစနစ် ကို ရလိုက်လဲ"
ရူဟန်က သက်ပြင်း ခပ်ယဲ့ယဲ့ ချကာ ပြောလိုက်တယ် "ဗုဒ္ဓရဲ့ မဖျက်ဆီးနိုင်တဲ့ ကျောင်းတော်သား ခန္ဓာကိုယ်"
ကြီးမြတ်တဲ့ အဖြူ က ပြောလိုက်တယ် "အိုး .. ငါ ဒီနည်းစနစ်ကို ကောင်းကောင်း ကြားဖူးတယ်။ ဉာဏ်ပညာရေကန် က အမြင်ကောင်းကောင်း ရှိတာပဲ။ မင်းက မိစ္ဆာနဂါးဆေးကို သောက်ထားတာ မကြာသေးဘူး။ ဒါကြောင့် ဆေးစွမ်းကို ကုန်စင်အောက် စုပ်ယူရအုန်းမှာ။ ဒီဗုဒ္ဓရဲ့ မဖျက်ဆီးနိုင်တဲ့ ကျောင်းတော်သား ခန္ဓာကိုယ်က မင်းနဲ့ အလိုက်ဖက်ဆုံးပဲ။"
"ငါက ဒီနည်းစနစ်ကို မလိုချင်ဘူး ဆိုပေမဲ့ ဒါက သာမာန်ထက် ပိုတယ် ဆိုတာကိုတော့ ဝန်ခံရမယ်" ရူဟန် က ခေါင်းညိတ်ပြီး ပြောလို်က်တယ်။
သာမာန်ကိုယ်ခန္ဓာကြံခိုင်မှု နည်းလမ်းတွေက ခန္ဓာကိုယ်ကြံခိုင်စေဖို့ အံကြိတ်ပြီး ကြိုးကြိုးစားစား လေ့ကျင့်ရတာပါ။ ဒါပေမဲ့ သူတော်စင် ကျောင်းတော်သားကတော့ မတူညီတဲ့နည်းလမ်း ကို အသုံးပြုခဲ့တယ်။
လေ့ကျင့်မှုက နေတိုင်းကြိုးစား လေ့ကျင့်နေစရာ မလိုပါဘူး။ ဗုဒ္ဓရဲ့ မဖျက်ဆီးနိုင်တဲ့ ကျောင်းတော်သား ခန္ဓာကိုယ် နည်ူးစနစ် အတွင်းက မှတ်တမ်းတင်ထားတဲ့ ကဗျာကို ရေးချရုံပါပဲ။ ဒီလိုနဲ့ ပိုမို သန်မာလာမှာ ဖြစ်ပါတယ်။
သာမာန်ခန္ဓာကိုယ်ကျင့်ကြံခြင်း နည်းစနစ်ဆိုတာက ကိုယ်ကာယ လေ့ကျင့်တဲ့ ခန်းမကို သွားပြိး ခန္ဓာကိုယ်ကို ကြံခိုင်အောင်ပြုလုပ်တာ နဲ့ တူတူပါပဲ။
ကျောင်းတော်သားတွေ ရဲ့ ခန္ဓာကိုယ်ကြံခိုင်ခြင်း နည်းစနစ်ကတော့ အိမ်မှာနေပြီး စာရေးနေရုံနဲ့ တူညီတဲ့ အစွမ်းကို ရရှိမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ ကျောင်းတော်သားတွေရဲ့ စာရေးသားခြင်းက လုံးဝ မရိုးရှင်းပါဘူး။ သမာဓိခန္ဓာကိုယ် ကြံခိုင်ခြင်း ကဗျာက ရဲ့စာလုံးတစ်လုံးချင်း ဆီတိုင်းက တောင်လိုပဲ လေးလံတယ်။ တစ်ခုလုံးကို ချရေးနိုင်ဖို့ ဆိုတာ ခက်ခဲတဲ့ လေ့ကျင့်ခန်းကို လုပ်ရတာနဲ့ တူတူပါပဲ။ ဒါပေမဲ့ သာမာန်လေ့ကျင့်တာတွေထက် ပိုမိုကောင်းမွန်တဲ့ အကျိုးကို ရရှိနိုင်ပါတယ်။
ရူဟန်က လက် အမျိးအစား ခန္ဓာကိုယ်ကြံခိုင်ခြင်း နည်းစနစ်ကို လေ့ကျင့်တာကြောင့် ဗုဒ္ဓရဲ့ မဖျက်ဆီးနိုင်တဲ့ ကျောင်းတော်သား ခန္ဓာကိုယ် က သူနဲ့ အလိုက်ဖက်ဆုံးပဲလို့ ဉာဏ်ပညာရေကန် က ပြောခဲ့ပါတယ်။
တကယ်တော့ ရူဟန် ရဲ့ လက်ရှိ သန်မာမှုအရ လက်ထဲမှာ စုတ်တံကို ကိုင်ဆောင်ပြီး သမာဓိ ခန္ဓာကိုယ် ကြံခိုင်ခြငး် နည်းစနစ်ကို ပြည့်စုံအောင် ရေးချဖို့ ဆိုတာ သံမဏိလက်လို နည်းစနစ် ရဲ့ အကူအညီမပါရင် မဖြစ်နိုင်ပါဘူး။
ဒါပေမဲ့ သံမဏိလက်ရဲ့ နည်းစနစ် နဲ့ လုံးလောက်တဲ့ စိတ်စွမ်းအင် ရှိမယ်ဆိုရင် သူက ဗုဒ္ဒရဲ့မဖျက်ဆီးနိုင်တဲ့ ကျောင်းတော်သား ခန္ဓာကိုယ် နည်းစနစ်ကို လေ့ကျင့်နိုင်ပါတယ်။
"ဘာပဲဖြစ်ဖြစ် ဒါက သူတော်စင်ကြီး ဖန်တီးခဲ့တဲ့ နည်းစနစ် တစ်ခုပဲလေ။ သာမာန်ထက် ပိုနေတာက အံသြစရာ မဟုတ်ဘူး" ကြီးမြတ်တဲ့အဖြူ က လက်ဖက်ရည်ကို တကျိုက်ကျိုက်ပြီး ပြောလိုက်တယ် "မင်းလက်ဖက်ရည်သောက်အုန်းမလား။ တာအိုရောင်းရင်း ဖောအောက် တို့က နည်းနည်း ကြာအုန်းမယ် နဲ့ တူတယ်"
"ကောင်းပြီ" ရူဟန်က ခေါင်းညိတ်ပြီး ကြီးမြတ်တဲ့အဖြူ ဘေးမှာ ထိုင်လိုက်တယ်။
စိနီယာ အဖြူရဲ့ လက်ဖက်ရည် သောက်ရဖို့ ဆိုတာက ခက်ခဲတယ်လေ။ ပြီးတော့ ဒါက သာမာန် စိတ်ဝိညာဉ် လက်ဖက်စိမ်းတွေထက် ပိုကောင်းတယ်။
❄️❄️❄️
ဒီအချိန် တိမ်ဖြူကျောင်း .. အသချေင်္စာအုပ်တောင်ရဲ့ ဘေးမှာတော့ ..
ကိုးစိရင်စု ရဲ့ တာအိုရောင်းရင်းတွေက သူတော်စင်ရဲ့ ကိုယ်တိုင် လေ့ကျင့်ခြင်း စကားပြေ ကဗျာ နဲ့ သူတော်စင်ရဲ့ စိတ်နှလုံး ငြိမး်ချမ်းခြင်း စကားပြေ ကဗျာ ကိုဓားမော့ သယ်ဆောင်သူ စုဝမ်ကျူ ဆီက သင်ယူနေကြပါတယ်။
ဓားမော့ သယ်ဆောင်သူက သူတို့အတွက် စကားပြေ ကဗျာနှစ်ခုကို ချရေးပေးပါတယ်။
ဒီလိုနဲ့ပဲ ကိုးစီရင်စုက တာအိုရောင်းရင်းတွေက နှစ်ခုလုံးကို မှတ်မိဖို့ တိတ်တဆိတ်နဲ့ မှတ်သားနေကြတယ်။
ကိုးစီရင်စု က တာအိုရောင်းရင်းတွေ အားလုံးက ထူးချွန်တဲ့ ပါရမီရှင်တွေပဲ ဖြစ်ပါတယ်။ သူတို့က သူတို့ရဲ့ စွမ်းအားမြင့် မှတ်ဉာဏ်ကို အသုံးပြုပြီး အတင်းပဲ ပုံတွေကို မှတ်ထားသလိုမျိုး မှတ်ထားလိုက်ကြတယ်။ ဒါက အရမ်းကို ရှုပ်ထွေးတဲ့ ရှေးစာလုံးတွေလေ။
"ကောင်းပြီ. ငါက အားလုံးကို မှတ်မိပြီ" သခင်လေးဖီးနစ် သတ်ဖြတ်သူက ရယ်လိုက်တယ်။ သူက ပထမဆုံးမှတ်မိသူ တစ်ယောက်ပါ။
သူက မှတ်ထားတာတွေ မှားယွင်းနေမှာကိုတော့ ကြောက်ရွံပါတယ်။ ရှေးစားလုံးတွေက အတွန့်အကွေးတွေ ပါဝင်တာကြောင့် သူက စာလုံးအောက်က အတွန့်တွေ အကွေး တွေက အစ သေချာ မှတ်ထားပါတယ်။
"ဒီလိုဆိုရင် တာအိုရောင်းရင်းတို့ .. ငါသွားနှင့်မယ်" ပြောပြီးတဲ့နောက် သခင်လေး ဖီးနစ် သတ်ဖြတ်သူ က ရယ်ပြီး ခုန်တက်သွားတယ်။ ပြိးနောက် အလင်းကန်ထဲကို ဒိုင်ဗင်ထိုးချလိုက်ပါတယ်။
ပြိုင်ပွဲဝင် - ဖီးနစ်သတ်ဖြတ်သူက ရေကန်ထဲကို ရိုးရှင်းတဲ့ ပုံသဏ္ဍာန်ကို အသုံးပြုပြီး ဒိုင်ဗင်ထိုးချလိုက်ပါတယ်။ ခက်ခဲမှု အဆင့်က သုံည ပါပဲ
နောက်တော့ ဖီးနစ်သတ်ဖြတ်သူ ရဲ့ ခန္ဓာကိုယ် က အလင်းမှုန်တွေကို ဖြတ်သန်းပြီး အောက်ခြေကို ဆင်းသက်သွားတယ်။
"အမ်... ကျရှုံးပြန်ပြီလား" သခင်လေး ဖီးနစ် သတ်ဖြတ်သူ က ဇဝေဇဝါ နဲ့ ပြောလိုက်တယ် ။
သူတော်စင်ရဲ့ ကိုယ်တိုင် လေ့ကျင့်ခြင်း စကားပြေ ကဗျာ နဲ့ သူတော်စင်ရဲ့ စိတ်နှလုံး ငြိမး်ချမ်းခြင်း စကားပြေ ကဗျာ က ဒီတည်နေရာထဲကို ဝင်နိုင်ဖို့ လိုအပ်ချက် မဟုတ်ဘူးလား။
"ဖီးနစ် သတ်ဖြတ်သူ .. မင်းကျရှုံးပြီဆိုတော့ ငါကြိုးစားကြည့်မယ်" နှင်းဝံပုလွေ က ရယ်ကာ ကန်ဘေးနားကို ရောက်ရှိလာတယ်။ သူက ယုံကြည်ချက် အပြည့်နဲ့ပါ။
သူက ကောင်းမွန်တဲ့ မှတ်ဉာဏ်ကို ပိုင်ဆိုင်ထားပါတယ်။ ပြီးတော့ ဒီစာတမ်းတွေကို ထပ်ခါထပ်ခါ ကြည့်ရှု မှတ်သားထားတာပါ။ အတွန့်အကွေးလေးတွေ ဘယ်လိုဆွဲရတယ် ဆိုတာက အစ သေချာ မှတ်ထားတာပါ။ တစ်ခုမှ မလွဲပါဘူး။
"ငါ့ကိုကြည့်" နှင်းဝံပုလွေက ခုန်ပြီး ရေကန်ထဲကို ဒိုင်ဗင်ထိုးချ လိုက်တယ်။
ပြိုင်ပွဲဝင် - နှင်းဝံပုလွေ ကလည်း ရေကန်ထဲကို ရိုးရှင်းတဲ့ ပုံသဏ္ဍာန်ကို အသုံးပြုပြီး ဒိုင်ဗင်ထိုးချလိုက်ပါတယ်။ ခက်ခဲမှု အဆင့်က သုံည ပါပဲ
နောက်တော့ နှင်းဝံပုလွေရဲ့ ခန္ဓာကိုယ်က အလင်းမှုန်တွေကို ဖြတ်သန်းပြီး အောက်ခြေကို ဆင်းသက်လိုက်တယ်။

"ခွီ" အနားက သခင်လေး ဖီးနစ် သတ်ဖြတ်သူ က အညှာအတာမဲ့ စွာနဲ့ နောက်ပြောင်လိုက်တယ်။
နှင်းဝံပုလွေက သွားကို တင်းတင်းစေ့ပြီး ပြောလိုက်တယ် "ချီးတဲမှ.. ဒါဘယ်လိုဖြစ်နိုင်မှာလဲ။ ငါက မှတ်ထားတဲ့စာသားတွေကို ဘာတစ်ခုမှမမှားပဲ ရေးထားတယ် ဆိုတာ သေချာတယ်။ ဉာဏ်ပညာရေကန ်က အထဲဝင်ဖို့ လူအရေအတွက်ကို ကန့်သတ်ထားတာလား။ အရေအတွက် ပြည့်သွားရင် တခြားလူတွေ ဝင်လို့ မရဘူးနဲ့ တူတယ်"
"ဟားဟား .. တာအိုရောင်းရင်း နှင်းဝံပုလွေ .. မင်းအရှုံးပေးလိုက်တော့။ မင်းက ဒီကဗျာနှစ်ခုကို မမှတ်မိတာပဲ ဖြစ်မယ်။ ငါ့ကို ကြည့်" မြောက်ပိုင်းမြစ် က ပြုံးကာ ပြောင်စပ်စပ် နဲ့ ပြောလိုက်တယ်။
သူက စောနတုန်းက ဓားမော့ သယ်ဆောင်သူရေးပေးထားတဲ ့စာတမ်းကို သေချာ မှတ်ထားပါတယ်။ ရှေးစာလုံးတွေမှာ ပါဝင်တဲ့ အောက်ခြေက တည့်အတွန့်တွေ၊ ဒေါင်လိုက်အတွန့်တွေက အစ သေချာ စိတ်ထဲမှာ မှတ်ထားပါတယ်။
သူက မြောက်ပိုင်းမြစ်က ရှေးစာလုံးရဲ့ အဓိပ္ပာယ်တွေကို နားမလည်ဘူး ဆိုရင်တောင်မှ အားလုံးကို အလွတ်မှတ်ထားပါတယ်။ ဒီကိစ္စလေးလောက်က သူ့ကို တားဆီးလို့ မရနိုင်ပါဘူး။
ဒါကြောင့် မြောက်ပိုင်းမြစ်က ယုံကြည်မှု အပြည့်နဲ့ ခုန်တက်လိုက်တယ်။ ပြိးနောက် ရှေ့ကျွမ်း နှစ်ပတ်ခွဲ နဲ့ လေထဲမှာ သုံးကြိမ်လှည့်ပြီးမှ အလင်းကန်ထဲကို ဆင်းလိုက်ပါတယ်။
အားလုံးပဲ။ ဒီတစ်ခါ ဉာဏ်ပညာရေကန်ကို စိန်ခေါ်သူတော့ မြောက်ပိုင်းမြစ်ပဲ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင် မြောက်ပိုင်းမြစ်က ရှေ့ကျွမ်း နှစ်ပတ်ခွဲ နဲ့ လေထဲမှာ သုံးကြိမ်လှည့်ပြီးမှ ဒိုင်ဗင်နဲ့ ဆင်းသွားတာပါ။ လက်ခဲမှု က ၃.၉ အဆင့်ပါ။ ကံဆိုးတာက ပြိုင်ပွဲဝင် မြောက်ပိုင်းမြစ်လည်း ကျရှုံးပါတယ်။
ရေ့ကန်ကို ဖြတ်သန်းပြိးနောက် မြောက်ပိုင်းမြစ်က ကြောင်အအ အမူအရာ နဲ့ အောက်ခြေကို ရောက်ရှိသွားပါတယ်။
မဖြစ်နိုင်ဘူး။ ငါက အသေးစိတ်ကလေး က အစ သေချာမှတ်ထားတာ.။ ဘာကြောင့် ဉာဏ်ပညာရေကန် ထဲကို ဝင်လို့ မရတာလဲ။
"ခွီ" x 2
သခင်လေးဖိနစ် သတ်ဖြတ်သူ နဲ့ နှင်းဝံပုလွေတို့က အညှာအတာမရှိ ပြောင်စပ်စပ် လုပ်လိုက်ကြတယ်။
မြောက်ပိုင်းမြစ်က မျက်နှာတွေ ရဲရဲနီပြီး ပြုံးကာ ပြောလိုက်တယ် "ဘာဖြစ်တာလဲ။ ဒါက ကံတရား နဲ့ သက်ဆိုင်နေလား။
"တစ်ယောက်ယောက် ရဲ ့ကံ နဲ့ သက်ဆိုင်နေလိမ့်မယ်။ တာအိုရောင်းရင်း မြောက်ပိုင်းမြစ် မင်းရဲ့ ဆွဲဆောင်မှု က မလုံလောက်လို့ နေမယ်။ ဒီမိန်းမလှလေးကို ကြည့်" လိုင်ချီးက ပြောင်စပ်စပ် နဲ့ ရှေ့ကို လှမ်းတက်သွားတယ်။
မြောက်ပိုင်းမြစ်က ရေကန်ထဲကနေ ဖယ်ပြီး လိုင်ချီးကို ကြိုဆိုပါတယ် ဆိုတဲ့ အမူအရာ လုပ်ပြလိုက်တယ်။
"တာအိုရောင်းရင်းတို့ ဒါဆို ငါသွားပြီ။" လိုင်ချီးက ခုန်လိုက်တယ်။ ပြီးနောက်မှာတော့ သူမရဲ့ ရောင်စုံ စကပ်က လွင့်တက်သွားပြီး မယုံနိုင်စရာ လှပမှုကို ဖြစ်ပေါ်စေတယ်။
နောက်ထပ် ပြိုင်ပွဲဝင်မယ့် သူကတော့ လိုင်ချီးပဲ ဖြစ်ပါတယ်။ သူမ ကလည်း ဉာဏ်ပညာရေကန် ကို စိန်ခေါ်သူပါပဲ။ သူမရဲ့ ရောင်စုံစကပ်က လေထဲမှာ ဝဲပျံပြီး ပျံသန်းလာပုံက အရမ်းကို ကြည့်ကောင်းလှတယ်။ ပြီးနောက် သူမ က ဉာဏ်ပညာရေကန် ထဲကို ၃၆၀ ဒိဂရီ ကျွမ်းထိုး ဆင်းသက်လိုက်တယ်။ ခက်ခဲမှု အဆင့်က မမြင့်မား ပါဘူး။ ဒါပေမဲ ့ဆွဲဆောင်မှုကတော့ ၅.၀ ပါ။ ကြည့်ရှုသူတွေ အားလုံး မျက်စိအေးသွား ကြတယ်။
လိုင်ချီးက အလင်းကန်ထဲကို ရောက်ရှိသွားတယ်။
နောက်တော့ သူမ က အလင်းကန်ကြီးကို ဖြတ်သန်းပြီး သူမရဲ့ ရောင်စုံစကပ်က ဝဲခါသွားပြိး သူမရဲ့ လှပတဲ့ ကျောက်စိမ်းရောင် ခြေထောက်တွေက အောက်ခြေကို ထိမိသွားတယ်။
လိုင်ချီးလည်း ... ကျရှုံးပါတယ်။
"ခွီ" x 3 ။
သခင်လေး ဖီးနစ် သတ်ဖြတ်သူ ၊ နှင်းဝံပုလွေ နဲ့ မြောက်ပိုင်းမြစ် တို့က လိုင်းချီးကို အညှာအတာမဲ့စွာ နဲ့ နောက်ပြောင်လိုက်တယ်။
"......." လိုင်ချီး။
သူမ က စာလုံးတိုင်းကို အသေးစိတ်သေချာမှတ်ထားတာပါ။ ဉာဏ်ပညာရေကန် ထဲကို ဝင်ဖို့ ဒီကဗျာနှစ်ခု နဲ့ မသက်ဆိုင်ဘူးလား။
❄️❄️❄️
ပြီးနောက် များပြားလှတဲ့ တာအိုရောင်းရင်းတွေ က အလင်းကန် ကို စိန်ခေါ်ဖို့ တစ်ယောက် ပြီးတစ်ယောက် ကြိုးစားကြတယ်။
ဒါပေမဲ့ တစ်ယောက်မှ မအောင်မြင်ပါဘူး။
ဒီအချိန်မှာပဲ အားရှီလျှူက မေးစေ့ကို ပွတ်ပြီး စဉ်းစားလိုက်တယ်။
ပြီးတော့ကိုးစီရင်စု က စီနီယာအားလုံး ကြိုးစားနေကြတာဆိုတော့ သူမကလည်း ကိုယ်ယောင်ထွက်ပြမှ ဖြစ်တော့မယ်လေ။
မြောက်ပိုင်းမြစ် က ပြောလိုက်တယ် "ရှီလျှူ .. စိတ်ရှုပ်ခံမနေနဲ့။ ဒါက ကဗျာ နှစ်ခုနဲ့ ဆိုင်ပုံ မပေါ်ဘူး။"
အားရှီလျှူက ပြုံးပြီး ပြောလိုက်တယ် "ငါနည်းနည်း ကြိုးစားကြည့်ချင်သေးတယ်။"

#Zawgyi
အပိုင္း (၇၄၄) ခက္ခဲမွဳ အဆင့္ ၃.၉။
ဗုဒၵရဲ့ မဖ်က္ဆိးႏိုင္တဲ့ ခႏၶာကိုယ္ဆိုတဲ့ နည္းစနစ္ က ဗုဒၶဂိုဏ္း တစ္ခုနဲ႔ သက္ဆိုင္ေနတာလား။ ဘာေၾကာင့္ ေက်ာင္းေတာ္သား နယ္ေျမမွာ ဒီလို လွ်ိဳ႕ဝွက္ နည္းစနစ္မ်ိဳး ရွိေနရတာလဲ။ ဒါမွမဟုတ္ ဗုဒၶရဲ့ မဖ်က္ဆိးႏိုင္တဲ့ ခႏၶာကိုယ္ နည္းစနစ္ ကို ေက်ာင္းေတာ္သား အသြင္ေျပာင္းလိုက္တာ ျဖစ္ေၾကာင္း လူတိုင္းကို သတိေပးခ်င္လို႔လား။
ဒါေပမဲ့ ဗုဒၶရဲ့ မဖ်က္ဆီးႏိုင္တဲ့ ခႏၶာကိုယ္ ေက်ာင္းေတာ္သား အသြင္ က ဘာႀကီးလဲ။
ငါက ၾကည့္ေကာင္းေပါ့ပါးတဲ့ ဝတ္စံုကို ဝတ္ဆင္ထားတယ္ ဆိုေပမဲ့ ေအာက္မွာ ၾကြက္သားေတြ အျပည့္နဲ႔ ပံုစံ ျဖစ္သြားမွာလား။ ဒီလို ပံုစံမ်ိဳးလား။ ေတာ္ေတာ္ဆိုးမွာပဲ။
ေက်ာင္းေတာ္သားေတြက ၾကည့္ေကာင္းလွတဲ့ ေက်ာင္းေတာ္သားဝတ္စံုကို ဝတ္ဆင္ၾကၿပီး ဓားပ်ံ စီးနင္းခ်ိန္မွာ သူတို႔ရဲ့ ဝတ္စံုက ေလထဲမွာ တျဖတ္ျဖတ္လွဳပ္ေနတယ္။ စကားေျပာရင္းကေန စြမ္းအားျမင့္ရန္သူ ကို သုတ္သင္ႏိုင္တယ္။ ဒါဆိုရင္ မိုက္ေနၿပီ မဟုတ္လား။ ဘယ္က ဗလႀကီး က ပါလာရတာလဲ။
ေက်ာင္းေတာ္သား နယ္ေျမမွာ ဒီလိုခႏၶာကိုယ္ႀကံခိုင္ျခင္း နည္းစနစ္ မ်ိဳးရွိတယ္ ဆိုတာကို သာ သိရင္ ဥာဏ္ပညာေရကန္ ကို သူ႔အတြက္ ေရြးခ်ယ္ခိုင္းမွာ မဟုတ္ပါဘူး။
❄️❄️❄️
တကယ္ေတာ့ က်င့္ႀကံျခင္း ကမၻာမွာ ေက်ာင္းေတာ္သား ေတြရဲ့ ခႏၶာကိုယ္ က်င့္ႀကံျခင္း နည္းစနစ္ေတြကလည္း ဗုဒၶက်င့္ႀကံသူေတြ ရဲ့ နည္စနစ္ နဲ႔ သိပ္မကြာပါဘူး။
ေက်ာင္းေတာ္သားေတြက ခႏၶာကိုယ္ ႀကံခိုင္မွဳျဖစ္စဥ္ က သူတို႔ရဲ့ က်င့္ႀကံျခင္းလမ္းေၾကာင္းမွာ အေရးႀကီးတယ္လို႔ သတ္မွတ္ထားၾကတယ္။ ေက်ာင္းေတာ္သားေတြက သူတို႔ရဲ့ အမွန္တရား သမာဓိကို အသံုးျပဳၿပိး ခႏၶာကိုယ္ကို ႀကံခိုင္ေစတာ ျဖစ္ၿပီး ဗုဒၶက်င့္ႀကံသူေတြနဲ႔ မတူညီပါဘူး။
"ေနအုန္း။ ဥာဏ္ပညာေရကန္ .. ငါေနာက္ထပ္ လွ်ိဳ႕ဝွက္ နည္းစနစ္ ကို ရႏုိ္င္မလား" ရူဟန္ က ဒီအခ်ိန္မွာပဲ ထေအာ္လိုက္တယ္။
ဒါေပမဲ့ ေနာက္က်သြားပါၿပီ။ ဥာဏ္ပညာ ေရကန္ က လႊဲအပ္ၿပီး ျဖစ္သြားပါတယ္။
ေရာက္ရွိလာၿပီျဖစ္တာေၾကာင့္ ျပန္ပို႔လို႔ မရေတာ့ပါဘူး။
ရူဟန္ရဲ့ အသိစိတ္က သူေတာ္စင္ႀကီး ဖန္တီးထားတဲ့ ဗုဒၶရဲ့ မဖ်က္ဆီးႏိုင္တဲ့ ေက်ာင္းေတာ္သား ခႏၶာကိုယ္ နည္းစနစ္ကို မ်က္ဝါးထင္ထင္ ျမင္နိုင္တဲ့ သူေတာ္စင္ရဲ့ မွတ္ဥာဏ္ထဲကို ဆြဲေခၚခံလုိက္ရတယ္။
သူေတာ္စင္ေက်ာင္းေတာ္သား က တကယ္ပဲ မယံုႏိုင္ေလာက္ေအာင္ အံၾသဖို႔ေကာင္းပါတယ္။ သူ႔ရဲံ အတုပၸတိ ကို သူ႔ဘာသာ ေျပာေနတာထက္ ေတာင္မွ ပိုၿပိး အံၾသဖို႔ ေကာင္းပါတယ္။
သူ႔အတြက္ က်င့္ႀကံျခင္း နည္းစနစ္ တစ္ခုကို ဖန္တီးတယ္ ဆိုတာက ကဗ်ာတစ္ပုဒ္ ေရးသား ရသလိုပဲ အားစိုက္စရာေတာင္မွ မလိုပါဘူး။ သူက အေတြးတစ္ခ်က္ပဲ လိုအပ္ပါတယ္။ မ်ားျပားလွတဲ့ သေဘာတရား အသစ္ေတြက သူ႔စိတ္ထဲကို အလိုလို ေရာက္လာတာ ျဖစ္တယ္။
အနည္းငယ္ ျပင္ဆင္ စမ္းသပ္ၿပီးသြားရင္ က်င့္ႀကံျခင္း နည္းစနစ္ အသစ္က အသံုးျပဳဖို႔ အဆင္သင့္ျဖစ္သြားပါၿပီ။
❄️❄️❄️
ဒီအခ်ိန္မွာေတာ့ ရူဟန္က သူေတာ္စင္ေက်ာင္းေတာ္သား ရဲ့ စိတ္ထဲမွာ ထင္ဟပ္ေနတဲ့ အေတြးအေခၚ၊ သေဘာတရာမ်ိဳးစံုကို တိတ္တဆိတ္ နဲ႔ ၾကည့္ေနတယ္။
အခ်ိ္န္ေတြက တျဖည္းျဖည္း နဲ႔ ကုန္လြန္သြားတယ္။
ဒီမွတ္ဥာဏ္ အပိုင္းအစ ထဲကို ဘယ္ေလာက္ၾကာေအာင္ ေရာက္ေနတာလဲ ဆိုတာ ရူဟန္က မသိေတာ့ပါဘူး။
မွတ္ဥာဏ္အပိုင္းအစက သူေတာ္စင္ႀကီး ဖန္တီးထားတဲ့ ဗုဒၶရဲ့ မဖ်က္ဆီးႏိုင္တဲ့ ေက်ာင္းေတာ္သား ခႏၶာကိုယ္ နည္းစနစ္ပဲ ပါဝင္ၿပီး တျခားေသာ သူ႔ရဲ့ ေန႔စဥ္ဘဝနဲ႔ တျခား မပတ္သက္တဲ့ အေၾကာင္းအရာ ေတြ မပါဝင္ပါဘူး။
ဒါက ေခတ္သုေတသန္ ဓာတ္ခြဲခန္း စမ္းသပ္မွဳတစ္ခုကို မွတ္တမ္းရိုက္ကူးထားတာ နဲ႔ ဆင္တူပါတယ္။ မွတ္တမ္းက စမ္းသပ္မွဳ စ တာကေန ဆံုးတာ အထိပါပဲ။
သူေတာ္စင္ႀကီးက ဗုဒၶရဲ့မဖ်က္ဆီးနိုင္တဲ့ ေက်ာင္းေတာ္သား ခႏၶာကိုယ္ ကို စမ္းသပ္ေနတုန္းမွာပဲ ရူဟန္က မလိုအပ္တဲ့ တျခားအေတြးေတြကို ဖယ္ရွားၿပီး နည္းစနစ္ အေပၚမွာပဲ အာရံုစိုက္ထားပါတယ္။ သူကိုယ္တိုင္က ဒီနည္းစနစ္ကို ဖန္တီးတဲ့သူ တစ္ေယာက္အျဖစ္ ရူဟန္ ခံစားေနမိတယ္။
စမ္းသပ္မွဳ ျပဳျပင္မွဳေတြ ဆက္လုပ္ၿပီးတဲ့ေနာက္ သူေတာ္စင္ ေက်ာင္းေတာ္သား ႀကီးက ဗုဒၶရဲ့ မဖ်က္ဆီးႏိုင္တဲ့ ေက်ာင္းေတာ္သား ခႏၶာကိုယ္ ကို ေနာက္ဆံုးမွာ ၿပည့္စံုေအာင္ ဖန္တီးႏိုင္ခဲ့ပါၿပီ။
ဒီမွတ္ဥာဏ္အပိုင္းအစေတြကို ျမင္ၿပီးတဲ့ေနာက္ ရူဟန္ က လွ်ိဳ႕ဝွက္ နည္းစနစ္ ေတြကို သင္ယူနိုင္ခဲ့ပါတယ္။
သူေတာ္စင္ႀကီးနဲ႔ အတူ ဗုဒၶရဲ့ မဖ်က္ဆီးနိုင္တဲ့ ေက်ာင္းေတာ္သား ခႏၶာကိုယ္ကို စမ္းသပ္ရင္း ဖန္တီးခဲ့ရတာေၾကာင့္ ရူဟန္အတြက္ ဒါက တန္ဖိုးျဖတ္မရတဲ့ အေတြ႔အႀကံဳ တစ္ခုလို ျဖစ္ေနပါတယ္။
ဒီအေတြအႀကံဳေတြ ေၾကာင့္ပဲ ရူဟန္ က ဗုဒၵရဲ့ မဖ်က္ဆီးနိုင္တဲ့ ေက်ာင္းေတာ္သား ခႏၵာကိုယ္ လွ်ဳိ႕ဝွက္ နည္းစနစ္ကို ကၽြမ္းက်င္အဆင့္ထိ ေရာက္ရွိႏိုင္ဖို႔ ဆိုရင္ အခ်ိန္အနည္းငယ္ေလာက္ပဲ ေလ့က်င့္ဖို႔ လိုပါေတာ့တယ္။
❄️❄️❄️
ဒီလွ်ိဳ႕ဝွက္နည္းစနစ္ကို ေလ့က်င့္ၿပီးတဲ့ေနာက္ ရူဟန္ ရဲ့ အသိစိတ္က သူေတာ္စင္ႀကီးရဲ့ မွတ္ဥာဏ္ထဲကေန ထြက္ခြာၿပီး သူ႔ခႏၶာကိုယ္ ဆီကို ျပန္ေရာက္လာတယ္။
သူ႔အသိစိတ္က သူ႔ခႏၶာကိုယ္ထဲကို ျပန္ေရာက္ၿပိးတဲ့ေနာက္ ရူဟန္က နည္းနည္း စိတ္ရႈပ္သြားခဲ့တယ္။ ျဖစ္စဥ္ တစ္ခုလံုးမွာ သူေတာ္စင္ႀကီးက သူ႔ကို မၾကည့္ခဲ့ပါဘူး။
ေျပာရမယ္ ဆိုရင္ သူေတာ္စင္ႀကီးက ေကာင္းကင္ဆႏၶအုပ္စိုးသူ နီးပါး အားေကာင္းသူ တစ္ေယာက္ပါ။ က်ိန္းေသေပါက္ သူ႔ကို မီးေတာက္ဓားေမာ့နည္းစနစ္ သင္ေပးခဲ့တဲ့ စီနီယာေကာင္းကင္နီ ထက္ပိုၿပီး သန္မာပါလိမ့္မယ္။
လြတ္လပ္တဲ့က်င့္ႀကံသူ အျဖစ္ မက္ခဲ့တဲ့အိမ္မက္ထဲမွာ သူက မီးေတာက္ဓားေမာ့ နည္းစနစ္ကို သင္ယူေတာ့ စီနီယာ ေကာင္းကင္နီက တစ္စံုတစ္ေယာက္ ၾကည့္ေနေၾကာင္း သတိျပဳမိၿပိး အိမ္မက္ထဲက တကယ့္ရူဟန္ကို ျမင္ႏိုင္ပါတယ္။ ၿပီးေနာက္ အိမ္မက္ထဲက ရူဟန္ကုိ ေကာင္းကင္ေလာင္ကၽြမ္းျခင္း မီးေတာက္ ဓားေမာ့ ကိုလည္း သင္ေပးခဲ့ပါေသးတယ္။
တာအိုဘုန္းႀကီး ေကာင္းကင္နီေတာင္မွ ဒါမ်ဳိးလုပ္ႏိုင္တယ္ ဆိုရင္ သူေတာ္စင္ႀကီးက ဘာလို႔ မလုပ္ႏိုင္တာလဲ။
ဒီတစ္ႀကိမ္မွာ သူက အိ္မ္မက္ထဲမွာ မဟုတ္လို႔လား။
ဒါမွမဟုတ္ သူေတာ္စင္ႀကီးက ဝိညာဥ္ေရာ ၊ ခႏၶာကိုယ္ပါ ေသဆံုးသြားခဲ့တာ ေၾကာင့္လား။
ဒါမွမဟုတ္ ႏွစ္ခုလံုးေၾကာင့္လား။
တစ္စံုတစ္ေယာက္ကို အံၾသေစတဲ့ လံုးဝအံ့ဖြယ္ သူေတာ္စင္ႀကီးက တကယ္ပဲ ေသဆံုးခဲ့တာလား
❄️❄️❄️
ခႏၶာကိုယ္ထဲကို အသိစိတ္ျပန္ေရာက္ၿပီးတဲ့ေနာက္ ရူဟန္ က အစစ္အမွန္ နတ္ဘုရား ထာဝရမီး နဲ႔ ေဖာေအာက္တို႔ကလည္း သူတို႔ရဲ့ လွ််ိဳ႕ဝွက္ နည္းစနစ္ ကို လက္ခံရယူေနတုန္းပဲ ဆိုတာကို သတိျပဳမိလိုက္တယ္။ ၾကည့္ရတာ ဒီစီနီယာ ႏွစ္ေယာက္ သင္ယူေနတဲ့ လွ်ိဳ႕ဝွက္ နည္းစနစ္ က ဗုဒၶရဲ့ မဖ်က္ဆီးနိုင္တဲ့ ေက်ာင္းေတာ္သား ခႏၶာကို္ယ္ထက္ ပိုၿပီး ရႈပ္ေထြးလို႔ ေနမယ္။
ေနာက္ေတာ့ ေခါင္းကို တစ္ဖက္ျခမ္းဆီ လွည့္ၾကည့္လိုက္ေတာ့ ေတာက္ပတဲ့ လႀကီးေပၚလာခ်ိန္ က ေျခခ်ိတ္ထိုင္ေနတာကို ျမင္လိုက္ရတယ္။ သူကလည္း လွ်ိဳ႕ဝွက္ နည္းစနစ္ မွတ္ဥာဏ္ထဲကို ေရာက္ေနပံု ေပၚတယ္။
အျခားတစ္ဖက္မွာ ေတာ့ သူတို႔နဲ႔ မနီးမေဝး ေနရာတစ္ခုမွာ ၿပံဳးၿပီး ထုိင္ေနတဲ့ စီနီယာ အျဖဴ ကို ျမင္လိုက္တယ္။
ဒီအခ်ိန္မွာေတာ့ သူ႔ေရွ႕မွာ လက္ဖက္ရည္ စားပြဲ တစ္ခု ရွိေနၿပီး လက္ဖက္ရည္အုိးနဲ႔ ခြက္ကလည္း အေပၚမွာ ရွိေနပါတယ္။
စီနီယာ အျဖဴက လက္ဖက္ရည္ ပူပူကို ကိုင္ၿပီး ျဖည္းျဖည္း မွဳတ္ထုတ္လိုက္တယ္။
"စီနီယာအျဖဴ .. မင္း လွ်ိဳ႕ဝွက္ နည္းစနစ္ ရဲ့ မွတ္ဥာဏ္ထဲကေန ျပန္လာၿပီလား။" ရူဟန္က ေမးလိုက္တယ္။
"အင္း.. ငါက တည္ေနရာေပါက္ကြဲဖိသိပ္ျခင္း ဆိုတဲ့ သေဘာက်စရာ နည္းစနစ္ကို ရခဲ့တယ္။ ဒါေပမဲ့ သင္ယူရတာ အရမ္းပဲ ခက္ခဲတယ္။ ဒါေၾကာင့္ ငါကၽြမ္းက်င္ ပါ့မလား ဆိုတာ မေသခ်ာဘူး။" ႀကီးျမတ္တဲ့အျဖဴ က ၿပံဳးကာ ေျပာလိုက္တယ္။ "သူငယ္ခ်င္းေလး ရူဟန္ မင္းဘယ္လို လွ်ိဳ႕ဝွက္ နည္းစနစ္ ကို ရလိုက္လဲ"
ရူဟန္က သက္ျပင္း ခပ္ယဲ့ယဲ့ ခ်ကာ ေျပာလိုက္တယ္ "ဗုဒၶရ့ဲ မဖ်က္ဆီးႏိုင္တဲ့ ေက်ာင္းေတာ္သား ခႏၶာကိုယ္"
ႀကီးျမတ္တဲ့ အျဖဴ က ေျပာလိုက္တယ္ "အိုး .. ငါ ဒီနည္းစနစ္ကို ေကာင္းေကာင္း ၾကားဖူးတယ္။ ဥာဏ္ပညာေရကန္ က အျမင္ေကာင္းေကာင္း ရွိတာပဲ။ မင္းက မိစၦာနဂါးေဆးကို ေသာက္ထားတာ မၾကာေသးဘူး။ ဒါေၾကာင့္ ေဆးစြမ္းကို ကုန္စင္ေအာက္ စုပ္ယူရအုန္းမွာ။ ဒီဗုဒၶရဲ့ မဖ်က္ဆီးနိုင္တဲ့ ေက်ာင္းေတာ္သား ခႏၶာကိုယ္က မင္းနဲ႔ အလိုက္ဖက္ဆံုးပဲ။"
"ငါက ဒီနည္းစနစ္ကို မလိုခ်င္ဘူး ဆိုေပမဲ့ ဒါက သာမာန္ထက္ ပိုတယ္ ဆိုတာကိုေတာ့ ဝန္ခံရမယ္" ရူဟန္ က ေခါင္းညိတ္ၿပီး ေျပာလို္က္တယ္။
သာမာန္ကိုယ္ခႏၶာႀကံခိုင္မွဳ နည္းလမ္းေတြက ခႏၶာကိုယ္ႀကံခိုင္ေစဖို႔ အံႀကိတ္ၿပီး ႀကိဳးႀကိဳးစားစား ေလ့က်င့္ရတာပါ။ ဒါေပမဲ့ သူေတာ္စင္ ေက်ာင္းေတာ္သားကေတာ့ မတူညီတဲ့နည္းလမ္း ကို အသံုးျပဳခဲ့တယ္။
ေလ့က်င့္မွဳက ေနတိုင္းႀကိဳးစား ေလ့က်င့္ေနစရာ မလိုပါဘူး။ ဗုဒၶရဲ့ မဖ်က္ဆီးနိုင္တဲ့ ေက်ာင္းေတာ္သား ခႏၶာကိုယ္ နည္ူးစနစ္ အတြင္းက မွတ္တမ္းတင္ထားတဲ့ ကဗ်ာကို ေရးခ်ရံုပါပဲ။ ဒီလိုနဲ႔ ပိုမို သန္မာလာမွာ ျဖစ္ပါတယ္။
သာမာန္ခႏၶာကိုယ္က်င့္ႀကံျခင္း နည္းစနစ္ဆိုတာက ကိုယ္ကာယ ေလ့က်င့္တဲ့ ခန္းမကို သြားၿပိး ခႏၶာကိုယ္ကို ႀကံခိုင္ေအာင္ျပဳလုပ္တာ နဲ႔ တူတူပါပဲ။
ေက်ာင္းေတာ္သားေတြ ရဲ့ ခႏၶာကိုယ္ႀကံခိုင္ျခင္း နည္းစနစ္ကေတာ့ အိမ္မွာေနၿပီး စာေရးေနရံုနဲ႔ တူညီတဲ့ အစြမ္းကို ရရွိမွာ ျဖစ္ပါတယ္။
ဒါေပမဲ့ ေက်ာင္းေတာ္သားေတြရဲ့ စာေရးသားျခင္းက လံုးဝ မရိုးရွင္းပါဘူး။ သမာဓိခႏၶာကိုယ္ ႀကံခိုင္ျခင္း ကဗ်ာက ရဲ့စာလံုးတစ္လံုးခ်င္း ဆီတိုင္းက ေတာင္လိုပဲ ေလးလံတယ္။ တစ္ခုလံုးကို ခ်ေရးႏိုင္ဖို႔ ဆိုတာ ခက္ခဲတဲ့ ေလ့က်င့္ခန္းကို လုပ္ရတာနဲ႔ တူတူပါပဲ။ ဒါေပမဲ့ သာမာန္ေလ့က်င့္တာေတြထက္ ပိုမိုေကာင္းမြန္တဲ့ အက်ိဳးကို ရရွိႏိုင္ပါတယ္။
ရူဟန္က လက္ အမ်ိးအစား ခႏၶာကိုယ္ႀကံခိုင္ျခင္း နည္းစနစ္ကို ေလ့က်င့္တာေၾကာင့္ ဗုဒၶရဲ့ မဖ်က္ဆီးႏိုင္တဲ့ ေက်ာင္းေတာ္သား ခႏၶာကိုယ္ က သူနဲ႔ အလိုက္ဖက္ဆံုးပဲလို႔ ဥာဏ္ပညာေရကန္ က ေျပာခဲ့ပါတယ္။
တကယ္ေတာ့ ရူဟန္ ရဲ့ လက္ရွိ သန္မာမွဳအရ လက္ထဲမွာ စုတ္တံကို ကိုင္ေဆာင္ၿပီး သမာဓိ ခႏၶာကိုယ္ ႀကံခိုင္ျခငး္ နည္းစနစ္ကို ျပည့္စံုေအာင္ ေရးခ်ဖို႔ ဆိုတာ သံမဏိလက္လို နည္းစနစ္ ရဲ့ အကူအညီမပါရင္ မျဖစ္ႏိုင္ပါဘူး။
ဒါေပမဲ့ သံမဏိလက္ရဲ့ နည္းစနစ္ နဲ႔ လံုးေလာက္တဲ့ စိတ္စြမ္းအင္ ရွိမယ္ဆိုရင္ သူက ဗုဒၵရဲ့မဖ်က္ဆီးႏိုင္တဲ့ ေက်ာင္းေတာ္သား ခႏၶာကိုယ္ နည္းစနစ္ကို ေလ့က်င့္နိုင္ပါတယ္။
"ဘာပဲျဖစ္ျဖစ္ ဒါက သူေတာ္စင္ႀကီး ဖန္တီးခဲ့တဲ့ နည္းစနစ္ တစ္ခုပဲေလ။ သာမာန္ထက္ ပိုေနတာက အံၾသစရာ မဟုတ္ဘူး" ႀကီးျမတ္တဲ့အျဖဴ က လက္ဖက္ရည္ကို တက်ိဳက္က်ိဳက္ၿပီး ေျပာလိုက္တယ္ "မင္းလက္ဖက္ရည္ေသာက္အုန္းမလား။ တာအိုေရာင္းရင္း ေဖာေအာက္ တို႔က နည္းနည္း ၾကာအုန္းမယ္ နဲ႔ တူတယ္"
"ေကာင္းၿပီ" ရူဟန္က ေခါင္းညိတ္ၿပီး ႀကီးျမတ္တဲ့အျဖဴ ေဘးမွာ ထိုင္လိုက္တယ္။
စိနီယာ အျဖဴရဲ့ လက္ဖက္ရည္ ေသာက္ရဖို႔ ဆိုတာက ခက္ခဲတယ္ေလ။ ၿပီးေတာ့ ဒါက သာမာန္ စိတ္ဝိညာဥ္ လက္ဖက္စိမ္းေတြထက္ ပိုေကာင္းတယ္။
❄️❄️❄️
ဒီအခ်ိန္ တိမ္ျဖဴေက်ာင္း .. အသေခ်ၤစာအုပ္ေတာင္ရဲ့ ေဘးမွာေတာ့ ..
ကိုးစိရင္စု ရဲ့ တာအိုေရာင္းရင္းေတြက သူေတာ္စင္ရဲ့ ကိုယ္တိုင္ ေလ့က်င့္ျခင္း စကားေျပ ကဗ်ာ န႔ဲ သူေတာ္စင္ရဲ့ စိတ္ႏွလံုး ၿငိမး္ခ်မ္းျခင္း စကားေျပ ကဗ်ာ ကိုဓားေမာ့ သယ္ေဆာင္သူ စုဝမ္က်ဴ ဆီက သင္ယူေနၾကပါတယ္။
ဓားေမာ့ သယ္ေဆာင္သူက သူတို႔အတြက္ စကားေျပ ကဗ်ာႏွစ္ခုကို ခ်ေရးေပးပါတယ္။
ဒီလိုနဲ႔ပဲ ကိုးစီရင္စုက တာအိုေရာင္းရင္းေတြက ႏွစ္ခုလံုးကို မွတ္မိဖို႔ တိတ္တဆိတ္နဲ႔ မွတ္သားေနၾကတယ္။
ကိုးစီရင္စု က တာအိုေရာင္းရင္းေတြ အားလုံးက ထူးခၽြန္တဲ့ ပါရမီရွင္ေတြပဲ ျဖစ္ပါတယ္။ သူတို႔က သူတို႔ရဲ့ စြမ္းအားျမင့္ မွတ္ဥာဏ္ကို အသံုးျပဳၿပီး အတင္းပဲ ပံုေတြကို မွတ္ထားသလိုမ်ိဳး မွတ္ထားလိုက္ၾကတယ္။ ဒါက အရမ္းကို ရႈပ္ေထြးတဲ့ ေရွးစာလံုးေတြေလ။
"ေကာင္းၿပီ. ငါက အားလံုးကို မွတ္မိၿပီ" သခင္ေလးဖီးနစ္ သတ္ျဖတ္သူက ရယ္လိုက္တယ္။ သူက ပထမဆံုးမွတ္မိသူ တစ္ေယာက္ပါ။
သူက မွတ္ထားတာေတြ မွားယြင္းေနမွာကိုေတာ့ ေၾကာက္ရြံပါတယ္။ ေရွးစားလံုးေတြက အတြန္႔အေကြးေတြ ပါဝင္တာေၾကာင့္ သူက စာလံုးေအာက္က အတြန္႔ေတြ အေကြး ေတြက အစ ေသခ်ာ မွတ္ထားပါတယ္။
"ဒီလိုဆိုရင္ တာအိုေရာင္းရင္းတို႔ .. ငါသြားႏွင့္မယ္" ေျပာၿပီးတဲ့ေနာက္ သခင္ေလး ဖီးနစ္ သတ္ျဖတ္သူ က ရယ္ၿပီး ခုန္တက္သြားတယ္။ ၿပိးေနာက္ အလင္းကန္ထဲကို ဒိုင္ဗင္ထိုးခ်လိုက္ပါတယ္။
ၿပိဳင္ပြဲဝင္ - ဖီးနစ္သတ္ျဖတ္သူက ေရကန္ထဲကို ရိုးရွင္းတဲ့ ပံုသ႑ာန္ကို အသံုးျပဳၿပီး ဒိုင္ဗင္ထိုးခ်လိုက္ပါတယ္။ ခက္ခဲမွဳ အဆင့္က သံုည ပါပဲ
ေနာက္ေတာ့ ဖီးနစ္သတ္ျဖတ္သူ ရဲ့ ခႏၶာကိုယ္ က အလင္းမွဳန္ေတြကို ျဖတ္သန္းၿပီး ေအာက္ေျခကို ဆင္းသက္သြားတယ္။
"အမ္... က်ရံႈးျပန္ၿပီလား" သခင္ေလး ဖီးနစ္ သတ္ျဖတ္သူ က ဇေဝဇဝါ နဲ႔ ေျပာလိုက္တယ္ ။
သူေတာ္စင္ရဲ့ ကိုယ္တိုင္ ေလ့က်င့္ျခင္း စကားေျပ ကဗ်ာ န႔ဲ သူေတာ္စင္ရဲ့ စိတ္ႏွလံုး ၿငိမး္ခ်မ္းျခင္း စကားေျပ ကဗ်ာ က ဒီတည္ေနရာထဲကို ဝင္နိုင္ဖို႔ လိုအပ္ခ်က္ မဟုတ္ဘူးလား။
"ဖီးနစ္ သတ္ျဖတ္သူ .. မင္းက်ရံႈးၿပီဆိုေတာ့ ငါႀကိဳးစားၾကည့္မယ္" ႏွင္းဝံပုေလြ က ရယ္ကာ ကန္ေဘးနားကို ေရာက္ရွိလာတယ္။ သူက ယံုၾကည္ခ်က္ အျပည့္နဲ႔ပါ။
သူက ေကာင္းမြန္တဲ့ မွတ္ဥာဏ္ကို ပိုင္ဆိုင္ထားပါတယ္။ ၿပီးေတာ့ ဒီစာတမ္းေတြကို ထပ္ခါထပ္ခါ ၾကည့္ရႈ မွတ္သားထားတာပါ။ အတြန္႔အေကြးေလးေတြ ဘယ္လိုဆြဲရတယ္ ဆိုတာက အစ ေသခ်ာ မွတ္ထားတာပါ။ တစ္ခုမွ မလြဲပါဘူး။
"ငါ့ကိုၾကည့္" ႏွင္းဝံပုေလြက ခုန္ၿပီး ေရကန္ထဲကို ဒိုင္ဗင္ထိုးခ် လိုက္တယ္။
ၿပိဳင္ပြဲဝင္ - ႏွင္းဝံပုေလြ ကလည္း ေရကန္ထဲကို ရိုးရွင္းတဲ့ ပံုသ႑ာန္ကို အသံုးျပဳၿပီး ဒိုင္ဗင္ထိုးခ်လိုက္ပါတယ္။ ခက္ခဲမွဳ အဆင့္က သံုည ပါပဲ
ေနာက္ေတာ့ ႏွင္းဝံပုေလြရဲ့ ခႏၶာကိုယ္က အလင္းမွဳန္ေတြကို ျဖတ္သန္းၿပီး ေအာက္ေျခကို ဆင္းသက္လိုက္တယ္။

"ခြီ" အနားက သခင္ေလး ဖီးနစ္ သတ္ျဖတ္သူ က အညွာအတာမဲ့ စြာနဲ႔ ေနာက္ေျပာင္လိုက္တယ္။
ႏွင္းဝံပုေလြက သြားကို တင္းတင္းေစ့ၿပီး ေျပာလိုက္တယ္ "ခ်ီးတဲမွ.. ဒါဘယ္လိုျဖစ္ႏိုင္မွာလဲ။ ငါက မွတ္ထားတဲ့စာသားေတြကို ဘာတစ္ခုမွမမွားပဲ ေရးထားတယ္ ဆိုတာ ေသခ်ာတယ္။ ဥာဏ္ပညာေရကန ္က အထဲဝင္ဖို႔ လူအေရအတြက္ကုိ ကန္႔သတ္ထားတာလား။ အေရအတြက္ ျပည့္သြားရင္ တျခားလူေတြ ဝင္လို႔ မရဘူးနဲ႔ တူတယ္"
"ဟားဟား .. တာအိုေရာင္းရင္း ႏွင္းဝံပုေလြ .. မင္းအရံႈးေပးလိုက္ေတာ့။ မင္းက ဒီကဗ်ာႏွစ္ခုကို မမွတ္မိတာပဲ ျဖစ္မယ္။ ငါ့ကို ၾကည့္" ေျမာက္ပိုင္းျမစ္ က ၿပံဳးကာ ေျပာင္စပ္စပ္ နဲ႔ ေျပာလိုက္တယ္။
သူက ေစာနတုန္းက ဓားေမာ့ သယ္ေဆာင္သူေရးေပးထားတဲ ့စာတမ္းကို ေသခ်ာ မွတ္ထားပါတယ္။ ေရွးစာလံးုေတြမွာ ပါဝင္တဲ့ ေအာက္ေျခက တည့္အတြန္႔ေတြ၊ ေဒါင္လိုက္အတြန္႔ေတြက အစ ေသခ်ာ စိတ္ထဲမွာ မွတ္ထားပါတယ္။
သူက ေျမာက္ပိုင္းျမစ္က ေရွးစာလံုးရဲ့ အဓိပၸာယ္ေတြကို နားမလည္ဘူး ဆိုရင္ေတာင္မွ အားလံုးကို အလြတ္မွတ္ထားပါတယ္။ ဒီကိစၥေလးေလာက္က သူ႔ကို တားဆီးလို႔ မရႏိုင္ပါဘူး။
ဒါေၾကာင့္ ေျမာက္ပိုင္းျမစ္က ယံုၾကည္မွဳ အျပည့္နဲ႔ ခုန္တက္လိုက္တယ္။ ၿပိးေနာက္ ေရွ႕ကၽြမ္း ႏွစ္ပတ္ခြဲ နဲ႔ ေလထဲမွာ သံုးႀကိမ္လွည့္ၿပီးမွ အလင္းကန္ထဲကို ဆင္းလိုက္ပါတယ္။
အားလုံးပဲ။ ဒီတစ္ခါ ဥာဏ္ပညာေရကန္ကို စိန္ေခၚသူေတာ့ ေျမာက္ပိုင္းျမစ္ပဲ ျဖစ္ပါတယ္။ ၿပိဳင္ပြဲဝင္ ေျမာက္ပိုင္းျမစ္က ေရွ႕ကၽြမ္း ႏွစ္ပတ္ခြဲ နဲ႔ ေလထဲမွာ သံုးႀကိမ္လွည့္ၿပီးမွ ဒိုင္ဗင္နဲ႔ ဆင္းသြားတာပါ။ လက္ခဲမွဳ က ၃.၉ အဆင့္ပါ။ ကံဆိုးတာက ၿပိဳင္ပြဲဝင္ ေျမာက္ပိုင္းျမစ္လည္း က်ရံႈးပါတယ္။
ေရ႔ကန္ကို ျဖတ္သန္းၿပိးေနာက္ ေျမာက္ပိုင္းျမစ္က ေၾကာင္အအ အမူအရာ နဲ႔ ေအာက္ေျခကို ေရာက္ရွိသြားပါတယ္။
မျဖစ္ႏိုင္ဘူး။ ငါက အေသးစိတ္ကေလး က အစ ေသခ်ာမွတ္ထားတာ.။ ဘာေၾကာင့္ ဥာဏ္ပညာေရကန္ ထဲကို ဝင္လို႔ မရတာလဲ။
"ခြီ" x 2
သခင္ေလးဖိနစ္ သတ္ျဖတ္သူ နဲ႔ ႏွင္းဝံပုေလြတို႔က အညွာအတာမရွိ ေျပာင္စပ္စပ္ လုပ္လိုက္ၾကတယ္။
ေျမာက္ပိုင္းျမစ္က မ်က္ႏွာေတြ ရဲရဲနီၿပီး ၿပံဳးကာ ေျပာလိုက္တယ္ "ဘာျဖစ္တာလဲ။ ဒါက ကံတရား နဲ႔ သက္ဆိုင္ေနလား။
"တစ္ေယာက္ေယာက္ ရဲ ့ကံ နဲ႔ သက္ဆိုင္ေနလိမ့္မယ္။ တာအိုေရာင္းရင္း ေျမာက္ပိုင္းျမစ္ မင္းရဲ့ ဆြဲေဆာင္မွဳ က မလံုေလာက္လို႔ ေနမယ္။ ဒီမိန္းမလွေလးကို ၾကည့္" လိုင္ခ်ီးက ေျပာင္စပ္စပ္ နဲ႔ ေရွ႕ကို လွမ္းတက္သြားတယ္။
ေျမာက္ပိုင္းျမစ္က ေရကန္ထဲကေန ဖယ္ၿပီး လိုင္ခ်ီးကို ႀကိဳဆိုပါတယ္ ဆိုတဲ့ အမူအရာ လုပ္ျပလိုက္တယ္။
"တာအိုေရာင္းရင္းတို႔ ဒါဆို ငါသြားၿပီ။" လိုင္ခ်ီးက ခုန္လိုက္တယ္။ ၿပီးေနာက္မွာေတာ့ သူမရဲ့ ေရာင္စံု စကပ္က လြင့္တက္သြားၿပီး မယံုႏုိင္စရာ လွပမွဳကို ျဖစ္ေပၚေစတယ္။
ေနာက္ထပ္ ၿပိဳင္ပြဲဝင္မယ့္ သူကေတာ့ လိုင္ခ်ီးပဲ ျဖစ္ပါတယ္။ သူမ ကလည္း ဥာဏ္ပညာေရကန္ ကို စိန္ေခၚသူပါပဲ။ သူမရဲ့ ေရာင္စံုစကပ္က ေလထဲမွာ ဝဲပ်ံၿပီး ပ်ံသန္းလာပံုက အရမ္းကို ၾကည့္ေကာင္းလွတယ္။ ၿပီးေနာက္ သူမ က ဥာဏ္ပညာေရကန္ ထဲကို ၃၆၀ ဒိဂရီ ကၽြမ္းထိုး ဆင္းသက္လိုက္တယ္။ ခက္ခဲမွဳ အဆင့္က မျမင့္မား ပါဘူး။ ဒါေပမဲ ့ဆြဲေဆာင္မွဳကေတာ့ ၅.၀ ပါ။ ၾကည့္ရႈသူေတြ အားလံုး မ်က္စိေအးသြား ၾကတယ္။
လိုင္ခ်ီးက အလင္းကန္ထဲကို ေရာက္ရွိသြားတယ္။
ေနာက္ေတာ့ သူမ က အလင္းကန္ႀကီးကို ျဖတ္သန္းၿပီး သူမရဲ့ ေရာင္စံုစကပ္က ဝဲခါသြားၿပိး သူမရဲ့ လွပတဲ့ ေက်ာက္စိမ္းေရာင္ ေျခေထာက္ေတြက ေအာက္ေျခကို ထိမိသြားတယ္။
လိုင္ခ်ီးလည္း ... က်ရံႈးပါတယ္။
"ခြီ" x 3 ။
သခင္ေလး ဖီးနစ္ သတ္ျဖတ္သူ ၊ ႏွင္းဝံပုေလြ နဲ႔ ေျမာက္ပိုင္းျမစ္ တို႔က လိုင္းခ်ီးကို အညွာအတာမဲ့စြာ နဲ႔ ေနာက္ေျပာင္လိုက္တယ္။
"......." လိုင္ခ်ီး။
သူမ က စာလံုးတိုင္းကို အေသးစိတ္ေသခ်ာမွတ္ထားတာပါ။ ဥာဏ္ပညာေရကန္ ထဲကို ဝင္ဖို႔ ဒီကဗ်ာႏွစ္ခု နဲ႔ မသက္ဆိုင္ဘူးလား။
❄️❄️❄️
ၿပီးေနာက္ မ်ားျပားလွတဲ့ တာအိုေရာင္းရင္းေတြ က အလင္းကန္ ကို စိန္ေခၚဖို႔ တစ္ေယာက္ ၿပီးတစ္ေယာက္ ႀကိဳးစားၾကတယ္။
ဒါေပမဲ့ တစ္ေယာက္မွ မေအာင္ျမင္ပါဘူး။
ဒီအခ်ိန္မွာပဲ အားရွီလွ်ဴက ေမးေစ့ကို ပြတ္ၿပီး စဥ္းစားလိုက္တယ္။
ၿပီးေတာ့ကိုးစီရင္စု က စီနီယာအားလံုး ႀကိဳးစားေနၾကတာဆိုေတာ့ သူမကလည္း ကိုယ္ေယာင္ထြက္ျပမွ ျဖစ္ေတာ့မယ္ေလ။
ေျမာက္ပိုင္းျမစ္ က ေျပာလိုက္တယ္ "ရွီလွ်ဴ .. စိတ္ရႈပ္ခံမေနန႔ဲ။ ဒါက ကဗ်ာ ႏွစ္ခုနဲ႔ ဆိုင္ပံု မေပၚဘူး။"
အားရွီလွ်ဴက ၿပံဳးၿပီး ေျပာလိုက္တယ္ "ငါနည္းနည္း ႀကိဳးစားၾကည့္ခ်င္ေသးတယ္။"



ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now