အပိုင်း (၇၃၂)

174 31 1
                                    


#Unicode


 
ရွှေ့ကြာပန်းစေ့။

ဆင်းသက်လာပြီးတဲ့နောက် ကြီးမြတ်တဲ့အဖြူက သူတို့အားလုံးကို လက်ဝေ့ယမ်းပြကာ ပြောလိုက်တယ် "အိုး. ရူဟန် ၊ အားရှီလျှူလေး ၊ တာအိုရောင်းရင်း လိုင်ချီး.. ငါက မင်းတို့ကို အကြာကြီးစောင့်ခိုင်းထားသလို ဖြစ်နေပြီ"

နောက်တော့ သူုက ဖုန်းကို ထုတ်ယူလိုက်ပြီး ရူဟန် နဲ့ အားရှီလျှူ တို့ကို ပြောလိုက်တယ် "ရူဟန်.. အားရှီလျှူ .. မင်းတို့စောန တုန်းက ပြောတဲ့ အရေးကြီးတယ် ဆိုတာက ကိုးစီရင်စုထဲမှာ လက်ရှိဆွေးနွေးနေကြတဲ့ ကိစ္စလား"

"ဟုတ်တယ်။ အဲ့ကိစ္စပဲ" ရူဟန် က ခေါင်းညိတ်ကာ ပြောလိုက်တယ်။

ကြီးမြတ်တဲ့အဖြူ က ကိုးစီရင်စု ဂရုထဲက စာတွေကို ဖတ်ပြီးပြီ ဆိုတော့ သူ့အနေနဲ့ ထပ်ပြီး ပြောပြစရာ မလိုတော့ပါဘူး။

ပြီးနောက် ရူဟန်က ကြီးမြတ်တဲ့ အဖြူ နောက်က အစစ်အမှန် နတ်ဘုရား ထာဝရမီးကို ကြည့်လိုက်တယ်။ သူက စီနီယာ အဖြူ နဲ လိုက်လာတယ် ဆိုတော ့ဒီကိစ္စကို သိပြီးသား ဖြစ်နေပါလိမ့်မယ်။

ကြီမြတ်တဲ့ အဖြူ က ပြောလိုက်တယ် "ဒီကိစ္စက တိမ်ဖြူကျောင်းနဲ့ ပတ်သက်နေတယ် ဆိုတော့ ငါက တာအိုရောင်းရင်း ထာဝရမီးကို ပြောလိုက်တယ်"

ထာဝရမီး က ရူဟန်ကို နှုတ်ဆက်ကာ ပြောလိုက်တယ် "တာအိုရောင်းရင်း ရူဟန်.. ဒီသတင်းနဲ့ ပတ်သက်လို့ မင်းကို ကျေးဇူးတင်ပါတယ်။"

ရူဟန်က ပြန်ပြီးနှုတ်ဆက်လိုက်တယ်။. အစစ်အမှန်နတ်ဘုရား ထာဝရ မီးကို ကြည့်ရတာ ငရဲပြည်က မိစ္ဆာကောင်တွေ ရောက်လာမှာကို အံ့သြဟန် မပြပဲ တိုက်ခိုက်ဖို အဆင်သင့် ဖြစ်နေပုံပါပဲ။ ကျောင်းတော်သားတွေက ငရဲပြည်က မိစ္ဆာတွေလာပြီး တိုက်ခိုက်မှာကို ကြိုသိနေလို့ ပြင်ဆင်ထားတာလား။ ဒါမှမဟုတ်ရင် တောင်ဝါကြီး ပြောသလို တိ်မ်ဖြူကျောင်းက ရှေးရိုးစွဲကြီး မဟုတ်တာမျာားလား။

ဒီအချိန်မှာပဲ အနားမှာ ရှိတဲ့ လိုင်ချီးက အားလုံးကြားရတဲ့ လျှို့ဝှက်အသံပို့ နည်းစနစ် ကို အသုံးပြုပြီး မေးလိုက်တယ် "တာအိုရောင်းရင်း ထာဝရမီး .. ကြည့်ရတာ မင်းက ငရဲပြည်က မိစ္ဆာတွေ လာတိုက်ခိုက်မယ် ဆိုတာကို ကြိုသိနေပုံရတယ်။ ဟုတ်လား"

ကျင့်ကြံသူတို့ စကားဝိုင်းМесто, где живут истории. Откройте их для себя