အပိုင်း (၈၃၈)

172 34 0
                                    


#Unicode


သေ .. ဆိုတာကို ခုနှစ်ခါ ပြောမှ ပို ကြောက်ဖို့ ကောင်းတာ။

"သူတို့လေ့ကျင့်ချိန်မှာ အမှားတစ်ချို့ ပြုလုပ်ခဲ့တဲ့ မိစ္ဆာကျင့်ကြံသူ တစ်ယောက်လား။" ရူဟန်က မေးလိုက်တယ်။

"ဒီလိုမဟုတ်ဘူး။ ... သူက ကောင်းကောင်းတောင် မကျင့်ကြံရသေးပုံပဲ" ရီစင့် က မျက်မှောင်ကုတ်ကာ ပြောလိုက်တယ် "သူ့ခန္ဓာကိုယ်ထဲကို ငရဲပြည်က စွမ်းအားမြင့် စွမ်းအင်တွေ ထည့်သွင်းခံလိုက်ရပုံပဲ။"

" ငရဲပြည်က စွမ်းအားမြင့် စွမ်းအင်လား။ ဒါဆိုရင်.." ရူဟန်က သူ့ရင်ဘတ်ကိုငုံ့ကြည့်လိုက်တယ် "မင်းထွက်လာဖို့ အချိန်ကျပြီ ရွှေ့ကြာပန်း"

နောက်တော့ သူ့နှလုံးချက်ကရာထဲမှာ ရှိတဲ့ ကလာပ်စည်း က ပျော်ရွှင်စွာနဲ့ ရွှေကြာပန်း ပုံရိပ်ယောင် တစ်ခုကို ထုတ်လွှတ်လိုက်တယ်။ ရွှေကြာပန်းရဲ့ အမြစ်ပေါင်း တစ်သောင်းလောက်က ထိုသက်လတ်ပိုင်းလူဆီကို ဦးတည်သွားတယ်။

"မယုံနိုင်စရာပဲ" ဂေါင်ဂေါင်လေး က မျက်လုးပြူးသွားတယ်။ သူတို့ခွဲခွာနေတုန်းမှာ စီနီယာအစ်ကို ရူဟန်က မှော်နည်းစနစ် အသစ်ကို သင်ယူခဲ့တာလား. ကြည့်လို့ကောင်းတယ်။

"လက်တံတွေ အများကြီးပဲ" ကျူး ကအလန့်တကြား နဲ့ ထအော်လိုက်တယ်။

"......." ရူဟန်။

ဒါက လက်တံမဟုတ်ဘူး။ အမြစ်တွေလေ။ အမြစ်နဲ့ လက်တံက တခြားစီပဲ။ လက်တံက တိရိစ္ဆာန် ကိုယ်က ဖြစ်ပြီး အမြစ်က အပင်ကိုယ်က လေ။

ရှီက သူမညီမလေးရဲ့ ခေါင်းကို လက်ဝါးစောင်းနဲ့ ခုတ်လိုက်တယ် "ဒါက လက်တံတွေ မဟုတ်ဘူ။ အမြစ်တွေ"

ကျူးက အားတက်တရော နဲ့ ခေါင်းညိတ်ပြီး ထပ်အော်လိုက်တယ် "အမြစ်တွေ အများကြိးပဲ"

ဒီအချိန်မှာတော့ ကြာပန်းရဲ့ လက်တံတွေက သက်လတ်ပိုင်းလူဆီကို ရောက်ရှိသွားပြီး ငရဲပြည်က မိစ္ဆာစွမ်းအင်တွေကို စုပ်ယူနေတယ်။

အဆင့်မြင့်စွမ်းအင်တွေ ဆိုပေမဲ့ အရေအတွက်က သားရဲကြီးကို စုပ်ယူတာနဲ့ နှိုင်းယှဉ်ရင် တော်တော်ကြီး ကွာခြားလွန်းတယ်။

ကျင့်ကြံသူတို့ စကားဝိုင်းNơi câu chuyện tồn tại. Hãy khám phá bây giờ