အပိုင်း (၈၇၆)

176 31 2
                                    


#Unicode


အားလုံးပဲ... နှုတ်ဆက်ခဲ့တယ် ...။

"[ကမ္ဘာပေါ်မှာ ရှိတဲ ့မွန်းစတား အားလုံး စည်းလုံးစွာဖြင့် မိသားစု လို ဖြစ်လာရမည်] ဟုတ်လား။ ဘယ်လို အဖွဲ့အစည်းမျိုးလဲ။ ဒီလို မျက်စိ ဆံပင်မွှေးဆူး စရာ ဆိုင်းဘုတ်မျိုးကို တပ်ထားတာ တကယ်ပဲ အဆင်ပြေရဲ့လား" ကျုး က ဆိုင်းဘုတ်ကို ကြည့်ပြီး မေးလိုက်တယ်။

"အရင်က ဆိုရင်တော့ ပြဿနာရှိတယ်။ ဒါပေမဲ့ မွန်းစတား အမဲလိ်ုက်သူတွေ က နှစ်ပေါင်း ရာချီကြာအောင် ပေါ်ထွက်မလာခဲ့တာလေ။ အခုခေတ်မှာ ကျင့်ကြံသူတွေကလည်း မွန်းစတားတွေကို ခွဲခြား ဆက်ဆံမှု မရှိဘဲ တန်းတူညီ ဆက်ဆံနေကြပြီ။ သူတို့က မွန်းစတား တွေ ရာဇဝတ်မှု မကျုးလွန်ခင်အချိန်အထိ ဘာတစ်ခုမှ နှောက်ယှက်ကြမှာ မဟုတ်ဘူး။ ဒါကြောင့် ဒီလို ဆိုင်းဘုတ်ကို ပွင့်ပွင့်လင်းလင်းထားတားတာ ပြဿနာ တစ်ခု မဟုတ်ဘူး။" ရှစ် က ပြောလိုက်တယ်။

သူတို့ ဆွေးနွေးနေတုန်းမှာပဲလေထဲမှာ ပုံရိပ်တစ်ခု က ပေါ်ထွက်လာတယ်။ ဒီပုံရိပ်က တည်နေရာ စွမ်းအင် နဲ ့ပို့်ဆောင် ခံလိုက်ရပုံပေါ်တယ်။

ဒီပုံရိပ်က မိန်းကလေး တစ်ယောက်ဖြစ်ပါတယ်။ သူမ က ရှည်လျားတဲ့ ဆံပင် အစိမ်းရောင်တွေ ရှိပြီး ပိုနီတေလ်း ပုံစံ ဆံပင်ကို နှစ်ခွ စည်းထားတယ်။ အဖြူရောင် ကိုယ်ကျပ် ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ ရဲ့ သွယ်လျတဲ့ ကိုယ်ခန္ဓာကို ထင်းခနဲ မြင်သာစေတယ်။

ရူဟန်က မျက်လုံးပြူးသွားခဲ့တယ်။ .. ဒါက ကြက်သွန်လေး ပဲ ဖြစ်ပါတယ်။

ဘာကြောင့် ကြက်သွန်လေး ကဒီနေရာမှာ ပေါ်လာတာလဲ။ သူမ က စီနီယာအဖြူ နှစ်နဲ့ ဆုံခဲ့တာကြောင့် စီနီယာအဖြူနှစ်က ဒီလို ပို့လိုက်တာ လား။

ရူဟန် ရဲ ့ခန့်မှန်းချက် က မှန်ကန်ပါတယ်။

စီနီယာအဖြူ နှစ် က ကြက်သွန်လေး က အမဲရောင်ကြာပန်း ကမ္ဘာအပြင် ဘက်ရှိ ရူဟန် ဘေးကို ပို့ဆောင်လိုက်တာ ဖြစ်တယ်။ ဒါပေမဲ့ သံရည်ဘောလုံးကြီးက အမဲရောင် ကြာပန်း ကမ္ဘာကို စည်း တွေ များစွာ ခတ်ထားတာကြောင့် တည်နေရာ ရွေ့ပြောင်းမှာ ဖြစ်စဉ်ကို အနည်းငယ် သက်ရောက်သွားတာ ဖြစ်တယ်။

ကျင့်ကြံသူတို့ စကားဝိုင်းDär berättelser lever. Upptäck nu