အပိုင်း (၇၁၁)

177 36 0
                                    

#Unicode



ဒူဒူရဲ့ ထူးရှယ် ကော်တိတ်ခွေ။

ရူဟန်က အခန်းဆီကို ပြန်ရောက်တော့ ကြီးမားတဲ့ ပိုးအိမ်ကြီးတစ်ခုက ပုံသဏ္ဍာန် စတင် ပြောင်းလဲနေပါပြီ။

ဒါက စီနီယာ နှင်းဝံပုလွေရဲ့ ပိုးအိမ်ပဲ ဖြစ်ပါတယ်။ သူက ရူဟန်ဆီက ဆေးပြွန်ရဲ့ လေးပုံတစ်ပုံကို နောက်ဆုံးရယူတဲ့သူ ဖြစ်ပြီး နောက်ဆုံးမှ ပိုးအိမ်ဆောက်တဲ့ သူပါ။

အခု သူက ပိုးအိမ်ကို ချိုးဖျက်တဲ့ ပထမဆုံးသူ ဖြစ်နေပါပြီ။

စီနီယာနှင်းဝံပုလွေက သူ့ရဲ့ ချွန်ထက်တဲ့ လက်သည်းတွေကို အသုံးပြုပြီး ပိုးအိမ်ပွင့်သွားအောင်ခွဲချ လိုက်တယ်။ နောက်တော့ သူ့ရဲ့ ကြီးမားတဲ့ ခန္ဓာကိုယ်ကြီးက ပိုးအိမ်ထဲက ထွက်ပြီး မြေပေါ် ဆင်းသက်လာတယ်။

"အမ်.. ငါပထမဆုံး ထွက်လာတာလား။" ထွက်လာတာ သူပထမဆုံး ဖြစ်တာကြောင့် နှင်းဝံပုလွေက သူ့ကိုယ်သူ မယုံကြည်နိုင်သလို ဖြစ်နေပါတယ်။

ယုကျောင်းကျောင်း က နှင်းဝံပုလွေကို ကြည့်ပြီး စိတ်ပျက်လက်ပျက် နဲ့ ပြောလိုက်တယ် "စီနီယာ နှင်းဝံပုလွေ ရဲ့ ခန္ဓာကိုယ်က ဘာမှလည်း ပြောင်းလဲ မသွားဘူး"

သူမ က စီနီယာ နှင်းဝံပုလွေကို ဗလကြီးနဲ့ ထွက်လာလိမ့်မယ်လို့ မျှော်လင့်ထားတာပါ။ ဒါမှ ရူဟန် နဲ့ စီနီယာ နှင်းဝံပုလွေ တို့ ဘေးချင်းယှဉ်ရပ်လိုက်ရင် တကယ့်ကို ကြည့်ကောင်းတဲ့ မြင်ကွင်း ဖြစ်လာမှာလေ။

ယုကျောင်းကျောင်းက ဗလကြီးအဖြူ၊ ဗလကြီးကြိုးကြာ ၊ ဗလကြီး ဝံပုုလွေ နဲ့ ဗလကြီး ဟန် တို့လေးယောက် တို့ကို အဖွဲ့လိုက်ဓာတ်ပုံရိုက်ပြီး ကိုးစီရင်စု ဂရုပေါ် တင်ချင်နေတာပါ။ ဒါဆိုရင် ကိုးစီရင်စု ဗလကြီးများ ဂရုဆိုပြီး နာမည်ပြောင်းပေးဖို့ လူတော်တော်များများ က တောင်းဆိုလာကြမှာ သေချာပါတယ်။

ယုကျောင်းကျောင်း က သက်ပြင်းချလိုက်တယ်။ဒါက တကယ်ဆိုးတာပဲ။

"သူ့ခန္ဓာကိုယ်က နည်းနည်းတော့ ပြောင်းလဲ လာတယ်။ ဒါပေမဲ့ သူငယ်ချင်းလေး ရူဟန် လောက်တော့ မပြောင်းလဲသွားဘူး။" အနားမှာ ရှိတဲ့ ဒေါင်ဖန်းခြောက်က သူမရဲ့ လှပတဲ့ မျက်လုံးတွေနဲ့ နှင်းဝံပုလွေကို ကြည့်လိုက်တယ်။ သူမရဲ့ ညို့ငင်ခြင်း မျက်လုံး အစွမ်းကြောင့် နှင်းဝံပုလွေ ရဲ့ ခန္ဒာကိူယ် ပိုမို သန်မာလာတာကို သူမ က မြင်နိုင်ပါတယ်။ ဒါက သတိပြုမိဖို့ခက်ပြီး တော်ရုံလူက ကြည့်ရုံနဲ့ မြင်နိုင်မှာ မဟုတ်ပါဘူး။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now