#Unicode
ရူဟန် ဒါက ငါတို့ရဲ့ မွေးစားအမေလေ။"စီနီယာအဖြူက ပိုးအိမ်ထဲမှာပဲ အိပ်တော့မယ်တဲ့ ၊ ဒီနေ့ပြန်ထွက်လာမှာ မဟုတ်ဘူး" ရူဟန်က သူ့ဖုန်းကို ပြန်သိမ်းလိုက်တယ်။ ဒီအချိန်မှာတော့ သူက ရယ်ရမလား ငိုရမလား မသိဘူး။ ဖြစ်နေပါတယ်။
ဒေါင်ဖန်းခြောက်၊ ကြိုးကြာဖြူ ၊ ယုကျောင်းကျောင်း နဲ့ နှင်းဝံပုလွေ တို့ အားလုံးက ဆွံ့အသွားပါတယ်။
"ဒါဆိုရင် စီနီယာအဖြူ ပိုးအိမ်ထဲက ထွက်လာတာကို မမြင်ရတော့ဘူးပေါ့။ ဒါဆိုးတာပဲ။ ပိုးအိမ်ထဲက ထွက်လာပြီးရင် စီနီယာ အဖြုူ ဘယ်လိုပုံစံ ဖြစ်နေမလဲ ဆိုတာကို ငါသိချင်နေတာ" ယုကျောင်းကျောင်း က မချိတင်ကဲ ပြောလိုက်တယ်။
ကြိုးကြာဖြူက ထပြောလိုက်တယ် "ဘယ်လိုဖြစ်သွားတာလဲ"
"ကြည့်ရတာ အားလုံးပြီးသွားပြီ။ ဒါကြောင့် ငါတို့ ပြန်နားကြမလား" ဒေါင်ဖန်းခြောက် က ပြောလိုက်တယ်။
ဒါပေမဲ့ ဒီအချိန်မှာပဲ နှင်းဝံပုလွေ က ဝင်ပြောလိုက်တယ် "နေအုန်း။ သခင်လေးဖီးနစ် သတ်ဖြတ်သူ ထွက်လာအုန်းမှာလေ။" နှင်းဝံပုလွေက သခင်လေး ဖီးနစ် သတ်ဖြတ်သူ ကော်တိတ်တွေကို ခွဲပြီး ထွက်လာတဲ့ မြင်ကွင်းကို ကြည့်ချင်နေပါသေးတယ်။ ပြီးရင် သခင်ေးလ ဖီးနစ် သတ်ဖြတ်သူ က ဒေါသတကြီး နဲ့ ဒူဒူ့နောက်ကို လိုက်မှာလေ။
ဒေါင်ဖန်းက ပြောလိုက်တယ် "တာအိုရောင်းရင်း ဖီးနစ် သတ်ဖြတ်သူ ကို ကြည့်ရတာ ထွက်လာချင်ပုံ မပေါ်သေးဘူး။ ငါတို့ သူ့ကို ဆက်သွယ်ကြည့်လိုက်တယ်"
"ငါဆက်သွယ်လိုက်မယ်" ရူဟန် က ဖုန်းကို ထုတ်ယူပြီး သခင်လေး ဖီးနစ် သတ်ဖြတ်သူရဲ့ နံပါတ်ကို ခေါ်လိုက်တယ်။ သူက သတိတောင် မထားမိပဲ ကိုးစီရင်စု က စီနီယာတွေရဲ့ ဖုန်းနံပါတ်တွေကို ဖုန်းထဲမှာ မှတ်ထားတာ တော်တော်များနေပါပြီ။
တော်တော်ကြာတဲ့ အထိ ဖုန်းခေါ်နေတယ် ဆိုပေမဲ့ သခင်လေး ဖီးနစ် သတ်ဖြတ်သူက မကိုင်ပါဘူး။