အပိုင်း (၈၅၁)

155 30 5
                                    


#Unicode


လက်ထောက် ဒါရိုက်တာ အဖြူ။

"အင်း.. စီနီယာ စိတ်ဝိညာဉ်လိပ်ပြာ ရုပ်ရှင် ရိုက်ဖို့ စီစဉ်နေတယ် ဆိုတာကို ငါသိတယ်။" ရူဟန် က ပြန်ပြောလိုက်တယ်။

ရူဟန် က ဒီကိစ္စကို ကောင်းကောင်း သိပါတယ်။ စီနီယာ လှိုင်းသုံးခုကို မင်းသား တင်ရိုက်မှာ ဖြစ်ကြောင်းတောင်မှ သိတယ်။ နေရာ ပတ်ဝန်းကျင် အမျိုးမျိုး မှာ ပုံသဏ္ဍာန် အမျိုးမျိုး နဲ့ သေလမ်းရှာတဲ့ အကြောင်း ကို အခြေခံထားတဲ့ ဇာတ်လမ်းပါ။

အစောပိုင်းတုန်းက ကြီးမြတ်တဲ့ စိတ်ဝိညာဉ်လိပ်ပြာ က သူ့ကို ဒီရုပ်ရှင် မှာ ပါမလား ဆိုပြီးတောင် စည်းရုံးခဲ့ပါသေးတယ်။ ဇာတ်ကောင် က အမျိုးသမီး ဝတ်စုံတွေကို ဝတ်ရတာ ကြိုက်တဲ့ ဇာတ်ကောင်ပါ။ ကြီးမြတ်တဲ့ စိတ်ဝိညာဉ် လိပ်ပြာရဲ့ မျက််လုံးထဲမှာ သူက ဒီလို ဝတ်ရတာကို ဝါသနာ ပါသူ တစ်ယောက် အဖြစ် ရှိနေပါတယ်။ လူတွေက ပထမဆုံး ကြုံရတဲ့ ခံစားချက်ကို အလေးထားတယ်လေ။

"ဟားဟား .. တာအိုရောင်းရင်း စိတ်ဝိညာဉ် လိပ်ပြာ ရုပ်ရှင် အသစ်ရိုက်မယ် ဆိုရင် ငါက အတွေ့အကြုံရဖို့ လက်ထောက်ဒါရိုက်တာ နေရာမှာ နေမယ်။ ဒါဆိုရင် အနာဂတ်မှာ ကိုယ့်ဘာသာ ရုပ်ရှင်ရိုက်နိုင်ပြီ။" ကြီးမြတ်တဲ့ အဖြူ က သဘောတကျ နဲ့ ပြောလိုက်တယ်။

ရူဟန်က ပြောလိုက်တယ် "စီနီယာအဖြူ .. မင်း တကယ်ပဲ ဒါရိုက်တာ တစ်ယောက် ဖြစ်လာဖို့ တွေးထားတာလား"

ကြီးမြတ်တဲ့ အဖြူ က သရုပ်ဆောင်နေရာ မှာနေမယ် ဆိုရင် ပိုမိုကောင်းမွန်တဲ့ ရလဒ်ကို ရမှာ ဖြစ်ကြောင်း ရူဟန်က ယုံကြည်နေတယ်။ ဘာမှ သရုပ်ဆောင် စရာ မလိုပဲ မတ်တပ်ရပ်နေရုံ နဲ့ တင် အသက်ရှုရပ်လောက်တဲ့ ဆွဲဆောင်မှုကို ဖြစ်ပေါ်စေနေပါပြီ။

"စိတ်ဝင်စားစရာ တစ်ခုခု တွေ့ရင် ငါက ရုပ်ရှင် တကားလောက် ရို်က်ချင်သေးတယ်။" ပြီးနောက် ကြီးမြတ်တဲ့ အဖြူ က ထပ်ပြောလိုက်တယ် "ကောင်းပြီ။ ရူဟန် .. ဒီရုပ်ရှင်မှာ စိတ်ဝင်စား စရာကောင်းတဲ့ နေရာ တစ်ခု ရှိတယ်။ ဒီနေရာ အတွက် သရုပ်ဆောင်ဖို့ လူရှိလား။ ငါ ကိုးစီရင်စု ထဲမှာ မေးကြည့်သေးတယ်။ ဒါပေမဲ့ တော်တော်များများက ရုပ်ရှင် တစ်ကား ရိုက်ပြီးပြီမို့ နောက်တစ်ကား ရိုက်ဖို့ စိတ်မဝင်စား တော့ဘူး။ မဟုတ်ရင် မင်း ဘာသရုပ်ဆောင်ပေးမလား။ ဒီနေရာက အပိုင်းသေးလေးပဲ ပါတယ်။ အဲ့တာကြောင့် ကျောင်းအားရက်မှာ လာပြီး သရုပ်ဆောင်လိုက်လို့ ရတယ်။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now