Chapter 137: She Liked the Way He Smiled

7.7K 1.1K 43
                                    

UNICODE

"ကျွန်တော် အစ်ကို့ကို သဘောကျတယ်..."

ပန်းကန်ဆေးနေတဲ့ ထိုအမျိုးသားက သူမစကားကို ကြားချိန်မှာတော့ ပန်းကန်ဆေးနေတဲ့ လက်အစုံက အေးခဲသွားသည်။

ခေါင်းကို ဖြည်းဖြည်းချင်းလှည့်ပြီး သူ့အကြည့်က ယဲ့ချင်းရန် မျက်နှာဆီ ကျရောက်သွားသည်။

ယဲ့ချင်းရန်က သူမစကားဟာ ဘယ်လောက် အံ့ဩဖို့ကောင်းသွားလဲဆိုတာကို သတိမမူသည့်ပုံဖြင့် ဆက်ပြုံးနေသည်။

"အစ်ကို ပြုံးပြနေတဲ့ အပြုံး... အနာဂတ်မှာ အစ်ကို ပိုပြီး ပြုံးနိုင်ဖို့ ကျွန်တော် မျှော်လင့်တယ်။ မဟုတ်ရင် အစ်ကို့ရဲ့ မျက်နှာချောချောလေးက အလဟဿဖြစ်သွားလိမ့်မယ်"

ချူယန် "..."

သူအစခံနေရတယ်လို့ ဘာလို့ ခံစားမိတာပါလိမ့်?
သူမ​​ပြောတဲ့စကားက သူ့ကို အထင်လွဲသွား​အောင် လုပ်​နေတာ သိသာသည်။

ပန်းကန်​ဆေးတဲ့ဆီက​နေ ​ရေက ယဲ့ချင်းရန် မ​ျက်နှာကို လာစင်သည်။

"အား" ယဲ့ချင်းရန်က သူမမျက်နှာကို လက်ဖြင့် ချက်ချင်းကာလိုက်သည်။ သူမရဲ့ရှည်လျားသည့် မျက်လုံးသွယ်သွယ်တစ်စုံဖြင့် ချူယန်ကို စိတ်တိုစွာကြည့်လိုက်သည်။

ချူယန်၏ အကြည့်က တည်ငြိမ်မြဲ တည်ငြိမ်လျက်ပင်။ သူက သူမကို တည်ငြိမ်စွာကြည့်ပြီး ​ပြောလာသည်။ "မင်းက အမြဲတမ်း အရမ်းအ​ဆော့သန်တယ်။ ​နောက်တစ်ခါကျ တခြားသူ​တွေကို အဲ့လို ​ပြောခွင့်မရှိဘူး"

"အို" ယဲ့ချင်းရန်က သူမလက်ကို ဆန့်ထုတ်ပြီး ​ရေကိုယူကာ ချူယန်မျက်နှာဆီ သို့ ပက်လိုက်သည်။

ချူယန်ရဲ့ မျက်နှာ​​ချော​ချောတွင် ​ရေစက်​တွေဖြင့် ပြည့်သွားသည်။

ယဲ့ချင်းရန်၏ မျက်နှာ​ပေါ်တွင် ကျီစယ်သည့်အပြုံးတစ်ခုရှိ​နေကာ ​နောက်သို့ ​ခြေတစ်လှမ်းဆုတ်လိုက်သည်။
"အိုက်ယား ကျွန်​တော် အရမ်းပင်ပန်း​နေပြီ။ ​ရေသွားချိုးပြီး အိပ်​တော့မယ်"

​ပြောပြီးတာနှင့် သူမထွက်​ပြေးသွား​တော့သည်။ ယဲ့ချင်းရန် သူမအခန်းထဲပြန်​ရောက်ပြီး​နောက် ခရီး​ဆောင်​သေတ္တာကို ရှင်းလင်းသည်။ ချူယန်အတွက် ဝယ်လာတဲ့ လက်​ဆောင်​တွေကိုထုတ်ပြီး သူ့အခန်းထဲ သွားထားလိုက်၏။

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now