အပိုင်း (၈၁၈)
158 34 0
#Unicode
ဟယ်လို ဗုဒ္ဒ တပည့်တော်တို့ လမ်းခွဲဖို့ အချိန်ရောက်ပြီ။
"အရူးတောင်ဝါကြီး .. ငါမင်းကို နောက်ဆုံးအချိန်ထိ တိုက်ခိုက်မယ်။ လာစမ်း။ သေတဲ့အထိ တိုက်ကြတာပေါ့" [ငါက တောင်ဝါကြီးရဲ့ သစ္စာရှိခွေး] က အသံမက်ဆေ့ ပို့လိုက်တယ်။
နောက်တော့ ဒူဒူက ဂရုထဲကို ဗီဒီယိုဖိုင် တစ်ခု ပို့လိုက်တယ်။ သူ ဒီစကားကို ပြောပြီးရင် အရူးတောင်ဝါကြီးက သူ့ကို ပိတ်ပင်တော့မယ် ဆိုတာကို ကောင်းကောင်း သိပါတယ်။ ဒါကြောင့် သူက မြန်မြန်ပဲ ဗီဒီယို ဖိုင်ကို တင်လိုက်တာ ဖြစ်တယ်။
ထင်ထားတဲ့ အတိုင်းပဲ ဒူဒူက ဗီဒီယိိုကို ပို့ပြီးပြီး ချင်းမှာပဲ တောင်ဝါကြီးက သူ့ကို ပိတ်ပင်ခဲ့ပါတယ်။ ဒါပေမဲ့ ဗီဒီယို ဖိုင်ကတော့ ဂရုထဲကို ရောက်နေပြီ ဖြစ်ပါတယ်။
ဒီအချိန်မှာတော့ ဒူဒူက အရမ်းကို သဘောကျနေပါတယ်။ အရူးတောင်ဝါကြီး .. မင်းအကွက်တွေကို ငါသိပြီးသား။ ဒီတစ်ခါတော့ ငါနိုင်ပြီ။
ကိုးစီရင်စု ဂရုထဲမှာတော့ အဖွဲ့ဝင်တွေက ဗီဒီိယို လင့်ခ် ကို မြင်လိုက်ကြတယ်။
ဗီဒီယိုရဲ့ ခေါင်းစဉ်က [မင်းကို ထပ်ခါထပ်ခါ သီဆိုချင်စိတ် ဖြစ်စေမည့် သီချင်းကောင်း တစ်ပုဒ်]
ဗီဒီယိုရဲ့ ပုံမှာတော့ တောင်ဝါကြီးပုံ ရှိနေတယ်။
"သီချင်းကောင်းလား" မြောက်ပိုင်းမြစ် က ဇဝေဇဝါ ဖြစ်သွားတယ်။ ဒါပေမဲ့ သူက ဗီဒီယို လင့်ခ် ထဲကို မဝင်ပါဘူး။
ဗီဒီယို ကို မြင်လိုက်ချိန်မှာတော့ နှင်းဒေါင်ဖန်းက ပျော်ရွှင်စွာနဲ့ ပြောလိုက်တယ် "ငါသိတယ်။ ငါသိတယ်။ ဒီဗီဒီယိုမှာ ပါတဲ့ အကြောင်းအရာက သေချာပေါက် အရူးတောင်ဝါကြီး သီချင်းပဲ။ လုံးဝ သေချာတယ်။"
ဂိုဒါ "ငါကတော့ မထင်ဘူး။ ဒူဒူရဲ့ အကျင့်စရိုက်အရ ဆိုရင် သူက စီနိယာ တောင်ဝါကြီး နဲ့ ပတ်သက်ပြီး သေတဲ့အထိ တိုက်ခိုက်မယ်လို့ ဆုံးဖြတ်လိုက်ချိန်မှာ ဒီလို အကွက်မျိုးကို ခဏခဏ လုပ်မှာ မဟုတ်ဘူး။ ဒီဗီဒီယိုက ဒူဒူ နောက်ဆုံးဖန်တီးထားတဲ့ အရာ ဖြစ်လိမ့်မယ်။"
ဂိုဒါ စာပို့ပြီးတဲ့နောက် ကိုးစီရင်စု တစ်ဖွဲ့ လုံးက တိတ်ဆိတ်သွားပြန်တယ်။
ဟုတ်ပါတယ်။ ဒါက တောင်ဝါကြီးရဲ့ ပိတ်ပင်ခြင်း နည်းစနစ် ကြောင့် မဟုတ်ပါဘူး။ ဒူဒူ့ရဲ့ နောက်ဆုံးဖန်တီးမှု ဆိုတာကြောင့်ပဲ ဖြစ်ပါတယ်။ ကိုးစီရင်စု က အဖွဲ့ဝင်တွေက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်မှု ကင်းလွတ်သွားထဲ့ပြီး ဒူဒူ့ရဲ့ ဖန်တီးမှု အသစ်ကို ကြည့်ဖို့ လင့်ခ်ထဲကို ဝင်လိုက်ပါတယ်။
ဗီဒီယို စတင်ပြီးတဲ့နောက် သီချင်းသံက ထွက်ပေါ်လာတယ်။ ဒါကို ကြားတော့ ကိုးစိရင်စု အဖွဲ့ဝင်တွေ အားလုံးက စိတ်ဓာတ်ကျသွားကြတယ်
"ပွင့်လန်းတဲ့ ပန်းခြင်းကြီး ရဲ့ မွှေးရန့ံ ... ငါ့သီချင်းသံကို ကြားရဲ့လား။" နှင်းဒေါင်ဖန်း ခန့်မှန်း ထားတဲ့အတိုင်းပဲ ဒူဒူ ရဲ့ ဖန်တီးမှု အသစ် မဟုတ်ဘဲ အရူးတောင်ဝါကြီး သီချင်းပဲ ဖြစ်နေပါတယ်။
ဒါပဲလား။ ပျော်စရာလည်း မကောင်းဘူး။ အရူးတောင်ဝါကြီး သီချင်းကို ငါတို့ အားလုံးကြားဖူးပြီးသား။ တကူးတက ထပ်နားထောင်စရာ မရှိဘူး။ မြောက်ပိုင်းမြစ် က တွေးလိုက်တယ်။
အားလုံးကလည်း မြောက်ပိုင်းမြစ်လိုပဲ စဉ်းစားနေကြတာ ဖြစ်တယ်။
"အမ်.. တစ်ခုခုမှားနေပြီ။ ဒီသီချင်းကို နားထောင်ပြီးတဲ့နောက် တကိုယ်လုံးက အားအင်တွေ ယုတ်လျော့ပြီး ပျော့ခွေသွားသလို ခံစားရတယ်" နှင်းဒေါင်ဖန်းက အသံမက်ဆေ့ကို ပို့လိုက်တယ်။
"ငါရောပဲ" သခင်လေး ဖီးနစ် သတ်ဖြတ်သူကလည်း အသံမက်ဆေ့ပို့လိုက်တယ်။
"ငါတို့တော့ ထောင်ချောက်မိပြီ။ ဒါ တာအိုရောင်းရင်း ဓမ္မဘုရင် ရဲ ့အသံပဲ" နှင်းဝံပုလွေက ပြောလိုက်တယ်။
"မြင့်မြတ်လှတဲ ့တောင်ဝါကြီး နဲ့ လာတွေ့ပါ ... လှပတဲ့ ရုူခင်းတွေ နဲ့ လှပတဲ့ နေရာ .. နေရာတိုင်းမှာ ရိတ်သိမ်းနေသလို နေရာတိုင်းမှာ အရူးတောင်ဝါကြီး ရှိနေတယ်"
"ဒါက တကယ်ပဲ ဓမ္မဘုရင် ရဲ့ အသံဖြစ်တယ်။ ငါ့နားတစ်ခုလုံး ထုံသွားပြီ။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာ သူ့အသံက နည်းနည်း တိုးနေတယ်။ ငါက မူးပြီး အန်ချင်သလို ဖြစ်သွားတာက လွဲရင် အသက်ရှင်နိုင်သေးတယ်" သခင်လေး ဖီးနစ်သတ်ဖြတ်သူ က ပြောလိုက်တယ်။
"ငါအသက်ရှင်ခဲ့ကြောင်း မင်းတို့ သိရဖို့ ဒီမက်ဆေ့ကို ပို့လိုက်တယ် " မြောက်ပိုင်းမြစ် က ရေးလိုက်တယ်။
"ငါလည်း အသက်ရှင်ခဲ့တယ်" နှင်းဝံပုလွေ က ရေးလိုက်တယ်။
နှင်းဒေါင်ဖန်း "ဟားဟား.. ငါက အားပြတ်သလို ဖြစ်သွားပေမဲ့ တာအိုရောင်းရင်း ဓမ္မဘုရင် သီချင်းဆို ကောင်းတယ် ဆိုတာကို တော ့ဝန်ခံချင်တယ်။ ဒါကို ကြားတော့ ငါ့ခေါင်းထဲမှာ သီချင်းစာသား က တဝဲလည်လည် ဖြစ်နေတယ်။ နေရာတိုင်းမှာ ရိတ်သိမ်းနေသလို နေရာတိုင်းမှာ အရူးတောင်ဝါကြီး ရှိနေတယ် ဆိုတဲ့ သီချင်းစားသားက ငါ့ခေါင်းထဲမှာ ပဲတင်ထပ် နေတယ်။ ဒါက အရမ်းစိတ်ဝင်စား ဖို့ ကောင်းတယ်"
နှင်းဒေါင်ဖန်းက အရူးတောင်ဝါကြီး သီချင်းကို အရမ်းနှစ်သက်သူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမ က သာမာန် အားဖြင့် သေလမ်းရှာတတ်သူ တစ်ယောက် မဟုတ်ပါဘူး။ ဒါပေမဲ ့အရူးတောင်ဝါကြီး သီချင်း နဲ ့ပတ်သက်ရင် တော့ သေလမ်းရှာခြင်းက အဆင့်တစ်ခုကို ထိုးတက်သွားခဲ့တယ်။
"ချီးတဲ့မှ.. ဒါက ငါ့ခေါင်းထဲမှာ တကယ်ပဲ ပဲ့တင်ထပ်နေတယ်။" မြောက်ပိုင်းမြစ်က ပြောလိုက်တယ်။
"တူတူပဲ။ ငါ့စိတ် ထဲမှာ အဲ့သီချင်းစာသားတွေကြီးပဲ" ဆေးဆရာ က အားပျော့စွာနဲ့ အသံမက်ဆေ့ ပို့လိုက်တယ်။
လှိုင်းသုံးခု "စီနီယာ စိတ်ဝိညာဉ် လိပ်ပြာ .. မင်းလိုင်းပေါ်မှာ ရှိလား။ မင်းတပည့်က နှေးကွေးခြင်း လျှို့ှုဝှက်နယ်မြေကို ကျဆင်းလာပြီး ပြန်မထွက်နိုင်တော့ဘူး။ ကူညီပါအုန်း"
ဆရာတော် ပျံလွှားတိမ် "ချီးတဲ့မှ .. ငါ့ခေါင်းတစ်ခုလုံး အရူးတောင်ဝါကြီး သီချင်းတွေ နဲ့ ပြည့်နေတယ်။ ဘယ်လောက်ကြာတဲ့အထိ ဒီသီချင်း ပဲ့တင်ထပ်နေမှာလဲ။"
ဆရာတော်တုံဇန် "နံရံကို ခေါင်းနဲ့ တိုက်နေတဲ့ ရုပ်ပုံပြောင်"
လိုင်ချီး "ဟားစား .. ငါက ဉာဏ်ပညာကြီးမြတ်စွာနဲ့ ဒီဗီဒီယို လင့်ခ်ကို မဖွင့်ခဲ့ဘူး။ မင်းတို့ကောင်တွေ ဒူ လွန်းတယ်"
နှင်းဒေါင်ဖန်း "[အသံမက်ဆေ့]"
လိုင်ချီးက အမှတ်မထင် နှင်းဒေါင်ဖန်း ရဲ ့အသံမက်ဆေ့ကို နှိပ်လိုက်တယ်။ နောက်တော့ ဓမ္မဘုရင် ရဲ့ ကျယ်လောင်လှတဲ ့အသံ က သူမ ဖုန်းထဲက ထွက်ပေါ်လာတယ်။ သီချင်းရဲ့ နောက်ဆုံးစာပိုဒ်က နေရာတိုင်းမှာ ရိတ်သိမ်းနေသလို နေရာတိုင်းမှာ အရူးတောင်ဝါကြီး ရှိနေတယ် ဆိုတာပါပဲ။
ချက်ချင်းပဲ လိုင်ချီးက အဆုံးမဲ့ စက်ဝန်းထဲမှာ နစ်မြုပ်သွားလို ခံစားလိုက်ရပြီး သီချင်းသံက သူမ ခေါင်းထဲမှာ ဆက်တိုက်ဆိုသလိုပဲ ပဲ့တင်ထပ်သွားတယ်။
"......" လိုင်ချီး။
နှင်းဒေါင်ဖန်း "တာအိုရောင်းရင်း လိုင်ချီး .. ငါ့ကို ကျေးဇူးတင်ဖို့ မလိုဘူး။ ငါက တခြားသူတွေကို ကူညီရရင် ပျော်နေတတ်သူ တစ်ယောက်ပဲ"
အရင်က ပြောခဲ့သလိုပဲ နှင်းဒေါင်ဖန်းက သာမာန်အားဖြင့် သေလမ်းရှာတတ်သူ မဟုတ်ဘူး ဆိုပေမဲ့ အရူး တောင်ဝါကြီးသီချင်းနဲ ့ပတ်သက်ရင်တော့ သူမ ရဲ့ သေလမ်းရှာ စွမ်းရည်က ထိပ်ဆုံးအဆင့်မှာ ရှိနေတတ်ပါတယ်။
ပင်ပန်းလွန်းသောကြောင့် အနားယူချင်နေတဲ့ ထာဝရမီး "ငါ ဂရုမှားဝင်ထားတာလား။ @တောင်ဝါကြီး .. မင်းငါ့ကို ထည့်ပေးထားတဲ ့ဂရုက ဟုတ်ရောဟုတ်ရဲ့လား။ ဘာလို့ လဲ မသိပေမဲ ့ဒီဂရုထဲက လူတွေက တာအိုရောင်းရင်း လှိုင်းသုံးခု ရဲ့ အကောင့်တုတွေ လို့ ငါခံစားနေရတယ်။"
ပင်ပန်းလွန်းသောကြောင့် အနားယူချင်နေတဲ့ တောင်ဝါကြီး "အမ်.. မမှားဘူး။ ဒီဂရုက မင်းဝင်ချင်နေပါတယ် ဆိုတဲ့ ကိုးစီရင်စု ဂရုစစ်စစ်ကြီးပဲ။ ငါ့ရဲ ့ချက်အကောင့် ရှိတဲ့ တစ်ခုတည်းသော ဂရုပဲ"
အစစ်အမှန် နတ်ဘုရား တောင်ဝါကြီး က ရုတ်တရက် သူ့နာမည်ပြောင်ကို ပြောင်းလိုက်ပါတယ်။
ပင်ပန်းလွန်းသောကြောင့် အနားယူချင်နေတဲ့ ထာဝရမီး "......"
ဘောလုံးအသင်းတစ်သင်းရဲ ့ဖခင် ဖြစ်ချင်တဲ့ ရေနဂါး "အစ်ကိုတော် ထာဝရမီး . စိတ်မပူနဲ့။ မင်းရက်အနည်းငယ် ကြာရင် အသားကျ သွားလိမ့်မယ်။ ငါ့တုန်းကလည်း ဒီလိုပဲ။ ဒါပေမဲ့ မြန်မြန်ပဲ အသားကျသွားခဲ့တယ်။"
ပင်ပန်းလွန်းသောကြောင့် အနားယူချင်နေတဲ့ ထာဝရမီး "....." ငါ ငါ့ရဲ ့ကျောင်းတော်သားနယ်မြေက ဂန္တဝင် ငါးခု နဲ့ စာအုပ်လေးကို သွားဖတ်ပစ်လိုက်ချင်တော့တယ်။
ဒီလိုနဲ့ပဲ ဓမ္မဘုရင်ရဲ ့သီချင်းသံအောက်မှာ ဒုက္ခခံလိုက်ရတဲ့ တာအိုရောင်းရင်းတွေ ရဲ့ မှတ်ချက် တွေ အောက်မှာ လှိုင်းသုံးခု ရဲ ့အကူအညီတောင်းမှု က ပျောက်ကွယ် သွားခဲ့တယ်။
သူက လုံးဝကို လျစ်လျှူရှုခံလိုက်ရတာပဲ ဖြစ်ပါတယ်.။
ဘယ်အချိန်လောက်ကျမှ လှိုင်းသုံးခု က နောက်ထပ် မက်ဆေ့ တစ်ခုကို ထပ်ပို့နိုင်မလဲ ဆိုတာ သေချာ မသိပါဘူး။
နှေးကွေးခြင်း လျှို့ဝှက်နယ်မြေ ...
လှိုင်းသုံးခု ရဲ ့မျက်နှာပေါ်မှာ တော့ မျက်ရည်တွေက တသွင်သွင် စီးကျနေတယ်။ သူက ခပ်ပေါ့ပေါ့ သက်ပြင်းချပြီး မျက်နှာတစ်ခုလုံးမှာ ပျော်ရွှင်တဲ ့အမူအရာ တွေ ပြည့်နှက်နေတဲ့ မနီးမဝေးက လွီဂျိန်ရီ ကို ကြည့်လိုက်တယ်။
ကြည့်ရတာ လွီဂျိန်ရီ က နှေးကွေးခြင်း လျို့ဝှက်နယ်မြေကို တကယ်ပဲ သဘောကျ နှစ်ခြိဲုက်နေပုံပေါ်တယ်။
လက်တွေ ခြေတွေ လှုပ်ရှားချိိန်မှာ ဒီလောက် အချိန်အကြာကြီး ကြာမြင့်စေတဲ ့နေရာမှာ ရှိနေတာတောင်မှ သူက ပျော်ရွှင်နေပုံပေါ်ပါတယ်။ ဒီနေရာကလွဲရင် သူနဲ့ သင့်တော်တဲ ့တခြားနေရာ မရှိတော့ဘူး ဆိုတဲ့ မျက်နှာပေးနဲ့ ဖြစ်နေပါတယ်။
ဒီလို အထူးအထူး ကို နှေးကွေးပါတယ် ဆိုတဲ့ နေရာက သူ့မျက်စိထဲမှာ ကောင်းကင်ဘုံကြီး တစ်ခုလိုပါပဲ။
ဖြစ်နိုင်ရင် တစ်သက်လုံးတောင် နေလိုက်ချင်တာပါ။
❄️❄️❄️
ဒီအတောအတွင်း အဝေးသို့ လှည့်လည်ခြင်း ဘုရားကျောင်းမှာတော့ ...
ကိုရင်လေးတစ်ပါး က ပျင်းရိစွာနဲ့ ကောင်းကင်ပေါ်ကို မော့ကြည့်နေတယ်။
သူက လိပ်ခေါင်းကုသပြီး နောက်မှာတော့ အဝေးသို့ လှည့်လည်သွားလာခြင်း ဘုရားကျောင်းကို ရောက်ရှိနေခဲ့တာ အချိ်န်အတော်ကြာပါပြီ။
လိပ်ခေါင်းကုသပြီး နောက်မှာတော့ ကိုရင်လေး ဂေါင်ဂေါင် ရဲ့ ဖင်က တရားထိုင်ချိန်မှာတောင်မှ မနာကျင်တော့ပါဘူး။ အရမ်းကောင်းမွန်တယ် လို့ သူခံစားမိလိုက်တယ်။ လိပ်ခေါင်း ကုသပြီးနောက်မှာတော ့သူရဲ့ တန်ခိုးကျင့်ခြင်း နဲ့ ကျင့်ကြံခြင်း ကိစ္စရပ်တွေက ထိပ်ဆုံးအဆင့် ခန္ဓာကိုယ် အခြေအနေ နဲ့ကို ကျင့်ကြံသွားနိုင်ပါပြီ။ ဒီအချိန်မှာတော ့ကိုရင်လေးက နောက်ထပ် ချက်ကရာ တစ်ခုဖြစ်တဲ့ နားချက်ကရာကို ဖွင့်လှစ်နိုင်ခဲ့ပြီး နားချက်ကရာရဲ့ သန္ဓေစွမ်းအင် ဖြစ်တဲ့ ဉာဏ်ပညာ နားတစ်စုံ ကိုတောင်မှ ရရှိထားပါတယ်။ ဒီသန္ဓေစွမ်းအင်ကို ရရှိပြီးတဲ့နောက် ဂေါင်ဂေါင် က ကျင့်ကြံခြင် နညး်စနစ် ဒါမှမဟုတ် တခြား ပြင်ပ ဗဟုသုတ တွေ နဲ့ ပတ်သက်ပြီး နားထောင်ပြီးရင် ပိုမို မြန်ဆန်စွာ နားလည်လာတယ်။
ဒါကြောင့် ဘုရားကျောင်းထဲမှာ ဘယ်သူပဲဖြစ်ဖြစ် နက်နဲတဲ့ အသိအမြင်တွေကို ဆွေးနွေးချိန်မှာ သူက တခြားလူတွေထက် ပိုပြီးူ မြန်ဆန်စွာ နားလည်နိုင်ခဲ့ပါတယ်။
"ပျင်းလိုက်တာ..စီနီယာ အစ်ကိုရူဟန် က ငါ့ကို လာမရှာပါလား။ ငါသူ့ဆီကို သွားပြီး ဒူဒူ နဲ့ ကစားချင်တယ်။" ကိုရင်လေးက ကောင်းကင်ပေါ် မော့ကြည့်ပြီး တီးတိုးရေရွတ်လိုက်တယ်။
ဒီဘုရားကျောင်းကနေ ငါ တိတ်တဆိတ် ထွက်ပြေးဖို့ အခွင့်အရေး ရှာသင့်လား။
ဒီနေ့ ဘုရားကျောင်းကို ဧည့်သည်တွေ လာတယ်လို့ ကြားတယ်။ လူရှုပ်တုန်း ထွက်ပြေးရင် ကောင်းမလား။ ဒါပေမဲ ့ဧည့်သည် တွေ က ဘယ်နေရာမှာလဲ မသိဘူး။ သူတို့နဲ ့ရောပြီး ထွက်သွားချင်ရင် ဧည့်သည်တွေ နဲ့ အရင်ဆုံး ရင်းနှီးနေမှ ဖြစ်မယ်။
ခဏလောက် စဉ်းစားပြီးတဲ့နောက် ကိုရင်ေးလကို လက်အုပ်ချီပြီး ပြောလိုက်တယ် "ဗုဒ္ဓဘုရား .. ဒီတပည့်ရဲ ့တောင်းဆိုမှုကို နားထောင်ပေးတော်မူပါ။ စီနီယာအစ်ကိုတော် သုံးရက် ဘုန်းကြီးလေး .. ညှာတာစိတ်ဝင်ပြီး တပည့်တော်ကို အပြင်ထွက် ကစားဖို့ ခေါ်သွားအောင် ပြုလုပ်ပေးပါ"
ပြောပြီးတဲ့နောက် ကိုရင်လေးက ခဏလောက် စဉ်းစားလိုက်ပြီး လက်အုပ်ချီကာ ပြောလိုက်တယ် "စီနီယာအဖြူ .. ဒီချစ်စရာဂေါင်ဂေါင်လေး ကို ကူညီပါ။ ဒီကနေ ထွက်ပြေးနိုင်ဖို့ ကူညီစောင်မပါ။"
ပြောပြီးတဲ့နောက် ကိုရင်လေးက မျက်စိဖွင့်ပြီး နေရာအနှံ့ကို ကြည့်လိုက်တယ်။
အခု .. ဗှဒ္ဓဘုရားရှင် နဲ့ စီနီယာအဖြူ ဘယ်သူ အစွမ်းထက်လဲ စောင့်ကြည့်ရမယ့် အချိန်ပဲ။
သူတွေးနေတုန်းမှာပဲ မိန်းမငယ်ေးလ နှစ်ယောက် ရဲ့ အသံက မနီးမဝေးက ထွက်ပေါ်လာတာကို ဂေါင်ဂေါင်က ကြားလိုက်တယ်။
သူက နားချက်ကရာ ကို ဖွင့်ထားပြီး ဖြစ်တာကြောင့် သူတို့ ပြောနေတဲ ့စကားတွေကို ကောင်းကောင်း ကြားပါတယ်။
အသံတစ်ခုက တော်တော်ကြီး မရင့်ကျက်သေးပုံရပြီး သူနဲ့ အသက်တူတူလောက်ပဲ ရှိပါလိမ့်မယ်။ အခြားအသံကတော့လေးနက်ပြီး ဂေါင်ဂေါင့်ထက် ကြီးမှာပါ။
သူတို့က ဘုရားကျောင်းကို လာလည်တဲ ့ဧည့်သည်တွေ ဖြစ်ပေါ်ပုံတယ်။
"စီနီယာအစ်မ .. ဂျင်နန်မှာ မိစ္ဆာအော်ရာတွေ မြင့်တက်လာတယ်လို့ ငါတို့ ဆရာကိ ပြောတယ်။ မိစ္ဆာစိတ်ဝိညာဉ် နဲ့ တခြား သတ္တဝါ တွေက အဲ့မှာ ပေါ်လာနိုင်တယ်။ အဲ့ကို သွားကြည့်ချင်လား။ ငါက မှော်နည်းစနစ်ကို လေ့ကျင့်ခဲ့တာ ကြာပြီး တစ်ခါမှ မွန်းစတားတွေ ၊ မိစ္တာတွေကို သတ်ဖို့ အခွင့်အရေး မရသေးဘူး။" မိန်းကလေး က ကလေးအသံနဲ့ ပြောလိုက်တယ်။
"ဒါပေမဲ့ ဂျင်နန် က ဘယ်မှာလဲ ဆိုတာ ငါမသိဘူးလေ။ ထပ်ပြောရရင် ငါတို့က အခု အဝေးသို့လှည့်လည် သွားလာခြင်း ဘုရားကျောင်းကို ရောက်နေတာ။ ဆရာအလစ်ကို ချောင်းပြီး ဒီနေရာက ထွက်သွားဖို့ မလွယ်ဘူး" နည်းနည်း ကြီးပုံ ရတဲ ့မိနး်ကလေး အသံက ထွက်ပေါ်လာတယ်။
"အဝေးသို့ လှည့်လည် သွားလာခြင်း ဘုရားကျောင်း က အရမ်းကြီးမားတယ်။ ငါတို့ က စီနီယာအစ်ကိုတစ်ယောက်ကို ရှာပြီး ဘုရားကျောင်း အနှံ့လိုက်ပြပေးဖို့ တောင်းဆိုရမယ်။ ဒါဆို့ရင် ထွက်ပြေးဖို့ အခွင့်အလမ်း ရှာလို့ ရပြီ" ကလေးအသံနဲ ့အမျိုးသမီး က ပြောလိုက်တယ် "ဂျင်နန် ဘယ်နေမှာလဲ ဆိုတာကတော့ ကိစ္စမရှိဘူး။ ငါတို့ အဌားကားစီးသွားလို့ ရတယ်လေ။ ဂိုဏ်းက စီနီယာ အစ်ကိုတစ်ယောက် ပြောတာတော့ မရင်းနှီးတဲ ့နေရာတစ်ခုကို ရောက်ရင် ဖုန်းက တည်နေရာကို ကြည့်ရင်ကြည့် ဒါမှမဟုတ်ရင် အဌားကားစီးသွားတဲ့"
"ဒါဆိုရင် ငါတို့ စီနီယာအစ်ကို တစ်ယောက်ကို ရှာရမှာပေါ့" အနည်းငယ် အသက်ကြီးပုံပေါ်တဲ့ မိန်းကလေး က ပျော်ရွှင်စွာ ပြောလိုက်တယ်။
အဝေးတစ်နေရာမှာတော့ .. ကိုရင်လေး ဂေါင်ဂေါင် ရဲ ့မျက်နှာပေါ်မှာ မျက်ရည်တွေ စီးကျနေတယ်။
ဒါက ဘုရားကျောင်းကနေ ထွက်ပြေးနိုင်မယ့် အခွင့်အရေး မဟုတ်လား။ ထပ်ပြောရရင် သူက ဂျင်နန် နဲ့ ရင်းနှီးပြီးသားပါ။ စီနီယာအစ်ကိုတော် ရူဟန် တက်တဲ့ ဂျင်နန် တက္ကသိုလ် ကိုတောင်မှ သူက သိပါတယ်။
မိစ္ဆာအော်ရာတွေ ထွက်တဲ ့နေရာကတော့ စီနီယာအစ်ကို ရူဟန်ကို ရှာနိုင်ရင် ဘာပြဿနာမှ မရှိဘဲ ရှာဖွေနိုင်ပါပြီ။
ထင်ထားတဲ ့အတိုင်းပဲ စီနီယာအဖြူ က ဗုဒ္ဒထက် ယုံကြည်ရတယ်။
ဟယ်လို ဗုဒ္ဒ တပည့်တော်တို့ လမ်းခွဲသင့်ပြီ .. ဒီနေ့ကစပြီး တပည့်တော် ဘာသာပြောင်းပါပြီ။
ကိုရင်လေးက စိတ်လှုပ်ရှားမှုကို ဖုံးကွယ်ဖို့ သူ့မျက်နှာကို ပွတ်လိုက်တယ်။
ပြီးနောက် ခပ်တည်တည် ဖြစ်အောင် ကြိုးစားပြီး အသံထွက်ပေါ်နေတဲ ့မိန်းကလေး နှစ်ယောက် ရှိရာဆီကို ဦးတည်လာလိုက်တယ်။
ဂျင်နန် ဧရိယာ .. စီနီယာအစ်ကိုကြီး ရူဟန် ..ငါလာပြီ။
အပိုင်း (၈၁၈) ဟယ်လို ဗုဒ္ဒ တပည့်တော်တို့ လမ်းခွဲဖို့ အချိန်ရောက်ပြီ။
"မြင့်မြတ်လှတဲ့ တောင်ဝါကြီး နဲ့ လာတွေ့ပါ ... လှပတဲ့ ရုခင်းတွေ နဲ့ လှပတဲ့ နေရာ .. နေရာတိုင်းမှာ ရိတ်သိမ်းနေသလို နေရာတိုင်းမှာ အရူးတောင်ဝါကြီး ရှိနေတယ်"
"......" လိုင်ချီး။
❄️❄️❄️
သူက လိပ်ခေါင်းကုသပြီး နောက်မှာတော့ အဝေးသို့ လှည့်လည်သွားလာခြင်း ဘုရားကျောင်းကို ရောက်ရှိနေခဲ့တာ အချိန်အတော်ကြာပါပြီ။
ဒါကြောင့် ဘုရားကျောင်းထဲမှာ ဘယ်သူပဲဖြစ်ဖြစ် နက်နဲတဲ့ အသိအမြင်တွေကို ဆွေးနွေးချိန်မှာ သူက တခြားလူတွေထက် ပိုပြီူး မြန်ဆန်စွာ နားလည်နိုင်ခဲ့ပါတယ်။
ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now