အပိုင်း (၇၅၇)

191 39 1
                                    


#Unicode

အဆင့်ကိုး ကပ်ဘေးလွန် အယောက်နှစ်ဆယ်ကျော် ဖန်တီးထားတဲ့ ဘောလုံးလား။

"တာအိုရောင်းရင်းအဖြူ .. မငး်က မိစ္ဆာကောင်ကို အမြင့် ခုနှစ်ရာ ထိအောင် တွန်းတင်လိုက်ဖို့ စီစဉ်နေတာလား" တောင်ဝါကြီးက ကောင်းကင်ပေါ်မှာ ရပ်ပြီး မိစ္ဆာတွေကိုဆက်တိုက် ဆင်းသက်နေစေတဲ့ အဆင့်ရှစ် မိစ္ဆာကို ကြည့်လိုက်တယ်။

ဒီအတောအတွင်းမှာ ကိုးစီရင်စု က တာအိုရောင်းရင်းတွေကလည်း ကောင်းကင်ပေါ်ကို မော့ကြည့်ပြီး သူတို့နဲ့ သင့်တော်မယ့် ပစ်မှတ်ကို ရှာဖွေနေတယ်။ အဆင့်လေး နဲ့အောက်မှာ ရှိတဲ ့မိစ္ဆာတွေက အဆင်မပြေပါဘူး။ သူတို့က ချက်ချင်း သတ်ပစ်လို့ ရနိုင်တယ်လေ။ အကောင်းဆုံး ပစ်မှတ် က အဆင့်ငါး နဲ့ အထက်ပါ။

အဆင့်ငါးနဲ့ အထက် မိစ္ဆာရဲ့ အလောင်းကိုပဲ တိမ်ဖြူကျောင်း က ရွှေကြာပန်းစေ့ နဲ့ လဲလှယ်ပေးမှာပါ။

ကိုးစီရင်စုက စီနီယာ တွေရဲ့ စွမး်ရည်က ထိုးထောင်ထွက်နေကြတာပါ။ သူတို့က အဆင့်တူ မိစ္ဆာတွေ ကို လွယ်လွယ်ကူကူ သတ်ဖြတ်နိုင်ပါတယ်။

ကြီးမြတ်တဲ့ အဖြူက ပြန်ပြောလိုက်တယ် "အင်း .. ငါက ဒီကောင်ကို အမြင့်ပေ ၇၀၀ ထိ ရောက်အောင ်တွန်းပို့ဖို့ ဆိုရင်တော့ အားကုန်ထုတ်သုံးဖို့ လိုမယ်လို့ ထင်တယ်။"

"တာအိုရောင်းရင်းအဖြူကတော့ တကယ့်ကို မယုံနိုင်စရာပဲ" တောင်ဝါကြီးက ပြောလိုက်တယ်။ အဆင့်ရှစ် မိစ္ဆာကို အမြင့်ပေ ခုနှစ်ရာ ရောက်တဲ့အထိ အားကုန်သုံးပြီး တွန်းတင်တယ် ဆိုတာကိုက ကြောက်စရာကောင်းနေပါတယ်။ ပြီးတော့ ကြီးမြတ်တဲံ အဖြူက အဆင့်ခုနှစ် ကြီးမြတ်သူ အဆင့်ပဲ ရှိပါသေးတယ်။ အဆင့်ရှစ် မိစ္ဆာနဲ့ သူနဲ့ ကြားမှာ အဆင့်ကြီး တစ်ခုလုံးကွာခြားနေတယ်လေ။

"ဒါပေမဲ့ ဒီနည်းလမ်းကို ငါသုံးလို့ မဖြစ်ဘူး။ အားကုန်သုံးပြီးရင် အားနည်းမှုက ဖြစ်ပေါ်သွားလိမ့်မ်ယ်။ ဒါဆိုရင် ငါရုပ်ရှင် ရိုက်နိုင်တော့မှာ မဟုတ်ဘူး။" ကြီးမြတ်တဲ ့အဖြူ က ခပ်တည်တည် နဲ့ ပြောလိုက်တယ်။ သူက ဝတ်စုံအမျိုးမျိး ဝတ်ပြီး မိစ္တာကြားမှာ ကူးသန်းသွားလာရင်း သတ်ဖြတ်ရအုန်းမယ်လေ။ သူဒီလိုမျိုး သူရဲကောင်းဆန်စွာ သတ်ဖြတ်မှာကို ရိုက်ကူးဖို့ လိုင်ချီးလေးက ကင်မရာတွေကိုတောင် ပြင်ဆင်ပြီးသွားပြီလေ။

ကျင့်ကြံသူတို့ စကားဝိုင်းحيث تعيش القصص. اكتشف الآن