အပိုင်း (၇၀၄)

180 34 0
                                    


#Unicode



တာအိုရောင်းရင်း ဂိုဒါ ရဲ့ ပုံအတွဲအဖက် ကို ဆက်တိုက် ဖျက်ဆီးနေကြခြင်း။

ရူဟန်က ရေဆာနေပါတယ်။ ဘာကြောင့်လည်း ဆိုတော့ တစ်ချိန်လုံး ပိုးမျှင်တွေ ပါးစပ်ကနေ ထုတ်နေရလို့ပါ။

ပြီးတော့ သူက ပိုးကောင်လည်း မဟုတ်ဘူးလေ။ အချိန်အကြာကြီး ထုတ်နေတော့ သူ့လည်ချောင်းက ခြောက်ကပ်လာတယ်။

ရေဆာတာကြောင့် သူက မူးနောက်နောက် ဖြစ်သွားတယ်။ ပိုးအိမ်ဆောက်တယ် ဆိုတာ နည်းစနစ် တော်တော်များများ လိုအပ်ပါတယ် ။ သူက လှည့်ပတ်ပြီး c ပုံ၊ s ပုံ နဲ့ 8 ပုံ တွေ တည်ဆောက်သွားရတာပါ။

အကျိုးဆက်အနေနဲ့ သူက ချာချာလည်နေတာကြောင့် မူးနောက်နေပါပြိ။

အခု ငါဘာကြောင့် ဒီလောက် ဒုက္ခများနေရတာလဲ။ အိုး .. ဟုတ်ပြီ။ ငါက မိစ္ဆာနဂါးဆေးကို သောက်လိုက်လို့ပဲ။

ငါ့ကိုယ်ခန္ဓာကိုယ် သန်မာစေချင်တာကြောင့်သာ မဟုတ်ရင် သူက ဒီပိုးအိမ်တွေကို ဖျက်ဆီးပြီးပါပြီ။ လူတစ်ယောက် က ပိုးအိမ်ထဲမှာ ချာချာလည်ပြီး ပိုးအိမ်ဆောက်လို့ ရလား။ ဒါက လုံးဝ ဥပဒေသ တွေကို ချိုးဖောက်နေတာပဲ။ ချီးတဲ့မှ။

သူက အကြာကြီး ချာချာ လည်နေရတာကြောင့် အမြန်နှုန်းတောင် ကျဆင်းလာတယ်လို့ ခံစားလိုက်မိတယ်။

ယုကျောင်းကျောင်း က ရယ်ပြီး ပြောလိုက်တယ် "ရေလိုချင်လို့လား.. ဒါပေမဲ့ မင်းရဲ့ လက်ရှိပုံစံ နဲ့ ရေတောင် သောက်နိုင်မယ် မထင်ဘူး။ မင်းပိုးအိမ်ဆောက်ပြီးမှ ဒီအကြောင်း ပြောကြတာပေါ့။ ဟီးဟီး"

ရူဟန်ရဲ့ မျက်လုံးတွေ ချာချာလည်သွားတယ်။

"လူကြီးမင်း ရူဟန် .. တောင့်ခံထားအုန်း။ ငါတို့ က နောက်ဆုံးအဆင့်ကို ရောက်နေပြီ။ အရိုးသားဆုံး ပြောရမယ် ဆိုရင် လူကြီးမင်းရူဟန် ဆောက်ပြီးတဲ့ ပိုးအိမ် က ဘယ်လိုပုံစံ မျိုးဖြစ်မလဲ ဆိုတာကို ငါတကယ်ပဲ သိချင်နေတယ်။" ရောင်စုံလိပ်ပြာ ကျိုးကူ က ပြုံးပြီး ပြောလိုက်တယ်။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now