Chapter 43: She Could Not Figure Chu Yan Out

10K 1.3K 100
                                    

UNICODE

မနက်စာစားပြီးနောက် သူတို့နှစ်ယောက် အတူတူ ထွက်သွားကြသည်။ ယဲ့ချင်းရန်က ချူယန်ရဲ့ကားထဲဝင်ပြီး အရှက်မရှိတဲ့ပုံနဲ့ ကျောင်းလိုက်ပို့ပေးဖို့ ပြောလိုက်သည်။ လမ်းတစ်လျှောက်မှာတော့ ယဲ့ချင်းရန်က သူမရဲ့ မူးသွားရင် ဖြစ်သွားတဲ့ အကျင့်ကို တွေးနေတုန်းပင်

ဘာမှမဖြစ်သလို သူမဟန်ဆောင်နေပေမယ့် သိသိသာသာရော မသိမသာရော ချူယန်ကို သူမ အကဲခတ်နေသည်။ ဒီလူရဲ့အမူအရာဟာ ဂယက်ရိုက်မှုတစ်ခုတောင်မရှိဘဲ အမြဲတည်ငြိမ်သည်။ ဘယ်အရာကိုမှ သူဂရုမစိုက်သလို နေသည်။ အဲ့နေ့က သူ ဆေးခတ်ခံခဲ့ရရင်တောင် ဘေးကကြည့်နေတဲ့သူလိုမျိုး အပြင်လူလို သူ နေဦးမှာဖြစ်သည်။ အဲ့နေ့က သူ နောက်မှချန်နေခဲ့ပြီး ရှန်းဟောင်ထင်းကို ဘာပြောလဲဆိုတာ သူမ မသိပေမယ့် အဲဒါက သူ့စိတ်ထဲတွင် လှိုင်းခတ်မှု တစ်ခုတောင် ရှိမှာမဟုတ်ဘူးဆိုတာ သူမသိသည်။ ခံစားချက်မရှိသည့် နတ်ဘုရားတစ်ပါးလိုပင် အမြဲ အေးစက်ပြီး ဂရုမစိုက်တတ်ပေ.... သူ့စိတ်ကို ထွင်းဖောက်မြင်ရဖို့က တော်တော်ကြီးကို ခက်ခဲသည်။

အဲဒါကြောင့်..... ချူယန်က သူမကို လိမ်နေတာလားဆိုတာ ယဲ့ချင်းရန် မသေချာပေ... သူမလိမ်ဘူးဆိုရင်တော့ သူက ကောင်းမွန်တဲ့သူပဲ...သူလိမ်နေတာဆိုရင်တော့ သူက သိုးရေခြုံထားသည့် ဝံပုလွေဖြစ်သည်။

အနာဂတ်မှာ ပုန်းကွယ်နေတဲ့ ဒီအရေးကြီးလူနဲ့ အလွယ်တကူ မကလူသင့်တော့ဘူးဆိုပြီး သူမကိုယ်သူမ သတိပေးမိသည်။

ကျောင်းချိန်ဖြစ်တဲ့အတွက် ကျောင်းတစ်ဝိုက်တွင် လမ်းကြပ်နေသည်။ ကျောင်းရောက်ဖို့ လမ်းတစ်ခုလိုသေးသည်။ သူမ လမ်းပိတ်တာမျိုး မဖြစ်ချင်လို့ ယဲ့ချင်းရန်က ချူယန်ကို ကားရပ်ခိုင်းလိုက်သည်။

"အစ်ကို ဒီနေ့ နေ့လည် ကျောင်းဆင်းရင် ကျွန်တော်နဲ့ရုန်ရုန် အိမ်ကိုပဲ တန်းပြန်လာလိုက်မယ်... ကျွန်တော့် သေတ္တာတွေယူပြီးမှ အစ်ကို့နေရာကို သွားကြမယ်လေ"

"ဟုတ်ပြီ"

ချူယန်က အေးစက်စွာ ပြန်ဖြေရင်း ကားပေါ်က ဆင်းနေသည့် ယဲ့ချင်းရန်ကို ခေါင်းစောင်းပြီး ကြည့်လိုက်သည်။ ယဲ့ချင်းရန်ကားပေါ်က ဆင်းလိုက်ချိန်မှာပဲ ပန်းချုံအနောက်မှာ ရပ်နေသည့် မုချင်းရွဲကို တွေ့လိုက်သည်။ သူမဘေးကနေဖြတ်သွားပြီး ချူယန်ကို တာ့တာ ပြလိုက်သည်။

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now