အပိုင်း (၇၇၅)

170 35 5
                                    


#Unicode


အဖြူလေး + အဖြူလေး = ?

စီနီယာအဖြူနှစ်က ပြောလိုက်တယ် "ငါရယ်ရအောင် ဟာသ ပြောမယ်ဆိုရင် ငါက ဒီကိစ္စကို ပြောပြမယ်။ ပြိးတော့ ငါ အရင်တုန်းက စည်းမျဉ်းတွေကို ဖျက်ပေးပြိးသွားပြီ။ ဒါကြောင့် မင်းက ဒီတစ်ခါတော့ ကျိန်းသေပေါက် ဟာသတွေ စုဆောင်းထားပြီး ဖြစ်နေလိမ့်မယ်။ ဟုတ်တယ်မလား"

"........" ရူဟန်။

ရူဟန် ပြန်မပြောတာကို မြင်တော့ စီနီယာ အဖြူနှစ် က မျက်မှောင်ကုတ်လိုက်တယ် "ဘာ.. ဒီတစ်ကြိမ်မှာလည်း မင်း ဟာသတွေ ရှာမလာပြန်ဘူးပေါ့။ နောက်တစ်ခါ ငါ့ကို ဟာသ ပြောပြမယ်ဆိုတဲ့ စကားကို မင်းက စိတ်ထဲမှာ ထားပုံတောင် မပေါ်ဘူးပဲ"

ရူဟန်က မြန်မြန်ပဲ ပြန်ပြောလိုက်တယ် "အဟမ်း.. တကယ်တော့ .. စီနီယာအဖြူ ...ငါက မင်းငါ့ကို ဒီဆွဲခေါ်တဲ့အချိန်မှာပဲ ဟာသ တစ်ချို့ကို ကြည့်နေတာ"

"ကောင်းတယ်။ ငါမင်းကို ယုံကြည်တယ်။ ဒါကြောင့် ဟာသ မြန်မြန်ပြောတော့" စီနီယာ အဖြူနှစ်က ပြောလိုက်တယ်။

"ပြဿနာက ငါရှာတွေ့ထားတဲ့ ဟာသ က လုံးဝ မကောင်းဘူး။ မပြောတာတောင်မှ ကောင်းအုန်းမယ်။ ငါပြောမယ်ဆိုရင် မင်းငါ့ကို သေအောင်ရိုက်သတ်ချင် စိတ် ပေါက်သွားမယ်" ရူဟန်က ရိုးသားစွာ ဝန်ခံလိုက်တယ်။ အခြေအနေ အရဆိုရင် အရင်တစ်ခါတုန်းကလိုပဲ တစ်ခုခုနဲ့ လဲလှယ်တာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

"မင်းက ဒီဟာသ ကို ပြောရင် ငါက ရိုက်နှက်ချင်စိတ် ပေါက်လာမှာလား။ နားထောင်ရတာ စိတ်ဝင်စားစရာပဲ..." စီနီယာအဖြူ နှစ်က ခဏလောက်စဉ်းစားလိုက်တယ် "ဒါဆိုရင် ဘာဖြစ်မလဲ ဆိုတာ သိရအောင် မင်းငါ့ကို ဘာကြောင့် ပြောကြည့်ဖို့ မကြိုးစားတာလဲ။ မင်းကို သေအောင် ရိုက်ချင်စိတ် ပေါက်လာရင် ငါဒီတစ်ကြိမ် ဖြေလျော့ပေးမယ်"

အမ်.. စီနီယာ အဖြူနှစ်က ရိုက်သတ်ချင်စိတ် ပေါက်လာအောင် လုပ်နိုင်ရင် ရပြီလား။ ဒါက တကယ်တော့ ပြုလုပ်ရ မခက်ပါဘူး။

ရူဟန်က ပြောလိုက်တယ် "ဟီးဟီး .. မင်းဆံပင်တွေ ခါးလောက် .... Beep beep beepဓ

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now