အပိုင်း (၈၆၁)

156 30 0
                                    


#Unicode


ငါ နဲ့ ရူဟန် ကြားမှာ အထုံ မပါဘူး နဲ့ တူတယ်။

ထရွင်ဂန် က တောင်ဝါကြီးရဲ့ စွမ်းရည်ကို လျော့တွက်မိခဲ့ပါပြီ။ ကမ္ဘာပျက်စစ်ပွဲ ရုပ်ရှင်ကား က ရုံမတင်ခင်မှာဘဲ တောင်ဝါကြီးရဲ့ ကြော်ငြာကြောင့် တော်တော်ကြီး နာမည်ကြီးနေပါပြီ။ အခု ရုံတင်ပြီးတဲ့နောက်မှာတော့ တစ်တိုင်းပြည်လုံးရှိ လူတွေ အားလုံးက ရုပ်ရှင်ရဲ့ အရည်အသွေးကို နှစ်ခြိုက်ကြတယ်။

နောက်ဆုံးတော့ အဓိက ဗီလိန်ကြီး (?) ၊ စီနီယာအစ်ကိုကြီး ဂေါင်ရှန် နဲ့ အဓိက မင်းသား လင်းရီ တို့က လူတိုင်းရဲ့ စိတ်ထဲကို ရောက်ရှိခဲ့တယ်။

ဒါကြောင့် စီနီယာအစ်ကိုကြိး ဂေါင်ရှန် သေရမယ် ဆိုတဲ့ ဆောင်ပုဒ်က ခေတ်အစားဆုံး အရာ တစ်ခုဖြစ်ပြီး အွန်လိုင်းပေါ်မှာ အတွေ့များဆုံး အရာလည်း ဖြစ်နေတယ်။

အစောပို်င်းတုန်း က ထရွင်ဂန် အနေနဲ့ သူငယ်ချင်းလေး ရူဟန် အယောင်ဆောင်ပြီး တောက်ပတဲ့ အပြုံးမျိုး ပြုံးနေတာပါ။ ဒါပေမဲ့ သူ မထင်မိတာက သူ့ကို ရုပ်ရှင်ထဲက ဗီလိိန်ကြီး စီနီယာအစ်ကိုကြီး ဂေါင်ရှန် အဖြစ် မှတ်မိသွားကြမယ် ဆိုတာပါပဲ။

လူရာပေါင်းများစွာ တို့က စီနီယာအစ်ကိုကြီး ဂေါင်ရှန် အနောက်ကို အရူးအမူး လိုက်လာကြတယ်။ ဒါတင်မကသေးပါဘူး။ လူတန်းကြီးက ပိုပိုပြီး ရှည်လာပါသေးတယ်။ ပြီးတော့ အားလုံးက စီနီယာအစ်ကိုကြီး ဂေါင်ရှန် သေသင့်တယ် ဆိုတဲ့ ဆောင်ပုဒ် ကို သံပြိုင်အော်ဟစ်နေကြတယ်။

လူတစ်ချိုက ဘာမှန်း မသိပေမဲ့ သူများတွေ တန်းစီပြီး လိုက်နေလို့ လိုက်လာတဲ့ သူတွေတောင် ရှိနေပါသေးတယ်။

ထရွင်ဂန် က သူ့ရဲ့ လက်ရှိ ခံစားချက်ကို ဘယ်လိုစကားလုံး နဲ့ ပြောပြရမလဲ မသိတော့ပါဘူး။ ဒီအချိန်မှာ သူက ကိုယ်ပျောက်ပြီး ပျံသန်း ထွက်ပြေးလို့လည်း မရပါဘူး ။ လူတွေ အများကြီးရှေ့မှာ ဒီလိုမျိုး ပျောက်ကွယ်သွားရင် မနက်ဖြန် သတင်းစာ ထဲမှာ ပါလာမှာ သေချာပါတယ်။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now