အပိုင်း (၈၀၇)

151 28 0
                                    


#Unicode


ငါးက ငါးစာကို မဟပ်ဘူး ။ စိတ်ပျက်စရာပဲ။

ရူဟန် မှတ်မိသလောက် ကြီးမြတ်တဲ့အဖြူ က တိုက်ခိုက်နေတုန်းမှာ မန္တာန်တွေ ရွတ်ဖတ်တာ ဒါမှမဟုတ် လက်သင်္ကေတတွေ ပြုလုပ်တာ မျိုးက အရမ်းကို ရှားပါးပါတယ်။

သာမာန်အခြေအနေမှာ ဆိုရင် ကြီးမြတ်တဲ့အဖြူ က ကြယ်ပျံဓားကို ကိုင်ဆောင်ပြီး သူ့ရဲ့ ဓားချီတွေ နဲ့တိုက်ခိုက် တာက ရန်သူကို ရင်ဆိုင်ဖို့ လုံလောက်နေပါပြီ။

ဒါပေမဲ့ လက်ရှိ ဒီတောင်ကြားထဲမှာ ရင်ဆိုင်ချိန်မှာတော့ စီနီယာအဖြူ က သေချာ ပြင်ဆင်ရုံမကဘဲ မှော်နည်းစနစ်တွေ ထုတ်နိုင်ဖို့ မန္တာန် တွေကိုတောင်မှ ရွတ်ဆိုပါသေးတယ်။

ကြီးမြတ်တဲ့အဖြူ ရဲံ မန္တာန် နဲ့ အတူ ကြီးမားတဲ့ အလင်း ကွင်းကြီးက လူတို်င်းရှေ့မှာ ပေါ်ထွက်လာတယ်။

ဒီကွင်းကြီးထဲကို စိတ်ဝိညာဉ် စွမ်းအင်တွေ မြန်မြန်ပဲ တိုးဝင်နေပြီး လေထဲမှာ ကတော့ပုံ တစ်ခုက ဖြစ်ပေါ်လာတယ်။ ဒီမှော်နည်းစနစ် က ပတ်ဝန်းကျင်တစ်ခုလုံးကို ထူးဆန်းတဲ့ လက္ခဏာတွေ ဖြစ်တည်စေတယ်။

ပြီးနောက် ကြီးမားတဲ့ တိုက်ခိုက်ရေး စွမ်းအားတစ်ခုက ထွက်ပေါ်လာပါတော့တယ်။

ရူဟန် ရဲ့ အရွယ်အစား လျော့ချခြင်း အိတ်ထဲမှာ ရှိတဲ့ ကြက်သွန်လေးက ဖိအားကို ခုခံရင်း တကိုယ်လုံး တုန်ရီနေတယ်။

"စီနီယာ အဖြုူက ကန့်သတ် နည်းလမ်းတွေကို အသုံးပြုမလို့လား" ရူဟန် က မေးလိုက်တယ် "ရှီလျှူ .. စီနီယာအဖြူ သုံးနေတာ ဘာမှော်နည်းစနစ်လဲ သိလား"

"ငါလည်းမသိဘူး။ ငါက အဆင့်ခုနှစ် ကြီးမြတ််သူ အဆင့်ရဲ့ မှော်နည်းစနစ် တွေ နဲ့ ပတ်သက်ပြီး ဗဟုသုတ နည်းပါးတယ်။" အားရှီလျှူ က လေသံအေးအေးဖြင့် ပြန်ပြောလိုက်တယ်။

ဒါပေမဲ့ ဒီအချိန်မှာပဲ ကြီးမြတ်တဲ့ အဖြူ က ခေါင်းလှည့်ြ့ပီး ပြောလိုက်တယ် "ဟားဟား .. ဒီမေးခွန်းကို ငါ့ဆိ တိုက်ခိုက်မေးလို့ ရတယ် ဆိုတာ သိလား။ ကောင်းပြီ။ ငါရှင်းပြမယ်။ ဒါက မှော်နည်းစနစ် တစ်ခု ဖြစ်ပြီး ကိုယ်တိုင် တီထွင်ထားတာ။ ဒီရက်ပိုင်းအတွင်းမှာ ဒီမှော်နည်းစနစ်ကို ခေါင်းထဲမှာ ပုံဖော်ခဲ့တယ်။ အခု ငါစမ်းကြည့်လို့ရပြီ။"

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now