အပိုင်း (၈၃၃)

165 30 2
                                    


#Unicode


သြဂုတ်လ ၂၅ ရက် ၊ ည ၇ နာရီ။

ရူဟန်က လက်ရှိမှာ ဝန်ကျန်းကို ပြန်တဲ့ ရထားပေါ်မှာ ထိုင်နေတယ်။ သူက အိမ်ရောက်ဖို့ ကိုးနာရီလောက် ရထားစီးရမှာ ဖြစ်ပြီး အိမ်ရောက်ရင် မနက်လင်းခါနီး ဖြစ်နေလောက်ပါပြီ။

ရူဟန်က ဝန်ကျန်းကို ပြန်လာတဲ့လမ်းမှာ တစ်ယောက်တည်းပါပဲ။

အားရှီလျှူ က မကြာခင် ကပ်ဘေးကျော်ဖြတ်တော့မှာ ဖြစ်တာကြောင့် ရူဟန် နဲ့ အတူ ဝန်ကျန်းမြို့ကို လိုက်မလာနိုင်ပါဘူး။

ကြီးမြတ်တဲ့အဖြူ က စီနီယာလှိုင်းသုံးခု နဲ့ စီနီယာလွီဂျိန်ရီ တို့ကို နှေးကွေးခြင်း လျှို့ဝှက်နယ်မြေ ကနေ သွားခေါ်နေပြိး ရူဟန်ကို ဝန်ကျန်းမြို့ကနေ စောင့်ဖို့ မှားထားပါတယ်။

မြောက်ပိုင်းမြစ်က ဘေဂျင်း က ကန့်သတ်နေရာကို ဦးတည်သွားနေပြီး ထရွင်ဂန် နဲ့ တိုက်ခိုက် မယ့်နေရာကို အကဲသွားခတ်ပါတယ်။ အဲ့နေရာမှာပဲ သူ့အဆင့်ကို အထိုင်ကျစေဖို့ တံခါးပိတ် ကျင့်ကြံခြင်း ကို ပြုလုပ်မှာပါ။ သူက ဒီတိုက်ပွဲမှာ သောက်တလွဲဗေဒင်ဆရာ ထရွင်ဂန် ကို ကောင်းကောင်း ရိုက်နှက်ဖို့ စဉ်းစားထား ပါတယ်။

ကိုးစီရင်စု က တခြားစီနီယာတွေကတော့ သူတို့ကိုယ်ပိုင် လုပ်စရာတွေ ရှိနေပါသေးတယ်။ သူတို့ကို ကြည့်ရတာ ဂရုထဲမှာ စကားတွေ ဖောင်ဖွဲ့ပြီး အားယားနေတယ်လို့ ထင်စရာ ရှိပေမဲ့ တကယ်တန်းမှာတော့ အရမ်းကို အလုပ်များပါတယ်။ သူတို့ ဂရုထဲမှာ စကားပြောတယ် ဆိုတာက အနားယူနေချိန်တွေမှာ ဖြစ်ပါတယ်။

တကယ်တော့ ဆေးဆရာက အချိန်တစ်ချို့ယူပြီး ရူဟန်ကို ဆေးဘယ်လိုသန့်စင်ရမယ် ဆိုတာကို သင်ပေးဖို့ စီစဉ်ထားပါတယ်။

ဒါက သူ ရူဟန် နဲ့ ပထမဆုံး စတွေ့တုန်းက ပေးထားကတိပဲ ဖြစ်တယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ တုန်းက ဆေးဆရာ အနေနဲ့ သေမျိုး ကမ္ဘာငွေရလမ်း တစ်ခုကို တည်ဆောက်ခဲ့တယ်။ သူ့ရဲ့ ရည်ရွယ်ချက်က သေမျိုးကမ္ဘာရဲ့ ချမ်းသာခြင်း ၊ ကျန်းမာခြင်း တို့ မဟုတ်ပါဘူး။ သူလိုချင်တာက အထူးပင်လယ်နက် ဆေးပစ္စည်း ဆယ့်နှစ်မျိးပါ။ ဒါက ဆေးလုံးတွေကို သန့်စင်ရာမှာ အသုံးပြု နိုင်တယ်။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now