အပိုင်း (၇၁၆)

183 34 0
                                    


#Unicode



                                    ထူးဆန်းတဲ့ ဖွင့်ပြောစရာမလိုသော နားလည်မှု။

မနက်ခင်း ၅ နာရီ။

ဂျကော့ထုတ်လုပ်ရေး အဖွဲ့တွေက မနက်စာ စားနေကြပါတယ်။

သူတို့ က ရိုက်ကွင်းအတွက် လိုအပ်တာတွေ အားလုံးကို ပြင်ဆင်ပြီးပါပြီ။အချိန်မရွေး ထထွက်သွားလို့ ရနိုင်တဲ့ အနေအထားပါ။

ဒီအတောအတွင်းမှာတော့ ရူဟန်က ရီစင့်ကို ခေါ်ပြီး ကြီးမြတ်တဲ့ အဖြူ အမှတ်မထင် ရှာတွေ့ထားတဲ့ အပန်းဖြေအိမ်ရာထဲမှာ လမ်လျှောက်နေပါတယ်။ သူတို့ က ဒီနေကခွာပြီး နောက်ရူတင် တစ်ခုဆီကို သွားရမှာပါ။ ဒါကြောင့် ရီစင့် က ဒီနေရာကို လျှောက်ကြည့်ချင်နေတယ်။ ပြီးတော့ ဒီနေရာက ကြည်လင်သလင်းခန်းမဆောင် ရဲ့ နေရာဟောင်းတစ်ခုလေ။

ဒီလိုနဲ့ပဲ ရူဟန်က သူမ နဲ့ အတူ လမ်းလျှောက်ထွက်လာခဲ့တယ်။

ဒီအချိန်မှာတော့ သူတို့နှစ်ယောက်က လမ်းခမ်းကျောက်တွေ ခင်းထားတဲ့ လမ်းအသေးလေး တစ်ခု ရှေ့ကို ရောက်ရှိလာပါတယ်။

စီနီယာ အစ်မရီ က အတွေးနက်နေတယ်။ ခဏလောက် ကြာပြိးတဲ့နောက် သူက ပြောလိုက်တယ် "ဒီနေရာမှာ။ လှပတြဲု့မစ်တစ်စင်းရှိတယ်။ ပြီးတော့ မြစ်ကမ်းပါးတွေမှာ မိုးမခ ပင်တွေ စိုက်ပျိုးထားသေးတယ်။ ရူဟန်.. မင်းမှတ်မိလား။"

ရူဟန်က ခေါင်းညိတ်ပြလို်ကတ်ယ။ သူက အာကာသထဲက ကြည်လင်သလင်း ခန်းမဆောင် အသစ်မှာ အချိန်အနည်းငယ် နေထိုင်ဖူးပါတယ်။ ဒါကြောင့် အဲ့ဒီ လှပတဲ့ မြစ်ကို မြင်ဖူးပါတယ်။

"ငါအသက်ရှင်နေတုန်းက ဒီနေရာမှာ စီနီယာအစ်မ တွေနဲ့ ကစားရတာကို ကြိုက်နှစ်သက်ခဲ့တယ်။ အရင်တုန်းက မြစ်ထဲမှာ စိတ်ဝိညာဉ်သားရဲ တစ်မျိုးမွေးမြူထားတယ်။ နှင်းဆီပွင့်လွှာငါးလေ။ ဒီငါးက စိတ်ဝိညာဉ်စွမ်းအင်တွေကို ထုတ်လွှတ်ပြီး မြစ်တစ်ခုလုံးကို စိတ်ဝိညာဉ် စွမ်းအင်တွေ ပြည့်နှက် သွားစေတယ်" စီနီယာ အစ်မရီ က တီးတိုးရေရွတ်လိုက်တယ်။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now