Chapter 103: She Rejected the Unspoken Rule

7.9K 1.2K 31
                                    

UNICODE

ဒီနာ၏ အမူအရာက ကြည့်လို့မကောင်းနေပေ။ အပေါ်ယံမှာတော့ ယဲ့ချင်းရန်ကို လေးစားသည့်ဟန်ပြပြီး စိတ်ထဲမှာတော့ အထင်သေးနေသည်။ အခု သူမကို ယဲ့ချင်းရန်က မျက်နှာသာမပေးဘူးလို့ ခံစားနေရသည်။

သူမဘေးရှိ လူကုံထံအမျိုးသမီးတစ်ဦးက ချက်ချင်းဆိုသလို ချောမွေ့အောင် ဝင်ပြောတော့သည်။ "ဒီယဲ့မိသားစုက လေးယောက်မြောက်သားကတော့ ပေါ်ကြော့ဖြစ်ရုံတင်မကဘူး ရိုင်းလည်းရိုင်းတာပဲ"

"ဘာလို့ လင်းရှုအာက သူမရဲ့အငယ်ဆုံးသားကို လာခိုင်းရတာလဲ? သူမ မလာရင်တောင် ယဲ့မိသားစုက အကြီးဆုံးကို လာခိုင်းသင့်တာပေါ့"

"ရှင်က ဘာကိုတွေးနေတာလဲ? လင်းရှုအာရဲ့အဆင့်အတန်းနဲ့ဆို အကြီးဆုံးသားက ဘာလို့ သူမကို အာရုံစိုက်နေမှာလဲ? သူမ အမိန့်ပေးလို့ရတဲ့လူက သူမ သားပဲရှိတာကို"

"ယဲ့ကျွင်းက အရမ်းချေးများတာပဲ... သမီးတွေက ပိုက်ဆံရှုံးတဲ့ဟာတွေဆိုပြီး သူအမြဲပြောနေတာ... အဲ့အချိန်တုန်းက လင်းရှုအာသာ သမီးမွေးခဲ့ရင် ယဲ့မိသားစုကို သူမ လက်ထပ်နိုင်မှာမဟုတ်ဘူး"

...

မုချင်းရွဲက တိတ်ဆိတ်စွာ နားထောင်နေပြီး စိတ်ထဲမှာတော့ အေးစက်စွာ ရယ်နေမိသည်။ ယဲ့ချင်းရန်က ယဲ့မိသားစုမှာ အခြေအနေနိမ့်ပါးသည်ဆိုတာ သူမသိပေမယ့် ယဲ့ချင်းရန်အမေ လင်းရှုအာကလည်း ယဲ့မိသားစုထဲမှာ ကြိုက်နှစ်သက်ခံရသည့် အခြေအနေမဟုတ်ဘူးဆိုတာကို သူမ မထင်ထားပေ။

သူမက ဒီနာကို စိတ်ကျေနပ်အောင် လုပ်ပေးပြီး သူမနှင့် ရင်းနှီးလာအောင် သူမရဲ့လူယုံဖြစ်လာအောင် အစွမ်းကုန် သူမလုပ်ရမည်။  အဲဒါမှာသာ ဒီလူကုံထံအမျိုးသမီးအုပ်စုတွေနှင့် သူမ ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်နိုင်မည်ဖြစ်သည်။ သူမက ဒီလူကုံထံအမျိုးတွေနှင့် ဆက်ဆံရေးကောင်းရှိလာပါက ကျင်းမြို့တော်၏ လူကုံထံအသိုင်းအဝိုင်းထဲကို သူမ ဝင်ရောက်နိုင်ပြီး သူမရန်သူတွေရှေ့ကို လျှောက်နိုင်မှာ ဖြစ်သည်။

အဲ့လိုနည်းနှင့်သာ သူမရဲ့ လက်တုန့်ပြန်မှုကို လျင်မြန်စွာ လုပ်ဆောင်နိုင်မည်ဖြစ်၏

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now