အပိုင်း (၈၁၆)

157 30 0
                                    


#Unicode


ငါ့ရဲ့ စူပါ ပါဝါ အသစ်ပဲ။

[ရူဟန်.. ဒီကိစ္စကို မင်းစိတ်ပူစရာမလိုတော့ဘူး] စီနီယာအစ်မရီ က သူ့ကို နှစ်သိမ့်လိုက်တယ်။ [စီနီယာအဖြူ က နှေးကွေးခြင်း လျှို့ဝှက် နယ်မြေကို ပို့မယ်ဆိုရင်တောင်မှ မင်းမှာ ငါဆိုတဲ ့အဖော်ရှိသေးတယ်လေ။ အနည်းဆုံးတော့ မင်းက စီနီယာလှိုင်းသုံးခုကို မပျင်းတော့ဘူးပေါ့]

"...." ရူဟန်။

[ထပ်ပြောရရင် မင်းသေချာတွေးကြည့်လိုက်။ ငါတို့က မျှော်လင့်ချက် မဲ့တဲ ့အခြေအနေမှာ ရှိနေတာ မဟုတ်ဘူး] စီနီယာအစ်မရီက ထပ်ပြောလိုက်တယ်။ [ဖုန်းထဲမှာ စာတွေ ဖျက်လို့ရတဲ ့အရာပါတာကို ငါမြင်လိုက်ရတယ်။ ငါတို့က သူတို့ပြောသမျှ အကုန်လုံးကို ဖျက်လိုက်မယ် ဆိုရင် ကိစ္စမရှိတော့ဘူး မဟုတ်လား]

စီနီယာအဖြူက ပုံတွေနဲ့ ပတ်သက်တဲ ့စာတွေကို ရှာမတွေ့ဘူးဆိုရင် ရုတ်တရက် ဖြစ်ပေါ်လာတဲ့ ပြဿနာက ပြဿနာ မဟုတ်တော့ဘူး မလား။

[အသုံးမဝင်တော့ဘူး] ရူဟန်က ပြောလိုက်တယ် [တခြားအကြောင်းအရာ ဆိုရင် စီနီယာတွေက မြန်မြန်ပဲ မေ့သွားမှာ။ ဒါပေမဲ ့စီနီယာအဖြုူ ပုံနဲ ့ပတ်သက်ရင်တော့ သူတို့က သေရမယ်ဆိုရင်တောင်မှ သဲကြီးမဲကြီး သေလမ်းရှာနေအုန်းမှာပဲ]

အခြေအနေ က စီနီယာအဖြူ ရဲ့ ဟန်အမူအရာ စုစည်းမှု တုန်းကလိုပဲ ဖြစ်နေပါပြီ။ သူတို့ဘယ်လောက်ပဲ ဒီစာတွေကို လိုက်ဖျက်ဖျက် စီနီယာတွေက ဆက်တိုက်လိုက်ပြောနေအုန်းမှာပါပဲ။

[မကြိုးစားကြည့်ဘဲ မင်းဘယ်လိုသိမှာလဲ။ ငါက စာတွေကိုလိုက်ဖျက်မယ်။ မင်းက စကားလမ်းကြောင်းလွှဲလိုက်။ ဒါကအလုပ်ဖြစ်နိုင်တယ်] စီနီယာအစ်မရီ က အကြံပြုလိုက်တယ်။

သူတို့က ကြိုးစားမယ် ဆိုရင် အောင်မြင်နိုင်ချေ ရှိတယ် မဟုတ်လား။

မကြိုးစားဘူး ဆိုရင်တော့ ကျိန်းသေပေါက် ကျရှုံးမှာလေ။

ဒါကြောင့် စီနီယာအစ်မရီက ကြီးမြတ်တဲ ့အဖြူ ဖုန်းထဲက ပုံနဲ့ ပတ်သက်တဲ့ စာတွေကို လိုက်ဖျက်လိုက်တယ်။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now