အပိုင်း (၆၉၄)

221 39 0
                                    


#Unicode

ထက်မြနေတဲ့ ကြက်သွန်လေး က သူ့အခွံထဲက ဆွဲချွတ်ခံနေရတယ်။



ဒါက တကယ် မိစ္ဆာနဂါးပဲ။ မိစ္ဆာစွမ်းအင်တွေ ရှင်းလင်းခံရပြီး ပုံသဏ္ဍာန် အနည်းငယ် ပြောင်းလဲ နေတယ် ဆိုပေမဲ့ ဒါက မိစ္ဆာနဂါး ဆိုတာ သံသယ ရှိစရာ မလိုပါဘူး။ ကျောင်းတော်သား ရှန့်ကုန်း က မျက်တောင်မခတ် တန်းကြည့်နေတယ်။

"စီနီယာ အဖြူ .. ဘာကြောင့် ဒီဗလတောင့်တောင့် နဂါးကြီးက မင်းဆီမှာ ရှိနေတာလဲ။" ရူဟန် က ဒီအချိန်မှာ တော်တော် စိတ်ဓာတ်ကျနေပါတယ်။ ဒါက သူ့ကို တရုတ်ပြည် လာရှာမယ်ဆိုပြီး ခြိမ်းခြောက်သွားတဲ့ နဂါးကြီး ပါပဲ။ ဘယ်လိုဖြစ်ပြီး ပယင်း ရုပ်ထု အဖြစ်ပြောင်းလဲကာ ဘာကြောင့် ကြီးမြတ်တဲ့အဖြူ ဆီ ရောက်နေရတာလဲ"

ယုကျောင်းကျောင်း နဲ့ ဓမ္မဘုရင်တို့ကလည်း ကြီးမြတ်တဲ့ အဖြူ ကို စပ်စုစွာ ကြည့်လိုက်တယ်။

ကြီးမြတ်တဲ့ အဖြူ က ဖြည်းဖြည်းချင်း ရှင်းပြလိုက်တယ် "အင်း .. ဒီလိုဖြစ်ခဲ့တာပဲ။ ငါကရှေးဟောင်းနေရာပျက် ကနေ ထွက်လာတော့ ငါက သူငယ်ချင်းလေး ရူဟန်ကို ကြယ်ပျံဓား ဌားထားတာကြောင့်မလို့ ငါ့မှာ ဓားပျံမရှိဘူး ဆိုတာကို သတိပြုမိခဲ့တယ်။"

ရူဟန်က ခေါင်းညိတ်လိုက်တယ် ။ ဒါပေမဲ့ ဓားပျံ မရှိတာနဲ့ မိစ္ဆာနဂါးနဲ့ ဘာသက်ဆိုင်လို့တုန်း။

"ဒါကြောင့် ငါက တစ်ခါသုံးဓားပျံ ပြုလုပ်ဖို့ သစ်ကိုင်း တစ်ကိုင်းကို ရှာခဲ့တယ်။ အဲ့မှာပဲ ငရဲပြည်က မွန်းစတား မိုးမခ သစ်ပင်လေး က ငါ့ရှေ့မှာ ပေါ်လာခဲ့တယ်။" ကြီးမြတ်တဲ့ အဖြူ က ပြုံးကာ ပြောလိုက်တယ်။

"ဒါက စီနိယာအဖြူ စိုက်ပျိုးမယ် ဆိုတဲ့ သစ်ပင်လား" ရူဟန် က မေးလိုက်တယ်။စိနီယာ အဖြူ ရဲ့ ကြောက်စရာ ကံတရား အောက်မှာ စီနီယာအဖြူ တစ်ခါသုံး ဓားပျံလုပ်ဖို့ မိုးမခ သစ်ပင်လေး က စိုက်စိုက်မြိုက်မြိုက် ရောက်လာခဲ့တယ်။

"ဟုတ်တယ်။ အဲ့ဒီ သစ်ပင်လေးပဲ။ ပြီးတော့ ကြိုးကြာဖြူ နဲ့ က ဂရုမပြုမိပဲ ငရဲပြည်ဆီကို တိုးဝင်သွားမိခဲ့တယ်။ အဲ့မှာ မိစ္ဆာနဂါး နဲ့ ဆုံတာပဲ။ ငါက ငရဲပြည်ကို အမှတ်မထင် ရောက်သွားတော့ ငါ့ရဲ့ ဓားပျံ အမြန်နှုန်း က အရမ်းမြန်တာကြောင့် ရပ်တန့်လို့ မရနိုင်ခဲ့ဘူး။ ဒါကြောင့် မိစ္ဆာနဂါးကို ဓားနဲ့ ထိုးသလို ဖြစ်ခဲ့တယ်။" ကြီးမြတ်တဲ့ အဖြူ က ထူးမခြားနား သလို ပြောလိုက်တယ်။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now