အပိုင်း (၇၃၇)

161 35 0
                                    


#Unicode



အသချေင်္ စာအုပ်တောင် ရဲ့ ကြောင့်ကြစိတ်။

အစစ်အမှန် နတ်ဘုရား ထာဝရမီး က ဆွံ့အသွားတယ်။ သူတို့ရဲ့ အသချေင်္ စာအုပ်တောင်ကြီးက ဘယ်လိုဖြစ်ပြီး ခြေတွေ၊ လက်တွေ ထွက်လာပြီး ကင်းမြီးကောက် ထထောင်တာလဲ ဆိုတာကို သူမသိပါဘူး။

အစစ်အမှန်နတ်ဘုရား ထာဝရမီး ရဲ့ အံသြသွားတဲ့အသံကို ကြားတော့ ကြီးမြတ်တဲ ့အဖြူက စိတ်ရှုပ်ထွေးစွာနဲ့ မေးလိုက်တယ် "တာအိုရောင်းရင်း ထာဝရမီး .. အသချေင်္စာအုပ်တောင်က သက်ရှိသတ္တဝါ တစ်ခု ဆိုတာ မင်းမသိဘူးလား"

ထာဝရမီး က အားတင်းပြုံးပြီး ပြောလိုက်တယ် "ငါသိခဲ့ရင် အစောကတည်းက မင်းကို သတိပေးထားမှာပေါ့ တာအိုရောင်းရင်းအဖြူ"

"ဒါအမှန်ပဲ" ကြီးမြတ်တဲ့ အဖြူက ခေါင်းညိတ်ပြီး ပြောလိုက်တယ် "ဘာပဲဖြစ်ဖြစ် မင်းမြန်မြန်လာသင့်တယ်လို့ ငါထင်တယ်။ မငး်ရဲ့ အသချေင်္စာအုပ်တောင် ကို ကြည့်ရတာ ခုချိန်မှာတော်တော်စိတ်ဓာတ်ကျ နေပုံပေါ်တယ်။ မင်းရဲ့ ထောက်ပံ့မှု လိုအပ်နေတယ်။ ထပ်ပြောရရင် သူ့ခန္ဓာကိုယ်ပေါ်ကနေ မြေပြိုမှုတွေ ဖြစ်ခဲ့သေးတယ်။ တောင်အပိုင်းအစ တစ်ချို ဆုံးရှုံးသွားပြီ။ ပြန်ပြင်ဖို ့လိုနေတယ်"

ဒီအချိန်မှာတော ့အသချေင်္စာအုပ်တောင် က စိတ်ဓာတ်တင် ကျတာ မဟုတ်ပဲ သူ့ခန္ဓာကိုယ်ကလည်း ဆက်တိုက် တုန်ရီနေတယ်။

သူခံစားလိုက်တဲ ့ခံစားချက်က တော်တော်ကြီးကြီးမားတယ်။ ဒီနေ့ကစပြီး နောက်ဘယ်တော့မှ ကင်မြီးကောက် ထောင်ဖို့ကို စဉ်းစားတော့မှာ မဟုတ်ပါဘူး။

ဒါအပြင် သူ့ရဲ ့လက်နှစ်ဖက် က ကျိုးသွားပါပြီ။ ဒါကို ပြန်ပြင်လို့တောင်ရပါ့အုန်းမလား။

"ငါချက်ချင်းလာခဲ့မယ်။" အစစ်အမှန် နတ်ဘုရား ထာဝရမီးက ဖုန်းချပြီး အသချေင်္စာအုပ်တောင် ဆီကို မြန်မြန်ပဲ ဦးတည်လိုက်တယ်။

❄️❄️❄️

မြောက်ပိုင်းမြစ် က မြေပေါ်မှာလှဲပြီး ညီးညူနေတဲ့ အသချေင်္စာအုပ်တောင် ကို ကြည့်လိုက်တယ် "အခု.. ငါတို့ကျန်တဲ့ဇာတ်ဝင်ခန်းကို ဘယ်လိုရိုက်ကြမလဲ။" အသချေင်္ စာအုပ်တောင် က တကိုယ်လုံးအနှံမှာ ဒဏ်ရာတွေ ဖြစ်နေပါပြီ။ သူတို့က ဇာတ်လမ်းတစ်ပိုင်းကို ရိုက်ပြီးသွားပါပြီး။ ကျန်တဲ့တစ်ပိုင်းကို နောက်ထပ် တောင်တစ်ခုကို ထပ်ရှာပြီး ရိုက်ရမှာလား။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now